Myanmar Praise Music (နေ့တိုင်း ဘုရားသခင်နှင့်အတူ ကျွန်ုပ်ရှိခဲ့ဖို့ ဆန္ဒရှိပေ) Chinese Gospel Song

31.03.2020

ဘုရားသခင်နှင့် ကျွန်ုပ်တို့ လမ်းခွဲခဲ့သည့်နေ့တွင်၊သူ့မျက်နှာပေါ် အပြုံးတစ်ပွင့် ရှိခဲ့။

သူ ကျွန်ုပ်တို့ထံ လှည့်ကာ လက်ပြခဲ့၊

သူ သွားသည်ကို မျက်ရည်များဖြင့် တိတ်တဆိတ်ကျွန်ုပ်တို့ စောင့်ကြည့်ခဲ့ကြပေ။

အသင်းတော်များက သူ့ကို လိုအပ်ခဲ့သောကြောင့်၊သူ့ကို နေဖို့ ကျွန်ုပ် မတိုက်တွန်းနိုင်ခဲ့။

အဝေးသို့ သူ လျှောက်လှမ်းသွားခဲ့စဉ် သူ၏နောက်ကျောကို ကျွန်ုပ် စောင့်ကြည့်သည်၊

သူ၏ တိုက်တွန်းမှုများကို ကျွန်ုပ်၏စိတ်နှလုံးထဲ ကျွန်ုပ် သိမ်းထား။

ကျွန်ုပ် အားနည်းသည့်အခါတိုင်း၊

ဘုရားသခင် ပေးခဲ့သည့် အဖိုးအခကိုကျွန်ုပ် တွေးသည်။

ဘုရားသခင်၏ စစ်မှန်သော မေတ္တာ၊သူ၏ တန်ခိုးရှိသော နှုတ်ကပတ်တော်များက၊

ကျွန်ုပ် နှလုံးသားကို လှုံ့ဆော်ကာ နွေးထွေးစေသည်၊

ဘုရားသခင်ကို ကျွန်ုပ် အလွန်အကြွေးတင်သည်ဟု ခံစားမိ။

ကျွန်ုပ်၏ ဇာတိပကတိအကြောင်း အလွန်ဂရုစိုက်ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် မုန်းကာ၊

ကိုယ်တော့်ရှေ့မှောက်တွင် အသက်ရှင်ဖို့ထိုက်တန်ခြင်းမရှိဟု ကျွန်ုပ် ခံစားရပေ။

ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်တွေးမိသည့်အခါတိုင်း၊

ကျွန်ုပ်၏ နှလုံးသား နှစ်ဆခွန်အားတိုး။

ဘုရား၏ချစ်ခြင်းမေတ္တာပြန်ပေးဆပ်ဖို့ရန်ကျွန်ုပ်တာဝန်ထမ်းရွက်လိုသည်

ကျွန်ုပ်၏ ဝိညာဉ်ရေးရာ အသက်တာအလွန်နုနယ်သည်ကို ကျွန်ုပ် ခံစားရ။

မည်သည့်အချိန်၌များ ဘုရားအတွက်သက်သေခံနိုင်ပြီး သူ့ကို အစေခံသောသူ

တစ်ယောက်အဖြစ် ကျွန်ုပ်ရင့်ကျက်လိမ့်မည်နည်း။

ကျွန်ုပ်၏ အသက်တာ လျင်မြန်စွာကြီးထွားဖို့ရန်အလို့ငှာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။

ဘုရားသခင်၏ နံဘေးတွင်ရှိကာ

အတွင်းရေးကိစ္စများစွာ သူ့ကို ကျွန်ုပ်ပြောပြချင်လိုက်သည်မှာ။

ကျွန်ုပ်တို့ အတူတကွ ရှိခဲ့သည့်မြင်ကွင်းများကို အောက်မေ့ရင်း၊

ကျွန်ုပ်၏ နှလုံးသား ချိုမြိန်သောချမ်းမြေ့ပျော်ရွှင်မှုဖြင့် ပြည့်ပေ။

ကျွန်ုပ်တို့ကို သမ္မာတရားနှင့်အသက်တို့ဖြင့် ထောက်ပံ့ရင်း

လူကြားတွင် ကိုယ်တော် နှိမ့်ချစွာ အသက်ရှင်ပေ။

ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ကိုယ်တော့်ကိုကျွန်ုပ်တို့ ကြည်ညိုကာ နေ့တိုင်း

ကိုယ်တော်နှင့်အတူရှိကြဖို့ တမ်းတမိသည်။

ဘုရားသခင်၏ နံဘေးတွင်ရှိကာ

အတွင်းရေးကိစ္စများစွာ သူ့ကို ကျွန်ုပ်ပြောပြချင်လိုက်သည်မှာ။

ကျွန်ုပ်တို့ အတူတကွ ရှိခဲ့သည့်မြင်ကွင်းများကို အောက်မေ့ရင်း၊

ကျွန်ုပ်၏ နှလုံးသား ချိုမြိန်သောချမ်းမြေ့ပျော်ရွှင်မှုဖြင့် ပြည့်ပေ။

ကျွန်ုပ်တို့ကို သမ္မာတရားနှင့်အသက်တို့ဖြင့် ထောက်ပံ့ရင်း

လူကြားတွင် ကိုယ်တော် နှိမ့်ချစွာ အသက်ရှင်ပေ။

ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ကိုယ်တော့်ကိုကျွန်ုပ်တို့ ကြည်ညိုကာ နေ့တိုင်း

ကိုယ်တော်နှင့်အတူရှိကြဖို့ တမ်းတမိသည်။

ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ကိုယ်တော့်ကိုကျွန်ုပ်တို့ ကြည်ညိုကာ နေ့တိုင်း

ကိုယ်တော်နှင့်အတူရှိကြဖို့ တမ်းတမိသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။