ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၀
22.03.2021
အစဦး၌ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်းတွင် ဣသရေလလူများသည် ယေဟောဝါ ပြုသောအမှု၏ အခြေခံအကြောင်းရင်းအဖြစ် အစေခံခဲ့ကြပြီး ဣသရေလမျိုးနွယ် တစ်မျိုးနွယ်လုံးသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ ပြုသောအမှု၏ အရင်းခံဖြစ်ခဲ့သည်။ ယေဟောဝါပြုခဲ့သောအမှုမှာ လူသားများ သာမန်အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ကာ ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါကို သာမန်ပုံစံအတိုင်း ကိုးကွယ်နိုင်စေရန်အတွက် ပညတ်များချမှတ်ကာ လူသားများကို တိုက်ရိုက်ဦးဆောင် လမ်းပြရန်ဖြစ်သည်။ ပညတ်တော်ခေတ်မှ ဘုရားသခင်သည် လူသားများ တွေ့မြင်နိုင်ခဲ့ခြင်းနှင့် ထိတွေ့နိုင်ခဲ့ခြင်းမရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့သော လူသားတို့ကို ဦးဆောင်ရုံမျှသာဖြစ်ပြီး သူသည် ယင်းလူတို့ကို ညွှန်ကြားရန်နှင့် လမ်းပြရန် ဖြစ်သည်၊ ထို့ကြောင့် သူပြောသောနှုတ်ကပတ်တော်သည် ပညတ်ချက်များ၊ အမိန့်ပြန်တမ်းများနှင့် လူသားတစ်ဦးအနေဖြင့် ဘဝတွင်အသက်ရှင်နေထိုင်ရာတွင် သိသင့်သော ဘုံအသိပညာများသာဖြစ်ပြီး လူသားတို့အား အသက်ကိုပေးသော သမ္မာတရားများ လုံးလုံးမဟုတ်ချေ။ သူ၏ ဦးဆောင်မှုအောက်တွင် ရှိခဲ့သော ဣသရေလလူများသည် စာတန် အတွင်းကျကျ ဖောက်ပြန်ပျက်စီးစေခဲ့သောသူများ မဟုတ်ပေ။ ပညတ်တော်အားဖြင့် သူပြုသောအမှုသည် ကယ်တင်ခြင်းအမှု၏ ပထမဦးဆုံး အဆင့်သာဖြစ်သည်၊ ကယ်တင်ခြင်းအမှု၏ အစအဦးဆုံးသာဖြစ်ပြီး ထိုအမှုသည် လူသားတို့၏ အသက်တာထဲမှ စိတ်သဘောထား ပြောင်းလဲမှုများနှင့် အမှန်တကယ် မသက်ဆိုင်ပေ။ ထိုအတွက်ကြောင့် ကယ်တင်ခြင်းအမှု၏ အစအဦးတွင် ဣသရေလပြည်၌ သူ၏အမှုကိုပြုရန် သူ့အနေဖြင့် လူဇာတိခံယူရန် မလိုအပ်ခဲ့ချေ။ ဤအကြောင်းကြောင့် သူသည် လူသားတို့နှင့် ဆက်သွယ်ရန်အတွက် တန်ဆာပလာအဖြစ် အသုံးတော်ခံမည့် ကြားခံလူကို လိုအပ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါ၏ကိုယ်စား စကားပြောရန်နှင့် အမှုပြုရန် ဖန်ဆင်းခံသတ္တဝါများထဲမှ လူသားများနှင့် ပရောဖက်များ ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ထိုသူများသည် ဤသို့ဖြင့် လူတို့အကြားထဲ ရောက်လာကာ အမှုပြုခဲ့ကြခြင်းဖြစ်သည်။ လူသားများသည် လူတို့အကြားတွင် ယေဟောဝါ၏ကိုယ်စား အမှုပြုခဲ့ကြသည်။ ယင်းကဲ့သို့ ယေဟောဝါ၏ ခေါ်တော်မူခြင်းကို ခံရခြင်းဆိုသည်မှာ ထိုလူသားများသည် ယေဟောဝါ၏ကိုယ်စား ပညတ်ချက်များကို ချမှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲမှ ယဇ်ပရောဟိတ်များလည်းဖြစ်သည်၊ ထိုလူသားများသည် ယေဟောဝါ၏ ဝိညာဉ်တော်အားဖြင့် အမှုပြုခဲ့ကြပြီး ယေဟောဝါ၏ ကြည့်ရှုစောင့်မခြင်းနှင့် ကာကွယ်ခြင်းကို ခံခဲ့ကြရသည်၊ ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲတွင် ခေါင်းဆောင်များဖြစ်ကြပြီး ယေဟောဝါကို တိုက်ရိုက် အစေခံခဲ့ကြသည်။ သို့သော်လည်း ပရောဖက်များမှာ တိုင်းနိုင်ငံအားလုံးနှင့် မျိုးနွယ်စုအားလုံးကို ယေဟောဝါ၏ကိုယ်စား စကားပြောရန်အတွက် သီးသန့် အသုံးပြုခံရသောသူများဖြစ်ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏အမှုကို ပရောဖက်ပြုသောသူများလည်း ဖြစ်ကြသည်။ လူသားများဖြစ်စေ ပရောဖက်များဖြစ်စေ၊ အားလုံးကို ယေဟောဝါ၏ ဝိညာဉ်တော် ပေါ်ထွန်းစေပြီး ၎င်းတို့အထဲတွင် ယေဟောဝါ၏အမှု တည်ရှိခဲ့ကြသည်။ လူတို့အကြားတွင် ၎င်းတို့သည် ယေဟောဝါကို တိုက်ရိုက် ကိုယ်စားပြုခဲ့သောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ ပေါ်ထွန်းစေသည့်အတွက်ကြောင့်သာ အမှုပြုခဲ့ကြခြင်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ၎င်းတို့ထဲတွင် လူဇာတိခံယူကာ အမှုပြုသော ဇာတိခန္ဓာများဖြစ်ခြင်းကြောင့် မဟုတ်ပေ။ ထို့ကြောင့် ပညတ်တော်ခေတ်မှ လူသားများနှင့် ပရောဖက်များသည် ဘုရားသခင်၏ကိုယ်စား တညီတညွတ်တည်း စကားပြောပြီး အမှုပြုခဲ့ကြသော်လည်း ၎င်းတို့သည် လူဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိခန္ဓာများမဟုတ်ပါ။ ဤအရာသည် ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးအဆင့်တွင် ပြောင်းပြန်ဖြစ်ကြောင်း ရှင်းလင်းစွာသိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားတို့အား ကယ်တင်ခြင်းအမှုနှင့် တရားစီရင်ခြင်းအမှုနှစ်မျိုးစလုံးကို လူဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုခဲ့ခြင်းဖြစ်ပြီး ထို့အတွက်ကြောင့် သူ၏ကိုယ်စား အမှုပြုရန်အတွက် ပရောဖက်များနှင့် လူသားများကို ပေါ်ထွန်းစေရန် မလိုအပ်တော့ပေ။ လူသားများ၏ အမြင်တွင် ၎င်းတို့ အလုပ်၏ အနှစ်သာရနှင့် ပြုပုံပြုနည်းများအကြားတွင် မည်မည်ရရ ကွာခြားချက်များမရှိဟု မြင်တတ်ကြသည်။ ဤအကြောင်းရင်းကြောင့် လူတို့သည် လူဇာတိခံယူသောဘုရားသခင် ပြုသောအမှုနှင့် ပရောဖက်များနှင့် လူသားများ ပြုသောအမှုတို့ကို အမြဲတမ်းရောထွေးကြခြင်းဖြစ်သည်။ လူဇာတိခံယူသော ဘုရားသခင်၏ ပုံသဏ္ဌာန်သည် အခြေခံအားဖြင့် ပရောဖက်များနှင့် လူ၏သားများ၏ ပုံသဏ္ဌာန်နှင့်တူညီသည်။ ထို့အပြင် လူဇာတိခံယူသော ဘုရားသခင်သည် ပရောဖက်များထက်ပင် ပို၍သာမန်ဖြစ်ပြီး ပို၍စစ်မှန်သည်။ ထိုအကြောင်းကြောင့် လူသားတို့သည် ၎င်းတို့အား လုံးဝ ခွဲခြားသိမြင်နိုင်ခြင်းမရှိ။ လူသားတို့သည် ပုံသဏ္ဌာန်များကိုသာ အာရုံစိုက်တတ်ကြပြီး ၎င်းတို့ပြုသောအမှုနှင့် ပြောသောစကားနှစ်မျိုးစလုံးမှာ အနှစ်သာရအားဖြင့် ကွဲခြားခြင်းရှိကြောင်း လုံးဝမသိကြ။ လူသားများ၏ ပိုင်းခြားသိမြင်နိုင်စွမ်းမှာ နည်းပါးလွန်းသဖြင့် လူသားများသည် သာမန်ကိစ္စများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြဘဲ အလွန်ခက်ခဲရှုပ်ထွေးသောအရာ တစ်စုံတစ်ခုဆိုပါက ပို၍ပင် ခွဲခြားသိမြင်နိုင်စွမ်းမရှိကြ။ ပရောဖက်များ ပြောသောစကားများနှင့် ပြုသောအမှုများသာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော သူများ၏ ပြောသောစကားများနှင့် ပြုသောအမှုများသည် လူသားတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏အလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လူသားတို့ လုပ်သင့်သောအမှုတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်ပြုသော အမှုနှင့် နှုတ်ကပတ်တော်သည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အပြင်ပန်းအသွင်သဏ္ဌာန်သည် ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ရှိသော်လည်း သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို လုပ်ဆောင်ရန်မဟုတ်ဘဲ သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ “တာဝန်” ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း “အမှုတော်” ဟူသော ဝေါဟာရကိုမူ လူဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ ထိုဝေါဟာရနှစ်လုံးအကြားတွင် အခြေခံအားဖြင့် ကွာခြားမှုရှိပြီး ၎င်းတို့မှာ အပြန်အလှန်အဓိပ္ပာယ်ရှိသော ဝေါဟာရများ မဟုတ်ပေ။ လူ၏အမှုမှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သော်လည်း ဘုရားသခင်၏အမှုမှာ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသော်လည်း ၎င်းတို့ပြုသော အမှုနှင့် ပြောသောစကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါအနေဖြင့် လုပ်ဆောင်ရုံမျှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ပရောဖက်ပြုချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင်မြွက်ဆိုသည့် အသက်လမ်းခရီးထက် သာ၍ကြီးမြတ်ကောင်း ကြီးမြတ်နိုင်သည့်အပြင် ၎င်းတို့၏လူ့သဘာဝသည်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝထက် သာ၍ကျော်လွန်ခဲ့သော်လည်း ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး ၎င်းတို့၏အမှုတော်ကို ကျေပွန်အောင်ဆောင်ရွက်နေခဲ့ကြခြင်း မဟုတ်ပါ။ လူသားများ၏တာဝန်သည် လူသားများ၏အလုပ်ကို ရည်ညွှန်းပြီး လူသားများ ကြိုးပမ်းလုပ်ဆောင်နိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်ပြီး ထိုအရာကို လူသားများ ကြိုးပမ်းလုပ်ဆောင်၍မရပေ။ လူ့ဇာတိခံယူသော ဘုရားသခင် မြွက်ဆိုသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ပြသည်ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှုအတွင်းရှိ ကြီးမားသောအမှုကို ပြုနေခြင်းပင်ဖြစ်၍ ထိုသို့သောအမှုကို လူသားများက သူ၏ကိုယ်စား ဝင်ရောက်လုပ်ဆောင်၍ မရနိုင်ပါ။ လူသားများ၏အလုပ်မှာ ဘုရားသခင် စီမံခန့်ခွဲသောအမှုထဲမှ ပေးထားသောအဆင့်ထဲတွင် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်သည် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက ဖန်ဆင်းခံသတ္တဝါ၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ထမ်းရွက်စဉ်ပြုသောအမှုမှာ လူသားတို့ကို စီမံခန့်ခွဲရန်ဖြစ်သည်၊ တစ်ဖက်တွင် လူသားတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းမှာ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဝတ္တရားများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမှုတော်ကို ထမ်းရွက်နေသည်ဟု ယူဆ၍မရနိုင်ပါ။ ဘုရားသခင်၏ရှိရင်းစွဲ အနှစ်သာရ၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏ဝိညာဉ်တော်အတွက် ဘုရားသခင် ပြုသောအမှုဆိုသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ကိုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သူ၏အမှုမှာ မိမိ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်သည်။ သူပြုသော အမှုမှန်သမျှသည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်ပြီး လူသားများအနေဖြင့် လုပ်ဆောင်နိုင်သောအရာ တစ်ခုတည်းမှာ သူ၏စီမံခန့်ခွဲမှုအတိုင်းအတာအတွင်း၊ သူ၏ဦးဆောင်မှုအောက်တွင် ၎င်းတို့၏ အကောင်းဆုံးသော အရာများကို ဆက်ကပ်ပေးအပ်ခြင်းပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ