Myanmar Sermon Series 2022 - သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

12.01.2022

ကယ်တင်ရှင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက် ဆုံးသောကာလတွင် ပေါ်ထွန်းလာပြီး အမှုပြုနေသည့်အပြင် သန်းနှင့်ချီ သောနှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပါသည်။ ကိုယ်တော်၏နှုတ်က ပတ်တော်ပေါင်းချုပ်ဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို အွန်လိုင်းပေါ် တွင် ရနိုင်ပါသည်။ ၎င်းသည် ဘာသာရေးလောက ကိုသာမကဘဲ တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့သည်။ သမ္မာတရားကို ဆာငတ်နေသည့် လူအများအပြားသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းကို တွေ့ရှိခဲ့ကြပြီး ကိုယ်တော့်ကို ပြန်ကြွလာသည့် သခင်ယေရှုအဖြစ် အသိအမှတ်ပြုကြကာ ဘုရားသခင်၏ပလ္လင်တော် ရှေ့မှောက်သို့ ရောက်လာကြပါသည်။ ဘာသာရေးလောကရှိ လူအများ အပြားကမူ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် တန်ခိုးကြီးပြီး ဩဇာအာဏာရှိကြောင်းကို အသိအမှတ်ပြုကြသော်လည်း ဘုရားသခင်၏အမှုတော်နှင့်နှုတ်ကပတ် တော်များ အားလုံးသည် သမ္မာကျမ်းထဲတွင်ရှိပြီး သမ္မာကျမ်းပြင်ပတွင် တစ်ခုမျှ မတွေ့နိုင်ဟု မလျှော့တမ်းပြောဆိုကြဆဲဖြစ်သည်။ အနန္တတန်ခိုး ရှင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော်များသည် သမ္မာကျမ်း ဘောင်ကို ကျော်လွန်သည်ဟု ထင်မြင်ကြသည်နှင့်အညီ ၎င်းတို့သည် ယင်းတို့ကို ငြင်းဆန်ပြီး ပြစ်တင်ရှုတ်ချကြ၏။ ရလဒ်အနေနှင့် ကပ်ဘေး များမတိုင်မီ သခင့်ကို ကြိုဆိုရန် သူတို့၏အခွင့်အရေးကို ဆုံးရှုံးသွားသည့် အပြင်၊ ကပ်ဘေးများထဲသို့ ကျရောက်သွားကြလေသည်။ ထို့ကြောင့် “ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာ ကျမ်းထဲတွင်ရှိပြီး သမ္မာကျမ်းပြင်ပတွင် တစ်ခုမျှ မတွေ့နိုင်ပါ” ဟူသော ထိုအယူအဆနှင့်ပတ်သက်၍ မည်သည့်အ‌ရာက အမှန်တကယ်မှားယွင်း နေသနည်း။ ဤအပိုင်းသည် မိတ်ဆွေတို့အား သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာကျမ်း၏အတွင်းဇာတ်လမ်းအကြောင်းကို သိရှိစေဖို့နှင့် အဖြေကို ရှာတွေ့ဖို့ လမ်းညွှန်ပေးပါလိမ့်မည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။