Myanmar Testimony Video - ရွေးကောက်ပွဲတစ်ခုကို ရှုံးပြီးနောက် သုံးသပ်ဆင်ခြင်မှုများ
30.09.2021
အဓိကဇာတ်ကောင်သည် သူ၏ယုံကြည်မှု ရရှိပြီးသည့်နောက် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်း၌ စိတ်နှစ်မြှုပ်ကာ၊ သူ၏အလုပ်၌ အောင်မြင်မှုအချို့ကို သူမြင်တွေ့သည့်အခါ၊ သူသည် သူ၏ လုပ်ဖော်ဆောင်ဖက်များ အလယ်တွင် အမှန်တကယ် ထင်ပေါ်သည်ဟု စတင်ခံစားရလေသည်။ ခေါင်းဆောင်ရွေးကောက်ဖို့ အချိန်ကျရောက်လာသည့်အခါ သူသည် ကျိန်းသေ အရွေးခံရမည်ဟု ယုံကြည်စိတ်ချမှုဖြင့် ပြည့်နေသည်။ သူ ရွေးကောက်ခြင်း မခံရသည့်အချိန်တွင်၊ သူ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ဤအကျိုးဆက်များဖြင့် ရင်ဆိုင်ပြီး၊ သူက မတရားအလုပ်ခံရသည်ဟု ခံစားရကာ မကျေမချမ်း ဖြစ်နေသည်၊ ပြီးလျှင် ဂုဏ်အဆင့်အတန်းအတွက် သူ၏လိုအင်ဆန္ဒက မပြည့်ဝသောကြောင့် အပျက်သဘောဆောင်ခြင်းတွင် လမ်းပျောက်နေခဲ့သည်။ စိတ်ညစ်ပြီး အာခံလျက်၊ သူ၏ တာဝန်ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားပြီး၊ အဆုံး၌ သူ၏တာဝန်မှ ထုတ်ပယ်ခြင်းခံရလေသည်။ ဤအချိန်တွင် သူသည် သူ့ကိုယ်သူ နောက်ဆုံးတွင် ပြန်လည်ဆန်းစစ်ပြီး သူသည် သူ၏တာဝန်၌ နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တစ်ချိန်လုံး လိုက်စားနေခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် သူရှိနေကြောင်းတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် နားလည်သဘောပေါက်လာသည်။ သူသည် အလွန် နောင်တရလေသည်။ သူ၏တာဝန်ကို နောက်တစ်ဖန် ပြန်လည် တာဝန်ယူသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဂုဏ်အဆင့်အတန်းအတွက် သူ၏ လိုအင်ဆန္ဒကို စွန့်လွှတ်ခြင်းတို့အပေါ်တွင် အာရုံစိုက်ကာ၊ သူ့ကို လွတ်မြောက်ပြီး ငြိမ်းချမ်းသွားစေလေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ