ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” | ကောက်နုတ်ချက် ၂၀၈

21.04.2021

ဘုရားသခင် အလုပ်အတွက် အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်စုံတစ်ယောက်မှ သိခဲ့ဖူးလေသလော။ စွဲမြဲနေသည့် အယူသည်းသော အရောင်ဆိုးမှုများနှင့် ပိတ်လှောင်ခံ ထားရသည့် လူများတွင် အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သိကျွမ်းရန် တတ်စွမ်းနိုင်မည်နည်း။ ခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ ဤအသိပညာ သည် အလွန်ပင် တိမ်လှပြီး အဓိပ္ပာယ် မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်မှ ပြောကြားခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့လျှင် လုံးလုံးလျားလျား နားလည်နိုင်မည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆို၍၊ နှုတ်ချင်းဆိုင် ဖြည့်သွင်းပေးလျှင်ပင် ၎င်းတို့သည် အဘယ်သို့လျှင် နားလည်နိုင်မည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် ပင်းနေသော နားများအပေါ်သို့ ကျရောက်သွားလေသည့် အလားပင် ဖြစ်သည်။ လူများသည် စိုးစဉ်းမျှပင် တုံ့ပြန်ခြင်း မရှိ၊ သူတို့၏ ဦးခေါင်းများကို လှုပ်နေလျက် အဘယ်အရာကိုမျှ နားလည်ခြင်း မရှိ။ အဘယ်သို့လျှင် ဤအရာသည် စိတ်မပူစေဘဲ ရှိမည်နည်း။ ဤ “အလှမ်းဝေး၍ ရှေးကျသော ယဉ်ကျေးမှု ဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုကဲ့သို့သော အသုံးမကျသော လူအုပ်စုတစ်စုကို ပြုစုပျိုးထောင်ခဲ့ လေပြီ။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက် ပုံကြီးသာ ဖြစ်တော့သည် တကား။ ယင်းသည် အမြဲတည်တံ့သော အရှက်တရား ဖြစ်လာသည်မှာ ကြာပြီဖြစ်ပြီး ပြောပြရန်ပင် မသင့်ပါတကား။ ယင်းအရာသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်း၏ လှည့်ကွက်များနှင့် နည်းပရိယာယ်များကို သင်ပေးခဲ့ပြီး အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ ညင်သာ သော လမ်းညွှန်မှု” သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံရန်အကြောင်း ဖြစ်စေခဲ့သည်။ ဘုရား သခင် အလုပ်၏ အစိတ်အပိုင်း အသီးသီးသည် အလွန်တရာမှပင် ခက်ခဲလှပြီး ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေခဲ့သည်။ ကမ္ဘာပေါ်ရှိ သူ၏ အလုပ်သည် ခက်ခဲလှသည် တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်အလုပ်၏ အဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင် သည်— လူသား၏ အားနည်းမှု၊ ချို့ယွင်းမှု၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် ပတ်သက်၍ အရာအားလုံးအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် ထောက်ထားစာနာတတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ လူသားသည် မည်သူမျှ ထောင်ချောက် မဆင်ရဲသော သို့မဟုတ် ရန်မစရဲသော စက္ကူကျား ကဲ့သို့ပင် ဖြစ်သည်။ ထိလိုက်ရုံလေးနှင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး လမ်းပျောက် လေတော့သည်၊ ယင်းသို့ဖြစ်ခြင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်လေးမျှ ဆုံးသွား သည်နှင့် အကျင့်ဆိုးကို ပြန်၍ ကျင့်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များနှင့် ခွေးများ၏ အမိအဖတို့ ခန္ဓာကိုယ်များ၏ မသန့်ရှင်းသော အရာများ၌ မွေ့လျော်ရန် ၎င်းတို့ထံ ပြေးသွားလေသည့် အလားပင် ဖြစ်တော့သည်။ ကြီးစွာသော အဟန့်အတားပါတကား။ လက်တွေ့အရတွင် သူ၏ အဆင့် အသီးသီးတွင် ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရကာ အဆင့်အားလုံး နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များ သည် စိတ်ရင်းမှန်၍ ရိုးသားကာ မလိုတမာစိတ်တို့ မပါသော် ငြားလည်း မည်သူသည် ယင်းတို့ကို လက်ခံလိုစိတ် ရှိသနည်း။ မည်သူသည် လုံးလုံးလျားလျား ဆက်ကပ် အပ်နှံလိုစိတ် ရှိသနည်း။ ၎င်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ကြိုးပမ်းသည်၊ လူသား၏ အသက်တာအတွက်နှင့် သူသည် သောကဗျာပါရနှင့် ဝိုင်းဝိုင်းလည် နေခဲ့ပြီး လူသား၏ အားနည်းမှုကို သူသည် စာနာလေသည်။ သူ့အလုပ်၏ အဆင့်အသီးသီးတွင် သူပြောသော နှုတ်ကပတ်တော်တိုင်း အတွက် သူသည် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်နေခဲ့ပြီး လူသား၏ အားနည်းမှု၊ နာမခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်စွမ်း မရှိမှုတို့ကို နှစ်ဆယ့်လေးနာရီပတ်လုံး ကြိမ်ဖန်တစ်လဲလဲ အမြဲတွေးတောသည်။ ဤသည်ကို မည်သူသည် သိခဲ့ဖူးသနည်း။ မည်သူ့ကို ဘုရားသခင် သည် ယုံကြည်စိတ်ချကာဖွင့်ပြောနိုင်သနည်း။ မည်သူသည် နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ အမြဲတစေပင် ဘုရားသခင်သည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှုနှင့် ကြောက်ချေးပါမှုကို စက်ဆုပ်ရွံရှာပြီး အမြဲတစေပင် သူသည် လူသား ၏ ခုခံနိုင်စွမ်း မရှိခြင်းအတွက် စိုးရိမ်ပူပန်ပြီး လူသား၏ အရှေ့တွင် တည်ရှိနေသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားပေးသည်။ အစဉ်အမြဲပင် ဘုရားသခင်သည် လူသား၏ လုပ်ရပ်များနှင့် စကားလုံးများကို လေ့လာစိစစ်သည့်အခါ ယင်းတို့သည် သူ့အား သနားကရုဏာ၊ အမျက်ဒေါသနှင့် ပြည့်စေပြီး ဤအရာများကို မြင်တွေ့နေရခြင်းသည် သူ့နှလုံးသားအား အစဉ်အမြဲပင် နာကျင်မှုများ ယူဆောင်လာပေးသည်။ အပြစ်မဲ့သော သူတို့သည် အဆုံးတွင်တော့ ထုံထိုင်းလာလေပြီ၊ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင် အမြဲပင် လုပ်ရသနည်း။ ချည့်နဲ့သော လူသားတွင် ဇွဲလုံ့လတို့ လုံးဝဥဿုံ ကင်းမဲ့လေသည်၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားပေါ် ယင်းကဲ့သို့ မရပ်စဲသော အမျက်ဒေါသ အမြဲပင် ရှိရသနည်း။ အားနည်း၍ အစွမ်းမဲ့သော လူသားသည် ရှင်သန်မှုစွမ်းအင်များ စိုးစဉ်းမျှပင် မရှိကြတော့၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားအား အမြဲပင် သူ၏ မနာခံမှုအတွက် ပြစ်တင်ကြိမ်းမောင်း ရသနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်မည်နည်း။ အဆုံးတွင် လူသားသည် ကျိုးပဲ့လွယ်၍ အကျဉ်းအကျပ်ထဲ ရောက်နေပြီး ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ၏ နှလုံးသားအထဲ နက်ရှိုင်းရာသို့ ဖိထားလေပြီ၊ သို့မှသာ လူသားသည် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခထဲ ကျရောက်နေသော လူသား သည် ဘုရားသခင်၏ အလိုတော်နှင့် ပတ်သက်၍ တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ သူသည် မာရ်နတ် တို့၏ အိုသော ရှင်ဘုရင်၏ နင်းခြေခြင်းကို ခံနေခဲ့ရသော်လည်း လုံးလုံးပင် သတိမူမိခြင်းမရှိ၊ သူသည် အမြဲပင် ဘုရားသခင်အား ဆန့်ကျင်သည်၊ သို့မဟုတ် သူသည် ဘုရားသခင် အား မပူမအေး သဘောထားမျိုး ထားရှိသည်။ ဘုရားသခင်သည် အလွန်များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့ သော်လည်း မည်သူသည် ယင်းတို့ကို လေးနက်စွာ ခံယူခဲ့ဖူးသနည်း။ လူသားသည် ဘုရား သခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းမရှိ၊ သို့သော်လည်း သူသည် စိတ်ဒုက္ခမရောက်၊ တောင့်တ ခြင်း မရှိဘဲ ရှိနေပြီး အိုသော မာရ်နတ်၏ အနှစ်သာရကိုလည်း စစ်မှန်စွာ သိရှိခဲ့ခြင်း လုံးဝ မရှိချေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲတွင် နေကြသော်လည်း မိမိတို့ကိုယ်မိမိ ပင်လယ် ကြမ်းပြင်မှ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ တိုင်းပြည်၏ “ကျေးဇူးပြုခြင်း” ခံရသည် ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မာရ်နတ်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ ဇာတိပကတိ၏ အသာလွန်ဆုံးသော ဖန်တီးကြံဆမှုကို ပျော်မွေ့နေရသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အလွန်ပင် ညစ်ပဲ့စုတ်ပြတ်လျက် အောက်တန်းကျသော စုတ်ချာချာလူ တစ်သိုက်တို့ ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း သူသည် ယင်းကို မသိ၊ ဤအမိုက်မှောင် လူ့အဖွဲ့အစည်း အတွင်း အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ သော်လည်း သူသည် ယင်းကို လုံးဝသိရှိခြင်း မရှိသေး။ အဘယ်အချိန်မှ သူသည် ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်မိမိ ပထုတ်လိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန်မှပင် အလေးမထားဘဲ ရှိနေရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲအတွက် တိတ်တဆိတ်ပင် အပြစ်မယူ လျစ်လျူရှုထားလေ သလော။ အမှောင်မှ အလင်းသို့ သူပြောင်းနိုင်သည့် နေ့ရက်ကို သူသည် ဆန္ဒ မရှိလေသလော။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့အပေါ် တရားမျှတမှု မရှိခြင်းကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒ မရှိလေသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်လျက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်ကို သူသည် ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေရန် ဆန္ဒရှိလေသလော။ ဤနှိပ်စက်ညှဉ်းဆဲမှုအား ဆက်လက်၍ ကြံ့ကြံ့ခံနေရသည်ကို သူသည် ပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် အလိုရှိလေ သလော။ ဘုရားသခင်၏ လက်ထဲတွင် သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့်အတူ အတူတူ ပျက်စီးခြင်းသို့ ရောက်ရန် အလိုရှိလေသလော။ သင်၏ စိတ်ပိုင်းဖြတ်ချက်ကား အဘယ် မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် မာရ်နတ်တို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးထံ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန် အလိုရှိလေသလော။ ၎င်းမှ သင့်အား သေသည်တိုင်အောင် နှိပ်စက်ကလူပြုသည်ကို သင်သည် ပျော်ရွှင်စွာခွင့်ပြုလေသလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်လျက် မှောင်မိုက်နေသည်၊ ထိုကဲ့သို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံထံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင် မည်နည်း။ လူသားသည် အရိုးပေါ် အရေတင်နေ၍ ကြုံလှီလှသည်၊ သူသည် ဤရက်စက်၍ အာဏာရှင်ကဲ့သို့ ကြမ်းကြုတ်လှသော မာရ်နတ်အား အဘယ်သို့လျှင် ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် ချက်ချင်းပင် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ယိမ်းယိုင်လျက် ရှိနေသေးသနည်း၊ ဘုရားသခင်၏ အလုပ်ကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ဤသို့ ရောက်တတ်ရာရာ နှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရ၍ သူ၏ ဘဝ တစ်ခုလုံးသည် အဆုံးတွင် အချည်းနှီးသက်သက် ဖြုန်းပြီးဖြစ်သွားပေမည်။ အဘယ်ကြောင့် သူသည် ရောက် လာရန် ယင်းသို့ အလောတကြီး ဖြစ်နေရသနည်း၊ ထွက်ခွာသွားရန် ယင်းသို့ အလျင်လိုနေရသနည်း။ ဘုရား သခင်အား ပေးအပ်ရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို သိမ်းထားခြင်း မရှိရသနည်း။ နှစ်ထောင်ချီတိုင် မုန်းတီးခြင်းကို သူသည် မေ့လျော့သွား လေပြီလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်