Christian Dance (ကျွန်ုပ်ဘဝ လွတ်လပ်ကာ လွတ်မြောက်ပြီ)
01.07.2024
၁
ကျွန်ုပ်၏ စိတ်နှလုံး လွတ်မြောက်ကာ ပျံသန်းနေပြီ။
ကျွန်ုပ် အပျက်သဘောဆောင်ကာ မတက်မကြွ မဖြစ်တော့သလို၊ ဘုရား၏ ချစ်မေတ္တာကို ပြန်ဆပ်သည်။
ယခင်က၊ ဘုရား၏ ရည်ရွယ်ချက်ကို ကျွန်ုပ် အထင်လွဲကာ သူ့ကို အလေးမထားခဲ့။
ဘုရား၏ ချစ်ခြင်းကို မြင်ရခြင်းက ကျွန်ုပ်ကို လှုံ့ဆော်ခဲ့သည်။ ဘုရားကို ချစ်ရမည်ဟု ကျွန်ုပ် ဆုံးဖြတ်လေပြီ။
ဘုရား၏ ချစ်ခြင်းကို ပြန်ဆပ်ရမည်ဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို သူ့အား ရယူခွင့်ပေးရမည်။
ကြည့်ပါလေ။ နေရာတိုင်း ပန်းများ ပွင့်လန်းနေ၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ တေးဂီတသံ မြည်ကာ
ဘုရားအတွက် ကျွန်ုပ်၏ ချစ်ခြင်းကို ကျွန်ုပ် အော်ဟစ်သီဆိုသည်။
၂
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းက ကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စေ။
ဘုရား၏ ချစ်ခြင်းက ကျွန်ုပ်ကို လှုံ့ဆော်။
သမ္မာတရားကို သိနားလည်သည့်အခါ၊
ဘုရားကို ကျွန်ုပ် ချစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသည်။
ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ကာ ဧဝံဂေလိကို ဖြန့်သည်။
ဆင်းရဲဒုက္ခခံသော်လည်း၊ ဝမ်းမြောက်ခြင်းရှိသည်။
ချစ်ခြင်းနှင့်ဆိုင်သော သီချင်းကို သီဆိုရန် ကျွန်ုပ် စိတ်လှုပ်ရှားကာ အထူးသဖြင့် နိုးကြွလာသည်။
ဘုရား၏ ချစ်ခြင်းကို ပြန်ဆပ်ရမည်ဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို သူ့အား ရယူခွင့်ပေးရမည်။
ကြည့်ပါလေ။ နေရာတိုင်း ပန်းများ ပွင့်လန်းနေ၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ တေးဂီတသံ မြည်ကာ
ဘုရားအတွက် ကျွန်ုပ်၏ ချစ်ခြင်းကို ကျွန်ုပ် အော်ဟစ်သီဆိုသည်။
၃
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်ကို ပျော်ရွှင်သည့်ဘဝ ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်သည်။
ဖောက်ပြန်ပျက်စီး၊ အကျင့်ပျက်သည့်၊ အနှစ်မဲ့သော အတိတ်ဘဝကို ကျွန်ုပ် နှုတ်ဆက်ခဲ့။
ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲရန်၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကျွန်ုပ် ကြိုးပမ်းကာ
ဘုရားအိမ်တော်တွင် တတ်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။
ဘုရား၏ ချစ်ခြင်းကို ပြန်ဆပ်ရမည်ဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို သူ့အား ရယူခွင့်ပေးရမည်။
ကြည့်ပါလေ။ နေရာတိုင်း ပန်းများ ပွင့်လန်းနေ၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ တေးဂီတသံ မြည်ကာ
ဘုရားအတွက် ကျွန်ုပ်၏ ချစ်ခြင်းကို ကျွန်ုပ် အော်ဟစ်သီဆိုသည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ