မိမိတာဝန်ကို ကျေပွန်ခြင်း၏ ဆုလာဘ်များ
06.08.2020
ယန်မင်ကျန့်သည် ကိုယ်ပိုင်စက်ရုံရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ဖူးပြီး၊ သူမ၏ သူငယ်ချင်းများနှင့် မိသားစုဝင်များက သူမကို အာဂမိန်းမအဖြစ် မြင်ခဲ့ကြသည်။ ယုံကြည်ခြင်း ရှိလာသည့်အခါတွင်လည်း သူမတွင် ဘုရားသခင်ကို အမှန်တကယ် နာခံခြင်း အနည်းငယ်ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင်း၊ ထက်သန်စွာ ရှာဖွေအားထုတ်သလို၊ အသင်းတော်မှ သူမ၏တာဝန်ကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်ပါသည်။ ညီအစ်ကိုမောင်နှမတို့အား သူမ၏အိမ်တွင် တာဝန်ယူဧည့်ခံပေးရန်၊ အသင်းတော်က သူမအား တာဝန်ပေးလာသည့်အခါတွင်မူ၊ သူမသည် အပြင်ပန်းတွင် စိတ်မပါတပါဖြင့် သဘောတူသော်လည်း၊ စိတ်နှလုံးထဲတွင် ကယောက်ကယက်ဖြစ်ကာ၊ ဆန့်ကျင်ချင်မိသည်။ ဧည့်ခံရေးတာဝန်များ လုပ်ရခြင်းသည် နိမ့်ကျလွန်းပြီး၊ တခြားသူများကလည်း သူမကို အထင်သေးလာမည်ဟု သူမက ထင်သည်။ သူမ၏ ဆန္ဒတို့နှင့် ဆန့်ကျင်နေသော တာဝန်တစ်ခုကို လုပ်ဆောင်ရသည့်အဖြစ်တွင်၊ သူမသည် အမှန်တကယ် နာခံနိုင်ဦးမည်လော။ ထို့ပြင် အဆုံး၌ သူမသည် မည်သို့သော ဆုလာဘ်တို့ကို ရိတ်သိမ်းရမည်နည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ