မောဘ၏ အမျိုးအနွယ်တို့ကို စမ်းသပ်မှု
04.07.2020
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်တွင်၊ ကိုယ်တော်သည် သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့အား စမ်းသပ်၊ စစ်ဆေး၊ သန့်စင်ပေးကာ၊ ပြောင်းလဲစေပါသည်။ ၁၉၉၁ မှ ၁၉၉၇ ခုနှစ်အတွင်း၌၊ ဘုရားသခင် ရွေးကောက်ထားသူတို့သည် အစေခံသူတို့အပေါ် စမ်းသပ်မှု၊ သေခြင်း၏ စမ်းသပ်မှု၊ ဘုရားသခင်ကို ချစ်မြတ်နိုးခြင်း အချိန်ကာလ၊ အနှောင့်အယှက်တို့၏ စမ်းသပ်မှု၊ မောဘ၏ အမျိုးအနွယ်တို့ကို စမ်းသပ်မှု၊ အဆင်းနီသောနဂါးကြီး၏ သားသမီးတို့ကို စမ်းသပ်မှု စသည်တို့ဖြင့် ကြုံခဲ့ကြသည်။ ဤစမ်းသပ်မှုများတစ်လျှောက်လုံးတွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏ ရွေးကောက်ထားသောသူတို့အား၊ ဘုရား၏အမှုတော်အပေါ် ၎င်းတို့၏အယူအဆများ၊ ၎င်းတို့ဖော်ပြသော ဖောက်ပြန်ပျက်စီးမှုများနှင့်အညီ ဖော်ထုတ်ပြရန်၊ တရားစီရင်ရန်၊ ထောက်ပံ့ပေးရန်နှင့် လမ်းပြရန်အတွက် သမ္မာတရားများကို ဖော်ပြခဲ့ပါသည်။ ဤသည်တို့အားလုံးကို တွေ့ကြုံပြီးသည့်နောက်၊ ဘုရားရွေးကောက်ထားသူတို့၏ ယုံကြည်ခြင်းနောက်ကွယ်မှ အရင်းခံအကြောင်းရင်းတို့သည် အနည်းငယ် ပြုပြင်ခံရသည့်အပြင်၊ ၎င်းတို့၏ ယုံကြည်ခြင်းမှာလည်း ပို၍ပင် သန့်စင်လာခဲ့သည်။ ၎င်းတို့၏ အကျင့်ပျက် စိတ်သဘောထားများသည်လည်း အနည်းငယ် သန့်စင်လာခဲ့ကြသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း အမှုတော်က မည်မျှ လက်တွေ့ကျသည်ကို ၎င်းတို့အားလုံး သိမြင်ခဲ့ကြသည်။ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းအား သက်သေခံရန်အတွက်၊ ၎င်းတို့၏ ကိုယ်တွေ့ အတွေ့အကြုံများနှင့် အကျိုးအမြတ်များအကြောင်းကို ထုတ်ဖော်ရေးသားခဲ့ကြသည်။ ယခု ဗီဒီယိုဇာတ်လမ်းမှ ခရစ်ယာန်ဘာသာဝင်သည် မောဘအမျိုးအနွယ်တို့ကို စမ်းသပ်မှုအား သူမ တွေ့ကြုံခဲ့ရပုံ၊ ယင်းအဖြစ်မှ မည်သည်တို့ကို ရရှိခဲ့ပုံနှင့် သူမအား မည်သို့ ပြောင်းလဲစေခဲ့ပုံတို့ကို အသေးစိတ် ပြောပြထားပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ