Myanmar Gospel Testimony 2022 - ကျွန်မရဲ့ မောက်မာမှုကို ပြောင်းလဲပစ်ခဲ့ပုံ

11.01.2022

အဓိကဇာတ်ဆောင်တွင် အတွင်းခန်းဒီဇိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်အတွေ့အကြုံ ၄ နှစ်ကျော်ရှိနေပါတယ်။ သူဟာ တိုင်တွေနဲ့ အသင်းတော်ရဲ့ဇာတ်လမ်းတွေအတွက် အပြင်အဆင်ဒီဇိုင်းအတွက် တာဝန်ယူခဲ့ပါတယ်။ သူဟာ သူ့အတွေ့အကြုံကို အမှုတော်မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့ ကြိုးစားခဲ့ပါတယ်။ အမြဲတမ်း သူ့အမြင်ကိုပဲ ဆုပ်ကိုင်ထားပြီးတော့ မောက်မာတယ်၊ တစ်ယူသန်ပြီး သူများတွေရဲ့ အကြံပြုချက်ကို သိပ်လက်မခံခဲ့ပါဘူး။ ဒါက သူ့ရဲ ညီအစ်ကိုမောင်နှမတွေအပေါ် ဖိနှိပ်ရာကျပြီးတော့ အမှားတွေအများကြီးဖြစ်စေခဲ့ပါတယ်။ ကိစ္စတွေကိ ပြန်လုပ်နေရတာနဲ့ ရိုက်ကူးရေးကို နှောင့်နှေးစေခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းနဲ့ ပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မောက်မာတဲ့ သဘာ၀အပေါ် နားလည်မှုတချို့ ရလာခဲ့ပြီးတော့ အဲဒါကိုလည်း မုန်းလာခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ ခွန်အားတွေကိုပဲ အားကိုးနေမယ်ဆိုရင် သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်တာကိုလည်း သိလာခဲ့ပါတယ်။ သူလည်း သတိရှိရှိနဲ့ သူ့ရဲ့ မောက်မာတဲ့သဘောထားကို စွန့်လွှတ်ပြီးတော့ သမ္မာတရားကို ရှာဖွေဖို့ အာရုံစိုက်ခဲ့ပါတယ်။ သူ့ကိုယ်သူ ဘေးချိတ်ပြီး သူများတွေရဲ့ အမြင်ကို လက်ခံလိုက်တဲ့အချိန်မှာတော့ သူဟာလည်း လူသားဆန်မှုတွေနဲ့ စပြီး နေနိုင်လာပါတယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်