ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀) အခန်း တစ်

အချက် ၉- ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးလျက် လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်လော့ (အပိုင်း ၂)

အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးခြင်းနှင့် ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးလျက် လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီးနောက်ဆက်တွဲလုပ်ဆောင်လော့” ဟူသည့်အချက်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် လူတို့ နားလည်ရန်လိုအပ်သည့် အလုပ်အစီအစဉ်များထဲရှိ အမျိုးမျိုးသော ပါဝင်သည့်အကြောင်းအရာများနှင့် တိကျသော အချက်များအပြင်၊ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ဖြစ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများအကြောင်းကိုလည်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ ယနေ့တွင် ငါတို့သည် အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သို့ လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို မည်သို့ စစ်ဆေးပြီး နောက်ဆက်တွဲ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ အလုပ်အစီအစဉ်များ၏ အရေးပါမှုကို နားလည်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို မည်သို့ သဘောထားပြုမှုသင့်သည်၊ ပြီးလျှင် အထက်၏ သတ်မှတ်ချက်များနှင့် အဆင့်များအတိုင်း အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ မည်သို့ အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်ရမည်ဟူသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နားလည်လာရမည့် သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ ပြီးလျှင် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများကို ကောင်းစွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဤစည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်ရန် လိုအပ်သည်။ ဤကဏ္ဍတွင် အစေခံနေသူများအတွက် ဘုရားအိမ်တော်၏ အခြေခံသတ်မှတ်ချက်မှာ အဓိကအားဖြင့် ၎င်းတို့၏အလုပ်ကို အမျိုးမျိုးသော အလုပ်အစီအစဉ်များအား ဗဟိုပြု၍ လုပ်ဆောင်ရန် ဖြစ်ကြောင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များက သိသင့်သည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် မဟုတ်သည့်အပြင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အလုပ်တွင်မဆို မိမိတို့ဘာသာ စမ်းတဝါးဝါးလုပ်ဆောင်ရန် သေချာပေါက် မဟုတ်ပေ။ ယင်းမှာ တစ်ခုတလေကို တီထွင်ရန် သို့မဟုတ် ဖန်တီးရန်လည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အခြေခံ၍ တိကျစွာနှင့် အသေးစိတ်ကျကျ အလုပ်လုပ်ရန် ဖြစ်သည်။ အလုပ်ကို တိကျစွာ မည်သို့ လုပ်ဆောင်သင့်သနည်း။ မည်သည့် အသေးစိတ်အချက်များ ပါဝင်သနည်း။ ဤမေးခွန်းများအတွက် အဖြေမှာ နဝမမြောက် တာဝန်၏ သတ်မှတ်ချက်များထဲတွင် ရှိလေသည်။ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်ရန်လည်း လိုအပ်သည်။ ဤသည်တို့မှာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ ဖြစ်သည်။ ဆက်လက်ပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ငါတို့ ဆွေးနွေးကြမည်။

အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့၌ ချမှတ်ထားသည့် အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကို ဦးစွာ တွေးဆဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ရမည်။ ထို့နောက် ၎င်းတို့သည် အလုပ်ကို တိကျစွာ အကောင်အထည်ဖော်ရန် လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်များကို ရှာဖွေရမည်။ ပထမဦးစွာ အလုပ်အစီအစဉ်များက မည်သည့်အရာကို တောင်းဆိုထားသည်၊ မည်သည့် တိကျသော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည်ဟူသည်နှင့် ပါဝင်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည့်အပြင်၊ အလုပ်အစီအစဉ်များက မည်သည့်လူများနှင့် အလုပ်၏ မည်သည့်ကဏ္ဍအား ပစ်မှတ်ထားသည်ဟူသည်တို့ကို ၎င်းတို့ သိရှိရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက်တွင် ပထမဆုံး လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ ဖတ်ရှုပြီးနောက် လူတိုင်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြခြင်း၊ သို့မဟုတ် ယင်းတို့ကို လက်ဆင့်ကမ်းပြီး အလုပ်နှင့်ပတ်သက်၍ လူတိုင်းကို အသိပေးကာ ထိုမျှဖြင့်သာ ဖြစ်သည်ဟု သဘောမထားသင့်ပေ။ ဤသည်မှာ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီး ထုတ်ပြန်ခြင်းမျှသာ ဖြစ်သည်။ ထိုအလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် ပထမဆုံး တိကျသည့် တာဝန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ ဤအသင်းတော်အလုပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်မှန်းချက်များ၊ ဤအလုပ်ကို ဆောင်ရွက်ခြင်း၏ အရေးပါမှုတို့ကို လေ့လာရန်ဖြစ်ပြီး ထို့နောက် တိကျသော လုပ်ဆောင်မှုနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို ရေးဆွဲရန် ဖြစ်သည်။ ဤသည်မှာ ပထမအဆင့် ဖြစ်သည်။ ပထမအဆင့်ကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) သင်သည် ရေးသားထားသော စကားလုံးများနှင့် လူစကားကို နားလည်နိုင်သရွေ့ ပထမအဆင့်ကို စွမ်းဆောင်ရရှိရန် လွယ်ကူသင့်သည်။ ပထမအဆင့်ကို ပြီးမြောက်အောင်မြင်ခြင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် နားဝေတိမ်တောင်ဖြစ်ခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ခြင်း သို့မဟုတ် ဟန်ပြလုပ်ဆောင်ခြင်းတို့အစား အလုပ်အပေါ် အလေးအနက်ထားသော၊ စိတ်ရင်းမှန်သော၊ တာဝန်ယူသော၊ စေ့စပ်သေချာသော သဘောထားတစ်ခု ရှိရန် လိုအပ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ အလုပ်အစီအစဉ်ကို ယခင်က ဖော်ပြခဲ့ပြီးသည်ဖြစ်စေ၊ မဖော်ပြခဲ့သည်ဖြစ်စေ၊ လူတို့အတွက် စွမ်းဆောင်ရရှိရန် လွယ်ကူသည်ဖြစ်စေ၊ အနည်းငယ် ခက်ခဲသည်ဖြစ်စေ၊ လူတို့က ယင်းကို လုပ်ဆောင်ရန် လိုလား သည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်အပေါ် အယူဝါဒအချို့ကို ပြောဆိုခြင်း၊ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း၊ သို့မဟုတ် ယင်းကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပေါ်ယံအားထုတ်မှုအချို့ ပြုလုပ်ခြင်းမျှသာဖြစ်သည့် သာမန်ကာလျှံကာ သဘောထားကို မထားသင့်ပေ။ လူတို့ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် အလေးအနက်ထားသော၊ စိတ်ရင်းမှန်သော၊ တာဝန်ယူပြီး စေ့စပ်သေချာသော သဘောထားတစ်ခု ရှိသင့်သည်။ ဤသဘောထားရှိခြင်းက လူတစ်ဦးသည် အလုပ်အစီအစဉ်များရှိ တိကျသော အချက်များကို ကောင်းစွာ အကောင်အထည်ဖော်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ၊ ဤသည်မှာ အလုပ်တစ်ခုတလေကို လုပ်ဆောင်သည့်အခါ လူတစ်ဦး ရှိသင့်သည့် သဘောထားမျှသာ ဖြစ်သည်။ ယင်းက တိကျသော အလုပ်တာဝန်များကို အမှန်တကယ် အကောင်အထည်ဖော်ခြင်းအား အစားမထိုးနိုင်ပေ။ ၎င်းတို့၌ ဤသဘောထားရှိပြီး အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကိုလည်း နားလည်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်တစ်ဆင့်မှာ အလုပ်အစီအစဉ်များရှိ တိကျသော တာဝန်များကို ၎င်းတို့ မည်သို့ အကောင်အထည်ဖော်မည် ဟူသည့်အရာ ဖြစ်သည်။ ပထမဦးစွာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ပြင်ဆင်ခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရမည်၊ ဤသည်မှာ အလွန်အရေးကြီးသည်။ ပထမဦးစွာ ၎င်းတို့သည် ဤတာဝန်များအတွက် လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ကြီးကြပ်ရေးမှူးများကို စုဝေးစေရမည်။ ထို့နောက် ၎င်းတို့သည် တိကျသော စီစဉ်မှုများနှင့် အစီအစဉ်များကို ရေးဆွဲရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤအစီအစဉ်များနှင့်ပတ်သက်၍ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကြံပြုချက်များ သို့မဟုတ် စိတ်ကူးများကို တောင်းခံသင့်သည်။ ထို့နောက် လူတိုင်းသည် အလုပ်အစီအစဉ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများအားလုံးကို နားလည်ပြီး ရှင်းလင်းသည်အထိ၊ ဤအလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရမည်ကို လူတိုင်း သိရှိသည်အထိ အတူတကွ ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်။ ထိုအခါ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၏ ကနဦးအဆင့် ပြီးမြောက်သည်ဟု မှတ်ယူ၍ရသည်။ သို့ဆိုလျှင် လူတိုင်းက အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ရမည်ကို သိရှိသည်နှင့် တစ်ပြိုင်နက် ယင်းသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့် တာဝန် ပြီးမြောက်သွားသည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အသေးစိတ်ကျသော ကိစ္စအချို့နှင့် အထူးအခြေအနေများကို အလုပ်အစီအစဉ်များတွင် မဖော်ပြထားသော်လည်း ယင်းတို့မှာ အမှန်တကယ် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများ ဖြစ်သည်။ အလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့နေစဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအထူးအခြေအနေများ၊ ဖြေရှင်းသင့်သည့် ဤကိစ္စများကို ဖော်ထုတ်သင့်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည့်အပြင် တစ်ချိန်တည်းမှာပင် ၎င်းတို့အတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကိုလည်း ရေးဆွဲသင့်သည်။ ဤနည်းအားဖြင့် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင်၊ မည်သည့် စည်းမျဉ်းများကို လိုက်နာရမည်ဟူသည်နှင့် မည်သည့် ပြဿနာများအား ဖြေရှင်းရမည် ဟူသည်တို့ကို သိရှိကြလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအပေါ် ထားရှိသင့်သည့် အနိမ့်ဆုံးသော သိနားလည်မှုနှင့် သဘောထား ဖြစ်သည်။ အသင်းတော်အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များ သင်ယူရန်အတွက် အစမှတ်အဖြစ် ဤတာဝန်ကို မှတ်ယူ၍ရသည်။ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ လမ်းပြမှုပေးခြင်းနှင့် စီစဉ်မှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် အချို့သော တကယ့် အခက်အခဲများနှင့် အထူးအခြေအနေများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ သဘောထားပြီး ကိုင်တွယ်ရန် သင်ယူကြသည်။ ထိုအခါမှသာ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ကြပေသည်။

၁။ လမ်းပြမှုပေးခြင်း

အလုပ်တာဝန်တစ်ခုအတွက် ကနဦး လမ်းပြမှုပေးသည့်အခါ အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးခြင်းအပြင် သာမန်အစွမ်းအစနှင့် အတော်အတန် ညံ့ဖျင်းသော အလုပ်လုပ်နိုင်စွမ်းရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ တိကျပြီး အသေးစိတ်ကျသော လမ်းပြမှု ပေးသင့်သည်။ ဤလူတို့သည် အလုပ်တာဝန်တစ်ခုအတွက် စည်းမျဉ်းများနှင့် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို အယူဝါဒအရ နားလည်နိုင်သော်လည်း အမှန်တကယ် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လာသည့်အခါ ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည့် အနည်းငယ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင် မည်သို့ သဘောထားသင့်သနည်း။ လူအချို့က “အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက အလုပ်ကို မလုပ်နိုင်လျှင် သူ့ကို အစားထိုးရန် ပိုကောင်းသော အစွမ်းအစရှိသည့် တစ်စုံတစ်ဦးကို အဘယ်ကြောင့် မရှာသနည်း”ဟု ပြောကြသည်။ ဤနေရာတွင် အခက်အခဲ ရှိသည်။ အချို့သော အသင်းတော်များက ပိုကောင်းသောသူ တစ်ဦးတလေကို ရှာမတွေ့နိုင်ပေ။ ထိုအသင်းတော်များတွင် လူတိုင်းသည် ဘုရားသခင်ကို နှစ်ကာလအရေအတွက် အတူတူပင် ယုံကြည်ခဲ့ကြပြီးဖြစ်ကာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုတွင် အကြမ်းဖျင်းအားဖြင့် တူညီကြသည်။ အထူးသဖြင့် လူတိုင်း၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းမှာ သာမန်မျှသာ ဖြစ်သည်။ ပိုကောင်းသော တစ်စုံတစ်ဦးကို ရှာဖွေရန်အတွက်၊ သင်သည် အခြားအသင်းတော်များမှ လူများကို ပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်သော်လည်း ထိုနေရာတွင် ထိုသို့လုပ်ဆောင်ရန် အလွန်အဆင်မပြေသည့်အပြင် အမှန်တကယ် သင့်တော်သော သူများလည်း တစ်ဦးတလေမျှ မရှိပေ။ သင်သည် ဒေသခံအသင်းတော်မှ အတော်အတန် သင့်တော်သော သူများကိုသာ ရွေးချယ်နိုင်သည်။ ၎င်းတို့၏ အလုပ်သည် သတ်မှတ်ထားသော စံနှုန်းများကို မပြည့်မီပါက၊ ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့အား အလုပ်ကို မည်သို့လုပ်ဆောင်ရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည်တို့ကို တိကျစွာ ပြောပြရန် လိုအပ်သည်။ ဤတာဝန်အတွက် မည်သူ့ကို ခန့်အပ်ပြီး တာဝန်ယူစေသင့်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် မည်သည့် လူများကို ရွေးချယ်သင့်သည်ဟူသည်တို့ကို ၎င်းတို့အား သင် ပြောပြသင့်သည်။ ဤအသေးစိတ်အချက်များအားလုံးကို ၎င်းတို့အား ရှင်းပြပြီး ဤအရာကို ၎င်းတို့အား ဆောင်ရွက်စေလော့။ အဘယ်ကြောင့် ဤနည်းဖြင့် လုပ်ဆောင်သင့်သနည်း။ အကြောင်းမှာ ဒေသခံအသင်းတော်၏ အသင်းသားများသည် ယေဘုယျအားဖြင့် အတွေ့အကြုံ အလွန်နုနယ်သေးပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ကြသဖြင့် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအားဖြင့်သာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ပေသည်။ အကယ်၍ သင်သည် ဤနည်းလမ်းဖြင့် အလုပ်မလုပ်သည့်အပြင် ဤလူတို့ကို အခြားခေါင်းဆောင်များနှင့် အမှုဆောင်များကဲ့သို့ပင် အလားတူ ဆက်ဆံကာ တိကျသော စည်းမျဉ်းများနှင့် အစီအစဉ်များအကြောင်းကိုသာ ၎င်းတို့အား ပြောပြပြီး တန်းတူဆက်ဆံပါက အလုပ်အစီအစဉ်များက အကောင်အထည်ပေါ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအရာကို အာရုံမစိုက်ပါက တာဝန်ပျက်ကွက်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “အခြားသူများသည် အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရမည်ကို သိကြသည်၊ ဤလူက အဘယ်ကြောင့် မသိသနည်း။ သူတို့ မသိလျှင် သူတို့နှင့်ပတ်သက်၍ ကျွန်ုပ် ဂရုစိုက်မည် မဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ဘက်ကတော့ တာဝန်ကျေပြီ” ဟု ပြောကြသည်။ ဤကျိုးကြောင်းဆင်ခြင်ချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) ဥပမာအားဖြင့် မိခင်တစ်ဦးတွင် ကလေးသုံးယောက်ရှိပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ အားနည်းကာ အမြဲတမ်း ဖျားနာပြီး အစာမစားချင်ဟု ဆိုကြပါစို့။ အကယ်၍ မိခင်က ဤကလေးကို အစာမစားဘဲ နေခွင့်ပြုပါက ထိုကလေးသည် ကြာကြာ ရှင်သန်နိုင်မည် မဟုတ်ပေ။ သူမ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိခင်တစ်ဦးအနေဖြင့် သူမသည် ထိုအားနည်းသော ကလေးကို အထူးဂရုစိုက်ပေးရမည်။ မိခင်က “ကျွန်မ၏ ကလေးများကို တန်းတူရည်တူ ဆက်ဆံခြင်းက လုံလောက်နေပြီဖြစ်သည်။ ဤကလေးကို ကျွန်မ မွေးခဲ့ပြီး သူ့အတွက် အစားအသောက် ပြင်ဆင်ပေးခဲ့သည်။ ကျွန်မ၏ တာဝန်ကို ကျွန်မ ဖြည့်ဆည်းပြီးဖြစ်သည်။ သူ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ကျွန်မ ဂရုမစိုက်ပါ။ သူ မစားလျှင် ဗိုက်ဆာပါစေ၊ သူ တကယ် ဗိုက်ဆာလောက်သည့်အခါ၊ စားပါလိမ့်မည်”ဟု ပြောသည် ဆိုကြပါစို့။ ဤမိခင်မျိုးကို သင်တို့ မည်သို့ထင်သနည်း။ (သူမသည် တာဝန်မဲ့ပါသည်။) ဤကဲ့သို့သော မိခင်များ ရှိသလော။ ဉာဏ်ထိုင်းသော အမျိုးသမီး သို့မဟုတ် မိထွေးတစ်ဦးသာ ထိုသို့ဖြစ်ပေမည်။ အကယ်၍ သူမသည် တကယ့်မိခင်ရင်းဖြစ်ပြီး ဉာဏ်မထိုင်းပါက မိမိ၏ ကိုယ်ပိုင်ကလေးကို ဤကဲ့သို့ မည်သည့်အခါမျှ ဆက်ဆံမည် မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) အကယ်၍ ကလေးတစ်ဦးသည် အားနည်းပါက၊ အမြဲတမ်း ဖျားနာကာ အစာမစားချင်ပါက ၎င်းတို့၏ မိခင်သည် ပို၍ ဂရုစိုက်ပြီး အားထုတ်ပေးရမည်။ သူမသည် ကလေးကို အစာစားလာစေရန် နည်းလမ်းများ ရှာဖွေရမည်၊ ကလေး စားချင်သမျှကို ချက်ပြုတ်ပေးရမည်၊ ၎င်းတို့အတွက် အထူးအစားအစာများ ပြင်ဆင်ပေးရမည်ဖြစ်ပြီး၊ ကလေးက အစာမစားချင်သည့်အခါ ချော့မော့ကျွေးရမည်ဖြစ်သည်။ ၎င်းတို့က အသက် ဆယ့်ရှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်သို့ ရောက်ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်သည် သာမန်လူကြီးတစ်ဦးကဲ့သို့ ကျန်းမာလာသောအခါ မိခင်သည် စိတ်အေးလက်အေးဖြစ်ကာ ထိုသို့လုပ်ဆောင်ခြင်းကို ရပ်နိုင်ပြီး ဤကလေးကို အထူးဂရုစိုက်ပေးရန် မလိုအပ်တော့ပေ။ အကယ်၍ မိခင်တစ်ဦးသည် အထူးအခြေအနေများရှိသော ကလေးတစ်ဦးကို ဤကဲ့သို့ သဘောထားပြီး သူမ၏ တာဝန်ကို ဖြည့်ဆည်းနိုင်လျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးနှင့် ပတ်သက်၍ကော မည်သို့နည်း။ ညီအစ်ကိုမောင်နှမများအတွက် သင်သည် မိခင်တစ်ဦး၏ မေတ္တာမျိုးပင် မရှိပါက တာဝန်မဲ့သူသာ ဖြစ်သည်။ သင်သည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်၊ သင်သည် အတော်အတန် အားနည်းပြီး အလုပ်လုပ်နိုင်စွမ်း အတော်အတန် ညံ့ဖျင်းသူများ တာဝန်ယူထားသည့် အသင်းတော်များကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များတွင် အထူးဂရုပြုပြီး အထူးလမ်းပြမှု ပေးရမည်။ အထူးလမ်းပြမှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပြင် သင်သည် ပို၍ တိကျပြီး အသေးစိတ်ကျသော ညွှန်ကြားမှုနှင့် အကူအညီကိုလည်း ပေးရမည်ဖြစ်ပြီး ယင်းမှာ ဆက်သွယ်ပြောဆိုရာတွင် ပို၍ အားထုတ်ရန် လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်ကို ၎င်းတို့အား ရှင်းပြပြီး ၎င်းတို့ နားမလည်သေးသည့်အပြင်၊ မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါက၊ သို့မဟုတ် ၎င်းတို့သည် ယင်းကို အယူဝါဒအရ နားလည်ပြီး မည်သို့ အကောင်အထည်ဖော်ရမည်ကို သိပုံရသော်လည်း၊ အမှန်တကယ် အကောင်အထည်ဖော်မှုက မည်သို့ဖြစ်လိမ့်မည်ကို သင် မသေချာသေးသည့်အပြင် အနည်းငယ် စိုးရိမ်နေပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို လမ်းပြရန်နှင့် တာဝန်ကို ၎င်းတို့နှင့်အတူ အကောင်အထည်ဖော်ရန် ဒေသခံအသင်းတော်ထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားရန် လိုအပ်သည်။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြရင်း၊ တစ်ချိန်တည်းတွင် အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များနှင့်အညီ ဦးစွာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ ဆက်လက်၍ မည်သည့်အရာကို လုပ်ရမည်၊ လူတို့အား မည်သို့ ကောင်းစွာ ခွဲဝေပေးရမည်ဟူသကဲ့သို့သော တိကျသော စီစဉ်မှုများ ပြုလုပ်ရမည်။ ဤအရာများအားလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲရမည်။ ဤသည်မှာ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း သို့မဟုတ် လက်ညှိုးထိုး ခိုင်းစေခြင်း၊ အယူဝါဒအချို့ဖြင့် ၎င်းတို့ကို ဟောပြောပို့ချပြီးနောက် သင်၏အလုပ် ပြီးပြီဟု မှတ်ယူခြင်းတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏အလုပ်တွင် ၎င်းတို့ကို လက်တွေ့ကျကျ လမ်းပြခြင်း ဖြစ်သည်။ ယင်းမှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သည့်အပြင် ဆောင်ပုဒ်များ ကြွေးကြော်ခြင်းနှင့် လူတို့ကို ဩဇာပေးခြင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ မဟုတ်ပေ။ ဒေသခံအသင်းတော် ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက အလုပ်ကို တာဝန်ယူနိုင်ပြီး အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားကာ အခြေခံအားဖြင့် ကြီးမားသော ပြဿနာများ မရှိတော့သည့်အခါမှသာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ထွက်သွား၍ရသည်။ ဤသည်မှာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်တွင် ဖော်ပြထားသည့် ပထမဆုံး တိကျသော တာဝန်ဖြစ်သည့် လမ်းပြမှုပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် လမ်းပြမှုကို အတိအကျ မည်သို့ ပေးသင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အလုပ်အစီအစဉ်များကို တွေးဆဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်အစီအစဉ်များ၏ အမျိုးမျိုးသော တိကျသည့် သတ်မှတ်ချက်များကို လေ့လာပြီး နားလည်သဘောပေါက်ခြင်း၊ အလုပ်အစီအစဉ်များအတွင်းရှိ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ထို့နောက် ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် အဆင့်အားလုံးတွင်ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်အတူ တိကျသော အစီအစဉ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် ၎င်းတို့သည် အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးသင့်ပြီး နောက်ဆုံးတွင် အတော်အတန် အားနည်းပြီး အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ အသေးစိတ်ကျပြီး တိကျသော အကူအညီနှင့် ညွှန်ကြားမှုကို ပေးသင့်သည်။ အကယ်၍ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ကို လုံးဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တာဝန်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပြီး အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ဟူသည်နှင့် စည်းမျဉ်းများနှင့်အညီ အလုပ်အား မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည်တို့ကို ၎င်းတို့အား သင်ယူစေသင့်သည်။ ဤအဆင့်များကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သော်လည်း ယင်းတို့ကို အကောင်အထည်ဖော်ရန် လွယ်ကူသလော။ ပါဝင်သည့် အခက်အခဲများ ရှိသလော။ အချို့က “သင်က ယင်းကို ရိုးရှင်းပုံပေါက်စေသည်။ သို့သော် ယင်းကို အကောင်အထည်ဖော်ခြင်းက ထိုမျှမလွယ်ကူပါ။ တစ်ခါတစ်ရံ အလုပ်အစီအစဉ်များသည် အလွန်ရှုပ်ထွေးပြီး မည်သူမျှ ယင်းတို့အား မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါ”ဟု ပြောကောင်းပြောနိုင်သည်။ အလုပ်အစီအစဉ်များ၏ တိကျသော လိုအပ်ချက်များကို မိတ်သဟာယဖွဲ့ခြင်းနှင့် လက်တွေ့ကျသော ပုံစံဖြင့် လမ်းပြမှုပေးခြင်းဟူသည့် ပထမဆုံး တာဝန်တစ်ခုတည်းကိုပင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အတော်ပင် အားစိုက်ရသည်ဟု မြင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဤတိကျသော တာဝန်များကို မည်သည့်အခါကမျှ မလုပ်ဆောင်ဖူးပါ၊ ထို့ကြောင့် ၎င်းတို့အကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ပြီး လမ်းပြမှုပေးရမည်ကို ကျွန်ုပ်မသိပါ။ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များ၏ တိကျသော စကားလုံးများအတိုင်း လိုက်လုပ်သင့်သည်။ မိတ်သဟာယဖွဲ့ရမည့်အရာ မည်သည့်အရာ ရှိသနည်း။ ယင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည် မဟုတ်လော”ဟု ပြောကြသည်။ ၎င်းတို့သည် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြ၊ ဆောင်ပုဒ်များ ကြွေးကြော်ရန်သာ သိကြသည်။ “ကျွန်ုပ်တို့ ဤအလုပ်ကို ကောင်းစွာ အကောင်အထည်ဖော်ရမည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လုံးဝ ကြံ့ကြံ့ခံရမည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မျှော်လင့်ချက်များကို အလဟဿ မဖြစ်စေရ။ ယင်းကို မည်သို့လုပ်ဆောင်ရမည်နှင့် ပတ်သက်၍မူ သင်တို့ဘာသာသင်တို့ နားလည်အောင်လုပ်ဆောင်သင့်သည်” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော အရာများကို ပြောသည့်လူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် အလုပ်ကို လုပ်နိုင်သလော။ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း ရှိသလော။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသလော။ (ညံ့ဖျင်းပါသည်။)

မည်သည့်အရာပင် ဖြစ်ပျက်ပါစေ၊ ယင်းမှာ ကိစ္စကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင်သည် အကဲဖြတ်ချက်တစ်ခု မပြုလုပ်မီတွင် ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေသင့်သည့်အပြင် သေချာစွာနှင့် စေ့စေ့စပ်စပ် တွေးတောဆင်ခြင်သင့်သည်။ အကယ်၍ လူတစ်ဦးတွင် ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိပါက ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ ဆုတောင်းရန်၊ ဘုရားသခင်၏ အကူအညီကို တောင်းလျှောက်ရန်နှင့် သမ္မာတရားကို နားလည်သောသူများထံမှ ပို၍ ရှာဖွေရန်မှာ သာ၍ပင် အရေးကြီးသည်။ ထို့အပြင် အသင်းတော်အလုပ်ရှိ အဓိကကိစ္စရပ်များနှင့် တာဝန်များ ထမ်းဆောင်နေစဉ် ကြုံတွေ့ရသည့် အဓိကကိစ္စရပ်များအတွက် သင်သည် အများသဘောတူညီချက် ရရှိရန်နှင့် နောက်ဆုံးတွင် တိကျပြီး လက်တွေ့ကျသည့် လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်တစ်ခုကို ရေးဆွဲရန် သက်ဆိုင်သူများနှင့် မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရမည်။ ဤအစီအစဉ်သည် သေချာသော စဉ်းစားဆင်ခြင်မှုနှင့် တိုင်ပင်ဆွေးနွေးမှုတို့မှတစ်ဆင့် စွမ်းဆောင်ရရှိသည့် အများသဘောတူညီချက်တစ်ခု ဖြစ်သင့်ပြီး မည်သည့်အဆင့်မဆိုတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များရှေ့တွင် ခိုင်လုံသင့်သည်။ ခိုင်လုံသော လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်များကို ရေးဆွဲနိုင်သူများသည် ပုံမှန် စဉ်းစားတွေးခေါ်မှု ရှိသည်ဟု မှတ်ယူရသည်။ အကယ်၍ အရေးကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူတစ်ဦး၏ အတွေးများထဲတွင် တိကျခိုင်မာသည့်အရာ တစ်ခုမျှ မရှိဘဲ၊ လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများကို မစဉ်းစားနိုင်ဘဲ ပြဿနာများကို ကိုင်တွယ်ရန် စည်းမျဉ်းများအစား ရိုးရှင်းသော သဘောတရားဆန်သည့် ဆောင်ပုဒ်များကိုသာ အသုံးပြုပါက ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ထိုသို့သောလူတစ်ဦးတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှုအရာများကို စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသလော။ (မရှိပါ။) စဉ်းစားတွေးခေါ်နိုင်စွမ်း ကင်းမဲ့သောသူသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ (အစွမ်းအစ ညံ့ဖျင်းသောသူ ဖြစ်ပါသည်။) ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသောသူ ဖြစ်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဥပမာတစ်ခု ကြည့်ကြစို့။ သင်သည် ပင်လယ်ရပ်ခြားတွင် နေထိုင်နေပြီး တစ်နေ့တွင် သင်သည် တရားရုံးဆင့်ခေါ်စာ တစ်စောင်ကို ရုတ်တရက် လက်ခံရရှိသည် ဆိုကြပါစို့။ ဤသည်မှာ အတော်ပင် မျှော်လင့်မထားသည့်အပြင် ရုတ်တရက်ဖြစ်သည် မဟုတ်လော။ ပထမဦးစွာ သင်သည် တရားမဝင်သည့်အရာ မည်သည့်အရာမျှ မလုပ်ဆောင်ထားပေ။ ဒုတိယအနေဖြင့် သင်သည် မည်သည့်တရားစွဲဆိုမှုကိုမျှ မပြုလုပ်ထားသည့်အပြင် မည်သူကမျှ သင့်အား တစ်ခုတလေနှင့်ပတ်သက်၍ စွပ်စွဲကြောင်းလည်း သင် မကြားဖူးပေ။ သင်သည် ယင်းနှင့်ပတ်သက်သည့် မည်သည့်အခြေအနေကိုမျှ မသိဘဲ ဆင့်ခေါ်စာကို လက်ခံရရှိခြင်း ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သာမန်လူတစ်ဦးတွင် ရှိမည့် ပထမဆုံး ခံစားချက်မှာ အဘယ်နည်း။ တရားဥပဒေရေးရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရခြင်းက ၎င်းတို့အား အနည်းငယ် ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်း ဖြစ်စေမည်။ ယင်းက ၎င်းတို့ကို အငိုက်မိသလို ခံစားရစေမည်ဖြစ်ပြီး တကယ်ကို အစာစားချင်စိတ်မရှိခြင်း ဖြစ်စေမည်။ လူတစ်ဦးသည် အရေးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ရဲရင့်သည်ဖြစ်စေ ကြောက်တတ်သည်ဖြစ်စေ၊ လူကြီးဖြစ်စေ ကလေးဖြစ်စေ မည်သူမျှ ထိုသို့သောအခြေအနေမျိုးကို မကြုံတွေ့လိုကြပေ၊ အကြောင်းမှာ ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ လူတို့သည် မတူညီသော နည်းလမ်းနှစ်မျိုးဖြင့် တုံ့ပြန်ကြသည်။ ပထမလူစားမျိုးက “ငါဟာ တရားမဝင်တဲ့အရာ ဘာတစ်ခုမှ မလုပ်ထားဘူး၊ အစိုးရစည်းမျဉ်းစည်းကမ်း တစ်ခုလည်း မချိုးဖောက်ထားပါ။ ငါ မည်သည့်အရာကို ကြောက်ရမည်နည်း။ ဤသည်မှာ အရာရာတိုင်းကို သက်သေအထောက်အထားအပေါ် အခြေခံသည့် ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်သည်။ ငါ မည်သည့်အမှားမျှ မလုပ်ထားသည့်အတွက် သူတို့ ငါ့ကို တရားစွဲလျှင်ပင် အရေးယူဖို့ မည်သည့်သက်သေမျှ ရှိမည်မဟုတ်ပါ။ ငါ မည်သည့်အရာမျှ ကြောက်စရာမလိုပါ။ ဆင့်ခေါ်စာတစ်စောင်က မည်သည့်အရာ လုပ်ဆောင်နိုင်မည်နည်း။ တည်ကြည်ဖြောင့်မှန်သူတစ်ဦးက စွပ်စွဲမှုများကို ကြောက်ရန် မလိုပါ။ ငါ့အတွက် ခုခံကာကွယ်ပေးဖို့ ရှေ့နေတစ်ယောက် ငှားလိုက်မည်။ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပါ” ဟု တွေးသည်။ ဤသို့ သေချာ တွေးပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဖိအားမခံစားရသည့်အပြင်၊ ၎င်းတို့၏ နေ့စဉ်ဘဝက ထိခိုက်မှုမရှိဘဲ ရှိနေသည်။ ဤသည်မှာ လူတစ်မျိုး၏ တုံ့ပြန်မှု ဖြစ်သည်။ ယခု ဒုတိယလူစားမျိုး၏ တုံ့ပြန်မှုကို ကြည့်ကြစို့။ ဆင့်ခေါ်စာကို လက်ခံရရှိပြီးနောက် ၎င်းတို့က “ငါ မည်သည့်ဥပဒေမျှ မချိုးဖောက်သည့်အပြင်၊ မည်သည့်ပြစ်မှုမျှလည်း မကျူးလွန်ထားပါ။ သို့ဆိုလျှင် ဤသည်မှာ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ ငါ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်နိုင်မည်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းက တရားမဝင် မဟုတ်ပါ။ တစ်စုံတစ်ယောက်က ငါ့ကို တမင်သက်သက် လုပ်ကြံပြီး တိုင်ကြားခဲ့ခြင်း ဖြစ်နိုင်သလော။ ဤသည်မှာ ပိုဖြစ်နိုင်ခြေရှိသည်။ သို့သော် အခြားတစ်စုံတစ်ရာ ဖြစ်နိုင်မည်လော။ ငါ ရှေ့နေတစ်ယောက်နှင့် တိုင်ပင်ပြီး အဘယ်ကြောင့် ဆင့်ခေါ်စာရရှိသည်၊ တရားလိုက မည်သူဖြစ်သည်ဟူသည်တို့ကို သိရဖို့ ရှေ့နေအား တရားရုံးကို သွားခိုင်းရန် လိုသည်။ တန်ပြန်ဖြေရှင်းနည်းတစ်ခုကို မဆုံးဖြတ်ခင် ဤအကြောင်းရင်းမှန်ကို သိအောင်လုပ်ဖို့ လိုသည်။ အကယ်၍ ဤသည်မှာ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည်ဟု ရှေ့နေက ပြောလျှင်၊ ငါ တန်ပြန်ဖြေရှင်းနည်းတစ်ခုကို ကြံစည်ဖို့ လူတွေကို အမြန်ရှာဖွေရန် လိုအပ်ပြီး ငါ့ရန်သူက ငါ့ကို အရေးယူဖို့ တစ်စုံတစ်ရာ မတွေ့စေရန် ငါ၏ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် စာအုပ်များ သို့မဟုတ် အခြားအရာများကိုလည်း အမြန် ဝှက်ထားဖို့ လိုသည်” ဟု တွေးသည်။ ဤကနဦးအတွေးများအပြီးတွင် ၎င်းတို့သည် ဆင့်ခေါ်စာလက်ခံရရှိခြင်းနှင့်ပတ်သက်၍ မည်သည့် တိကျသော ကောက်ချက်ချမှုများ သို့မဟုတ် တိကျသော အကဲဖြတ်ချက်များကိုမျှ မပြုလုပ်ရသေးသော်လည်း တိကျသော လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်ကို စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနှင့်ပြီး ဖြစ်သည်။ အစီအစဉ် (က) အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ အစီအစဉ် (ခ) အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ ပြီးလျှင် နှစ်ခုစလုံး လက်တွေ့မကျပါက နောက်တစ်ဆင့် မည်သည့်အရာကို လုပ်သင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ်နှင့် သေချာစွာ စဉ်းစားသည်။ ၎င်းတို့သည် ဦးစွာ စိတ်ကိုတည်ငြိမ်စေပြီး မိမိတို့ စိတ်နှလုံးထဲတွင် အမြန်ဆုတောင်းသည်၊ ထို့နောက် မိမိတို့ကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ဤကိစ္စကို ကိုင်တွယ်ရန် ချက်ချင်း စတင်လုပ်ဆောင်သည်။ တစ်နေ့အတွင်းမှာပင် ၎င်းတို့သည် ဤအရာအားလုံးကို သိရှိနားလည်ပြီး မည်သို့ ရှေ့ဆက်ရမည်ကို သိရှိသွားသည်။ ဤကိစ္စ၏ နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်စေ၊ ပထမဆုံးအနေဖြင့် ဤလူစားနှစ်မျိုးကို ကြည့်ကြစို့။ မည်သူက ပြဿနာများကို စေ့စပ်စွာ စဉ်းစားနိုင်စွမ်း ရှိသနည်း။ မည်သူက အစွမ်းအစ ရှိသနည်း။ (ဒုတိယလူ ဖြစ်ပါသည်။) ဒုတိယလူတွင် အစွမ်းအစ ရှိသည်မှာ သိသာထင်ရှားသည်။ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုရှိရုံမျှသည် အစွမ်းအစ ရှိခြင်းနှင့် မညီမျှပေ။ လူတစ်ဦးသည် စဉ်းစားတွေးခေါ်နိုင်ရမည်၊ ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်ရမည်ဖြစ်ပြီး ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ရှိရမည်။ စဉ်းစားတွေးခေါ်ခြင်း လုပ်ငန်းစဉ်တွင် ၎င်းတို့သည် တိကျသော အကဲဖြတ်ချက်များ ချနိုင်ရမည်ဖြစ်ပြီး တိကျသော လုပ်ဆောင်မှု အစီအစဉ်များကို ရေးဆွဲနိုင်ရမည်။ ဤလူစားမျိုးသာ အစွမ်းအစ ရှိသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလွန်ကြောက်တတ်ပုံရပြီး ကိစ္စငယ်များပင်လျှင် သတိထားကာ ဂရုတစိုက်လုပ်ဆောင်ပြီး ကိစ္စငယ်များကို အရေးပါသောအရာအဖြစ် သဘောထားပေမည်။ သို့ရာတွင် ၎င်းတို့ ပြဿနာများကို ကိုင်တွယ်သည့် နည်းလမ်းနှင့် ပုံစံက ဤလူတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ပြဿနာများကို စေ့စပ်စွာ စဉ်းစားကာ ကိုင်တွယ်နိုင်စွမ်း ရှိကြောင်း သက်သေပြသည်။ ဆန့်ကျင်ဘက်အားဖြင့် ပထမလူစားမျိုးသည် အလွန်ရဲရင့်ပြီး မည်သည့်အရာကိုမျှ မကြောက်ပေ။ ၎င်းတို့ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ “ငါ မည်သည့်အမှားမျှ မလုပ်ထားပါ။ မည်သည့်အရာ မှားယွင်းသည်ဖြစ်စေ၊ ယင်းကို ပြင်ဖို့ ပိုပြီးစွမ်းဆောင်နိုင်သောလူတစ်ယောက် အမြဲရှိနေမည်ဖြစ်သည်။ ငါမည်သည့်အရာကို ကြောက်ရမည်နည်း” ဟု ရိုးရှင်းစွာ တွေးသည်။ ၎င်းတို့သည် အပူအပင်ကင်းပြီး လွယ်ကူသောဘဝတစ်ခုကို အသက်ရှင်နေထိုင်သော်လည်း အနည်းငယ် မိုက်ရူးရဲဆန်ပြီး ဉာဏ်ထိုင်းသည် မဟုတ်လော။ ဤလူစားမျိုးသည် ဆောင်ပုဒ်များကို ကျယ်လောင်စွာ ကြွေးကြော်ပြီး ၎င်းတို့ပြောသည့်အရာမှာ မမှားသော်လည်း ၎င်းတို့တွင် မည်သည့်အရာ ချို့တဲ့နေသနည်း။ (၎င်းတို့တွင် ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိသည့်အပြင် ပြဿနာများကို စေ့စပ်စွာ စဉ်းစားနိုင်စွမ်းလည်း ချို့တဲ့ပါသည်။) ၎င်းတို့၏ ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိခြင်းသည် မည်သည့်နေရာတွင် သိသာထင်ရှားသနည်း။ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ ရုတ်တရက် ဖြစ်ပေါ်လာသည့်အရာဖြစ်စေ၊ ၎င်းတို့ သိနှင့်ပြီးသားအရာဖြစ်စေ ယင်းကို ၎င်းတို့ စဉ်းစားဆင်ခြင်နိုင်ခြင်း သို့မဟုတ် အကဲဖြတ်နိုင်ခြင်း မရှိသောကြောင့် သဘာဝအားဖြင့် ၎င်းတို့တွင် ပြဿနာကို ကိုင်တွယ်ရန် အစီအစဉ် သို့မဟုတ် ယင်းကို ဖြေရှင်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤသည်မှာ အလွန်သိသာထင်ရှားသည်။ အပြင်ပန်းမှကြည့်လျှင် ဤလူစားမျိုးသည် စကားပြောကောင်းပုံရပြီး အယူဝါဒများကို ပြောနိုင်ကာ စိတ်ဓာတ်တက်ကြွစေနိုင်သည်။ ၎င်းတို့တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစ ရှိပုံရသည်။ သို့ရာတွင် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပေ။ ၎င်းတို့သည် စကားလုံးအချို့နှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ပြီး ဆောင်ပုဒ်များကိုသာ ကြွေးကြော်နိုင်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ပါးနပ်ပုံရသော်လည်း ပြဿနာများ ကြုံတွေ့ရသည့်အခါ ပြဿနာများ၏ အကြောင်းရင်းများကို မဆန်းစစ်နိုင် သို့မဟုတ် အကဲမဖြတ်နိုင်သည့်အပြင်၊ ပြဿနာများ ဆက်လက်ကြီးထွားလာပါက ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကိုလည်း မသုံးသပ်နိုင်ပေ။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်ရန် မဆိုထားနှင့်၊ ဤကိစ္စရပ်များကို ၎င်းတို့၏ စိတ်ထဲတွင် ရှင်းလင်းအောင် မလုပ်နိုင်ကြပေ။ ထိုသို့သောလူသည် စကားပြောကောင်းပုံရသော်လည်း အမှန်တကယ်တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်ပေ။ အလားတူပင် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသည့်အခါ ယင်းကို ဖတ်ရှုပြီး စာသားအတိုင်းသာ ရှင်းပြနိုင်ကာ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်ကို ထုတ်ပြန်ကာ စုဝေးပွဲများတွင် ယင်း၏ အဓိကအချက်များကို မိတ်သဟာယဖွဲ့နိုင်သော်လည်း အလုပ်အစီအစဉ်၏ တိကျသော သတ်မှတ်ချက်များ၊ စည်းမျဉ်းများ၊ အာရုံစိုက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ အထူးအခြေအနေများ စသည်တို့အတွက် တိကျသော စီစဉ်မှုများအား မည်သို့ပြုလုပ်ရမည်ဟူသည်နှင့် တိကျသော လမ်းပြမှုအား မည်သို့ပေးရမည်ဟူသည်တို့ကို မသိသည့်အပြင်၊ အစီအစဉ်များ၊ စိတ်ကူးများ မရှိဖြစ်ကာ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိပါက ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပေသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် ပထမဆုံး တာဝန်ဖြစ်သော လမ်းပြမှုပေးခြင်းက လွယ်ကူခြင်း သို့မဟုတ် ရိုးရှင်းခြင်း မရှိပေ။ ဤပထမဆုံး တာဝန်က ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိမရှိဟူသည်ကို စမ်းသပ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ဤအစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့သည် အလုပ်အစီအစဉ်များအတွက် တိကျသော လမ်းပြမှုကို ပေးနိုင်မည်မဟုတ်သည့်အပြင်၊ ယင်းတို့ကို အကောင်အထည်ဖော်နိုင်လိမ့်မည်လည်း မဟုတ်ပေ။

၂။ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပံ့ပိုးပေးခြင်း

ဆက်လက်၍ “ကြီးကြပ်မှု” အလုပ်တာဝန်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ တိုက်ရိုက်အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင် ကြီးကြပ်ခြင်းဟူသည်မှာ စစ်ဆေးခြင်းကို ဆိုလိုသည်။ မည်သည့်အသင်းတော်များက အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်ကာ မည်သည်တို့က အကောင်အထည်မဖော်ရသေးကြောင်း၊ အကောင်အထည်ဖော်ခြင်း တိုးတက်မှုအခြေအနေ၊ မည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နေကြပြီး မည်သည်တို့က လုပ်ဆောင်နေခြင်း မရှိကြောင်းကိုလည်းကောင်း၊ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ တစ်ဦးတလေသည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်နေခြင်းမရှိဘဲ အလုပ်အစီအစဉ်များကို ခွဲဝေပေးနေရုံသာ ရှိမရှိဟူသည်ကိုလည်းကောင်း စစ်ဆေးခြင်း ဖြစ်သည်။ ကြီးကြပ်ခြင်းသည် တိကျသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ အလုပ်အစီအစဉ်များကို ကြီးကြပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းအပြင် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိ၊ အကောင်အထည်ဖော်ခြင်း၏ မြန်ဆန်မှုနှုန်း၊ အကောင်အထည်ဖော်ခြင်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရရှိသည့် ရလဒ်များတို့ကဲ့သို့သော အလုပ်အစီအစဉ်များကို ကြီးကြပ်ခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအား တစ်သဝေမတိမ်း လိုက်နာနေကြခြင်း ရှိမရှိဟူသည်ကို အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များက စစ်ဆေးကြရမည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ် အစီအစဉ်များကို လိုက်နာရန် ၎င်းတို့ လိုလားသည်ဟု အပြင်ပန်းအားဖြင့် ပြောကြသော်လည်း ပတ်ဝန်းကျင်တစ်ခုခုနှင့် ရင်ဆိုင်ရပြီးနောက်တွင် အဖမ်းခံရမည်ကို ၎င်းတို့ ကြောက်ရွံ့ပြီး အလုပ်အစီအစဉ်ကို အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ စိတ်ထဲတွင် ချောင်ထိုးထားကြလျက် ပုန်းကွယ်ဖို့ကိုသာ အာရုံစိုက်ကြလေသည်။ ညီအစ်ကို မောင်နှမများ၏ ပြဿနာများက ပြေလည်မသွားသကဲ့သို့ အလုပ် အစီအစဉ်များက မည်သည့်အရာကို သတ်မှတ်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ဤအရာက အလုပ်အစီအစဉ်များအား လုံးဝ အကောင်အထည်မဖော်ရသေးကြောင်းကို ပြသပေသည်။ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်အစီအစဉ်များတွင် ရှိသည့် သတ်မှတ်ချက်အချို့အပေါ် ထင်မြင်ချက်များ၊ အယူအဆများနှင့် အတိုက်အခံလုပ်ခြင်း ရှိကြလေသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရမည့်အချိန် ရောက်လာသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း အမှုအရာများကို လုပ်ဆောင်လျက်၊ ဟန်ဆောင်လုပ်ပြကာ အမှုအရာများကို အပြီးသတ်လိုက်ဖို့သာ ပေါ့ပေါ့တန်တန် လုပ်ဆောင်လျက် သို့မဟုတ် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လျက်၊ မိမိတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို အမှုအရာများကို လုပ်ဆောင်လျက် အလုပ် အစီအစဉ်၏ စစ်မှန်သော အဓိပ္ပာယ်မှ သွေဖည်သွားကြလေသည်။ ထိုသို့သော အခြေအနေများအားလုံးက အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြီးကြပ်မှု လိုအပ်လေသည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ သွေဖည်ခြင်းမရှိဘဲ၊ စည်းမျဉ်းများအတိုင်း အလုပ်အစီအစဉ်များက တောင်းဆိုသည့် တိကျသော အလုပ်တာဝန်များကို သာ၍ကောင်းစွာ အကောင်အထည်ဖော်ရန် ဖြစ်သည်။ ကြီးကြပ်ခြင်းကို ဦးစီးဦးရွက်ပြုနေစဉ်တွင် အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အလုပ်လုပ်နေခြင်း မရှိသည့်သူ သို့မဟုတ် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် တာဝန်မဲ့နေပြီး နှေးကွေးနေသည့်သူ တစ်ဦးတလေ ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များနှင့် ပတ်သက်၍ အတိုက်အခံလုပ်သည့် စိတ်အခြေအနေတစ်ခုကို ပြပြီး ယင်းတို့ကို အကောင်အထည်ဖော်ရန် မလိုမလားဖြစ်နေခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို ရွေးပြီး အကောင်အထည်ဖော်ခြင်း ရှိမရှိ သို့မဟုတ် အလုပ်အစီအစဉ်များကို ယတိပြတ် လုံးဝ လိုက်နာခြင်းမရှိဘဲ ထိုအစား မိမိတို့ကိုယ်ပိုင် စီမံကိန်းကိုသာ ဆောင်ရွက်ကြခြင်း ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များကို ထိမ်ချန်ထားပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအား အလုပ်အစီအစဉ်များ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် တိကျသော သတ်မှတ်ချက်များကို သိခွင့်မပေးဘဲ ယင်းတို့ကို မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်းသာ ပြောပြနေကြခြင်း ရှိမရှိဟူသည်တို့ကို ရှာဖွေဖော်ထုတ်ခြင်းအပေါ် အလွန်အလေးထားရမည် ဖြစ်သည်။ ဤပြဿနာများကို ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းအားဖြင့်သာ အဆင့်မြင့်သော ခေါင်းဆောင်များက မည်သည့်အရာ အမှန်တကယ် ဖြစ်နေသည်ကို သိနိုင်ကြပေသည်။ အဆင့်မြင့်သော ခေါင်းဆောင်များက ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဦးစီးဦးရွက်ပြုခြင်းမရှိလျှင် ဤပြဿနာများကို ခွဲခြားသိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) မသိမြင်နိုင်ပေ။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို ပြောပြပြီး ဦးဆောင်လမ်းပြမှုကို တစ်ဆင့်ပြီးတစ်ဆင့် ပံ့ပိုးပေးရမည်သာမက အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင်လည်း အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးကြပ်ရမည်ဖြစ်သည်။ ဒေသဆိုင်ရာ ခေါင်းဆောင်များသည် ခရိုင်ခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်၊ ခရိုင် ခေါင်းဆောင်များက အသင်းတော် ခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်ပြီး အသင်းတော် ခေါင်းဆောင်များက အဖွဲ့အသီးသီး၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များနှင့်ဆိုင်သည့် အရာကို ယင်းတို့၏ တိကျသော သတ်မှတ်ချက်များအတိုင်း တိကျမှန်ကန်စွာ အကောင်အထည်ဖော်ခြင်းအား ပံ့ပိုးပေးရန် ဖြစ်သည်။ ထို့ကြောင့် ကြီးကြပ်သည့် အလုပ်တာဝန်က အလွန်အရေးကြီးပေသည်။ ကြီးကြပ်မှုကို ဦးစီးဦးရွက်ပြုသည့်အခါ ပတ်ဝန်းကျင်က ခွင့်ပြုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နေသူတို့နှင့် ထိတွေ့ဆက်ဆံရန် အသင်းတော်များတွင် ထဲထဲဝင်ဝင် ပါဝင်သင့်သည်။ ၎င်းတို့သည် မေးခွန်းများမေးခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ အလုပ်အကောင်အထည်ဖော်မှု အခြေအနေကို သိရှိနားလည်ပြီး သဘောပေါက်ခြင်းတို့ကို ပြုလုပ်သင့်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများ၌ မည်သည့်အခက်အခဲများနှင့် အတွေးများ ရှိသည်ကိုလည်းကောင်း၊ ဤအလုပ်၏ စည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း သိရှိနားလည်သင့်သည်။ ဤအရာအားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော တာဝန်များ ဖြစ်ကြသည်။ အထူးသဖြင့် အတော်အတန် ညံ့ဖျင်းသော အစွမ်းအစနှင့် လူ့သဘာဝရှိသည့်၊ မိမိတို့၏ အလုပ်တွင် အတော်အတန် တာဝန်မဲ့သော၊ သစ္စာမစောင့်သိသော၊ အတော်အတန် ပေါ့လျော့သောသူတို့အတွက်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို သာ၍ပင် ကြီးကြပ်ပြီး ညွှန်ကြားပေးရန် လိုအပ်သည်။ ကြီးကြပ်မှုနှင့် ညွှန်ကြားမှုကို မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်က “မြန်မြန်လုပ်ကြပါ။ အထက်က ကျွန်ုပ်တို့၏ အလုပ်အစီရင်ခံစာကို စောင့်နေသည်။ ဤအလုပ်တွင် နောက်ဆုံးသတ်မှတ်ရက် ရှိသည်၊ အချိန်မဆွဲနှင့်”ဟု ပြောသည် ဆိုကြပါစို့။ ဤသို့ တိုက်တွန်းနှိုးဆော်သည့်နည်းလမ်းက အလုပ်ဖြစ်မည်လော။ တိုက်တွန်းနှိုးဆော်ခြင်းဆိုသည်မှာ ၎င်းတို့ကို အနည်းငယ် တွန်းအားပေးလိုက်ရုံနှင့် ထိုမျှသာဖြစ်သလော။ ပိုကောင်းသော တိုက်တွန်းနှိုးဆော်နည်းမှာ အဘယ်နည်း။ သင်တို့ အလုပ်လုပ်သည့်အခါ တိုက်တွန်းနှိုးဆော်ခြင်းကို သင်တို့၏ အလုပ်တာဝန်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကြသလော။ (ထည့်သွင်းပါသည်။ အချို့သော တာဝန်များကို အချိန်မီ မလုပ်ဆောင်ဘဲထားသည်ကို ကျွန်ုပ်တွေ့မြင်ပါက ၎င်းတို့ အဘယ်ကြောင့် မလုပ်ဆောင်သည်ကို နားလည်ရန် ကြိုးစားမည်ဖြစ်ပြီး ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပေးမည် ဖြစ်ပါသည်။) အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိသောသူတစ်ဦးကို သင်တွေ့မြင်လျှင် သင်သည် တိကျသော လမ်းပြမှုနှင့် အကူအညီကို ပေးရမည်ဖြစ်ပြီး ၎င်းတို့အား ညွှန်ကြားမှုပေးရမည်။ တစ်စုံတစ်ဦးက ခိုကပ်နေသည်ကို သင်တွေ့မြင်လျှင် ထိုသူကို သင် ပြုပြင်ရမည်။ အကယ်၍ ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို သိသော်လည်း လုပ်ဆောင်ရန် အလွန်ပျင်းရိနေလျှင်၊ နှေးကွေးလေးကန်ပြီး အချိန်ဆွဲကာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို မွေ့လျော်ခံစားလျှင် လိုအပ်သလို ၎င်းတို့ကို ပြုပြင်သင့်သည်။ အကယ်၍ ပြုပြင်ခြင်းက ပြဿနာကို မဖြေရှင်းသည့်အပြင်၊ ၎င်းတို့၏ သဘောထားလည်း မပြောင်းလဲပါက မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ (ဤအလုပ်ကို ၎င်းတို့အား လုပ်ဆောင်ခွင့်မပေးနှင့်။) ပထမဦးစွာ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့။ “ဤအလုပ်သည် အလွန်အရေးကြီးသည်။ သင်သည် ဤအလုပ်ကို ထိုသို့သော သဘောထားမျိုးဖြင့် ဆက်လက်သဘောထားမည်ဆိုလျှင် သင်၏ တာဝန်ကို ရုပ်သိမ်းပြီး အခြားတစ်စုံတစ်ဦးကို ပေးအပ်မည်ဖြစ်သည်။ သင် လုပ်ဆောင်လိုစိတ်မရှိလျှင် အခြားတစ်စုံတစ်ဦးက လုပ်ဆောင်လိမ့်မည်။ သင်သည် သင်၏ တာဝန်အပေါ် သစ္စာမစောင့်သိပါ။ သင်သည် ဤအလုပ်အတွက် မသင့်တော်ပါ။ သင်သည် ဤတာဝန်ကို မထမ်းဆောင်နိုင်သည့်အပြင် ကိုယ်ကာယပင်ပန်းမှုကို မခံနိုင်လျှင် ဘုရားအိမ်တော်က သင့်ကို အခြားတစ်စုံတစ်ဦးဖြင့် အစားထိုးနိုင်ပြီး သင်သည်လည်း နုတ်ထွက်လွှာ တင်သွင်းနိုင်သည်။ သင်က နုတ်မထွက်ဘဲ လုပ်ဆောင်ရန် လိုလားနေသေးလျှင် ကောင်းမွန်စွာ လုပ်ဆောင်ကာ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လော့။ သင်သည် ဤအရာကို မစွမ်းဆောင်နိုင်ဘဲ တိုးတက်မှုကို ထပ်တလဲလဲ နှောင့်နှေးစေကာ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျှင် ဘုရားအိမ်တော်က သင့်ကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ သင်သည် ဤတာဝန်ကို မဖြည့်ဆည်းနိုင်လျှင် စိတ်မကောင်းသော်လည်း သင်ထွက်သွားရမည်ဖြစ်သည်”ဟူ၍ဖြစ်သည်။ အကယ်၍ သတိပေးပြီးနောက်တွင် ၎င်းတို့ နောင်တရရန် လိုလားလျှင် ၎င်းတို့ကို ဆက်လက်ထားရှိနိုင်သည်။ သို့သော် ထပ်တလဲလဲ သတိပေးပြီးနောက်တွင် ၎င်းတို့၏ သဘောထား မပြောင်းလဲဘဲ နောင်တရသည့် အရိပ်အမြွက်မျှ မပြပါက မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ယင်းက ပြဿနာကို ဖြေရှင်းပေးပြီးဖြစ်မည် မဟုတ်လော။ ငါတို့သည် မည်သူ့ကိုမဆို တွေ့မြင်သည့်အခါ ၎င်းတို့၌ရှိသော သေးငယ်သည့် အမှားအယွင်းများ သို့မဟုတ် သာမည ပြဿနာလေးများကို အပြစ်တင်နေခြင်းမဟုတ်။ ထို့ထက် လူတို့ကို အခွင့်အရေးများ ပေးနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရရန် လိုလားပြီး ပြောင်းလဲကာ ယခင်ကထက် များစွာ ပိုကောင်းလာလျှင် ဖြစ်နိုင်သမျှ ၎င်းတို့ကို ဆက်လက်ထားရှိလော့။ အကယ်၍ ၎င်းတို့အား ထပ်တလဲလဲ အခွင့်အရေးများပေးခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ပြုပြင်ခြင်းနှင့် သတိပေးခြင်းတို့က အလုပ်မဖြစ်သည့်အပြင် မည်သူ၏ အကူအညီကမျှ အရာမရောက်လျှင် ဤသည်မှာ သာမန်ပြဿနာတစ်ခု မဟုတ်ပေ။ ဤလူ၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး သမ္မာတရားကို ၎င်းက လုံးဝလက်မခံပေ။ ထိုသို့သောအခြေအနေတွင် သူသည် ဤတာဝန်အတွက် မသင့်တော်သည့်အပြင် သူ့ကို နှင်ထုတ်သင့်သည်။ သူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ဤသည်မှာ ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းသင့်သည့် ပုံစံဖြစ်သည်။

အသင်းတော်၏ အလုပ်ကို ကြီးကြပ်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာအမျိုးမျိုးကို သတိပြုမိရာ၌ ကျွမ်းကျင်သင့်သည်သာမက ၎င်းတို့ စိတ်မအေးရသော သို့မဟုတ် မယုံကြည်ရသော အသင်းတော်ခေါင်းဆောင်အချို့ကိုလည်း အထူးအာရုံစိုက်သင့်သည်။ ဤလူတို့ကို အချိန်ကာလကြာရှည်စွာ ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ပေးရန် လိုအပ်သည်။ သင်သည် ၎င်းတို့အား အခြေအနေနှင့်ပတ်သက်၍ ရံဖန်ရံခါ မေးမြန်းရုံမျှဖြင့် သို့မဟုတ် စကားအနည်းငယ်ဖြင့် ထိုကိစ္စကို ပယ်ချကာ ပြီးပြီဟု ယူဆ၍မရပေ။ တစ်ခါတစ်ရံ ၎င်းတို့၏ အလုပ်ကို ကြီးကြပ်ဖို့အတွက် လုပ်ငန်းခွင်၌ ရှိနေရန် လိုအပ်သည်။ လုပ်ငန်းခွင်၌ ရှိနေရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပြဿနာများကို ပို၍ လျင်မြန်စွာ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရန်နှင့် အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်စေရန် ဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် အလုပ်လုပ်သည့်နေရာသို့ ရောက်လျှင်ရောက်ချင်း ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ ထိုအစား အလုပ်ကို အသေးစိတ် နားလည်ခြင်း၊ စစ်ဆေးခြင်းနှင့် ဂရုတစိုက် စောင့်ကြည့်လေ့လာခြင်းတို့မှတစ်ဆင့် အချို့သော ပြဿနာများသည် တဖြည်းဖြည်း ပေါ်လွင်လာပြီး ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်သည်။ ကြီးကြပ်မှုကို ဦးစီးဦးရွက်ပြုရန် လုပ်ငန်းခွင်၌ ရှိနေခြင်းသည် လူတို့ကို စောင့်ကြည့်ခြင်း သို့မဟုတ် အကဲခတ်နေခြင်း မဟုတ်ပေ။ ကြီးကြပ်မှုဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကြီးကြပ်မှုတွင် စစ်ဆေးခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့ ပါဝင်သည်။ ယင်းမှာ အလုပ်နှင့်ပတ်သက်၍ အသေးစိတ် တိတိကျကျ မေးမြန်းခြင်း၊ အလုပ်၏ တိုးတက်မှုနှင့် အလုပ်ရှိ အားနည်းချက်များကို သိရှိနားလည်ပြီး သဘောပေါက်ခြင်း၊ မိမိတို့၏ အလုပ်တွင် မည်သူက တာဝန်ယူပြီး မည်သူက တာဝန်ယူခြင်းမရှိသည်တို့ကိုလည်းကောင်း၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသူနှင့် မရှိသူကိုလည်းကောင်း နားလည်ခြင်း အစရှိသည်တို့အား ဆိုလိုသည်။ ကြီးကြပ်မှုသည် တစ်ခါတစ်ရံ အခြေအနေနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း၊ နားလည်ခြင်းနှင့် စုံစမ်းမေးမြန်းခြင်းတို့ လိုအပ်သည်။ တစ်ခါတစ်ရံ မျက်နှာချင်းဆိုင် မေးမြန်းခြင်း သို့မဟုတ် တိုက်ရိုက် စစ်ဆေးခြင်းတို့ကို လိုအပ်သည်။ များသောအားဖြင့် ယင်းတွင် ကြီးကြပ်ရေးမှူးများနှင့် တိုက်ရိုက်မိတ်သဟာယဖွဲ့ကာ အလုပ်အကောင်အထည်ဖော်မှု၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပြဿနာများ စသည်တို့နှင့်ပတ်သက်၍ မေးမြန်းခြင်းတို့ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ကြီးကြပ်မှု ပြုလုပ်နေစဉ်တွင် သင်သည် မည်သည့်လူတို့က အပေါ်ယံအားဖြင့်သာ အားစိုက်ပြီး မိမိတို့အလုပ်အား လုပ်ဆောင်သည်ကိုလည်းကောင်း၊ မည်သည့်လူတို့က တိကျသော တာဝန်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိသည်ကိုလည်းကောင်း၊ မည်သည့်လူတို့က အကောင်အထည်ဖော်နည်းကို သိသော်လည်း တကယ့်အလုပ်ကို မလုပ်ဆောင်သည်ကိုလည်းကောင်း၊ အခြား ထိုသို့သော ပြဿနာများကိုလည်းကောင်း ရှာဖွေတွေ့ရှိနိုင်သည်။ ရှာဖွေတွေ့ရှိသည့် ဤပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ကြီးကြပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ သင် စီစဉ်ထားသည့် အလုပ်က သင့်တော်ခြင်း ရှိမရှိ၊ သင် လစ်ဟင်းသည့်အရာများ သို့မဟုတ် ထည့်မစဉ်းစားမိသည့်အရာများ ရှိမရှိ၊ စည်းမျဉ်းများနှင့် မကိုက်ညီသည့် နေရာများ တစ်ခုတလေ ရှိမရှိ၊ လမ်းလွဲမှုများ သို့မဟုတ် အမှားများ ပြုလုပ်မိသည့် နေရာများ တစ်ခုတလေ ရှိမရှိ စသည်တို့ကို ကြည့်ရှုရန် ဖြစ်သည်။ ဤပြဿနာအားလုံးကို ကြီးကြပ်မှု ပြုလုပ်သည့် လုပ်ငန်းစဉ်အတွင်း ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် သင်သည် အိမ်တွင်နေပြီး ဤတိကျသော အလုပ်ကို မဆောင်ရွက်လျှင် ဤပြဿနာများကို သင် ရှာဖွေတွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ပြဿနာများစွာကို သိရှိပြီး သဘောပေါက်ရန်အတွက် အလုပ်လုပ်သည့်နေရာ၌ မေးမြန်းခြင်း၊ စောင့်ကြည့်လေ့လာကာ သိနားလည်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ကြီးကြပ်မှု ပြုလုပ်သည့်အခါ သင်သည် မိမိတို့၏ အလုပ်တွင် တာဝန်မဲ့ပြီး ဂရုမစိုက်သော၊ မိမိတို့၏ အထက်လူကြီးများကို လှည့်စားပြီး မိမိတို့၏ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားသော၊ ဝတ်ကျေတမ်းကျေလုပ်ပြီး နှေးကွေးသောသူတို့ကို တိုက်တွန်းနှိုးဆော်ရမည်။ ၎င်းတို့အား မည်သို့ တိုက်တွန်းနှိုးဆော်ရမည်ဟူသည်နှင့်ပတ်သက်၍ အဆင့်အနည်းငယ်ကို ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ သင်သည် ညွှန်ကြားမှုပေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ပြုပြင်ခြင်း၊ သတိပေးခြင်းနှင့် ၎င်းတို့အား ဖြုတ်ချခြင်းတို့ကို ပြုလုပ်နိုင်သည်။ ဤအဆင့်များကို ဆောင်ရွက်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။)

၃။ စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်ကို ဆက်လက် တိုက်တွန်းနှိုးဆော်ပြီးနောက် နောက်တစ်ဆင့်မှာ အလုပ်ကို စစ်ဆေးရန် ဖြစ်သည်။ အလုပ်ကို စစ်ဆေးခြင်း၏ ထုံစံအတိုင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်ကို စစ်ဆေးခြင်းသည် စီစဉ်ထားသည့် လုပ်ငန်းတာဝန်များ၏ တိုးတက်မှုကို သေချာစေရန်၊ အရေးတကြီး ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာကိုမဆို ဖော်ထုတ်ရန်နှင့် နောက်ဆုံး၌ အလုပ်ကို အပြည့်အဝ ကောင်းမွန်စွာ လုပ်ဆောင်ထားကြောင်း သေချာစေရန် ဖြစ်သည်။ အလုပ်ကို စီစဉ်ပြီးနောက်တွင် နောက်ဆက်တွဲအလုပ်က မည်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်၊ ထိုအလုပ်က ပြီးစီးခြင်း ရှိမရှိ၊ မည်မျှ ထိရောက်မှုရှိသည်၊ ရလဒ်များမှာ အဘယ်အရာများဖြစ်သည်၊ တိကျသော ပြဿနာတစ်ခုတလေကို ဖော်ထုတ်ပြီးခြင်း ရှိမရှိ၊ အခက်အခဲများ တစ်ခုတလေ ရှိမရှိ၊ စည်းမျဉ်းများနှင့် မကိုက်ညီသည့် နေရာများ တစ်ခုတလေ ရှိမရှိ စသည့် ကဏ္ဍများစွာကို စစ်ဆေးရန် လိုအပ်သည်။ သင် စီစဉ်ထားသည့် အလုပ်ကို စစ်ဆေးခြင်းသည်လည်း တိကျပြီး လိုအပ်သော တာဝန်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှားတစ်ခုကို မကြာခဏ ပြုလုပ်ကြသည်။ ၎င်းတို့သည် အလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အလုပ် ပြီးပြီဟု ထင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန် ပြီးစီးပြီဖြစ်သည်၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်တို့အား မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ် ပြောပြီးဖြစ်သည်။ ဘာလုပ်ရမည်ကို သင်တို့ သိပြီး လုပ်ဆောင်ရန်လည်း သဘောတူပြီးဖြစ်သည်။ အမှုအရာများ မည်သို့ဆက်ဖြစ်မည်ကို ကျွန်ုပ် စိုးရိမ်ရန် မလိုပါ။ သင်တို့ ပြီးစီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်ထံ အစီရင်ခံလိုက်ရုံသာ ဖြစ်သည်”ဟု ယုံကြည်ကြသည်။ အလုပ်ကို စီစဉ်ရေးဆွဲပြီးနောက် ၎င်းတို့သည် မိမိတို့၏ တာဝန် ပြီးဆုံးသွားပြီး အရာအားလုံး အဆင်ပြေသည်ဟု ယုံကြည်ကြသည်။ အလုပ်ကို နောက်ဆက်တွဲလုပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုကြပေ။ ကြီးကြပ်ရေးမှူးအဖြစ် ၎င်းတို့ စီစဉ်ခဲ့သည့်လူက သင့်တော်ခြင်း ရှိမရှိ၊ လူအများစု၏ အခြေအနေက မည်သို့ရှိသည်၊ ပြဿနာများ သို့မဟုတ် အခက်အခဲများ ရှိမရှိ၊ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရာ၌ ၎င်းတို့ ယုံကြည်စိတ်ချမှု ရှိမရှိ၊ လွဲချော်သော သို့မဟုတ် မှားယွင်းသော သွင်ပြင်လက္ခဏာများ ရှိမရှိ၊ သို့မဟုတ် အထက်မှ အလုပ်အစီအစဉ်များကို ချိုးဖောက်ခြင်းများ ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ ၎င်းတို့က သိရှိနားလည်ခြင်း၊ စစ်ဆေးခြင်း သို့မဟုတ် နောက်ဆက်တွဲ ဆောင်ရွက်ခြင်းတို့ကို မပြုကြပေ။ ၎င်းတို့သည် အလုပ်ကို စီစဉ်ပြီးနောက် မိမိတို့၏ အလုပ် ပြီးပြီဟု မှတ်ယူလိုက်ကြသည်။ ဤသည်မှာ တိကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အလုပ်တွင် မည်သည့်အရာကို စစ်ဆေးသင့်သနည်း။ စစ်ဆေးရမည့် အဓိကအရာများမှာ အကောင်အထည်ဖော်မှု အစီအစဉ်သည် အလုပ်အစီအစဉ်များနှင့် ကိုက်ညီမှု ရှိမရှိ၊ အလုပ်အစီအစဉ်များ၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း ရှိမရှိ၊ အလုပ်လုပ်နေစဉ်အတောအတွင်းတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသောသူများ ရှိမရှိ၊ ကြောင်းကျိုးမမြင်ဘဲ ဒုက္ခပြဿနာကို လှုံ့ဆော်သောသူများ တစ်ဦးတလေ ရှိမရှိ၊ သို့မဟုတ် အဆင့်မြင့်ပုံရသည့် စကားများကို ကြွေးကြော်သောလူများ တစ်ဦးတလေ ရှိမရှိဟူသည်တို့ ဖြစ်သည်။ အလုပ်ကို စစ်ဆေးနေစဉ်တွင် အလုပ်အစီအစဉ်များကို သင်ကိုယ်တိုင် အကောင်အထည်ဖော်ရာ၌ အမှားများ ရှိခဲ့ခြင်း ရှိမရှိဟူသည်ကိုလည်း သင် စစ်ဆေးနေခြင်း ဖြစ်သည်။ အခြားသူများ၏ အလုပ်ကို စစ်ဆေးခြင်းသည် အမှန်တကယ်တွင် သင်၏ ကိုယ်ပိုင်အလုပ်ကိုလည်း စစ်ဆေးနေခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။