Myanmar Testimony Video - လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ
15.04.2022
အဓိကဇာတ်ကောင်သည် အသင်းတော်၏ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည်တစ်ခုဖြစ်သည်” နှင့် “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” တို့ကဲ့သို့သော စာတန် ၏ဒဿနများနှင့်နေထိုင်သူဖြစ်သည်။ ရလဒ်အနေနှင့် ရေလောင်း နေသည့် သင်းထောက်တစ်ဦးဖြစ်သော အစ်ကိုလျူသည် သူ၏တာ ဝန်အား ထမ်းဆောင်ရာတွင် ပေါ့ဆပြီး၊ သူ၏ပြဿနာအား ဖော် ထုတ်ပြီးပိုင်းခြားစိတ်ဖြာရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဝေငှရန် မဝံ့ရဲသည်ကို သူတွေ့ရသည့်အခါ၊ သူနှင့်အတူတွဲလုပ် သည့်အစ်ကိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အမြဲ ပြဿနာရှာနေသည်ကို သူတွေ့သည့်အခါ၊ သူတို့၏အလုပ်တိုးတက် မှုအား ဟန့်တားနေသော်လည်း သူတို့ကို စော်ကားမိမည်ကို စိုးရိမ် ပြီး၊ အခြားညီအစ်ကို၊မောင်နှမများ၏ သူ့အပေါ်မြင်သည့်ပုံရိပ် ထိ ခိုက်သွားမည်ကို စိုးရိမ်သည့်အတွက် တစ်ခွန်းမှ သူမပြောခဲ့ပါ။ ၎င်း သည် အသင်းတော်၏အလုပ်အပြင် သူတို့၏အသင်းတော်ဘဝကိုပါ သက်ရောက်မှုရှိလာသည်။ အဖြစ်မှန်များနှင့် ရင်ဆိုင်သည့်အခါ၊ လူ့ အကြိုက်လိုက်သူတစ်ဦး ဖြစ်နေခြင်းသည် ဘုရားသခင်၏အမှု တော်ကို နှောင့်ယှက်ပြီး၊ လျော့ပါးစေကာ စာတန်၏လက်ပါးစေ တစ်ယောက်အနေနှင့် ဆောင်ရွက်နေခြင်းဖြစ်သည်ကို ရှင်းရှင်း လင်းလင်းတွေ့လိုက်ရသည်။ နောင်တအပြည့်ရပြီး၊ သူ့ကိုယ်သူ မုန်း တီးကာ ဘုရားသခင်းအား ဆုတောင်းပြီး နောင်တရရင်း၊ သမ္မာ တရားကို လက်တွေ့လုပ်ဆောင်ပြီး ပြောင်းလဲနိုင်ခဲ့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ