Myanmar Gospel Song 2022 - ဘုရား၏စိတ်နှလုံးကို မည်သူက နားလည်ဖူးသနည်းကျူး

05.02.2022

ဘုရားသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊

လောကီဘုန်းအသရေ၊ လူသားအလယ် နွေးထွေးမှု၊

လူသားအလယ် ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားအလယ် ကောင်းချီးမင်္ဂလာအားလုံးကို

တစ်ကြိမ်တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးပြီးဖြစ်သည်။

လူတို့သည် သူ့အပေါ် အလွန် ခက်ထန်ကြသည်၊

သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို လုံး‌ဝ မမွေ့လျော်ဖူးပေ၊

သူသည် သူ၏ စစ်မှန်ကာ၊ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားသည်၊

သူ၏အလုံးစုံကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားပြီးဖြစ်သည်-

ပြီးလျှင် မည်သူသည် သူ့အား နွေးထွေးမှုပေးဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးဖူးသနည်း။

လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချပြီးဖြစ်သည်၊

သူ၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးပြီးဖြစ်သည်၊

လူသားအလယ် အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အပေါ် အတင်းအကျပ်ပေးပြီးဖြစ်သည်၊

လူသားသည် မတရားမှု အားလုံးအတွက် သူ့ကို အပြစ်တင်ပြီး ယင်းကို သူက ဘာမျှမပြောဘဲ လက်ခံပြီးဖြစ်သည်။

သူသည် တစ်ဦးတစ်ယောက်အား ကန့်ကွက်ဖူးသလော။ နစ်နာကြေး တောင်းခံဖူးသလော။

မည်သူသည် သူ့အပေါ် စာနာမှု တစ်ခုတစ်လေ ပြဖူးသနည်း။

ပုံမှန်လူတို့အနေဖြင့်၊ သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိဖူးသနည်း။

အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိဖူးသနည်း။

ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မည်သူ မရှိလေသနည်း။

ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာ အဘယ်သူ မရှိသနည်း။

မည်သူသည် အခြားသူများ၏ လေးစားမှု မရှိသနည်း။

၎င်းတို့ ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု အဘယ်သူ မရှိသနည်း။

ဘုရားသခင်သည် နွေးထွေးမှုနှင့် နှစ်သိမ့်မှု မွေ့လျော်ဖူးသလော။

အဘယ်သူသည် သူ့အား လူသား ကိုယ်ကျင့်တရား အနည်းငယ် ပြသဖူးသနည်း။

အဘယ်သူသည် သူ့အပေါ် သည်းခံဖူးသနည်း။

ခဲယဉ်းသည့်ကာလများအတွင်းတွင် အဘယ်သူသည် သူနှင့်အတူ ရှိဖူးသနည်း။

လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ခြင်း မရှိဖူးပေ။

လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို

ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။

လူသားထဲမှ မည်သူသည် သူ့ကိုသိနိုင်မည်နည်း။

လူသားအလယ်တွင် သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။

ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူ သိနိုင်သနည်း။

ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။

သူသည် လူသားအလယ် ကြွလာပြီးချိန်တွင်

ဘုရားသခင်ကို မည်သူမျှ မသိကြသေးသကဲ့သို့၊ သူသည် ငြင်းပယ်ခြင်းခံရပြီးဖြစ်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။

လူသားသည် ဘုရားသခင်တည်ရှိခြင်းကို အဘယ်သို့ သည်းခံနိုင်မည်နည်း။

လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။

ဤသည်မှာ လူသား၏ဖြောင့်မတ်သော ကိုးကွယ်ဆည်းကပ်မှုနှင့် ဝင်ရောက်မှု မဟုတ်သလော။

ဘုရားသခင်၏ အမှုသည် လူသား ဝင်ရောက်မှုကို ဗဟိုပြုထားသည် မဟုတ်လော။

ဘုရားသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစည်းစေလိုပြီး၊

လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ထူထောင်စေလိုကာ

လူသားက ထမ်းဆောင်သင့်သည့်တာဝန်ကို သင်၏ အကောင်းဆုံး အစွမ်းအစများဖြင့် ဆောင်ရွက်စေလိုသည်။

ဤနည်းဖြင့် ဘုရားသခင်၏ အမှုသည် ယင်း၏ ပြီးဆုံးခြင်းနှင့်အညီ၊

သူ၏ ဘုန်းအသရေ ရရှိခြင်းဖြင့်၊ အဆုံးသတ်လိမ့်မည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။