ကျွန်မရဲ့တာဝန် အရောင်းအဝယ်ဆန်ဆန် ဖြစ်လာခဲ့ပုံ - Gospel Testimony in Burmese 2021

12.10.2021

အဓိကဇာတ်ကောင်မှာ ဘုရားသခင်ကို စတင် ယုံကြည်ခဲ့သည့်အချိန်ကတည်းက၊ သူမ၏တာဝန်ကို စိတ်ထက်ထက်သန်သန်ဖြင့် ခေါင်းမဖော်တမ်း လုပ်ခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် ခေါင်းဆောင်ဖြစ်သူက သူမအား ဆိုးဆိုးရွားရွား သွေးတိုးရောဂါကြောင့် အိမ်တွင် အနားယူရန် ပြောလေသည်။ လုပ်ဆောင်ဖို့ တာဝန်တစ်ခု မရှိလျှင်၊ ကောင်းမွန်သော ပန်းတိုင်တစ်ခု မရမည်ကို သူမက ပူပန်မိသည်။ မကျေနပ်မှုများ၊ အထင်မှားမှုများဖြင့် သူမ နေထိုင်ခဲ့ရသည်။ သူမအနေဖြင့် ကောင်းချီးများ ရရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ကြောင်း၊ သူမသည် ဘုရားသခင်နှင့် အရောင်းအဝယ်ဆန်ဆန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းတို့ကို ညီမတစ်ယောက်၏ အကြံပေး ကိုင်တွယ်ဖြေရှင်းမှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုမှုတို့မှတစ်ဆင့် သူမ နားလည်ရပြန်သည်။ ကောင်းချီးပေးခံရလိုသော ဒီဆန္ဒကို စွန့်လွှတ်၍၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံချင်စိတ်လည်း ဖြစ်လာပြန်သည်။ သို့သော် နောက်ပိုင်းတွင် အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးနောက်၊ သူမ၏အလုပ်တွင် အမှားများ ပေါ်လာသည့်အခါတိုင်း နောင်ဖြစ်လာမည့် ပြဿနာများကြောင့် သူမ၏အနာဂတ်နှင့် ပန်းတိုင်အား ထိခိုက်လာမည်ကို စိုးရိမ်လာပြန်သည်။ သူမက တာဝန်ကို စွန့်လွှတ်ချင်မိသည်။ သူမသည် သမ္မာတရားကို ရှာဖွေရန်မဟုတ်ဘဲ၊ ကောင်းချီးများ ရှာဖွေရန်အတွက်သာ သူမ၏တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်နှင့် ဆန့်ကျင်ဘက် လမ်းတစ်ခု ဖြစ်ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း သူမ လက်ခံသွားမိသည်။ အဆုံးသတ်အချိန်တွင် ကောင်းချီးပေးခံရသည်ဖြစ်စေ၊ ကျိန်ဆိုခြင်းခံရသည်ဖြစ်စေ၊ သူမအနေဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်အတွက် ဘုရားသခင်ထံ နောင်တရချင်စိတ် ဖြစ်လာကာ၊ သူမ၏တာဝန်ကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်ချင်စိတ် ဖြစ်လာတော့သည်။ ဆွဲရန် ကြိုဆိုပါသည်။App

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။