Christian Song - ဘုရားသခင်သည် ပို၍များသော လူများက သူ၏ကယ်တင်ခြင်းကို ရရှိရန် အလိုရှိ၏

21.12.2025

ဘုရားသခင်က သာ၍များသော လူများသည် မိမိ၏ စကားများနှင့် အလုပ်တို့ကို ရင်ဆိုင်ရာတွင် သေချာစွာ စူးစမ်းလေ့လာနိုင်မည်ဟုလည်းကောင်း၊ အရေးကြီးသော သတင်းစကားကို အလွန်အလေးအနက်ထားခြင်းဖြင့်၊ ကိုင်းရှိုင်းမှုဖြင့် ချဉ်းကပ်နိုင်မည်ဟုလည်းကောင်း မျှော်လင့်လေသည်။ ပြစ်ဒဏ်ပေးခြင်းခံရသူတို့၏ ခြေရာအတိုင်း မနင်းလျှောက်ရန်ကို သူမျှော်လင့်ပြီး မှန်သောလမ်းခရီးကို ရှင်းရှင်းလင်းလင်း သိသော်လည်း တမင်သက်သက် အာခံခဲ့ကာ ပေါလုကဲ့သို့ ဖြစ်၍ အပြစ်ဖြေရာယဇ်ကို ဆုံးရှုံးသွားခြင်း မဖြစ်စေရန် ပို၍ပင် သူမျှော်လင့်သည်။ ပိုများသော လူများ အပြစ်ဒဏ်ပေးခံရဖို့ ဘုရား အလိုမရှိပေ၊ ယင်းအစား ပိုများသော လူများ ကယ်တင်ခံရဖို့နှင့် ပိုများသော လူများက သူ၏ ခြေလှမ်းများကို အမီလိုက်ပြီး သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် သူ မျှော်လင့်သည်။

ဘုရားက လူတိုင်းကို ဖြောင့်မတ်စွာ ဆက်ဆံသည်၊ သင်၏အသက်အရွယ် မည်မျှဖြစ်စေ၊ သင် မည်မျှဝါရင့်ပါစေ သို့မဟုတ် ဆင်းရဲဒုက္ခ မည်မျှ ဖြတ်သန်းခဲ့ရပါစေ၊ ဤအရာများကြောင့် ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသည် မည်သူ့ကိုမျှ အထင်ကြီးလေးစားခြင်း မရှိသကဲ့သို့ လူတစ်ဦးတလေကို သူ၏ ဆက်ဆံမှုတွင် မတရားခြင်း မရှိပေ။ လူတို့အပေါ် သူ၏ သဘောထားမှာ အရာခပ်သိမ်းတို့ကို စွန့်လွှတ်ခြင်းဖြင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် သူ၏ အမှုတော်သစ်ကို သူတို့ လက်ခံနိုင်ခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သူ၏ အမှုတော်အသစ်ကို သင် ခံယူနိုင်ပြီး သူဖော်ပြသည့် သမ္မာတရားကို ခံယူနိုင်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ရရှိနိုင်လိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သော ဂန္တဝင် သာဓကများ နိဂုံးစကား မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။