Myanmar Praise Song - ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ချီပင့် ခံရ

07.03.2023

ဘုရား၏ကျေးဇူးတော်နှင့်ကရုဏာတော်ကြောင့်

ပလ္လင်တော်ရှေ့မှောက်ကျွန်ုပ်တို့ချီပင့်ခံရ

သန့်ရှင်းသူတို့ ဘုရားအပေါ် ချစ်ခြင်း ထားရှိပြီး

သူတို့၏ဝိညာဥ်လမ်းကြောင်းမှ ဘယ်တော့မှ လမ်းမလွှဲ

စစ်မှန်သောဘုရားတစ်ဆူ လူ့ဇာတိခံ ယူခြင်း၌ သူတို့ယုံကြည်ခြင်းခိုင်မြဲ

သူသည် စကြဝဠာ၏ဦးခေါင်း၊ အရာအားလုံးကို အုပ်ချုပ်သည်

ဝိညာဥ်တော်က အတည်ပြု၏။ အမှားကင်းတဲ့ သက်သေပင်

၎င်းသည် ဘယ်တော့မှ မပြောင်းလဲ

အနန္တတန်ခိုးရှင်ဘုရား ယနေ့တွင် ကျွန်ုပ်တို့မျက်စိကို ဖွင့်ပေး ပြီ

ကန်းသူမြင်ရပြီး ခြေမစွမ်းသူ လမ်းလျှောက်၊

နူနာများ ကျန်းမာခြင်းရပြီ

ဝိညာဥ်လောက၏ လျှို့ဝှက်ချက်ကိုမြင်တွေ့ဖို့

ကျွန်ုပ်တို့အတွက် ကောင်းကင်တံခါးကို ကိုယ်တော်ဖွင့်ပေးပြီ

နှုတ်ကပတ်တော် ကျွန်ုပ်တို့ ထဲ စိမ့်ဝင်

စာတန်ထံမှဖြစ်သော ကျွန်ုပ်တို့ဖောက်ပြန်ပျက်စီးခြင်းမှ ကိုယ်တော်ကယ်တင်ခဲ့ပြီ

ဒါ ကိုယ်တော့် ကြီးမြတ်သည့်အလုပ်နှင့် ကရုဏာပင်။ ကိုယ်တော့်အတွက် ကျွန်ုပ်တို့သက်သေခံ

တိတ်ဆိတ်စွာဖြင့် ကိုယ်တော်နှိမ့်ချခဲ့သည်မှာ ကာလကြာခဲ့လေပြီ

သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကားတိုင်ထက်က နာကျင်ခြင်းများ ကိုယ်တော် ခံစားခဲ့။

လူ့ဘဝရဲ့ ဝမ်းနည်းခြင်းများ၊ ဝမ်းသာခြင်းများ၊

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲမှုများ ကိုယ်တော်ကြုံခဲ့ပြီးပြီ

လူ့လောက၏နာကျင်မှု၊

ခေတ်ကာလ၏ပစ်ပယ်မှုကိုလည်း ခံခဲ့ရပြီးလေပြီ။ လူ့ဇာတိခံယူသောဘုရားသည် သူကိုယ်တိုင်ဘုရား

ဘုရားအလိုတော်အတွက်

နောက်ချေးပုံမှ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပြီ

လက်ယာတော်လက်ဖြင့် ကျွန်ုပ်တို့ကိုမချီ ကျေးဇူးတော်အား အခမဲ့ပေးသနားခဲ့

ကျွန်ုပ်တို့ဆီ အသက်ကိုဆောင်ကြဥ်းရန် သင်၏ကြိုးပမ်းမှုများ

ကိုယ်တော့်အသွေး၊ ချွေးနှင့် မျက်ရည်များ သူတော်စင်တို့အထဲ၌ပုံပေါ်လာ

ကျွန်ုပ်တို့သည် ကိုယ်တော်ကြိုးပမ်းမှု၏ ရလဒ်၊

ကိုယ်တော်ပေးဆပ်ခဲ့သော အဖိုးအခ

အို၊ အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏ ချစ်ခြင်းဂရုဏာတော်၊

ဖြောင့်မတ်ခြင်း၊ ဘုန်းတန်ခိုး၊ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့်

ကိုယ်တော့်ရှေ့မှောက်သို့ အားလုံးဦးညွတ်ကြပြီး

ထာဝရကာလပတ်လုံး ကိုယ်တော့်ကို ကိုးကွယ်ကြလိမ့်မည်

ကိုယ်တော်သည် ဖိလဒေလဖိအသင်း တော် နှင့်

အသင်းတော်အားလုံးကို စုံလင်စေပြီး

ကိုယ်တော်၏နှစ်ခြောက်ထောင်စီမံကိန်းသည် ပြည့်စုံခဲ့ပြီ

သန့်ရှင်းသူတို့သည် ကိုယ်တော်၏ရှေ့တွင် နှိမ့်ချစွာနာခံကြပြီး

စိတ်ဝိညာဉ် ချိတ်ဆက်လျက် တစ်ဦးကိုတစ်ဦး ချစ်ခြင်း၌တည်နေကြ

အသက်စမ်းရည်အရင်းမြစ် နှင့် ချိတ်ဆက် ကြ၏

အသက်စမ်းရည်သည်

အသင်းတော်ကို ဖျက်ဆီးစေသည့် အညစ်အကြေးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်

ကိုယ်တော်၏ ဗိမာန်တော်ကိုနောက်တဖန်သန့်စင်စေရင်း မရပ်မနားစီးဆင်း

ကျွန်ုပ်တို့ဝိညာဥ်အထဲ အုပ်စိုးခွင့်ပြုပြီး

သူနှင့်အတူလျှောက်သောကြောင့် ချုပ်နှောင်မှုကို လွန်မြောက်၊

လောကကိုအောင်မြင်ကာ ကျွန်ုပ်တို့စိတ်ဝိညာဥ်လွတ်လပ်စွာပျံသန်းနေ

ဤအရာသည် အနန္တတန်ခိုးရှင်ဘုရား ရှင်ဘုရင်ဖြစ်ခြင်းမှ ပေါ်ထွက်လာ

ထို့ကြောင့် ဘုရားသခင်နှင့် ပူးပေါင်း ပြီးအစေခံပါ။

တစ်လုံးတစ်ဝတည်း အလိုတော်ကို ဖြည့်ဆည်း လော့

သန့်ရှင်းသော ဝိညာဥ်ခန္ဓာ ဖြစ်လာဖို့ မြန်ဆန်စေပါ စာတန်ကိုခြေဖြင့်နင်းကာ

၎င်း၏ကံကြမ္မာကို အဆုံးသတ်လော့

အဆုံးသတ်လော့

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။