2021 Myanmar Christian Song - လူအပေါ် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့်အခါကျူး

12.05.2021

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည်

လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။

ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။

ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊

ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။

သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။

၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။

သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ

လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊

ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။

၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊

ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊

နာခံနိုင်ကြပြီး၊ လူသား၏ အယူအဆ၊ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။

လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊

၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည်

ဘုရားသခင်ကို ချစ်ခြင်းနှင့် ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။

၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။

လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။

သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊

၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ

အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည်

လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။

၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မြင်နိုင်ပေသည်။

သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည်

ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။

သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊

သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊

သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း

လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။

၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊

၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။

ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ

၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။

၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။

တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။

ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။

၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊

၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊

ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။