Myanmar Testimony Video - ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု
16.09.2020
ကျိုးယွန်သည် ဘာသာတရားကိုင်းရှိုင်းသူ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူမသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသူ ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ထက်သန်စွာ အသုံးခံသူဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ကမူ သူမတွင် ရင်သားကင်ဆာ ဖြစ်နေကြောင်း တွေ့ခဲ့ရသည်။ ဒီအဖြစ်ကို သူမက လက်မခံနိုင်ချေ။ သူမသည် ကိုယ့်တာဝန်ကို လုပ်ဆောင်ရန် ဆင်းရဲဒုက္ခခံကာ အဖိုးအခ ပေးခဲ့သည်ဖြစ်၍၊ ဘုရားသခင်က သူမကို ကာကွယ်စောင့်ရှောက်သင့်သည်ဟု သူမက ယုံကြည်လေသည်။ သူ့လိုလူတစ်ယောက်က ကင်ဆာဖြစ်ရသည်ကို နားမလည်နိုင်ခြင်း ဖြစ်သည်။ သူမ၏စိတ်နှလုံးသည် အထင်မှားခြင်း၊ အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်လာလေသည်။ ဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မိသည့်အခါတွင်မူ၊ သူမ၏ယုံကြည်ခြင်း၌ ကောင်းချီးများနောက် လိုက်လိုသော သူမ၏ အမြင်မှားများကို နားလည်မှုတချို့ ရလာပါသည်။ ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကိုလည်း နာခံချင်စိတ် ဖြစ်လာသည်။ သူမ၏ရောဂါ အခြေအနေမှာ အချိန်တစ်ခုစာ ကုသမှုအပြီးတွင် စတင် တိုးတက်လာပါသည်။ သို့သော် နောက်ဆုံးအကြိမ် ဓာတုကုထုံး အပြီးတွင်၊ သူမအနေဖြင့် ခွဲစိတ်မှုတစ်ခု လိုနေသေးကြောင်း သိလိုက်ရ၍ တုန်လှုပ်မိပြန်သည်။ သူမသည် ဒုက္ခထဲသို့ နောက်တစ်ကြိမ် ကျဆင်းရတော့သည်။ ဘုရားသခင် နှုတ်ကပတ်တော်တို့၏ တရားစီရင်မှု၊ ထုတ်ဖော်မှု၊ လမ်းပြမှုနှင့် ထောက်ပံ့မှုတို့သည် သူမအား ဤနာမကျန်းမှုကို ကျော်ဖြတ်နိုင်ရန် မည်သို့ ကူညီမည်နည်း။ ထို့ပြင် သူမသည် ရလဒ်အဖြစ် မည်သည်တို့ကို နားလည်ကာ ရရှိမည်နည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ