Myanmar Praise Song (အို ဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် အမှန်တကယ် မထိုက်တန်ပါ)

12.02.2020

ကျွန်ုပ် ပြန်မတွေးဝံ့သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်။

အချိန်များစွာ ကျွန်ုပ် ဖြုန်းခဲ့သည်။

နောင်တနှင့် အကြေွးတင်ရှိမှုခံစားချက် များစွာတို့က ကျွန်ုပ်၏ စိတ်နှလုံးထဲ ပြည့်လျှံလာသည်။

ဘုရားအတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း ဒုက္ခခံစားသည့်အခါ ဆုလာဘ်များကို ကျွန်ုပ်အမြဲတောင်းဆိုခဲ့သည်။

ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ကျွန်ုပ်၏ စိတ်ဆန္ဒက ပိတ်ပင်ခံရချိန်တွင်၊ ဘုရားကို စွန့်ခွာဖို့ ကျွန်ုပ်တွေးမိခဲ့၊

သို့သော် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ် စိတ်ထဲတွင် ပြက်ထင်နေဆဲဖြစ်ပြီး

မေ့ဖျောက်ဖို့ မတတ်နိုင်ခဲ့။

ဘုရား၏ နှုတ်ကပတ်တော်များက ဒုံးရင်းပြန်ဆိုက်ခြင်းနှင့်

အပျက်သဘောဆောင်ခြင်းမှ ဖြည်းဖြည်းချင်း ကျွန်ုပ်ကို ဦးဆောင်ရင်း ကျွန်ုပ်၏ စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။

အန္တရာယ်က ခြိမ်းခြောက်သည့်အခါ၊ ကျွန်ုပ်စိုးရိမ်ကာ၊ ကြောက်ရွံ့ပြီး သူရဲဘောကြောင်ခဲ့သည်။

ကျွန်ုပ်အားနည်းကာ အပျက်သဘောဆောင်ပြီး၊ ဘုရားသခင်ကိုစွန့်ခွာဖို့ ကျွန်ုပ် တစ်ဖန်တွေးခဲ့သည်။

ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏အရှက်ကိုကွယ်ဝှက်ရန်

နေရာမရှိဖြစ်စေလျက် သံလျှပ်တစ်စင်းကဲ့သို့ ကျွန်ုပ်၏ စိတ်နှလုံးကို ခွဲခဲ့သည်။

တစ်ချိန်က စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မဆန့်ကျင်နိုင်ဘဲ

ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်းငှာ ကျွန်ုပ် ပြေးလွှားခဲ့သည်။

အကြိမ်အနည်းငယ် ကျွန်ုပ် စိုးရိမ်ပူပန်ခဲ့သည်၊

တွန့်ဆုတ်ခဲ့ပြီး ဘဝတွင် ကျွန်ုပ်၏ ဦးတည်ချက် ပျောက်ဆုံးခဲ့သည်။

ပြန်လှည့်ဖို့ မသိဘဲ၊ အပြစ်ထဲတွင် ကျွန်ုပ်နာကျင်စွာ ရုန်းကန်ခဲ့သည်။

အို ဘုရား၊ ဤသည်မှာ ကျွန်ုပ် ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် ဖြစ်သည်။

အလွန် ဖောက်ပြန်ပျက်စီးလျက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ကယ်တင်ခြင်းနှင့် အမှန်တကယ် မထိုက်တန်ပေ။

အို ဘုရား၊ ကျွန်ုပ်ကို အစဉ်အမြဲ ဦးဆောင်ပြီး လမ်းပြသည်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြစ်ပေ၊

သို့မဟုတ်လျှင် စုံစမ်းသွေးဆောင်ခြင်းထဲ ကျွန်ုပ်လဲကျကာ အသေးဆုံးသော ခြေလှမ်းကိုလှမ်းရန် ရုန်းကန်ခဲ့ရပေမည်။

အို ဘုရား။ ကျွန်ုပ် ဘယ်သောအခါမျှ အပျက်သဘော

ဆောင်တော့မည်မဟုတ်ပါ သို့မဟုတ် နောက်ပြန်ဆုတ်တော့မည်မဟုတ်ပါ။

ကျွန်ုပ်ကို မစွန့်ပစ်ပါနှင့်၊ ကိုယ်တော် မရှိဘဲ ကျွန်ုပ်အသက်မရှင်နိုင်ပါ။

အို ဘုရား၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရနိုင်ပြီး လူသားတစ်ဦးကဲ့သို့ ကျွန်ုပ် အသက်ရှင်နိုင်ဖို့အလို့ငှာ၊

ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်

စစ်ဆေးခြင်းတို့ကို ကျွန်ုပ်အား ပေးဖို့ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။

အို ဘုရား။ ကျွန်ုပ် ဘယ်သောအခါမျှ အပျက်သဘော

ဆောင်တော့မည်မဟုတ်ပါ သို့မဟုတ် နောက်ပြန်ဆုတ်တော့မည်မဟုတ်ပါ။

ကျွန်ုပ်ကို မစွန့်ပစ်ပါနှင့်၊ ကိုယ်တော် မရှိဘဲ ကျွန်ုပ် အသက်မရှင်နိုင်ပါ။

အို ဘုရား၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရနိုင်ပြီး လူသားတစ်ဦးကဲ့သို့ ကျွန်ုပ် အသက်ရှင်နိုင်ဖို့အလို့ငှာ၊

ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ်အား ပေးဖို့ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။

အို ဘုရား။ ကျွန်ုပ် ဘယ်သောအခါမျှ အပျက်သဘော

ဆောင်တော့မည်မဟုတ်ပါ သို့မဟုတ် နောက်ပြန်ဆုတ်တော့မည်မဟုတ်ပါ။

ကျွန်ုပ်ကို မစွန့်ပစ်ပါနှင့်၊ ကိုယ်တော် မရှိဘဲ ကျွန်ုပ် အသက်မရှင်နိုင်ပါ။

အို ဘုရား၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရနိုင်ပြီး လူသားတစ်ဦးကဲ့သို့ ကျွန်ုပ် အသက်ရှင်နိုင်ဖို့အလို့ငှာ၊

ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်

စစ်ဆေးခြင်းတို့ကို ကျွန်ုပ်အား ပေးဖို့ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။