Myanmar Sermon Series - ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

10.10.2021

ကယ်တင်ရှင်အကြောင်း စဉ်းစားသည့်အခါ မည်သည့်အရာကို သင် တွေးမိသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန် နောက်ဆုံးသော ကာလတွင် ကယ်တင်ရှင် ဆင်းကြွဖို့ လူများစွာက စောင့်ဆိုင်းနေကြပြီး၊ နောက်ဆုံးသော ကာလတွင် ကယ်တင်ရှင် ကြွလာလိမ့်မည်ဟု ပရောဖက်များစွာက ပြောခဲ့ကြသည်။ ဤသို့ဆိုလျှင် မည်သူသည် အမှန်တကယ် ကယ်တင်ရှင်ဖြစ်သနည်း။ မတူညီသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများတွင် ကယ်တင်ရှင်အကြောင်း အမျိုးမျိုးသော ရှင်းလင်းချက်များနှင့် ယုံကြည်မှုများ ရှိသော်လည်း၊ ကယ်တင်ရှင် တစ်ပါးတည်း ရှိသည်မှာ သေချာသည်။ သို့ဆိုလျှင် မည်သူသည် စစ်မှန်သော ကယ်တင်ရှင် ဖြစ်သနည်း။ ကယ်တင်ရှင် ကြွလာသည့်အခါ၊ လူသားမျိုးနွယ်ကို သူ မည်သို့ ကယ်တင်သနည်း။ ဤစစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အခန်းက ဤနက်နဲမှုများကို သင့်အား ကူ၍ လေ့လာဖော်ထုတ်ပေးလိမ့်မည်ဖြစ်ပြီး၊ ဤကယ်တင်ရှင်အားဖြင့် ကျွန်ုပ်တို့ မည်သို့ ကယ်တင်ခံရနိုင်ကြောင်း စစ်မှန်သည့် သက်သေခံချက်ကို ပေးပါသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။