Myanmar Christian Song With Lyrics - လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

23.02.2020

ဘယ်အခြေခံလမ်းစဉ်များ လမ်းမှန်ကို ညွှန်ပြလဲ

ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပါမပါ၊

အမှန်တရား ဖော်ပြခြင်းရှိမရှိ ကြည့်ရှုပါ

သက်သေပြခံရသူနဲ့ ယူဆောင်လာသောအရာကို ဆန်းစစ်

ဘုရားကို ယုံကြည်ခြင်းဟာ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပါပဲ

လူ့ဇာတိခံဘုရားကို ယုံကြည်ခြင်းသည်….

ထိုသူဟာ ဝိညာဉ်တော်ရဲ့ရုပ်သွင်ဖြစ်၏၊

ထိုသူဟာ လူ့ဇာတိခံယူသော ဘုရားရဲ့ဝိညာဉ်တော်ဖြစ်၏၊

ထိုသူဟာ လူ့အဖြစ်ခံယူသော နှုတ်ကပတ်တော်ဖြစ်၏

ဟူသောအချက်များကို ယုံကြည်ခြင်းဖြစ်သည်

ထိုလမ်းတွင် အမှန်တရား ရှိမရှိလည်း ကြည့်ရမည်

ထို အမှန်တရားဟာ လူမှာရှိသည့် အခြေခံအသိ၊ စဉ်းစားနိုင်စွမ်း၊

အသိတရားနှင့် လူ့ဘဝ၏ဆောက်တည်ရာ ဖြစ်သည့်သမ္မာတရား

လွန်လေပြီးသော ဖန်ဆင်းချိန်အခါက

ဘုရားရည်ရွယ်ထားသော သမ္မာတရား

ထိုလမ်းသည် ပုံမှန်အသက်တာဆီသို့ ဦးတည်နေလား

ထိုလမ်းရှိ သမ္မာတရားသည် လူကို ပုံမှန်လူသားပမာ

အသက်ရှင်ရန် လှုံ့ဆော်လား

လက်တွေ့ကျလား၊ လျော်ကန်မှုရှိလား

ထိုလမ်း၌ သမ္မာတရားရှိရင် လူသား၏တွေ့ကြုံခံစားမှု စစ်မှန်လိမ့်မည်

သူတို့ လူ့သဘောသဘာဝနှင့် အသိတရား ပြည့်စုံလိမ့်မည်

သူတို့ဝိညာဉ်ရေးအသက်တာနဲ့ ခန္ဓာအသက်တာ ပိုရိုးရှင်းလာမည်

သူတို့စိတ်ခံစားချက်များ ပုံမှန်ဖြစ်လာမည်

ထိုလမ်းမှန်ကို ပြသနိုင်သော အခြေခံတရားတစ်ခုရှိသေးသည်

ဒီလမ်းက လူသားကို ဘုရားအကြောင်း အသိ တိုးပွားစေ သ လား

သမ္မာတရားသည် လူ့စိတ်နှလုံးသားထဲ

ဘုရားအပေါ်ချစ်ခြင်းမေတ္တာကို လှုံ့ဆော်ရမည်

လူသားတို့ကို မျက်မှောက်တော်နဲ့ အစဉ်ပိုနီးစပ်စေမည်

သမ္မာတရားသည် မှန်ကန်သော လောကနိယာမတရား ဖော်ပြကာ၊

ဘဝအတွက် ထောက်ပံ့မှုတွေ ပေး

ထိုလမ်းစဉ်ကို လိုက်၍ စစ်မှန်သော လမ်းကို ရှာဖွေပါ

စစ်မှန်သော လမ်းကို ရှာဖွေပါ၊ စစ်မှန်သော လမ်းကို ရှာဖွေပါ၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။