Myanmar Gospel Movie | ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု (အသားပေးပြသချက်များ)
07.10.2019
ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ လူ့ဇာတိခံခဲ့ပြီး၊ သခင်ယေရှုအဖြစ် လူတွေကို ရွေးနုတ်ဖို့ကြွရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေရှုဟာ လူတစ်ယောက်သာဖြစ်ကြောင်း ဂျူးဖာရိရှဲတွက ပြောခဲ့ကြတယ်။ အခုအခါမှာလည်း ဘုရားသခင်ဟာ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံယူပြီးပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွရောက်နေပါပြီ။ ဒါကိုလည်း ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ သင်းထောက်လူကြီးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတစ်ယောက်သာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ ဘယ်လိုကြောင့်ဖြစ်ကြတာလဲ။ ဘုရားသခင်ဟာ အပြင်ပန်းအားဖြင့် သာမန်လူတစ်ယောက်ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်းမှာတော့ ဘုရားသခင်ရဲ့ဝိညာဉ်တော် ရှင်သန်ပါတယ်။ သူဟာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ လူတစ်ယောက်လား၊ ဘုရားသခင်ကိုယ်တော်တိုင်ပဲလား။
အခြား ဗီဒီယိုအမျိုးအစားများ