Myanmar Sermon Series - လူသားမျိုးနွယ်ကို အဘယ်သူ ကယ်တင်ကာ ကျွန်ုပ်တို့၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင် သနည်း
04.12.2021
ကံကြမ္မာလို့ပြောတဲ့အခါမှာ လူအများစုက ပိုက်ဆံနဲ့ ဂုဏ်ဒြပ်ရှိခြင်းနဲ့ အောင်မြင်ခြင်းတွေကို ကောင်းတဲ့ကံကြမ္မာနဲ့ တန်းတူထားကြပြီး ဆင်းရဲတဲ့သူ၊ မထင်ပေါ်သူ၊ ဘေးဒုက္ခနဲ့ဆင်းရဲ ဒုက္ခခံနေရတဲ့သူ၊ အနှိမ်ခံရတဲ့သူတွေက မကောင်းတဲ့ကံကြမ္မာရှိကြတယ်လို့ ထင်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ အသိပညာနောက်ကို ထက်သန်စွာလိုက်ကြ တယ်၊ အဲဒါက သူတို့ကို ချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်ဒြပ် ရရှိဖို့ အထောက်အကူပြုမယ်၊ ဒီလိုနဲ့ သူတို့ရဲ့ကံကြမ္မာ ကို ပြောင်းနိုင်မယ်လို့ မျှော်လင့်ကြတယ်။ ဘဝမှာ ပိုက်ဆံ၊ ဂုဏ်ဒြပ်နဲ့ အောင်မြင်ခြင်းတွေ ရှိတာဟာ ကောင်းတဲ့ကံကြမ္မာရှိခြင်းလို့ တကယ်ဆိုလိုတာလား။ ဘေးဒုက္ခနဲ့ကံဆိုးခြင်းတွေကို ခံစားရခြင်းဟာ တကယ်ပဲ မကောင်းတဲ့ကံကြမ္မာလို့ ဆိုလိုသလား။ အသိပညာဟာ တကယ်ပဲ လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ရဲ့လား။ လူသားမျိုးနွယ်ကို ဘယ်သူက အမှန်ကတယ် ကယ်တင်ပြီး ကျွန်တော်တို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တာလဲ။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း၏ ဤအပိုင်းတွင် လူသားများအတွက် ကယ်တင်ခြင်းရရှိပြီး ကောင်းကင်နိုင်ငံတော် ထဲ ဝင်ရောက်နိုင်ရန်အတွက် လမ်းကြောင်းရှာတွေ့နိုင်ရန် ကျွန်တော်တို့ ကူညီပေးမည်ဖြစ်ပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ