Myanmar Hymn Song - ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ချီဆောင်ခံရကျူး
02.02.2021
ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ချီဆောင်ခံရကျူး
ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။
၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင် ယိမ်းယိုင်ခြင်းမရှိသည့် မရေမတွက်နိုင်သော
သန့်ရှင်းသူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ထွက်ပေါ်လေသည်။
၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် လူ့ဇာတိခံလာပြီဖြစ်သည်၊
သူသည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည့် စကြဝဠာ၏ ဦးသျှောင် ဖြစ်သည်ဟူသော
၎င်းတို့၏ ယုံကြည်ခြင်းကို စွဲစွဲမြဲမြဲ ကိုင်စွဲကြလေသည်။
ယင်းကို သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုထား၏၊ ယင်းသည် တောင်တန်းများတမျှပင် မရွေ့လျားနိုင်ပေ။
ပြီးလျှင် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် မျက်စိမမြင်သူများကို မြင်ခွင့်ပေးလျက်၊
ခြေမသန်သောသူများကို လမ်းလျှောက်စေလျက်နှင့် နူနာစွဲသောသူများကို ပျောက်ကင်းစေလျက်
ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ဖွင့်ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါ၏။
ဝိညာဉ်ရေးရာ နယ်ပယ်၏ နက်နဲမှုများကို ကျွန်ုပ်တို့အား သိမြင်စေလျက်၊
မိုးကောင်းကင်သို့ တံခါးကို ဖွင့်ခဲ့သည်မှာ ကိုယ်တော် ဖြစ်ပါ၏။
ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြင့် စိမ့်ဝင်ပျံ့နှံ့ကာ
ကျွန်ုပ်တို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူ့သဘာဝမှ ကယ်တင်ခံရလျက်-
ကိုယ်တော်၏မခန့်မှန်းနိုင်သော မဟာအမှုတော်နှင့် မခန့်မှန်းနိုင်သော မဟာကရုဏာတော်သည် ဤကဲ့သို့ ဖြစ်ပါ၏။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ သက်သေခံများ ဖြစ်ကြပါ၏။
ကိုယ်တော်သည် နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ကွယ်ဝှက်၍နေလာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ချေပြီ။
ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကားစင်တင်ခံရခြင်းဒုက္ခ၊
လူ့ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ၊
ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကြုံရပြီးဖြစ်ပါ၏။
ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို တွေ့ကြုံကာ မြည်းစမ်းပြီးဖြစ်ကာ
ခေတ်ကာလ၏ ပစ်ပယ်မှုကို ကိုယ်တော် ခံရပြီးဖြစ်ပါ၏။
လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တော်မူ၏။
ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ လက်ျာလက်တော်ဖြင့် ချီပင့်ရင်းနှင့်
ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးရင်း နောက်ချေးပုံမှ ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်ပါ၏။
မည်သည့်နာကျင်မှုကိုမျှ မရှောင်ရှားဘဲ၊
ကိုယ်တော်သည် ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေခဲ့လေပြီ။
ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့်
ကိုယ်တော် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အပေါ် ပုံပေါ်လာပါ၏။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ အပင်ပန်းခံသော အားထုတ်မှုများ၏ ရလဒ် ဖြစ်ပါ၏။
ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်ပါ၏။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊
ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့်
လူမျိုးအားလုံးသည် ကိုယ်တော်၏ ရှေ့တော်၌
ထာဝရကာလပတ်လုံး ပျပ်ဝပ်၍ ကိုးကွယ်ကြပါလိမ့်မည်။
ယနေ့၊ ကိုယ်တော်သည်- ဖိလဒေလဖိ အသင်းတော်-
အသင်းတော်အားလုံးကို စုံလင်စေပြီးဖြစ်ကာ ထိုသို့ဖြင့်
ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီးဖြစ်ပါ၏။
စိတ်ဝိညာဉ်တွင် ဆက်နွှယ်လျက်နှင့် ချစ်ခြင်းမေတ္တာနှင့်အတူ လိုက်လျှောက်ရင်း၊
စမ်းရေ၏ အရင်းအမြစ်နှင့် ဆက်သွယ်လျက် ကိုယ်တော်၏ရှေ့တွင်
သန့်ရှင်းသူတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် နာခံနိုင်ကြပါ၏။
ရှင်သန်သော အသက်စမ်းရေသည် အသင်းတော်ထဲက
ရွှံ့နှင့် ညစ်ညူးမှုအားလုံးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်၊
ကိုယ်တော်၏ ဗိမာန်တော်ကို တစ်ဖန် သန့်စင်စေရင်း၊ မရပ်မနား စီးဆင်းပါ၏။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အထွတ်အထိပ် အုပ်စိုးခွင့်ပြုသောကြောင့်၊
သူနှင့်အတူလျှောက်ကာ၊ ထူးကဲသာလွန်ခြင်း၊ လောကကို အောင်မြင်ခြင်းတို့ကို ရရှိကြပြီး
ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းကာ လွတ်မြောက်မှုကို ရရှိကြ၏။
ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လာသည့်အခါ ရရှိသော အကျိုးရလဒ်ပင် ဖြစ်ပေ၏။
ဘုရားသခင်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊
အစေခံခြင်းတွင် ပူးပေါင်းဆောင်ရွက်ကာ တစ်လုံးတစ်ဝတည်း ဖြစ်ကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့၊
သန့်ရှင်းသော ဝိညာဉ်ရေးရာ ခန္ဓာတစ်ခု ဖြစ်ရန် အလျင်အမြန်ပြုလော့၊
စာတန်အား ခြေဖြင့်နင်းကာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်လော့။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ