2021 Myanmar Gospel Song - ဘုရားသခင်သည် သင်ဆိုသကဲ့သို့ ရိုးရှင်းသလောကျူး

06.03.2021

ဤများစွာသော နှစ်ပေါင်းအားလုံးတွင်

လူတို့ တွေ့ခဲ့ကြသည်မှာ ဝိညာဉ်တော်သာမက၊ လူယောက်ျား၊ အမျိုးသား သာမက လူ့အတွေးအခေါ်နှင့်

မကိုက်ညီ သည့်အရာ များစွာလည်း ဖြစ်သဖြင့်

ထိုသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။

ထိုသူတို့သည် ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကာ

ဘုရားတကယ်ရှိသော်လည်း မရေရာသော အိပ်မက်တစ်ခုလည်း ဖြစ်နေသကဲ့သို့ ဖြစ်၏။

ထို့ကြောင့် ယနေ့တိုင် လူတို့မှာ ဘုရားသခင် ဟူသည် အဘယ်နည်းကို မသိကြသေးခြင်း ဖြစ်သည်။

သင်သည် ဘုရားကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်။

ထို့နောက် ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင်အမှန် ဆိုရဲသလား။

“ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်။

ထို့နောက် ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု အကယ်ပင် ရဲရင့်စွာ ဆိုရဲသလား။

“ဘုရားသခင်သည် လူ့အဝတ် ဝတ်ထားသော ဇာတိပကတိသာဖြစ်သည်” ဟု

စိတ်အေးချမ်းသာစွာ ပြောနိုင်သလား။

“ယေရှု၏ ရုပ်သွင်သည် ဘုရားသခင်၏ ကြီးမြတ်သော ရုပ်သွင်သာဖြစ်သည်” ဟု

ပြောရဲသောသတ္တိ သင့်တွင် အမှန်စင်စစ် ရှိသလား။

စကားလုံးများနှင့် ပတ်သက်၍ သင့်တွင်ရှိသေ

ပါရမီစွမ်းအားဖြင့် ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ရုပ်သွင်ကို သင်စေ့စပ်သေချာစွာ ရှင်းပြနိုင်သလား။

သင်သည် ဘုရားသခင်ကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

ယခု ဘုရားသခင်ဟူသည် မည်သည်ဖြစ်ကြောင်း သင်အမှန်စင်စစ် သိပြီလား။

ဘုရားသခင်သည် လူသားတစ်ဦးလား။ ဝိညာဉ်တစ်ပါးလား။ ဘုရားသခင်သည် အကယ်ပင် အမျိုးသား တစ်ဦးလား။

ဘုရားသခင်ဆောင်ရွက်လိုသည့် အမှုကို ယေရှုသာလျှင် ပြီးအောင် ဆောင်ရွက်နိုင်သလား။

ဘုရားသခင်၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာလျှင် သင်ရွေးချယ်ပါက

သင်သည် လွန်ကဲစွာ အသိဉာဏ် ကင်းမဲ့သည့်

သင်သည် ဘုရားသခင်ကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

အကယ်၍ဘုရားသခင်သည်တစ်ကြိမ် တစ်ခါသာ လူ့ဇာတိခံ သွေးသားခန္ဓာအဖြစ်

အမှုဆောင်ရွက်ပါက သင်တို့ဘဘုရားသခင်အပေါ် ကန့်သတ်ချက်များ သတ်မှတ်မည်လော။

သင်ဘုရားကို တစ်ကြိမ် ကြည့်လျက် အကယ်ပင် နားလည်နိုင်မည်လား။

သင့်အသက်တာ အတွင်း ကြုံတွေ့ခဲ့ရသည့် အရာများ၏ ကျေးဇူးကြောင့်

သင်သည် ဘုရားမည်သူဆိုသည်ကို အကယ်ပင် လုံးဝ အကျဉ်းချုပ် ဖော်ပြနိုင်မည်လား။

ထို့အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှစ်ရပ်တွင်

အလားတူသည့် အမှုဆောင်ပါက

သင်တို့ ဘုရားသခင်အပေါ် မည်သို့မြင်မည်နည်း။

လက်ဝါးကပ်တိုင်ပေါ် သံရိုက်လျက် ဘုရားကို သင်တို့ ရာသက်ပန် ထားခဲ့မည်လား။

သင်သည် ဘုရားသခင်ကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။