Myanmar Testimony Video - လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား
14.01.2022
ဝမ်လီနှင့်အဓိကဇာတ်ကောင်တို့သည် ရုပ်ပုံဒီဇိုင်းရေးဆွဲသည့်အဖွဲ့ကို အတူတွဲပြီးတာဝန်ယူရန် တာဝန်ပေးခံရသည်။ ၎င်းတို့၏တာဝန်တွင် ဝမ်လီ သည် သူမ၏ဖောက်ပြန်ပျက်စီးနေသည့်စိတ်သဘောထားဖြင့် ဆောင်ရွက်နေ ပြီး၊ ညီအစ်ကိုမောင်နှမများအား ပယ်ထုတ်ကာ ဖိနှိပ်လျက်ရှိသည်ကို သူမတွေ့ ရှိရသည်။ သူမအနေနှင့် ထိုလုပ်ရပ်များ၏သဘာဝနှင့်အကျိုးဆက်များအား ထောက်ပြချင်သော်လည်း၊ ဝမ်လီအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်လျက်၊ တိုက်ရိုက်ထုတ်မပြောပေ။ ညီအစ်ကိုမောင်နှမများအနေနှင့် ဝမ်လီကြောင့် ဘောင်ခတ်ခံနေရသည်ဟု ခံစားနေကြရပြီး အပျက်သဘော ဆောင်သည့်အခြေအနေတွင် ရှိကြသကဲ့သို့၊ ဘုရားသခင်အိမ်တော်၏အလုပ် အပေါ်တွင်လည်း များစွာအနှောင့်အယှက်ဖြစ်ပေါ်စေသည့်အခါမှာသာ သူမ သည် ဘုရားသခင် ရှေ့မှောက်သို့သွား၍ သူမကိုယ်သူမ ပြန်လည်ဆင်ခြင် သုံးသပ်သည်။ ဘုရားသခင်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့မှတစ်ဆင့် သူမ၏အကြောင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကို သူမ သင်ယူ လိုက်ရသနည်း။ နောက်ဆုံးတွင် သူမအနေနှင့် မူများအား ထိန်းသိမ်းပြီး ဝမ်လီ၏ပြဿနာများကို ဖော်ထုတ်နိုင်ခဲ့ပါသလား။ သူမ၏အတွေ့အကြုံကို နားဆင်ကြည့်ကြပါစို့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ