Myanmar Praise Song 2022 - သင့်နှလုံးသားထဲသို့ ဘုရားကို ဝင်ခွင့်ပေးလော့ကျူး

06.11.2022

သင့်စိတ်နှလုံး ဖွင့်ဟပေးမှသာ ဘုရားသခင် ဝင်လာနိုင်တယ်။

ဘုရားသခင်၏အရာအားလုံးနဲ့ ဖြစ်ခြင်းကိုသာ သင်မြင်နိုင်ပြီး

သင့်စိတ်နှလုံးထဲ သူဝင်လာမှသာ သင့်အတွက် အလိုတော်ကို သင်မြင်နိုင်တယ်။

ဒါကြောင့် သင့်စိတ်နှလုံး ဖွင့်ဟပါ။ သင့်စိတ်နှလုံး ဖွင့်ဟပါ။

ထိုအခါမှာ သင်သိရမယ် ဘုရားနဲ့ပတ်သက်သမျှ အဖိုးထိုက်လွန်းတယ်

ဘုရားသခင်၏ ဖြစ်ခြင်း တန်ဖိုးထားဖို့ ထိုက်တန်လွန်းတယ်။

ထိုအရာနဲ့ နှိုင်းကြည့်ရင် လူတွေ၊

ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သင့်ဘဝမှာ ဖြစ်ပျက်တာတွေ

ဟုတ်ပါတယ်၊ သင်ချစ်ခင်မြတ်နိုးရသူတွေပင် ဖော်ပြဖို့ မထိုက်တန်ပါ။

ဘယ်လောက်သေးငယ်နိမ့်ကျလဲ သင်မြင်ရမယ်။

အခြားအရာအားလုံး၊ အခြားအရာအားလုံး သင့်အတွက် အချည်းနှီးဖြစ်လိမ့်မယ်၊

သင့်ကို မဆွဲဆောင်၊ ဘယ်အဖိုးအခမှ ထိုက်တန်မည် မဟုတ်။

ဘုရားကလွဲပြီး ဘယ်အရာမှ သင့်ကို ဆွဲဆောင်မည် မဟုတ်။

ဘုရားရဲ့နှိမ့်ချမှုမှာ ကိုယ်တော်ရဲ့ကြီးမြတ်မှုနဲ့ အထွတ်ထိပ်ဖြစ်မှုကို မြင်ရလိမ့်မယ်

အသေးအမွှားအဖြစ် ထင်ရတဲ့ အရာ၌ပင် သူ့ရဲ့အဆုံးမရှိ ဉာဏ်ပညာနဲ့ သည်းခံခြင်းကို သင်တွေ့လိမ့်မယ်

သင့်အပေါ် သူ့ရဲ့နားလည်မှုနဲ့ စိတ်ရှည်သည်းခံခြင်းကို သင် မြင်ရမယ်။

ဒီအရာက သင်၌ သူ့ကိုချစ်စိတ်ပေါ်လာစေမယ်။

ထိုနေ့မှာ သင် ခံစားရလိမ့်မယ် လူသားမျိုးနွယ် နေထိုင်တာ ဒီလိုညစ်ညမ်းတဲ့ ကမ္ဘာကြီးမှာ၊

သင့်ဘဝမှာ ဖြစ်ပျက်တာတွေ၊ ချစ်ခင်မြတ်နိုးရသူတွေ၊

သင့်အပေါ် သူတို့ချစ်စိတ်၊ အရေးထားမှုနဲ့ ကွယ်ကာမှုတို့ပင်

ဘယ်အရာမှ ဖော်ပြထိုက်မည် မဟုတ်။

ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသူ၊ ကိုယ်တော်သာ သင်အတန်ဖိုးထားဆုံး။

ဘုရားရဲ့ချစ်ခြင်းမေတ္တာ ကြီးမားလွန်း၍ သူ့အနှစ်သာရ သန့်ရှင်းလွန်းတယ်။

ဘုရားသခင်၌ လှည့်ဖြားမှု၊ ဆိုးယုတ်မှု၊ မနာလိုမှုနဲ့ ရန်လိုမှုမရှိ၊

ဖြောင့်မတ်ခြင်းနဲ့ စစ်မှန်ခြင်းသာ ရှိတယ်။

လူတို့ ကြိုးပမ်း၍ ဘုရား၏အရာအားလုံးနှင့် ဖြစ်ခြင်းကို တောင့်တရမယ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။