Christian Dance (သမ္မာတရားကို ရရှိခြင်းသည် အလွန်ကောင်းချီးခံစားရလေခြင်း)

24.12.2024

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံပြီး ဤကမ္ဘာသို့ လာရောက်ပြီဖြစ်။

သူသည် သမ္မာတရားကို ပြောဆိုကာ ဖော်ပြလျက်ရှိပြီး လူ့ရှေ့မှောက် ပေါ်ထွန်းလာပြီဖြစ်။

သူ့အသံကို ကျွန်ုပ်တို့ကြားရပြီး သူ့ရှေ့မှောက် ချီဆောင်ခံရ။

ကျွန်ုပ်တို့အနေဖြင့် သခင်နှင့်အတူ စားတော်ပွဲသို့ တက်ရောက်ရခြင်းသည်

ဧကန်အမှန် ကောင်းချီးခံစားရခြင်းဖြစ်။

အို၊ ချစ်ရပါသော အနန္တတန်ခိုးရှင် ဘုရားသခင်။

ကိုယ်တော့်နှုတ်ကပတ်တော်များသည် အကန့်အသတ်မရှိသော ဆုလာဘ်တစ်ခုဖြစ်။

ကျွန်ုပ်တို့သည် ကိုယ်တော့်နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း စားသောက်ပြီး

သမ္မာတရားများစွာကို နားလည်လာပြီဖြစ်။

ဘုရားနှုတ်ကပတ်တော်များသည် ဦးတည်ချက်နှင့် လမ်းကြောင်းကို ညွှန်ပြပေး၊

ဤသို့ဖြင့် ကျွန်ုပ်တို့သည် မရေရာမှုဖြင့် စမ်းတဝါးဝါး မဖြစ်ကြ။

ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ငြိမ်သက်ခြင်းနှင့် အဆုံးမရှိသော စိတ်ကျေနပ်မှုကို သိရှိပြီး

ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးပေးခြင်း ဧကန်အမှန်ဖြစ်။

ကျွန်ုပ်တို့သည် သီဆိုကခုန်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်း။

ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့ကို ရေလောင်းပေးပြီး ပံ့ပိုးပေးသောကြောင့် သူ့ကို ကျွန်ုပ်တို့ ကျေးဇူးတင်။

ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ကြ။

နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ချိပြီး ဘုရားသခင်အတွက် ရာသက်ပန် သက်သေခံမည်ဖြစ်။

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုမှတစ်ဆင့် ကျွန်ုပ်တို့သည် မိမိအကြောင်းမိမိ သိရှိလာ။

အမျိုးမျိုးသော ဒုက္ခခံစားရခြင်းနှင့် စစ်ဆေးခြင်းများမှတစ်ဆင့်

ကျွန်ုပ်တို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို ရရှိ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်မှုကို သိရှိပြီး သူ့အလှတရားနှင့် ကောင်းမြတ်မှုကို တွေ့သောအခါ

ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့ကို ပို၍ပင် ချစ်ခင်။

အို၊ ချစ်ရပါသော အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့်တရားစီရင်မှုက ကျွန်ုပ်တို့ကို ကယ်တင်။

ကျွန်ုပ်တို့သည် မိမိတို့၏ ဖော်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး

ကိုယ်တော့်ရှေ့မှောက် ကျိုးနွံနာခံနိုင်။

ကျွန်ုပ်တို့သည် ရိုးသားသောလူများဖြစ်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး

ကျွန်ုပ်တို့၏ တာဝန်များကို တည်ငြိမ်၍ လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်။

ဘုရားသခင်ကို ချစ်ရန် ကြိုးစားသောအခါ ကျွန်ုပ်တို့ အလွန်ပျော်ရွှင်ပြီး

သမ္မာတရားကို ကျွန်ုပ်တို့နားလည်လာသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ချိုမြိန်မှုနှင့် ပြည့်ဝ။

ကျွန်ုပ်တို့သည် သီဆိုကခုန်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်း။

ကျွန်ုပ်တို့ထံ သမ္မာတရားနှင့် အသက်ကို ပေးကမ်းသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်။

ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ကြ။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းသည် အလွန်ကောင်းချီးခံစားရလေခြင်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။