ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄
10.06.2020
ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့် ကမ္ဘာမြေကြီးကိုဖန်ဆင်းခြင်းပြီးနောက် ပညတ်တော်ခတ်၏ အမှုကို ဘုရားသခင်ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥပဒေသကို ပြဋ္ဌာန်းရန် ဘုရားသခင်က မောရှေကို အသုံးပြုခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သည့် ဒုတိယအဆင့်ကိုလည်း လူ့ဇာတိခံယူသည့် ဘုရားသခင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်မှလွဲ၍ ထိုအမှုပြုရန် မည်သူမျှ အဆင့်မီမည် မဟုတ်ပေ။ တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊ ဘုရားသခင်၏ အမှုခပ်သိမ်း ပြီးဆုံးရေးအတွက် ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။ ဘုရားသခင်ကိုယ်တိုင်မှ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှု အားလုံးကို ကိုယ်တိုင်အကောင်အထည်ဖော်ခြင်းဖြစ်၏။ သူကိုယ်တိုင် ဤအမှုကို မပြုလုပ်ပါက သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာကို လူသားမှ ကိုယ်စားပြုနိုင်မည် မဟုတ်ပေ။ သို့မဟုတ် သူ၏အမှုကို လူသားမှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စာတန်ရှုံးနိမ့်စေရေးအတွက်၊ လူသားမျိုးနွယ်ကို ရရှိရေးအတွက်နှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခု ပေးရေးအတွက် သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။ သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်နှင့် သူ၏အမှု အားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။ ဘုရားသခင်သည် သူမြင်တွေ့ရန်နှင့် သူပျော်ရွှင်စေရန် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်လျှင်၊ ထိုကဲ့သို့သော ယုံကြည်မှုများတွင် တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိပေ။ လူသား၏အသိဉာဏ်သည် အပေါ်ယံသာဖြစ်လွန်း၏။ သူကိုယ်တိုင် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို သေချာစွာ အပြည့်အဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုယ်စား ဤသည်ကို လုပ်နိုင်စွမ်း မရှိပေ။ သူသည် ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ မရှိသကဲ့သို့၊ သူ၏အနှစ်သာရလည်း မရှိပေ။ သူ၏အမှုကို လုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထို့အပြင် လူသားတွင် လုပ်ကိုင်ခဲ့လျှင်သော်မှ မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် ဇာတိပကတိခံယူခဲ့သော အခါသည် ရွေးနုတ်ခြင်းအတွက်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခြင်းနှင့် သူ၏အပြစ်များအတွက် အပြစ်လွှတ်ခြင်း ခံနိုင်စွမ်းရှိစေရေး ဆောင်ရွက်ရန် ဖြစ်၏။ သိမ်းပိုက်ခြင်းအမှုသည်လည်း လူသားများအကြား ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်၏။ အကယ်၍ ဤအဆင့်အတွင်း ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောကြားရန်သာဖြစ်ပါက သူ့နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပါရမီရှင်တစ်ဦး ရှာတွေ့နိုင်ပါသည်။ ပရောဖက်ပြုချက်ကိုသာ ပြောကြားပါက၊ ဘုရားသခင်ကိုယ်စား လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်၍ လူသား၏ဘဝအပေါ် အမှုဆောင်ရမည်ဆိုပါက၊ ဤအမှုကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမည် ဖြစ်၏၊ ဤအမှုကို လုပ်ကိုင်ရန် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောကြားခဲ့သည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ကိုင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်မှ ဤအမှုကို ကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။ ဤအဆင့်တွင် လုပ်ကိုင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမကသည့်အတွက်နှင့်၊ လူသားကို သိမ်းပိုက်ရန်နှင့် စာတန်အားရှုံးနိမ့်စေရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသဖြင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် ဘုရားသခင်၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏။ ၎င်းနောက် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆို၍ ပရောဖက်များအားဖြင့် အမှုအချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ လူသားသည် ယေဟောဝါ၏အမှုအတွက် အစားဝင်ပေးနိုင်၍ဖြစ်ကာ ပရောဖက်တို့သည် ဖြစ်မည့်အရာများကို ကြိုတင်ပြောနိုင်၍ သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်အဓိပ္ပာယ် ပြန်ဆိုနိုင်၍ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲရန် အမှုမဟုတ်ပေ။ ထို့အပြင် လူသား၏အပြစ်နှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် ဇာတိပကတိခံယူခြင်းမရှိဘဲ လူသားကို သူ့ကိုယ်သူ ထုတ်ဖော်ခြင်းလည်း မရှိပေ။ ထိုသို့ပြုမည့်အစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက်စကားပြော၏။ သူ့ကိုယ်စား ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းများပြုစေ၍ လူသားမျိုးနွယ်အကြား တိုက်ရိုက်အမှုဆောင်စေ၏။ ဘုရားသခင်အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်၏။ ၎င်းမှာ စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း ဤတိုက်ပွဲမှာ တရားဝင် မစတင်ရသေးပါ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်းဖြင့် စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ ဤစစ်ပွဲပထမဖြစ်သည့်အချိန်မှာ လူ့ဇာတိခံယူသောဘုရားသခင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရသည့်အခါ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခဲ့ပြီး ဤစစ်ပွဲတွင် ပထမ အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံယူသောဘုရားသခင်က လူသား၏ဘဝအပေါ် တိုက်ရိုက်လုပ်ဆောင်သည့်အခါ ဤသည်မှာ လူသားကို ပြန်လည်ရယူသည့်အမှု၏ တရားဝင် အစဖြစ်၍ ဤသည်မှာ လူသား၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲသည့်အမှုဖြစ်သောကြောင့် ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သည့်အမှု ဖြစ်၏။ အစအဦး၌ ယေဟောဝါက ဆောင်ရွက်ခဲ့သော အမှုအဆင့်သည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ဘဝအပေါ် ဦးဆောင်လမ်းပြမှုသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု အစဖြစ်၍ တိုက်ပွဲတစ်ရပ်ရပ် သို့မဟုတ် အဓိကအမှု တစ်ရပ်ရပ်အဖြစ် ပြောင်းလဲခြင်း မရှိသေးသော်လည်း လာမည့်တိုက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်း အမှု၏ဒုတိယအဆင့်သည် လူသား၏စိတ်သဘောထား အဟောင်းကို ပြောင်းလဲခြင်းနှင့် ပတ်သက်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင် လူသား၏ဘဝအပေါ် လုပ်ကိုင်၏။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ရ၏၊ ၎င်းသည် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူရန် လိုအပ်ခဲ့ကာ၊ သူဇာတိပကတိမခံယူပါက၊ အမှု၏ဤအဆင့်တွင် အခြားမည်သူမျှ သူ့ကို အစားထိုးနိုင်ခဲ့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စာတန်နှင့် တိုက်ရိုက်ဆန့်ကျင်တိုက်ပွဲဝင်သည့် အမှုကို ကိုယ်စားပြုခဲ့ခြင်းအတွက်ဖြစ်၏။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ကိုယ်စား လူသားက ဆောင်ရွက်ခဲ့ပါက၊ စာတန်ရှေ့မှောက် လူသားမတ်တပ်ရပ်သည့်အခါ စာတန်သည် အညံ့ခံ အရှုံးပေးခဲ့မည် မဟုတ်ဘဲ ၎င်းကို ရှုံးနိမ့်စေရန်လည်း ဖြစ်နိုင်ခဲ့မည် မဟုတ်ပါ။ ၎င်းကို ရှုံးနိမ့်စေခဲ့ရသူမှာ လူ့ဇာတိခံယူရန်ကြွလာသော ဘုရားသခင် ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသဘောသဘာဝပင် ဖြစ်ဆဲဖြစ်၍၊ သူယူတင်ဝတ်ဆင်ထားသော ဇာတိခန္ဓာသည် လူသားအသက်တာကို ပိုင်ဆိုင်ကာ ဤသည်မှာ ဖန်ဆင်းရှင်၏ ပုံပန်းသဏ္ဌာန်ဖြစ်ဆဲဖြစ်သောကြောင့်တည်း။ မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝနာခံစေရေးအတွက် သူသည် ဇာတိပကတိကို ယူတင်ဝတ်ဆောင်၍ အမှုကို ဆောင်ရွက်၏။ နောက်ဆုံးသောကာလအမှု၏ အဆင့်အတွင်း၊ လူသားသည် ဤအမှုကို ဆောင်ရွက်၍ နှုတ်ကပတ်တော်တို့ကို တိုက်ရိုက်ပြောဆိုရမည်ဆိုပါက သူသည် ၎င်းတို့ကို ပြောဆိုနိုင်မည်မဟုတ်ပေ။ ထို့အပြင် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်ရှိသော်၊ ၎င်းသည် လူသားကို သိမ်းပိုက်ရန် စွမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဇာတိပကတိ ခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို ရှုံးနိမ့်စေရန် ကြွလာ၍ ၎င်းကို လုံးဝအညံ့ခံစေ၏။ သူသည်စာတန်ကို လုံးဝရှုံးနိမ့်စေ၏၊ လူသားကို အပြည့်အဝသိမ်းပိုက်ကာ၊ လူသားကို အလျဉ်းရယူပြီးနောက် အမှု၏ဤအဆင့် ပြီးဆုံး၍ အောင်မြင်မှု ရရှိ၏။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အစား မဝင်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်း အမှုနှင့် အမှုသစ်စတင်ခြင်းတို့သည် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေရန် သာ၍ပင်လိုအပ်၏။ လူသားကို ဗျာဒိတ်တော်ပေးခြင်းနှင့် ဟောကိန်းပေးခြင်းများကို လူသားက ပြုလုပ်နိုင်၏။ သို့ရာတွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်အကြားတိုက်ပွဲအမှု ဖြစ်ပါက ဤအမှုကို လူသားက မဆောင်ရွက်နိုင်ပေ။ အမှု၏ပထမအဆင့်ကာလတွင်၊ စာတန်နှင့်တိုက်ပွဲမရှိခဲ့သည့်အခါ ယေဟောဝါသည် ဣသရေလအမျိုးတို့ကို ပရောဖက်များပြောခဲ့သည့် ပရောဖက်ပြုချက်ကို သုံး၍ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့၏။ ၎င်းနောက်တွင်၊ အမှု၏ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်၍ ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူကာ၊ ဤအမှုကိုဆောင်ရွက်ရန် ဇာတိပကတိအတွင်းသို့ လာ၏။ စာတန်၏တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည် ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့်လည်း ပတ်သက်၏။ ဤတိုက်ပွဲကို လူသားတိုက်၍မရဟု ဆိုလိုခြင်းဖြစ်၏။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ရှုံးနိမ့်စေရန် တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင်ရှိနေသေးစဉ် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏၊ သင်သည် စာတန်ဘက်သို့တိမ်းပါက သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျေနပ်စေပါက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲတွင် လူသားသည် ဘုရားသခင်အစား ဝင်ပေးရမည်ဆိုပါက၊ သူသည် လုပ်ဆောင်နိုင်ပါမည်လော။ သူသည်အစားဝင်ပေးခဲ့ပါက၊ ကာလကြာမြင့်စွာကပင် သူပျက်စီးခဲ့မည် မဟုတ်သလော။ ကာလကြာမြင့်စွာကပင် ငရဲပြည်သို့ ဝင်ရောက်ခဲ့မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏အမှု၌ သူ့အစားမဝင်ပေးနိုင်ပေ။ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိ၊ ထို့အပြင် သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက သူ့ကိုရှုံးနိမ့်စေနိုင်စွမ်း သင့်တွင်ရှိမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ အချို့သောသူများကို ဖျောင်းဖျနိုင်၏၊ သို့ရာတွင် ဘုရားသခင်ကိုယ်တိုင်၏အမှုတွင် သူသည် ဘုရားသခင်အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။ သင်မစမီကပင် စာတန်သည် သင့်ကိုဖမ်းဆီးခဲ့မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် စာတန်နှင့် တိုက်ပွဲဝင်နိုင်မည်ဖြစ်၍ ဤသည်ကိုအခြေခံ၍ လူသားသည် ဘုရားသခင်နောက် လိုက်လျှောက်၍ သူ့ကို နာခံနိုင်၏။ ဤနည်းဖြင့်သာ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံနိုင်မည်ဖြစ်၍ စာတန်၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်ဖြစ်၏။ လူသားက သူ၏ကိုယ်ပိုင် ဉာဏ်အမြော်အမြင်နှင့် စွမ်းရည်တို့ဖြင့် ရယူအောင်မြင်နိုင်သည်တို့မှာ နည်းပါးလွန်းပါသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ ဦးဆောင်လမ်းပြခြင်းတို့အပြင် စာတန်ကို ရှုံးနိမ့်စေခြင်းတို့ ပြုလုပ်နိုင်စွမ်း မရှိပေ။ လူသား၏ အသိဉာဏ်နှင့် ဉာဏ်အမြော်အမြင်တို့သည် စာတန်၏ကြံစည်မှုများကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ