Myanmar Gospel Song - ထာဝရခရီးပန်းတိုင်သို့ လူသားမျိုးနွယ်ဝင်ရောက်သည့်အခါကျူး
12.10.2021
လူသည် ထာဝရခရီးပန်းတိုင်ထဲသို့ ဝင်ရောက်သည့်အခါ၊
ဖန်ဆင်းရှင်ကို ကိုးကွယ်လိမ့်မည် ဖြစ်ပြီး၊
လူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်ကာ ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့်၊
လူသည် မည်သည့် ရည်မှန်းချက်များကိုမျှ လိုက်စားရှာဖွေလိမ့်မည် မဟုတ်သည့်အပြင်၊
သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုအပ်မည်မဟုတ်ပေ။
ဤအချိန်တွင်၊ လူသည် သူ၏နေရာကို သိလိမ့်မည်ဖြစ်ပြီး၊
၎င်းတို့အနေဖြင့် တရားစီရင်ခြင်း မခံကြရလျှင်ပင်၊ လူသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင်၊ လူသားသည် အဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။
လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန် တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။
လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန် တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။
သို့ရာတွင် လူသည် လူသားမျိုးနွယ်အတွက် စနစ်ကျပြီး
သင့်တော်သော ခရီးပန်းတိုင်တစ်ခုတွင် အသက်ရှင်လိမ့်ဦးမည်ဖြစ်သည်။
ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းအတွက် လူသည် သူ၏တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊
ထာဝရကာလနှင့်သက်ဆိုင်သော လူသားမျိုးနွယ်ဖြစ်လာမည်မှာ ဤလူသားမျိုးနွယ် ဖြစ်ပေသည်။
ထိုအချိန်တွင် လူသည် ဘုရားသခင်၏ အလင်းပေးခံရသည့် အသက်တာတစ်ခု၊
ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်မှုအောက်တွင် ရှိသည့် အသက်တာတစ်ခု၊
ဘုရားသခင်နှင့် အတူရှိသည့် အသက်တာတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။
လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်ဘဝတစ်ခုကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊
လူအားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။
အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေပြီးဖြစ်လိမ့်မည်၊
ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှု အဆုံးသတ်သို့ရောက်လာသည့်အခါမှသာ၊
လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေပေါ်တွင် တရားဝင်စတင်လိမ့်မည်ဖြစ်သည်၊
လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေပေါ်တွင် တရားဝင်စတင်လိမ့်မည်ဖြစ်သည်။
ထိုအခါမှသာ လူသည် နှစ်သက်ဖွယ်ကောင်းသည့် ဘဝတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊
ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်အပြင်၊
လူသား၏ နဂိုမူလပုံသဏ္ဌာန်တို့ကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။
လူသား၏ နဂိုမူလပုံသဏ္ဌာန်တို့ကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ