2021 Myanmar Gospel Song - သေအံ့မူးမူးအချိန်မှ သမ္မာတရားကို သတိပြုမိခြင်းသည် နောက်ကျလွန်းပေပြီကျူး

16.08.2021

ဤလမ်းပေါ်တွင် လူများစွာက အသိပညာအကြောင်း များစွာ ပြောနိုင်သည်။

သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊

အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ

အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။

သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ်

ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊

ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊

သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ

သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့်

ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို

နောက်ဆုံးတွင် သိမြင်လာသည်။

အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ

သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။

မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။

၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။

အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင်

သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊

သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။

သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။

အကယ်စင်စစ်၊ လူများသည်

အနည်းငယ်သာ အားစိုက်၍ ဆက်ကပ်မှုရှိလျှင်

သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး

ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ များစွာရှိပေ၏။

လူတို့၏ စိတ်နှလုံးများသည် အစဉ်မပြတ် နတ်ဆိုးများ ပိုင်ဆိုင်နေသောကြောင့်သာ

ဘုရားသခင်အတွက် သူတို့သည် မလုပ်မဆောင်နိုင်ကြဘဲ၊

နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော

ဇာတိပကတိအတွက် အပြေးအလွှား လုပ်ကိုင်ကြသည်။

ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊

အခက်အခဲများ၏ဒဏ် အမြဲခံစားနေရခြင်း ဖြစ်၏။

၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။

ယင်းသည် ဇာတိပကတိ၏ ပျက်စီးခြင်း မဟုတ်ပေလော။

ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် မလှည့်စားသင့်ပေ။

ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို လုပ်ရမည်။

မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။

သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး

အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။

အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ

သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။

မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။

၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။

အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင်

သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊

သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။

သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။