ဂုဏ်အဆင့်အတန်းကို စွန့်လွှတ်ခြင်းက မလွယ်ကူပါ - Myanmar Gospel Testimony 2021

28.11.2021

သူသည် ယုံကြည်သူ ၃၀၀၀၀ကျော်ကို ဦးစီးနေသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ ထို့နောက်တွင် လုပ်ဖော်ဆောင်ဖက် တစ်ဦးမှ ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို သူ့အား ဝေမျှလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူဖတ်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏အသံတော်ဖြစ်သည်ကို သူ သတိပြုမိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို သူမြင်လေသည်။ သို့ရာတွင် ဘာသာရေးလောကအတွင်းတွင် သူ၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးမည့်အရေးနှင့်ပတ်သက်၍ စိုးရိမ်ကာ၊ သူသည် စိတ်အတွင်းပိုင်း စစ်ထိုးပွဲတစ်ခုထဲ ဝင်ရောက်ပြီး၊ အလွန် ဝိရောဓိဖြစ်သည်ကို ခံစားရသည်။ ပထမတွင် သူသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် သူ၏ရာထူးကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု စိတ်ကူးသော်လည်း၊ ထို့နောက်တွင် သူသည် ဧဝံဂေလိ ဖြန့်ဝေခြင်း လုပ်ငန်းဆောင်တာကို တာဝန်ပေးခြင်းခံရသည်။ သူသည် ဤအရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်ရုံသာမက၊ နာမည်၊ အကျိုးအမြတ်တို့နှင့်ပတ်သက်၍ သူနှင့် လက်တွဲလုပ်ကိုင်ရသည့် ညီအစ်ကိုနှင့်လည်း ခိုက်ရန်ဖြစ်ပွားသည်ကို သူ့ကိုယ်သူ သိလိုက်ရသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သူရင်ဆိုင်ရသည်- ရဲများက သူ့အား လူသတ်သမား တစ်ဦးဖြစ်သည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ဖြင့် ဖမ်းဆီပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်လေသည်။ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းတို့မှတစ်ဆင့်၊ သူသည် ဂုဏ်အဆင့်အတန်းအတွက် ရေကုန်ရေခန်း ကြိုးပမ်းဖို့ သူ၏အလေ့အထနှင့်ပတ်သက်ပြီး နားလည်မှုအချို့ရကာ၊ သူသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ရှိနေသည်ကို သဘောပေါက်လိုက်သည်။ သူသည် သူ၏ရာထူးကို စွန့်လွှတ်ဖို့၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့နှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းဖို့ လိုလားလာသည်။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့သည် လူသားမျိုးနွယ်ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့အတွက် လုံးလုံးဖြစ်သည်ကိုလည်း သူ တွေ့မြင်ရလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။