Myanmar Gospel Movie Trailer - ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်

ဆွန်ရီမင်သည် တောင်ကိုရီးယားခရစ်ယာန်အသင်းတော်မှ သင်းအုပ်တစ်ပါးဖြစ်သည်။ နှစ်ပေါင်းများစွာ ကိုယ်တော့်ကို သက်ဝင်ကိုင်းရှိုင်းသည့် နောက်လိုက်ကောင်းတစ်ဦးဖြစ်သည့်အားလျှော်စွာ ယုံကြည်ချက်ကြီးစွာဖြင့် ကိုယ်တော့်အတွက် တက်ကြွစွာအမှုတော်ဆောင်ခဲ့ပြီး ကိုယ်တော်ပြန်ကြွလာသောအခါ ကောင်းကင်ဘုံသို့ခေါ်ဆောင်ခံရရန် မျှော်လင့်စောင့်စား နေသူလည်းဖြစ်ပါသည်။ မကြာမှီနှစ်များအတွင်းမှစ၍ သူတို့အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုမပါဝင်ဘဲ အသင်းတော်မှာ အထီးကျန်ဆန်အားနည်းလာကြောင်း ခံစားခဲ့ရသည်။ ထိုသို့ဖြစ်နေစဉ်မှာပင် သခင်ယေရှုပြန်ကြွလာသည်ကို သက်သေခံကြသည့် အရှေ့တိုင်းရဲ့အလင်းအသင်းတော်ဟုအမည်ရသောဂိုဏ်းတစ်ခု တရုတ်ပြည်၌ပေါ်ထွန်းနေသည်ကို ကြားမိသည်— သမ္မတရားအားဖော်ပြခြင်းအားဖြင့် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်ကိုဆောင်ရွက်နေသည့် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင်းအုပ်ဆွန် နှင့် သာသနာပြုချွဲတို့သည် အရှေ့တိုင်းရဲ့အလင်း အသင်းတော်အကြောင်းလေ့လာရန် တရုတ်ပြည်သို့ ထွက်ခဲ့ကြပြီး နောက်ဆုံးမှာ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့်ရခဲ့ကြ၍ ထိုနှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင်၏အသံတော်များဖြစ်ကာ အမှန်တွေချည်းဆိုတာ သိခဲ့ကြရသည်။ အနန္တတန်ခိုးရှင်ဘုရားသည် ပြန်လည်ကြွချီလာသည့် သခင်ယေရှုပင် ဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။ သို့သော် သူတို့သည် နောက်ဆုံးသောကာလရှိ အနန္တတန်ခိုးရှင်ဘုရား၏အမှုတော်ကို လေ့လာခဲ့ကြသဖြင့် ဘာသာရေးဘောင်ရှိ အကြီးအကဲများက ရဲများထံသတင်းပို့ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ဖမ်းဆီးခံခဲ့ရပြီး တရုတ်ကွန်မြူနစ်ပါတီမှ သူတို့ကိုပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့ဖြစ်၍ ကိုရီးယားသို့ ပြန်ရောက်လာသောအခါ သင်းအုပ်ဆွန်၏ရင်ထဲတွင် အထူးသဖြင့် နစ်နာဆုံးရှုံးစွာ ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်နှင့် ဆက်သွယ်မှုရနိုင်မည့်နည်းလမ်းများကိုလည်း ဆက်လက်၍ တွေးတောနေခဲ့သည်။ တစ်နေ့၌ သူသည်မထင်မှတ်ထားဘဲ အရှေ့တိုင်းရဲ့အလင်းအသင်းတော်သည် တောင်ကိုရီးယားသို့ပင် ပြန့်နှံ့အခြေချလျှက်ရှိနေပြီဟူသည့်သတင်းကို အနန္တတန်ခိုးရှင်ဘုရားအသင်းတော်၏ကိုရီးယားအင်တာနက်စာမျက်နှာမှ တွေ့ခဲ့ရသည်။ ထို့ကြောင့် သူသည် အားရဝမ်းသာစွာဖြင့် သူ့အသင်းတော်မှ ညီအကိုမောင်နှမအချို့ကိုခေါ်ဆောင်ကာ အမှန်တရားလမ်းကို လေ့လာရန်အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ဆီသို့ သွားခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသည် ပြန်လည်ကြွချီလာသည့် သခင်ယေရှုပင်ဖြစ်သည်ဟု သူတို့ခိုင်မာစွာယုံကြည်ခဲ့ကြသည်။ သူတို့သည် အနန္တတန်ခိုးရှင်ဘုရား၏ နောက်ဆုံးသောကာလ အမှုတော်များကို ကျေကျေနပ်နပ်လက်ခံခဲ့ကြပြီး ကောင်းကင်ဘုံဝင်ခွင့်ရရန်နည်းလမ်းကိုတွေ့ရှိခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန်မျှော်လင့်ချက်ကိုလည်း သဘောပေါက်နိုင်မည့် အခွင့်အရေးကိုရရှိခဲ့သည်။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။