Christian Dance (ကျွန်ုပ်တို့၏ ရိုးသားစစ်မှန်သော စိတ်နှလုံးများကို ပူဇော်ကြသည်)
23.08.2024
၁
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများ ပျော်ရွှင်စွာ အတူစုဝေးကြသည်၊
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ကာ ဘုရားသခင်ကို ချီးမွမ်းရင်းလေ။
ကျွန်ုပ်တို့၏ အစွမ်းအစ ကောင်းခြင်း ရှိမရှိ ဘုရားသခင် အရေးမစိုက်ပေ။
ကျွန်ုပ်တို့၏ ရိုသားစစ်မှန်မှုကို ပူဇော်သည့်အခါ သူ နှစ်သက်သည်။
နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ကာ မွေ့လျော်ခံစားရင်း၊
သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ဖို့ ကျွန်ုပ်တို့ ကောင်းချီးခံစားရ။
ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်တို့ မွေ့လျော်ခံစားရလို့ သူ့ကို ချီးမွမ်းသင့်ပေ။
သူ့ကို စစ်မှန်ရိုးသားစွာ ကျွန်ုပ်တို့ ချီးမွမ်းသောအခါ ဝမ်းမြောက်ခြင်း ခံစားရ။
၂
ညီအစ်ကို မောင်နှမများ ဘုရားသခင်ကို အမြန်ချီးမွမ်းကြလေ။
သမ္မာတရားကို သိနားလည်ခြင်းက ကျွန်ုပ်တို့ ဝိညာဉ်များကို လွတ်မြောက်စေ။
စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ခြင်း မခံရတော့၊
သမ္မာတရား စည်းမျဉ်းများထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်ချိန်တွင် လိုက်လျှောက်ရမည့် လမ်းကြောင်း ရှိ။
ဘုရားသခင်ကို စစ်မှန်ရိုးသားစွာချီးမွမ်းခြင်းက ဉာဏ်အလင်းကို ယူဆောင်ပေးပြီး၊
ဘုရားသခင်၏ ကောင်းချီးများ ကျွန်ုပ်တို့အပေါ် ရောက်လာ။
ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ချီးမွမ်းခြင်းက သူ၏ လက်ခံမှုကို ရရှိစေကာ
သူ၏ ရည်ရွယ်ချက်များ အထမြောက်ပေ။
၃
ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ရမည်။
သူ၏ အမှုတော်က ကျွန်ုပ်တို့ကို ကယ်တင်လေပြီ။
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို သူ စီရင်ကာ သန့်စင်စေ။
သမ္မာတရားဖြင့် အသက်ရှင်ရင်း၊ ကျွန်ုပ်တို့ အလွန် လွတ်မြောက်ကြပေ။
လောကီ အနှောင်အဖွဲ့များနှင့် စိတ်အနှောင့်အယှက်များကို ကျွန်ုပ်တို့ စွန့်ပယ်ကာ
ယခု နိုင်ငံတော် အသက်တာကို အသက်ရှင်နေကြပေ။
မည်သည့် ရှင်ဘုရင်မဆိုထက် ကျွန်ုပ်တို့ ကောင်းချီးခံစားရ။
ထိုအရာကို ကမ္ဘာမြေပေါ်က ရှိသမျှရတနာများနှင့် ကျွန်ုပ်တို့ လဲမည်မဟုတ်ပေ။
၎
ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်သည့်အတွက်၊ သူ့ကို ချီးမွမ်းနိုင်ကာ
ကျွန်ုပ်တို့၏ ရိုးသားစစ်မှန်သော စိတ်နှလုံးများကို ပူဇော်ပေးအပ်နိုင်ကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ရသည်မှာ ကျွန်ုပ်တို့ ကံကောင်းကြသည်။
ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများသာဖြစ်ပေ။
ဘုရားသခင်၏ လူအားလုံး သူ့ကို လာချီးမွမ်းကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤဘုန်းအသရေနှင့် ချီးမွမ်းခြင်း ခံထိုက်ပေ။
ဘုရားသခင်၏ လူအားလုံး သူ့ကို လာချီးမွမ်းကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤဘုန်းအသရေနှင့် ချီးမွမ်းခြင်း ခံထိုက်ပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ