Myanmar Gospel Song - ဘုရားသခင်၏အခွင့်အာဏာကို မည်သူမှ အစားမထိုးနိုင်

13.12.2021

ကမ္ဘာလောကတွင် လူသားမျိုးနွယ် မပေါ်မီ၊

အရာခပ်သိမ်းကို ဖန်ဆင်းရန် သူ၏ တန်ခိုးကို ဘုရား အသုံးပြုခဲ့။

သူ၏ ထူးခြားသည့် နည်းလမ်းများဖြင့်

လူသား၏ သက်ရှိ ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့ပြီး

မကြာမီ သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးသည်။

ဖန်ဆင်းခံသက်ရှိအားလုံး၊ ပင်လယ်ကြီးများ၊

မိုးကောင်းကင်များ၊ အလင်းများနှင့် ကုန်းမြေများ၊

တိရစ္ဆာန်များနှင့် ငှက်ကလေးများ၊ အနုဇီဝများနှင့် ပိုးမွားများ၌

ဘုရား၏ အခွင့်အာဏာ ပေါ်လွင်ထင်ရှား။

အရာခပ်သိမ်း ဖန်ဆင်းခြင်းကို ဘုရားသခင် စတင်ခဲ့ချိန်၊

ဘုရားသခင်၏ တန်ခိုး စတင်ထုတ်ဖော်ခဲ့

အရာခပ်သိမ်းကို ဖန်ဆင်း၍ ထိန်းသိမ်းရန်

ဘုရားက သူ့နှုတ်ကပတ်တော်ကို အသုံးပြုခဲ့။

ဒါဟာ သူ၏ ထူးခြားသည့် ဩဇာအာဏာ။

သူ့နှုတ်ကပတ်တော်ကြောင့်

အသီးသီးအား အသက်ကို ပေးကာ တိုးပွားစေခဲ့၊

ဘုရား၏ အချုပ်အခြာအောက်တွင် ရှင်သန်ရင်းလေ

ဘုရား၏ တန်ခိုးသည် မလှုပ်ရှားသောအရာများကို

ဘယ်တော့မှ ပျောက်ကွယ်မသွားရန် အသက်ပေးသည်၊

သူတို့၏ ရှင်သန်ခြင်းနိယာမများ လက်ဆင့်ကမ်းရန်

သက်ရှိများကို ပွားများတတ်သည့် ဗီဇပေးသည်။

အရာခပ်သိမ်း ဖန်ဆင်းခြင်းကို ဘုရားသခင် စတင်ခဲ့ချိန်၊

ဘုရားသခင်၏ တန်ခိုး စတင်ထုတ်ဖော်ခဲ့

အရာခပ်သိမ်းကို ဖန်ဆင်း၍ ထိန်းသိမ်းရန်

ဘုရားက သူ့နှုတ်ကပတ်တော်ကို အသုံးပြုခဲ့။

ဒါဟာ သူ၏ ထူးခြားသည့် ဩဇာအာဏာ။

ဘုရား၏တန်ခိုး အသုံးပြုပုံများ၊ အနုစိတ် သို့မဟုတ် အသေးစိတ်အမြင်များ ပုံသေမရှိ။

စကြဝဠာကို အမိန့်ပေး၍ သေခြင်းနှင့် ရှင်ခြင်းအပေါ် အစိုးရကာ

သူ့ကို အစေခံဖို့ အရာအားလုံးကို နှိုးဆော်

ရေနှင့်တောင်တို့ကို သူအုပ်စိုး၊

အထဲ၌ ရှိသမျှကို အုပ်ချုပ်ကာ ဖန်ဆင်းခြင်း၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းသည်။

ဒါက လူသားအပြင် အရာခပ်သိမ်းတို့ကြား

ဘုရား၏ အတုမရှိ အခွင့်အာဏာကို ပြသ။

တစ်သက်စာအတွက်သာ မဟုတ်ဘဲ ရပ်တန့်သွားမည် မဟုတ်။

မည်သူ၊ မည်သည့်အရာကမျှ ပြောင်းလဲ ဖျက်ဆီး၍ မရသလို၊

လျှော့ချ ဖြည့်စွက်၍လည်း မရ။

မည်သူမျှ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားမထိုးနိုင်လို့ပဲ။

လျှော့ချ ဖြည့်စွက်၍လည်း မရ။

မည်သူမျှ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားမထိုးနိုင်လို့ပဲ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။