Myanmar Sermon Series - ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဝိညာဉ်တော်အသွင်ကို မယူဘဲ၊ ဘာကြောင့် လူ့ဇာတိခံယူသလဲ

24.12.2021

နောက်ဆုံးသောကာလတွင် လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သမ္မာတရားအများအပြားကို ဖော်ပြထားပြီး၊ ဘုရားသခင်၏အိမ်တော်မှ စတင်သော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပါသည်။ သူသည် ကပ်ဘေးများမလာမီတွင် အောင်မြင်သူများအုပ်စုတစ်ခုကို ပြည့်စုံစေခဲ့ပြီဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို ရောက်ရှိခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏အသံကို ကြား၍ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ဦးလှည့်နေကြသော လူတို့မှာ များသထက်များလာပါသည်။ ယင်းသို့ရှိသော်လည်း သခင်သည် လူ့ဇာတိဖြင့် ပြန်ကြွလာပြီဖြစ်ကြောင်းနှင့် သူသည် ပေါ်ထွန်းပြီး အမှုတော်ပြုနေကြောင်းတို့ကို ဘာသာရေးလောကအတွင်းမှ လူတော်တော်များများက လုံးဝ မယုံကြည်ကြချေ။ သခင်ယေရှုသည် ထမြောက်တော်မူပြီးနောက် ရက်လေးဆယ်တိတိ ဝိညာဉ်ပုံသဏ္ဌာန်ဖြင့် ထင်ရှားပြခဲ့သောကြောင့်၊ သူသည် ဝိညာဉ်ပုံသဏ္ဌာန်ဖြင့်သာ ပြန်ကြွလာလိမ့်မည်ဟု သူတို့က ယုံကြည်ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဝိညာဉ်တော်တစ်ခုအသွင်ဖြင့် မဟုတ်ဘဲ၊ ဘာအတွက်ကြောင့် လူ့ဇာတိခံ လူသားအဖြစ် ပေါ်ထွန်းရမည်နည်း။ လူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဝိညာဉ်တော်အသွင်ဖြင့်မဟုတ်ဘဲ၊ လူ့ဇာတိခံ လူသားဖြစ်နေသည်ဆိုသော အချက်ကို အခြေခံကာ သူ့ကို လက်ခံဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့သည် ကယ်တင်ရှင်ကိုယ်တော်တိုင်အားဖြင့် ကယ်တင်ခြင်းခံရမည့် တစ်ခုတည်းသော အခွင့်အရေးကို လွဲချော်နေကြခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် အစဉ်ထာဝရ နောင်တရကြမည့်အဖြစ်မျိုး ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဝိညာဉ်တော်အသွင်ဖြင့် အမှုပြုရန် မပေါ်ထွန်းဘဲ၊ ဘာအတွက်ကြောင့် လူသားအဖြစ် လူ့ဇာတိခံယူလာခဲ့သနည်း။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း ဟူသော ယခု ဗီဒီယိုအပိုင်းတွင် ဤအကြောင်းအရာကို ကျွန်ုပ်တို့အတူတူ ရှာဖွေ၍ ဘုရားသခင်၏ အမှုတော်အကြောင်းကို ပိုပြီး လေ့လာနိုင်ပါသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။