2021 Myanmar Praise Song - နိနေဝေဘုရင်၏ နောင်တကို ဘုရားချီးမွမ်းခဲ့၏ကျူး

13.03.2021

နိနေဝေဘုရင်က ယေဟောဝါဘုရား သူတို့ကိုဖျက်ဆီးပစ်ရန် သတင်းကိုကြားသည့်အခါ

သူ၏ရာဇပလ္လင်မှ ထပြီး သူ၏ဝတ်လုံကို ချွတ်၍

လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လိုက်သည်။

ထို့နောက် မြို့ထဲရှိ မည်သူကမျှ ဘာကိုမျှ မမြည်းရ၊ လူဖြစ်စေ၊ ခြံမွေးတိရစ္ဆာန်ဖြစ်စေ လျှော်တေအဝတ်ကို ဝတ်ကြပြီး

လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြရန် သူကြေညာခဲ့သည်။

လူတိုင်းသည် မိမိတို့၏ ဆိုးယုတ်သောလမ်းများကို ရှောင်ပြီး

မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်ပစ်ဖို့ရန်လည်း ဘုရင်ကြီးက ကြေညာခဲ့သည်။

ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံးထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။

အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။

သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊

စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။

၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။

လူ့သမိုင်းအစအဦးကတည်းက

ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံရန်နှင့် ဆန့်ကျင်ရန်အတွက် မိမိတို့၏အုပ်စိုးခံလူများကို ဦးဆောင်ခဲ့သည်။

မိမိတို့၏ ဆိုးညစ်မှုအတွက် ရွေးနုတ်ခြင်းကို ရှာဖွေကာ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး

ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့အလို့ငှာ

ဘုရားသခင်ကို တောင်းပန်တိုးလျှိုးရန် မည်သူကမျှ မိမိတို့၏အုပ်စိုးခံလူများကို ဦးမဆောင်ခဲ့ပေ။

သို့သော်လည်း နိနေဝေဘုရင်ကမူ သူ၏အုပ်စိုးခံလူများကို ဘုရားသခင်ထံ လှည့်ပြန်ဖို့၊

မိမိတို့၏ သက်ဆိုင်ရာ ဆိုးယုတ်သောလမ်းများကို ထားခဲ့ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဦးဆောင်နိုင်ခဲ့သည်။

ထို့အပြင် သူ၏ရာဇပလ္လင်ကိုလည်း ဘေးချိတ်ထားနိုင်ခဲ့သည်။ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး

မြို့သားတို့ကို အသက်ရှင်ခွင့်ပေး၍ ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့၏။

ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံးထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။

အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။

သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊

စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။

၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။

ဘုရင်ကြီး၏ လုပ်ဆောင်ချက်များကို လူ့သမိုင်းထဲ၌ ရှားပါးသည့် ဆန်းကြယ်မှုဟူ၍သာ ခေါ်ဆိုနိုင်ပြီး

ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က

ဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံးထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။

အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။

သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊

စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။

၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။