Myanmar Testimony Video - ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု
29.10.2021
အဓိကဇာတ်ကောင်သည် ရေလောင်းခြင်း အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးနောက်တွင် ထိုးထွင်းအမြင်ရှိသော မိသဟာယမပေးနိုင်သကဲ့သို့ ညီအစ်ကိုမောင်နှမများ၏ ပြဿာနာများကို ကူညီဖြေရှင်းပေးနိုင်ခြင်းမရှိပါက၊ မျက်နှာပျက်ရကာ အထင်အမြင်သေးခံရမည်ကို ပူပန်လျက်ရှိသည်။ ဤအတွေးများဖြင့် သူမ မကြာခဏ အာရုံထွေပြားနေလေ့ရှိပြီး တွေ့ဆုံပွဲများတက်ရောက်ရန်ပင် ကြောက်ရွံ့နေပါသည်။ တွေ့ဆုံပွဲတစ်ခုအတောအတွင်းတွင် သူမညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို မဖြေရှင်းနိုင်မည်ကိုစိတ်ပူကာ ရုတ်တရက်စိတ်ရှုပ်ထွေးပြီး အလွန် စိုးရိမ်လာသည်မှာ ကောင်းကောင်းမတွေးနိုင်အောင်ဖြစ်ခဲ့ရပါသည်။ အယူအဆဆိုင်ရာအသိပညာများအပေါ် အခြေခံသည့် အတင်းအကြပ်ဖန်တီးထားသော မိတ်သဟာယတချို့ကိုသာ သူလုပ်ဆောင်နိုင်ခဲ့သော်လည်း၊ ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကိုတော့ မဖြေရှင်းပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သူအလွန်စိတ်ဆင်းရဲသောကရောက်ခဲ့ရပြီး သူ၏တာဝန်ကို အခြားတစ်ယောက်အားလွှဲပေးလိုက်ဖို့အထိပင် စိတ်ဖိစီးခဲ့သည်။ အဓိကဇာတ်ကောင်က သူ၏ဒုက္ခများမှ မည်သို့ရုန်းထွက်ခဲ့ပါသနည်း။ ဂုဏ်နှင့်အဆင့်အတန်းများ၏ အချုပ်အနှောင်များကို စွန့်ပစ်ကာ ဝိညာဉ်ရေးရာ လွတ်မြောက်ခြင်းကို မည်သို့ရရှိခဲ့ပါသနည်း။ သိရှိဖို့ ဤဗီဒီယိုကို ကြည့်ရှုလိုက်ပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ