Myanmar Christian Testimony - ကျွန်တော့်မိသားစုကို ဘယ်သူဖျက်ဆီးခဲ့သလဲ
20.10.2021
အဓိကဇာတ်ကောင်သည် ဘုရားသခင်ကိုယုံကြည်သဖြင့် ကွန်မြူနစ်ပါတီ၏ဖမ်းဆီးခြင်းနှင့် အလုပ်မှတစ်ဆင့် ပြန်လည်ပြုပြင်ခြင်းအတွက် ဥပဒေမဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ အဆိုပါအချိန်အတောအတွင်း ထောင်အစောင့်များက အခြားထောင်သားများကို သူ့အားညှင်းပန်းနှိပ်စက်ရန် စေခိုင်းခဲ့သည်။ ပင်ပန်းလှသည့် အလုပ်တာဝန်များအား အဓမ္မခိုင်းစေခဲ့ပြီး ကိုယ်ရောစိတ်ကိုပါ နှိပ်စက်ညှင်းပန်းခဲ့ပါသည်။ ထောင်အပြင်ဘက်တွင်လည်း သူ၏ဇနီးသည် သူမ၏ ပတ်ဝန်းကျင်မှလူများ၏ ခွဲခြားဆက်ဆံမှုများနှင့် လှောင်ပြောင်မှုများကို မခံစားနိုင်တော့သည့်အလျောက် ကလေးငယ်နှင့် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော မိဘနှစ်ပါးအား ထားခဲ့ပြီး၊ အိမ်ထောင်အသစ်ထူထောင်သွားခဲ့လေသည်၊ ယင်းက သူ့အား ပို၍ပင် စိတ်သောကရောက်စေခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများနှင့် အခက်အခဲများအလယ်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သူ့အား ယုံကြည်မှုနှင့် ခွန်အားကိုပေးသနားပြီး သက်သေခံနိုင်စေရန် လမ်းပြကာ ဘုရားသခင်နောက်သို့လိုက်ရာတွင် သူ၏ယုံကြည်မှုကို အားကောင်းလာစေလေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ