Christian Dance (ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ခရစ်တော်အဖို့ သက်သေခံများ ဖြစ်ကြသည်)

09.10.2024

ဘုရားသခင်၏ အသံကို ကြားရာတွင် သူ့ရှေ့မှောက် ကျွန်ုပ်တို့ ချီဆောင်ခံရသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ မြင်ရပြီး

ကျွန်ုပ်တို့၏ စိတ်နှလုံးများ သိမ်းပိုက်ခံရကြသည်။

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရသည်။

ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ပြီး၊

ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ်တို့ လိုက်ကြသည်။

ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲမျိုးစုံကို

ခံစားရသော်လည်း ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းပြပေးသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အလွန်များစွာ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသည်၊

သံမဏိစိတ်ဓါတ်ဖြင့် ဘုရားသခင်နောက် ကျွန်ုပ်တို့လိုက်သည်။

ကျွန်ုပ်တို့သည် စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံခံစားရပြီး

ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် အောင်မြင်သော သက်သေခံချက်များပေးသည်။

ဖြောင့်မတ်ခြင်းတရား၏ နေမင်း ပေါ်ထွန်းပြီဖြစ်ကြောင်း ကျွန်ုပ်တို့မြင်တွေ့ပေ၊

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်အဖို့ သက်သေခံများ ဖြစ်ကြပေ။

လူသားကို ကယ်တင်ဖို့ ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်ကာ

သူသည် အရှက်ခွဲခံရမှု ပုံစံမျိုးစုံကို ခံစားရလေသည်။

ငြင်းပယ်ခြင်းကို သူခါးစည်းခံရပြီး နားလည်မှုလွဲခြင်းများကို ညည်းညူခြင်း

သို့မဟုတ် နောင်တရခြင်းတစုံမရှိဘဲ သူသည်းခံသည်။

ကျွန်ုပ်တို့သည် မြေမှုန့်ကဲ့သို့ဖြစ်သော်လည်း ဘုရားသခင်၏ ချီမခြင်းကို ခံရကာ

သမ္မာတရားနှင့် အသက်ကို ရရှိလေသည်၊

ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာ အမှန်ဧကန် ဖြစ်သည်။

ကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး

လူသားပုံသဏ္ဌာန် အသက်ရှင်နေထိုင်သည်။

ကျွန်ုပ်တို့သည် ဘုရား၏ ချစ်မြတ်နိုးမှုကို ကျေးဇူးဆပ်ရန် မိမိတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်သည်။

နိုင်ငံတော် ဧဝံဂေလိတရားကို ပြန့်ပွားစေရန်နှင့် သက်သေခံရန်၊

ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အတွက် ကျွန်ုပ်တို့၏ သစ္စာစောင့်သိခြင်းကို ကမ်းလှမ်းပေးသည်။

မည်သည့်အခက်အခဲများနှင့် တွေ့ကြုံရသည်ဖြစ်စေ ကျွန်ုပ်တို့ ညည်းညူမည်မဟုတ်၊

ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ဘုရားကို ချစ်ရန်သာ ကျွန်ုပ်တို့ ကြိုးပမ်းသည်။

ကျွန်ုပ်တို့သည် စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံခံစားရပြီး

ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် အောင်မြင်သော သက်သေခံချက်များပေးသည်။

ဖြောင့်မတ်ခြင်းတရား၏ နေမင်း ပေါ်ထွန်းပြီဖြစ်ကြောင်း ကျွန်ုပ်တို့မြင်တွေ့ပေ၊

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်အဖို့ သက်သေခံများ ဖြစ်ကြပေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။