2021 Myanmar Christian Song - ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ရိုးရှင်းသောအရာလော

06.05.2021

လူတို့အတွက် ဘုရားသည် မထိတွေ့နိုင်၊ မမြင်နိုင်တဲ့ ဝိညာဉ်ဖြစ်ခဲ့

မြေကြီးပေါ်ရှိ ဘုရားသခင်၏ အမှုသုံးဆင့်ကြောင့်

ဖန်ဆင်းခြင်း၊ ရွေးနှုတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်

လူတို့အကြား အမှုဆောင်ဖို့ မတူညီတဲ့အချိန်တွင် ‌ပေါ်ထွန်း။

သူပထမအကြိမ်ကြွလာခြင်းသည် ရွေးနှုတ်ခြင်းခေတ်တွင်ဖြစ်ပြီး

ယုဒမိသားစုဝင်ထဲ၌ ကြွလာခဲ့၏

ဘုရားသည် သူ၏ရွေးနှုတ်ခြင်းအမှုတော်ထဲ၌ အပြစ်ဖြေရာယဇ်အဖြစ်

သူ၏ လူ့ဇာတိခံ ခန္ဓာကို သုံးဖို့ ကိုယ်တိုင် အမှုပြုခဲ့

ဒါကြောင့် ကျေးဇူးတော်ခေတ်တွင် ယုဒလူမျိုးများသည် ဘုရားသခင်ကို ပထမဆုံးမြင်ခဲ့ကြ၏

၎င်းသည် လူ့ဇာတိ၌ ပထမဆုံးအကြိမ် ဘုရားသခင် အမှုတော် ပြုခဲ့ခြင်းဖြစ်၏။

ဒါကြောင့် ကျေးဇူးတော်ခေတ်တွင် ယုဒလူမျိုးများသည် ဘုရားသခင်ကို ပထမဆုံးမြင်ခဲ့ကြ၏

၎င်းသည် လူ့ဇာတိ၌ ပထမဆုံးအကြိမ် ဘုရားသခင် အမှုတော် ပြုခဲ့ခြင်းဖြစ်၏။

ဘုရားအလုပ်သည် နိုင်ငံတော်ခေတ်တွင် သိမ်းပိုက်ကာ စုံလင်စေဖို့။

ဒါကြောင့် လူ့ဇာတိ၌ အမှုပြုလျက် နောက်တစ်ဖန် သူ ထိန်းကျောင်းပေ

အမှု၏ နောက်ဆုံး အဆင့်နှစ်ခုတွင်၊ သူဟာ မမြင်နိုင်သော ဝိညာဉ်မဟုတ်တော့ဘဲ၊

လူ့ဇာတိဖြစ်လာသည့် ဝိညာဉ်ဖြစ်သော လူတစ်ဦးဖြစ်လာသည်။

ဒါကြောင့် ဘုရားသည် လူ၏မျက်စိတွင် လူသားဖြစ်လာခဲ့ပြီး

သူသည် ဘုရား၏အသွင်နှင့် ခံစားချက်မရှိ

လူသည် ဘုရားသခင်အား သူတို့အဖို့ တုန်လှုပ်ပြီး

နားလည်ရအခက်ဆုံးဖြစ်သည့် လူယောကျ်ားနှင့် မိန်းမအဖြစ် မြင်ရပြီ။

ဘုရားသခင်သည် မယုံနိုင်စရာအလုပ်ကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်

နှစ်ရှည်လများခံယူထားကြသည့်ယုံကြည်မှုများကို ဖျက်စီးပစ်လိုက်ပြီး လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။

ဘုရားသခင်သည် မယုံနိုင်စရာအလုပ်ကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်

နှစ်ရှည်လများခံယူထားကြသည့်ယုံကြည်မှုများကို ဖျက်စီးပစ်လိုက်သည်။

ဘုရားသည် သန့်ရှင်းသော ဝိညာဉ်သက်သက်မဟုတ်

ခုနစ်ဆ ပြင်းထန်သော အရာခပ်သိမ်းသော လွှမ်းခြုံသော

ဝိညာဉ်ဖြစ်ရုံမက သာမန် လူတစ်ဦးလည်း ဖြစ်

သူသည် ယောကျ်ား သို့မဟုတ် မိန်းမဖြစ်လာနိုင်

လူ့ဇာတိခံယူခြင်း နှစ်ခုလုံး လူသားထံ မွေးဖွားလည်း သူတို့သည် မတူညီ။

တစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူ

အခြားတစ်ဦးမှာ ဝိညာဉ်တော်မှ ဆင်းသက်လည်း လူမှမွေးဖွားခြင်းဖြစ်ပေ။

လူ့ဇာတိခံ ခန္ဓာနှစ်ခုလုံးက ခမည်းတော်ဘုရား၏ အမှုကို ပြုပေတာ

သို့သော် တစ်ဦးသည် ရွေးနှုတ်ခြင်းအမှုပြုပြီး အခြားတစ်ဦးသည် သိမ်းပိုက်ခြင်းအမှုပြု၏။

နှစ်ဦးစလုံးသည် ခမည်းတော်ဘုရားသခင်ကို ကိုယ်စားပြု

သို့သော် တစ်ဦးသည် ချစ်ခြင်း၊ ဂရုဏာဖြင့် ရွေးနှုတ်သူဖြစ်ပြီး

အခြားတစ်ဦးသည် အမျက်ဒေါသနှင့် တရားစီရင်ခြင်းဖြင့် ဖြောင့်မတ်သူ။

တစ်ဦးသည် ရွေးနှုတ်ခြင်းအမှုအား အုပ်ချုပ်သူဖြစ်ပေ သည်

အခြားတစ်ဦးသည် သိမ်းပိုက်ခြင်းအမှုပြုသော ဖြောင့်မတ်သောဘုရားသခင်ဖြစ်၏

နှစ်ဦးစလုံး ခမည်းတော်ဘုရား၏အမှုတော်ကို ဆောင်ရွက်ကြ၏

နှစ်ဦးစလုံး ခမည်းတော်ဘုရား၏အမှုကို လုပ်ဆောင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။