Myanmar Testimony Video - ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်
25.11.2021
လွန်ခဲ့တဲ့နှစ်တချို့တုန်းက မသီရိဟာ ဧဝံဂေလိတရားကို ဟောပြောမှုနဲ့ စီစီပီရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးတဲ့နောက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ပြန်လွတ်လာပြီးတဲ့နောက်မှာ စီစီပီရဲ့လက်ခုပ်တွင်းထဲကနေ သူမလွတ်မြောက်နိုင်သေးပါဘူး။ သူ့ယုံကြည်မှုကို စွန့်လွှတ်အောင် သူ့ကို အကျပ်ကိုင်ဖို့အတွက် သူတို့ဟာ မသီရိကို ထောင်ထဲ ပြန်ပို့ပြီးတော့ ခြိမ်းခြောက်ကြတဲ့အပြင် ဘုရားသခင်အပေါ် သူ့ယုံကြည်မှုကို စွန့်လွှတ်ကြောင်း စာချုပ်ကို လက်မှတ်ထိုးခိုင်းဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြတယ်။ သူ့မိသားစုဝင်တွေကလည်း သူထပ်အဖမ်းခံရပြီး ထောင်ပြန်ချခံရမှာကို စိုးရိမ်တဲ့အတွက် ဘုရားသခင်ကို မယုံကြည်အောင်နဲ့ စုဝေးပွဲတွေကို မသွားအောင် သူ့ကို တားဆီးဖို့ ကြိုးစားရင်း စောင့်ကြည့်ပြီး ထိန်းချုပ်ခဲ့ကြပါတယ်။ သူတို့လည်း သူ့ကို စာချုပ်လက်မှတ်ထိုးအောင် အကျပ်ကိုင်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြတယ်။ မသီရိဟာ သူ့ရဲ့သက်သေခံချက်မှာ မြဲမြဲမြံမြံ ရပ်တည်ဖို့ ဘုရားသခင်အပေါ် ဘယ်လိုအမှီပြုခဲ့ပါသလဲ။ ဘာကိုများ သူရရှိခဲ့ပါသလဲ။ ဒါတွေ သိရဖို့အတွက် ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ