2021 Myanmar Praise Song - ကျွန်ုပ်နှလုံးသား ဆာလောင်တောင့်တ

08.11.2021

လူ့ဘဝ၏ ရှည်လျားသည့် ခရီး၊

လေ၊ မိုး၊ ပြောင်းလဲမှုများနဲ့ ပြည့်နှက်။

ခက်ခဲ၊ ခြောက်ကပ် ရှည်လျားနှစ်များ

တိမ်စိုင်မည်းများ နိုင်ငံကို ဖုံးလွှမ်း။

စာတန် လွှမ်းမိုး၍ အလွန်ရက်စက်ကြမ်းကြုတ်၊

အာဏာရှင်လို အုပ်စိုး၊ အတွေးများ ဘောင်ခတ်။

သွေးဆောင်မှုကြောင့် လူသား ဦးတည်ချက်‌ ပျောက်ဆုံး၊

ကျော်ကြားမှု၊ အမြတ်အစွန်းနောက်လိုက်ရင်း

ခေါင်းမှ ခြေအထိ ပွန်းပဲ့။

နာကျင်လွန်း၍ လူသားအသွင်ကင်းမဲ့။

ဒဏ်ရာများနဲ့ပြည့်နှက်လို့ ကိုယ်စိတ်နွမ်းနယ်။

တိုက်ခိုက်ရန် အားအင် မကျန်၊ စိတ်ပျက်ရ၏။

သွားစရာမရှိ၊ နာကျင်၊ ရှုပ်ထွေး။

စစ်မှန်ဖြူစင်သော ပြည်ကိုရှာတွေ့ရန် တမ်းတနေ။

ခဲယဉ်းစွာ ရှာဖွေ၊ ကမ္ဘာကို လှည့်လည်။

စိတ်နှလုံး ပူးဆွေးခြင်းပြည့်၊

ဝမ်းနည်းမှုမှ သခင် ကယ်တင်မည်ကို မျှော်လင့်လျက်

ကျွန်ုပ် စိတ်ထက်သန်စွာ ဆုတောင်း။

ပျက်ကျမှုနှင့်အတူ မိုးကြိုးခုနစ်ချက် မြည်လေ၏။

နောက်ဆုံးသောကာလ ခရစ်တော် ပေါ်ထွန်း၍ အမှုပြု။

နှုတ်ကပတ်တော်ကြားပြီး ရှေ့တော်သို့ ကျွန်ုပ်လာခဲ့ပြီ။

အမှုတော်ကို မြည်းစမ်း၍ သမ္မာတရားကို သိမြင်။

ခရစ်တော်၏ စကားများ ကျွန်ုပ်အား ရေလောင်းပေး၊

ဘုရား၏ အချစ်စစ်ကို ကိုယ်တိုင်ခံစားရ။

စမ်းသပ်မှု၊ နာကျင်မှုနှင့် စစ်ဆေးခြင်းမှတစ်ဆင့်၊

ဘဝသည် အစဉ်ကြီးထွားမှုဖြင့် ကြွယ်ဝပြည့်စုံ။

စီရင်ခြင်းခံရကာ အကျင့်ပျက်မှုကို စွန့်လွှတ်၍

ဆေးကြောခြင်းနှင့် ကယ်တင်ခြင်း ကျွန်ုပ်ရရှိ။

တဖန် မျက်ရည်ကျခြင်း၊ ပူပန်ခြင်း မရှိတော့။

ဘုရားရှေ့၌ ဦးချ၊ ကျွန်ုပ်စိတ်နှလုံး ရှင်းလင်း။

သူ့အချစ်ကြောင့် ဘုရား ကျွန်ုပ်အား ရွေးခဲ့၊

သူ့ကယ်တင်ခြင်းတွက် ကျွန်ုပ် ကျေးဇူးတင်။

သမ္မာတရား ကျင့်သုံး၊ ဘုရားရှေ့မှောက် အသက်ရှင်ကာ

ကျွန်ုပ်တာဝန် ထမ်းဆောင်၊ သူ့အချစ်ကို ပြန်ဆပ်မည်။

သူ့အချစ်ကြောင့် ဘုရား ကျွန်ုပ်အား ရွေးခဲ့၊

သူ့ကယ်တင်ခြင်းတွက် ကျွန်ုပ် ကျေးဇူးတင်။

သမ္မာတရား ကျင့်သုံး၊ ဘုရားရှေ့မှောက် အသက်ရှင်ကာ

ကျွန်ုပ်တာဝန် ထမ်းဆောင်၊ သူ့အချစ်ကို ပြန်ဆပ်မည်။

ကျွန်ုပ်တာဝန် ထမ်းဆောင်၊ သူ့အချစ်ကို ပြန်ဆပ်မည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။