Myanmar Gospel Testimony 2022 - နောက်ဆုံးမှာတော့ သန့်စင်ခြင်းသို့သွားရာလမ်းကို ရှာတွေ့ခဲ့ပါပြီ

05.03.2022

အဓိကဇာတ်ကောင်သည် ကက်သလစ်မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ်တွင် နှစ်ခြင်းခံယူခဲ့ပါသည်။ သူဟာ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရန် ဘုန်းတော်ကြီးဖြစ်လာရန်ကြိုးစားခဲ့ပြီး အဆိုပါရည်ရွက်ချက်ဖြင့် ဘာသာရေးကျောင်းတစ်ခုတွင် ဆယ်နှစ်ကြာလေ့လာသင်ယူခဲ့သည်။ ဗြဟ္မစရိယကျင့်ကြံမယ်လို့ တိုင်တည်ခဲ့သော်လည်း အိမ်ထောင်ပြု၍ မိသားစုတစ်ခုတည်ဆောက်ရန်ပဲ တွေးနေမိသည်။ သူတိုင်တည်ခဲ့သလို မနေနိုင်မည်နှင့် ဘုရားသခင်ကိုလိမ်လည်လှည့်ဖျားပြီး အပြစ်ကျူးလွန်နေခဲ့မိသည့်အတွက် ကောင်းကင်နိုင်ငံတော်ကို မရောက်ရှိမည်ကို စိုးရိမ်ခဲ့သည်။ အပြစ်တရား၏ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်သည့်အတွက် ဘုန်းတော်ကြီးဖြစ်ရန် ရည်ရွယ်ချက်ကိုစွန့်လွှတ်ပြီး သူ၏မွေးရပ်မြို့သို့ပြန်ခဲ့သည်။ အိမ်ထောင်ကျပြီးနောက်တွင်လည်း အပြစ်များနှင့်နေထိုင်ရင်း အပြစ်များကိုကျူးလွန်ရင်း ဝန်ချတောင်းပန်ရင်းသာဖြစ်နေသည်။ ထို့ကြောင့် သူစိတ်ဓာတ်ကျ၍ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ သူနှင့်စကားပြောဖြစ်သည့် အခြားအသင်းတော်သားတစ်ဦးမှ အမှန်တကယ်ယုံကြည်သက်ဝင်သူအများအပြားမှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်လာသည်ဟု ပြောပြပြီးနောက်တွင် စူးစမ်းချင်စိတ်ဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်ကို သွားရောက်လေ့လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှုပြန်လည်ပေါ်ထွန်းခြင်းဖြစ်သည်ကိုသိရှိရသောအခါ ပြောမပြတတ်အောင် သူဝမ်းသာခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် နှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ယုံကြည်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီး အပြစ်ကင်းစင်ကာ သန့်စင်ခြင်းခံရမည့်နည်းလမ်းကိုရှာတွေ့ခဲ့ပါသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။