ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅) အခန်း နှစ်

၂။ အချင်းချင်း ဖော်ထုတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများ

လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအား မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ။ ၎င်းတို့သည် လူတို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများနှင့် ဆက်စပ်ရန်သာ သိကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း၊ ၎င်းတို့တွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ အစဉ်ရှိသည်။ ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် အခွင့်အရေးကို အစဉ်အမြဲ ရယူလိုကြရာ၊ ယင်းက အသင်းတော်တွင် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ဖော်ထုတ်ခြင်းခံရသူတို့သည် ဤအခြေအနေများကို မှန်ကန်စွာ သဘောထားနိုင်ပြီး၊ ၎င်းတို့ကို ဘုရားသခင်ထံမှ လာသည်ဟု ခံယူကာ ကျိုးနွံနာခံခြင်းနှင့် စိတ်ရှည်ခြင်းကို သင်ယူနိုင်ပါက၊ မည်သည့်အငြင်းပွားမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အခြားသူများက မိမိတို့၏ ပြဿနာများအကြောင်း မိတ်သဟာယဖွဲ့ကာ ဖော်ထုတ်သည်ကို ကြားရသည့်အခါ တစ်စုံတစ်ဦးက ရန်တုံ့လိုမည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့က မိမိတို့ဘာသာ “သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ယင်းတို့အပေါ် သင်၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို အဘယ်ကြောင့် မမျှဝေဘဲ၊ သို့မဟုတ် သင့်ကိုယ်သင် သိကျွမ်းခြင်းအကြောင်း မပြောဘဲ၊ ထိုအစား ငါ့ကိုသာ သီးသန့် တိုက်ခိုက်ပြီး ပစ်မှတ်ထားရသနည်း။ သင်က ငါ့ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်သလော။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှင်းရှင်းလင်းလင်း ပြောနှင့်ပြီးဖြစ်သည်၊ သင် ပြောဖို့ အမှန်တကယ် လိုအပ်သလော။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကောင်းရှိမည်၊ သို့သော် သင်၌လည်း ထိုစိတ်သဘောထား မရှိသလော။ သင်သည် ငါ့ကို လှည့်ဖြားတတ်သည်ဟုခေါ်လျက် အမြဲ ပစ်မှတ်ထားသော်လည်း သင်ကိုယ်တိုင်လည်း ကောက်ကျစ်စဉ်းလဲမှု မနည်းပါတကား”ဟု တွေးကြသည်။ နာကြည်းခြင်းနှင့် မကျေနပ်ခြင်းတို့နှင့် ပြည့်လျက် ၎င်းတို့သည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စိတ်ရှည်မှုကို ကျင့်သုံးကောင်း ကျင့်သုံးမည်ဖြစ်သော်လည်း၊ အချိန်ကုန်လွန်လာပြီး ၎င်းတို့၏ မကျေနပ်ချက်များ စုပုံလာကာ ပေါက်ကွဲထွက်လာသည်။ ပြီးလျှင် ထိုအရာများပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဒုက္ခရောက်စေသည်။ ၎င်းတို့က “လူအချို့ ပြုမူပြောဆိုသည့်အခါ၊ ၎င်းတို့သည် အပေါ်ယံတွင် အလွန်ရိုးသားပြီး ပွင့်လင်းသယောင် ဟန်ဆောင်ကြသော်လည်း၊ လက်တွေ့တွင်မူ အကြံအစည်အမျိုးမျိုးနှင့် ပြည့်နေကာ၊ အခြားသူများကို အစဉ် ကြံစည်နေကြသည်။ ၎င်းတို့နှင့် စကားပြောသည့်အခါ မည်သူမျှ ၎င်းတို့၏ အတွေးများ သို့မဟုတ် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်နိုင်ခြင်းမရှိပါ။ သူတို့သည် လှည့်ဖြားတတ်သော လူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ထိုသို့သောသူများနှင့် ကြုံတွေ့သည့်အခါ၊ သူတို့နှင့် စကားမပြောနိုင် သို့မဟုတ် ပေါင်းသင်းဆက်ဆံ၍မရပါ။ သူတို့သည် အလွန်ကြောက်စရာကောင်းသည်။ သင် သတိမထားပါက၊ သင်သည် သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်ပြီး သူတို့၏ လှည့်စားခြင်းနှင့် အသုံးချခြင်းကို ခံရလိမ့်မည်။ ထိုသို့သောလူများသည် အဆိုးယုတ်ဆုံးဖြစ်ပြီး ဘုရားသခင် အမုန်းဆုံးနှင့် အစက်ဆုပ်ဆုံး အမျိုးအစားဖြစ်သည်။ သူတို့ကို အနက်ဆုံးသောတွင်းထဲ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်သင့်သည်”ဟု ဆိုကြသည်။ ဤသည်ကို ကြားပြီးနောက်၊ အခြားတစ်ယောက်က “သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော်လည်း အခြားသူများက သင့်အား ဖော်ထုတ်သည်ကို သင် ခွင့်မပြုသလော။ သင်သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လှသည်၊ ထို့ကြောင့် ငါသည် သင့်ကိုဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ရှာဖွေမည်ဖြစ်ပြီး၊ ထိုအခါ သင် အဘယ်အရာ ပြောစရာရှိသည်ကို ကြည့်မည်”ဟု စဉ်းစားလေသည်။ အခြားတစ်ဦးသည် ဖော်ထုတ်ခြင်းခံရပြီးနောက် ပို၍ပင် ဒေါသထွက်လာပြီး “ဒါဖြင့် သင်က ဤအရာကို ဤအတိုင်းထားမည်မဟုတ်ပါ၊ ဟုတ်သလော။ သင်က ဤအရာကို လက်မလွှတ်သေးပါ၊ ဟုတ်သလော။ သင်က ငါ့ကို မနှစ်သက်သည့်အပြင် ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ဟုသာ ထင်သည်၊ မဟုတ်လော။ ကောင်းပေပြီ၊ သို့ဆိုလျှင် ငါလည်း သင့်ကို ဖော်ထုတ်မည်”ဟု တွေးသည်။ သို့ဖြင့် ၎င်းတို့က “လူအချို့သည် အန္တိခရစ်များသာ ဖြစ်ကြသည်၊ သူတို့သည် အဆင့်အတန်းကို နှစ်သက်ပြီး အခြားသူများ၏ ချီးမွမ်းခြင်းကို နှစ်သက်သည်၊ သူတို့သည် အခြားသူများကို ဆုံးမဩဝါဒပေးခြင်းကို နှစ်သက်ပြီး၊ မိမိတို့ကိုယ်တိုင်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု အခြားသူများအား ထင်မြင်စေလျက် အခြားသူများကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူတို့သည် အလွန်ဘဝင်မြင့်ပြီး မိမိတို့ သန့်ရှင်းစင်ကြယ်ပြီဟု ထင်ကြသော်လည်း ညစ်ညူးသော မကောင်းဆိုးဝါးများသာ ဖြစ်သည် မဟုတ်လော။ သူတို့သည် စာတန်များနှင့် ဝိညာဉ်ဆိုးများသာဖြစ်သည် မဟုတ်လော။ အန္တိခရစ်များဆိုသည်မှာ အဘယ်နည်း။ အန္တိခရစ်များသည် စာတန်များ ဖြစ်ကြသည်”ဟု ဆိုသည်။ ၎င်းတို့ အကြိမ်မည်မျှ တိုက်ခိုက်ခဲ့ကြပြီနည်း။ အနိုင်ရသူ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အခြားသူများကို တည်ဆောက်ပေးနိုင်မည့် တစ်စုံတစ်ရာကို ပြောဆိုခဲ့ကြသလော။ (မပြောဆိုခဲ့ကြပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်အရာများ ဖြစ်သနည်း။ (ဝေဖန်ခြင်းများ၊ ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပါသည်။) ထိုအရာများက ဝေဖန်ခြင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် အမှန်တကယ်အခြေအနေ သို့မဟုတ် အဖြစ်မှန်များကို ထည့်မစဉ်းစားဘဲ မဆင်မခြင် စကားပြောနေကြပြီး၊ အခြားသူများကို မတရားသဖြင့် ဝေဖန်ကာပြစ်တင်ရှုတ်ချနေကြသည့်အပြင် ၎င်းတို့ကို ကျိန်ဆဲပင် ကျိန်ဆဲနေကြသည်။ အခြားတစ်ယောက်ကို အန္တိခရစ်ဟု ခေါ်ဆိုရန် ၎င်းတို့တွင် အဖြစ်မှန် အခြေခံအကြောင်းရင်း ရှိသလော။ ထိုသူသည် အန္တိခရစ်တစ်ဦး၏ မည်သည့်ဒုစရိုက်အမှုများနှင့် သရုပ်သကန်များကို ပြသခဲ့သနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရအဆင့်သို့ ရောက်ရှိသလော။ ဘုရားသခင် ရွေးချယ်ထားသောလူများက အခြားတစ်ယောက်ကို ထိုသူတို့ ဖော်ထုတ်သည်ကို ကြားရသည့်အခါ၊ ၎င်းတို့က ထိုအရာသည် ဓမ္မဓိဋ္ဌာန်ကျပြီး အမှန်တရားဖြစ်သည်ဟု ထင်ကြလိမ့်မည်လော။ ဤလူနှစ်ဦး ပြောဆိုသော စကားများတွင် ကြင်နာမှု သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ဦးနှင့်တစ်ဦး မိမိတို့ကိုယ်ကို သိရှိစေရန် ကူညီပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်စေရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို အဘယ်အတွက် လုပ်ဆောင်နေကြသနည်း။ ယင်းမှာ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးအာဃာတကို ထုတ်ဖော်ရန်၊ အခြားတစ်ဖက်ကို တိုက်ခိုက်ပြီး လက်စားချေရန်ဖြစ်ရာ၊ ၎င်းတို့သည် အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီသောအရာ တစ်စုံတစ်ခုဖြင့် မတရားစွပ်စွဲကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခြားတစ်ယောက်၏ ထုတ်ဖော်ပြသမှုများနှင့် အနှစ်သာရတို့ကို အခြေခံ၍ အချင်းချင်း တိကျမှန်ကန်စွာ အကဲဖြတ်ပြီး စရိုက်လက္ခဏာကို သရုပ်ဖော်နေခြင်းမဟုတ်ဘဲ၊ ထိုအစား ၎င်းတို့သည် အချင်းချင်းတိုက်ခိုက်ရန်၊ လက်စားချေရန်နှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ကို ထုတ်ဖော်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မိတ်သဟာယဖွဲ့နေခြင်း မဟုတ်ပေ။ ဤသည်မှာ ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် တစ်ဖက်လူကို မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အတွက် ၎င်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အစဉ်အမြဲ အမိအရ အသုံးချပြီး တိုက်ခိုက်ကာ ပြစ်တင်ရှုတ်ချကြသည်။ ဤသဘောထားသည် ဆိုးညစ်ပြီး မလိုမုန်းထားခြင်းဖြစ်ကာ၊ ဤသည်မှာ ကောင်းသောရည်ရွယ်ချက်ရှိသည့် ဖော်ထုတ်ခြင်း မဟုတ်သည်မှာ သေချာသည်။ အကျိုးဆက်အားဖြင့် ယင်းသည် အချင်းချင်း ရန်လိုခြင်းနှင့် မုန်းတီးခြင်းဆီသို့သာ ဦးတည်စေသည်။ အကယ်၍ ဖော်ထုတ်ခြင်းကို အခြားသူများအား ချစ်ခြင်းမေတ္တာဖြင့် ကူညီသည့် သဘောထားဖြင့် ဆောင်ရွက်ပါက၊ လူတို့သည် ဤအရာကို ခံစားနိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက အခြားတစ်ယောက်၏ မာနထောင်လွှားသော စိတ်သဘောထားကို အမိအရ အသုံးချကာ ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ပါက၊ ယင်းမှာ ထိုလူကို တိုက်ခိုက်ရန်နှင့် ညှဉ်းဆဲရန်သက်သက်သာ ဖြစ်သည်။ လူတိုင်းတွင် မာနထောင်လွှားသော စိတ်သဘောထားရှိသည်။ သို့ဖြစ်၍ အဘယ်ကြောင့် လူတစ်ယောက်တည်းကို အစဉ် ပစ်မှတ်ထားရသနည်း။ အဘယ်ကြောင့် လူတစ်ယောက်တည်းကို လက်မလွှတ်ဘဲ အစဉ် အာရုံစိုက်နေရသနည်း။ ထိုလူတစ်ယောက်၏ မာနထောင်လွှားသော စိတ်သဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုစိတ်သဘောထားကို ဖယ်ရှားရန် ကူညီပေးဖို့ အမှန်တကယ် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့က အခြားတစ်ယောက်ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်ပြီး၊ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို တိုက်ခိုက်ပြီး ၎င်းတို့ကို အစဉ် ညှဉ်းဆဲလိုလျက် လက်တုံ့ပြန်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ထို့ကြောင့် ၎င်းတို့က အခြားတစ်ယောက်သည် အန္တိခရစ်တစ်ဦး၊ စာတန်တစ်ဦး၊ နတ်ဆိုးတစ်ဦး၊ လှည့်ဖြားပြီး ဆိုးညစ်သောသူတစ်ဦးဖြစ်သည်ဟု ပြောဆိုသည့်အခါ၊ ယင်းမှာ အဖြစ်မှန်ဖြစ်သလော။ ယင်းသည် အချက်အလက်များကို အနည်းငယ် ထည့်သွင်းစဉ်းစားကောင်း စဉ်းစားနိုင်သော်လည်း၊ ဤအရာများကို ပြောဆိုခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားတစ်ယောက်ကို ကူညီရန် သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်မဟုတ်ဘဲ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ပြီး လက်စားချေရန် ဖြစ်သည်။ ၎င်းတို့သည် ညှဉ်းဆဲခြင်းခံခဲ့ရပြီးဖြစ်ရာ၊ လက်တုံ့ပြန်လိုကြသည်။ ၎င်းတို့ မည်သို့ လက်တုံ့ပြန်သနည်း။ အခြားလူကို ဖော်ထုတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ နတ်ဆိုး၊ စာတန်၊ ဝိညာဉ်ဆိုး၊ အန္တိခရစ်ဟု ခေါ်ဆိုခြင်းတို့ဖြင့် ဖြစ်သည်၊ မည်သည့် အဆိုးရွားဆုံး တံဆိပ်ဖြင့်ဖြစ်စေ၊ မည်သည့် အပြင်းထန်ဆုံးသော စွပ်စွဲချက်ဖြင့်ဖြစ်စေ ၎င်းတို့ကို တံဆိပ်ကပ်ကြသည်။ ဤသည်မှာ မတရားသဖြင့် ဝေဖန်ကဲ့ရဲ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း မဟုတ်လော။ ဤအရာများကို ပြောဆိုရာတွင် နှစ်ဖက်စလုံး၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် စေ့ဆော်မှုမှာ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို နားလည်ရန် ကူညီပေးဖို့ မဆိုထားနှင့်၊ အခြားတစ်ယောက်အား မိမိတို့ကိုယ်ကို သိရှိစေရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ကူညီပေးဖို့ပင် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အခြားတစ်ယောက်ကို တိုက်ခိုက်ပြီး ရိုက်နှက်ရန်၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ပြီး လက်စားချေခြင်းဟူသည့် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်စေဖို့ ၎င်းတို့ကို ဖော်ထုတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။ အခြားသူများကို တိုက်ခိုက်သည့် ဤနည်းလမ်းသည် အချင်းချင်း၏ အပြစ်အနာအဆာများကို ဖော်ထုတ်ခြင်းထက် အခြေခံအကြောင်းရင်း ပို၍ရှိပုံရပြီး၊ ယင်းကအခြားတစ်ယောက်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်းနှင့် ၎င်းတို့သည် နတ်ဆိုးနှင့် စာတန်ဖြစ်ကြောင်း ပြောဆိုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုသူနှင့် ဆက်စပ်စေခြင်းဖြစ်ကာ၊ အပေါ်ယံအားဖြင့် အတော်အတန် ဝိညာဉ်ရေးရာဆန်ပုံရသော်လည်း၊ ဤနည်းလမ်းနှစ်ခု၏ သဘောသဘာဝက တူညီသည်။ ဤနည်းလမ်းနှစ်ခုလုံးသည် ပုံမှန်လူ့သဘာဝအတွင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်ဘဲ၊ ထိုအစား အခြားတစ်ယောက်ကို ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံ၍ တာဝန်မဲ့စွာနှင့် မတရားသဖြင့် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများတွင် ပါဝင်ခြင်းအကြောင်း ဖြစ်သည်။ ဤသဘောသဘာဝရှိသော ပြောဆိုဆွေးနွေးမှုများသည်လည်း အသင်းတော်အသက်တာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ဝင်ရောက်စွက်ဖက်ကာ ပျက်စီးစေသည်။

သင်တို့သည် အချင်းချင်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းဖြင့် အပြန်အလှန် တိုက်ခိုက်နေကြသော လူနှစ်ဦးနှင့် ကြုံတွေ့သည့်အခါ မည်သို့လုပ်ဆောင်သင့်သနည်း။ စားပွဲကိုရိုက်ပြီး ၎င်းတို့ကို ဆုံးမဩဝါဒပေးရန် လိုအပ်သလော။ ၎င်းတို့ကို စိတ်အေးသွားစေရန်နှင့် မိမိတို့မမှန်ကန်ကြောင်း သိရှိကာ အချင်းချင်း တောင်းပန်စေရန်အတွက် ၎င်းတို့အပေါ် ရေအေးတစ်ပုံး လောင်းချရန် လိုအပ်သလော။ ဤနည်းလမ်းများက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ဤလူနှစ်ဦးသည် စုဝေးပွဲတိုင်းတွင် အမြဲတမ်း ရန်ဖြစ်ကြပြီး စုဝေးပွဲတစ်ခုပြီးတိုင်း နောက်တစ်ကြိမ်ရန်ပွဲအတွက် ပြင်ဆင်ကြသည်။ အိမ်တွင် ၎င်းတို့သည် မိမိတို့၏တိုက်ခိုက်မှုများတွင် အသုံးပြုဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အခြေခံအကြောင်းရင်းများကို ရှာဖွေကြသည်၊ မူကြမ်းများပင် ရေးကြပြီး၊ အခြားတစ်ဖက်ကို မည်သို့တိုက်ခိုက်ရမည်၊ ၎င်းတို့၏ မည်သည့်သွင်ပြင်လက္ခဏာများကို တိုက်ခိုက်ရမည်၊ ၎င်းတို့ကို မည်သို့ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရမည်၊ မည်သည့်အသံနေအသံထားကို အသုံးပြုရမည်၊ အယုံကြည်ရဆုံးဖြစ်စေမည့် တိုက်ခိုက်မှုနှင့် ပြစ်တင်ရှုတ်ချမှုကို ပြုလုပ်ရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို အသုံးပြုရမည်ဟူသည်တို့ကို ကြံစည်ကြသည်။ ၎င်းတို့သည် အခြားတစ်ဖက်ကို အခြေအနေအား မပြောင်းလဲနိုင်အောင် တားဆီးကာ နောက်တစ်ကြိမ်တိုက်ပွဲတွင် ၎င်းတို့ကို အနိုင်ယူပြီး ထပ်မံ၍မထနိုင်စေရန် ကြိုးပမ်းလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ရန် အမျိုးမျိုးသော ဝိညာဉ်ရေးရာ ဝေါဟာရများကိုလည်း ရှာဖွေကာ မတူညီသော ဖော်ပြသည့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤအပြုအမူများအားလုံးသည် အပြန်အလှန် တိုက်ခိုက်ခြင်း၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ခြင်းနှင့် သက်ဆိုင်သည်။ ထိုသို့သောပြဿနာများကို ဖြေရှင်းရန် လွယ်ကူသလော။ လူအများစုထံမှ အကြံဉာဏ်၊ အကူအညီနှင့် သမ္မာတရားဆိုင်ရာ မိတ်သဟာယကို ရရှိပြီးနောက်တွင်ပင် ၎င်းတို့သည် နောင်တမရပါက သို့မဟုတ် မိမိတို့၏လမ်းစဉ်ကို မပြောင်းလဲပါက၊ ဆိုလိုသည်မှာ ၎င်းတို့သည် တွေ့ဆုံသည့်အခါ အချင်းချင်း ငြင်းခုံပြီး ကျိန်ဆဲကြပါက၊ တစ်ဦးတလေက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ သို့မဟုတ် ၎င်းတို့ကို ပြုပြင်သည့်အခါ မည်သူ့အကြံဉာဏ်ကိုမျှ နားမထောင်ဘဲ၊ လက်မခံပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤအရာသည် ကိုင်တွယ်ရန် လွယ်ကူပေသည်။ ၎င်းတို့ကို ဖယ်ရှားပစ်သင့်သည်။ ယင်းက ပြဿနာကို ဖြေရှင်းမည် မဟုတ်လော။ ယင်းမှာ လွယ်ကူသည် မဟုတ်လော။ ၎င်းတို့နှင့် ဆက်လက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်လက်ကူညီရန် လိုအပ်သလော။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ချစ်ခင်စွာ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံပါ၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းသည် အကျိုးမရှိပါ။) မှန်သည်၊ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ စကားစစ်ထိုးခြင်းတွင် ပါဝင်ရန်သာ စုဝေးပွဲများတွင် ပါဝင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် ဘုရားသခင်ကို မယုံကြည်သည့်အပြင်၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ရသည်ကိုသာ ကြိုက်နှစ်သက်ကြသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ခြင်းနှင့် သရုပ်သကန်တစ်ခုဖြစ်သလော။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ကင်းမဲ့သည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ဤကဲ့သို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို နားလည်ပြီး ရရှိကာ ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံစိုက်ပြီး မှန်ကန်သောပုံစံဖြင့် မဖတ်ရှုကြပေ။ ထိုအစား၊ ၎င်းတို့သည် အခြားသူများ၏ ပြဿနာများကို အစဉ်ဖြေရှင်းလိုကြသည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် အခြားသူများအပေါ် အဆက်မပြတ် စူးစိုက်နေပြီး ထိုသူတို့တွင်ရှိသည့် အပြစ်အနာအဆာများကို ရှာဖွေနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အခြားသူများ၏ ပြဿနာများကို ရှာဖွေရန် အစဉ် ရည်မှန်းကြသည်။ ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း အခွင့်အရေးကို အသုံးပြုကြပြီး၊ အခြားသူများကို ဝေဖန်ရန်၊ သေးသိမ်စေရန်နှင့် ပြစ်တင်ရှုတ်ချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သီးခြားအဖြစ် ထားရှိကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ဤလူများသည် သမ္မာတရားကို လက်ခံသောသူများဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အမှုအရာတစ်ခုတွင် အထူးသဖြင့် တော်ပြီး စိတ်အားထက်သန်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ သူ၏နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် အမျိုးမျိုးသော ပြဿနာများ၊ အခြေအနေများနှင့် သရုပ်သကန်များကို အခြားသူများတွင် မကြာခဏ ခွဲခြားဖော်ထုတ်ကြသည်။ ဤပြဿနာများကို ၎င်းတို့ ပိုမိုခွဲခြားဖော်ထုတ်လေ၊ ၎င်းတို့အနေဖြင့် ဤပြဿနာများကို ဖော်ထုတ်သင့်သည်ဟု တွေးထင်လျက် အရေးပါသည့် တာဝန်တစ်ခုကို ထမ်းဆောင်ရပြီး မိမိတို့ လုပ်ဆောင်နိုင်သည့်အရာ များစွာရှိသည်ဟု ပိုမိုခံစားရလေ ဖြစ်သည်။ ၎င်းတို့သည် ဤပြဿနာများရှိသည့် လူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးမည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ထိုသို့သောလူများတွင် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ။) အသင်းတော်တွင်၊ ထိုသို့သောလူများ စကားမပြောပါက သို့မဟုတ် နှောင့်ယှက်မှုများ မဖြစ်စေပါက၊ ၎င်းတို့ကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သို့သော်၊ ၎င်းတို့သည် ဤပုံစံဖြင့် တစ်သမတ်တည်း ပြုမူပါက၊ အခြားသူများကို အစဉ် တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်ပါက၊ အသင်းတော်သည် ၎င်းတို့ကို ဖယ်ရှားလျက် ကိုင်တွယ်ရန် သက်ဆိုင်ရာလုပ်ဆောင်ချက်ကို လုပ်ဆောင်သင့်သည်။ လူများ၏ ဖော်ထုတ်ခြင်းကို ခံရပြီးနောက်၊ တူညီသောနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြု၍ ၎င်းတို့ကို တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်သူများအတွက်မူ၊ အခြေအနေများ ပြင်းထန်ပြီး ၎င်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခဲ့ပါက၊ ၎င်းတို့ကိုလည်း အလားတူ ဖယ်ရှားပြီး ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် သီးခြားခွဲထားသင့်သည်။ ၎င်းတို့ကို မည်သည့် သက်ညှာမှုမျှ ပြ၍မရပေ။

အချင်းချင်း တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတွင် ပါဝင်ခြင်း၏ မည်သည့်အခြားသော သရုပ်သကန်များသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသည်ဟု ၎င်းတို့ သတ်မှတ်သနည်း။ အပြစ်အနာအဆာများကို အချင်းချင်း ဖော်ထုတ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ရန်အပြင် အချင်းချင်းလက်စားချေရန် အချင်းချင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ ထင်ရှားသော သရုပ်သကန်များ ဖြစ်ကြသည်။ ဤသရုပ်သကန်နှစ်ခုအပြင်၊ အခြားသူများကို တမင်တကာ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်အလို့ငှာ မိမိကိုယ်ကို ဖွင့်ဟပြီး ဖွင့်ချကာ စိစစ်သယောင် ဟန်ဆောင်ခြင်းလည်း ရှိသည်။ ဤတိုက်ခိုက်မှုမျိုးသည်လည်း အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ လူတစ်ဦးပြောဆိုသည့်အရာသည် ထောက်ပြသောပုံစံဖြင့် ပြောသည်ဖြစ်စေ၊ အလျင်းသင့်၍ သွယ်ဝိုက်သောအားဖြင့် ပြောသည်ဖြစ်စေ၊ ပါးနပ်သောနည်းလမ်းဖြင့် ပြောသည်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအကြောင်းမဟုတ်ဘဲ အခြားသူများ၏ ပြဿနာများအကြောင်း ဖြစ်နေသရွေ့ ယင်းသည် တိုက်ခိုက်မှုတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ မည်သည့်အခြေအနေများက တိုက်ခိုက်မှုများကို ဖြစ်စေသနည်း။ ယင်းမှာ ပြောဆိုသည့်အရာ၏ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တို့အပေါ် မူတည်သည်။ လူတို့ကို တိုက်ခိုက်ပြီး လက်စားချေရန် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် တစ်စုံတစ်ခုကို ပြောဆိုပါက၊ ဤသည်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ဤသည်မှာ အခြေအနေတစ်ခုဖြစ်သည်။ ထို့အပြင် ကိစ္စရပ်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို လုံးဝ မကြည့်ဘဲ ပေါ့ဆစွာ အမြန် ကောက်ချက်ချခြင်းများ ပြုလုပ်လျက်၊ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ဆန့်ကျင်ခြင်းဖြင့် လူတို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရန် ပြဿနာတစ်ခု၏ အပေါ်ယံသွင်ပြင်လက္ခဏာများကို အလွန်ချဲ့ကားပြောဆိုခြင်း၊ ဤသည်မှာလည်း ကိုယ်ရေးကိုယ်တာ အာဃာတကို ထုတ်ဖော်ခြင်းနှင့် လက်စားချေခြင်းဖြစ်သည်။ ယင်းသည် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်ပြီး၊ ဤအခြေအနေမျိုးသည်လည်း တိုက်ခိုက်မှုတစ်ခု ဖြစ်စေသည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (လူများအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်း၊ ယင်းမှာ တစ်ခုဟုတ်ပါသလော။) အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်းသည်လည်း သာ၍ပင် သေချာပေါက် မှတ်ယူ၍ရသည်။ အခြေအနေမည်မျှက တိုက်ခိုက်မှုများကို ဖြစ်စေသနည်း။ (သုံးခုဖြစ်သည်။) ဤအခြေအနေများကို အနှစ်ချုပ်ပြလော့။ (ပထမတစ်ခုမှာ တိကျသောရည်ရွယ်ချက်ဖြင့် အခြားသူများကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ဆန့်ကျင်သည့်နည်းလမ်းဖြင့် အခြားသူများကို ဝေဖန်ကဲ့ရဲ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်ပြီး၊ ယင်းမှာ အခြားသူများကို ပေါ့ဆသောပုံစံဖြင့် ထင်ရာမြင်ရာ စရိုက်လက္ခဏာကို သရုပ်ဖော်နေခြင်း ဖြစ်သည်။ တတိယတစ်ခုမှာ လူများအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို ဖန်တီးခြင်း ဖြစ်သည်။) ဤအခြေအနေသုံးခုမှ တစ်ခုစီတိုင်း၏ သဘောသဘာဝသည် ယင်းတို့ကို လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်သည်။ မည်သည့်အခြေအနေများက ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများအဖြစ် သတ်မှတ်၍ရပြီး မည်သည့်အရာများက သတ်မှတ်၍မရသည်ကို ငါတို့ မည်သို့ ပိုင်းခြားနိုင်မည်နည်း။ တိုက်ခိုက်နေသူများနှင့် ပတ်သက်လာလျှင်၊ မည်သည့်လုပ်ရပ်များ သို့မဟုတ် စကားများက တိုက်ခိုက်မှုကို ဖြစ်စေသနည်း။ လူတစ်ဦး၏ စကားများတွင် အနည်းငယ် လမ်းညွှန်သည့် သဘောသဘာဝရှိပြီး အခြားသူများကို လမ်းလွဲစေနိုင်စွမ်းရှိကာ၊ ကောလာဟလ ဖန်တီးခြင်း လက္ခဏာလည်း ရှိသည်ဟု ဆိုကြပါစို့။ ထိုလူသည် မရှိသောအရာကို အရှိလုပ်နေပြီး လူတို့ကို လမ်းလွဲစေကာ အထင်အမြင်မှားစေရန် ကောလာဟလများနှင့် လိမ်ညာမှုများကို ဖန်တီးနေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ ပိုများသောလူတို့ကို ၎င်းတို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်း အသိအမှတ်ပြုပြီး ယုံကြည်စေရန်နှင့် ၎င်းတို့ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်း သဘောတူစေရန် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အခြားတစ်စုံတစ်ဦးကိုလည်း လက်စားချေလိုသည်၊ ၎င်းတို့ကို အပျက်သဘောဆောင်ကာ အားနည်းစေလိုကြသည်။ ၎င်းတို့က “သင်၌ ထိုသို့သော ယုတ်ညံ့သည့် အကျင့်စရိုက်ရှိသည်။ ကျွန်ုပ်သည် သင်၏ တကယ့်အခြေအနေကို ဖော်ထုတ်ရမည်ဖြစ်ပြီး သင်၏မောက်မာမှုကို နှိပ်ကွပ်ရမည်။ ထို့နောက်တွင် သင် မည်သည့်အရာကို ကြွားဝါပြီး ဘဝင်မြင့်ရန်ရှိသည်ကို ငါတို့ မြင်ရလိမ့်မည်။ သင့်ဘေးတွင် ကျွန်ုပ် မည်သို့ ထင်ပေါ်နိုင်မည်နည်း။ သင့်ကို အပျက်သဘောဆောင်အောင် ရိုက်နှက်ပြီး အလဲထိုးလိုက်မှသာ ကျွန်ုပ်၏မုန်းတီးမှု ပြေလျော့မည်။ သင်သည် အပျက်သဘောဆောင်နိုင်ပြီး သင့်တွင်လည်း အားနည်းချက်များရှိကြောင်း လူတိုင်းကို ကျွန်ုပ် ပြသမည်”ဟု စဉ်းစားလေသည်။ အကယ်၍ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်ပါက၊ ၎င်းတို့၏ စကားများက တိုက်ခိုက်မှုကို ဖြစ်စေသည်။ သို့သော် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကိစ္စရပ်တစ်ခုနှင့်စပ်လျဉ်း၍ အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို ရှင်းလင်းစေရန် သက်သက်သာဖြစ်သည်ဟု ဆိုကြပါစို့၊ အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် ထိုအရာအပေါ် တိကျသော ထိုးထွင်းအမြင်တစ်ခုရရှိပြီး ပြဿနာ၏အနှစ်သာရကို ရှာဖွေတွေ့ရှိပြီးနောက်၊ ၎င်းတို့သည် အများစုက ထိုအရာကို နားလည်နိုင်ပြီး ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သို့သော သဘောပေါက်နားလည်မှုမျိုးက စင်ကြယ်သည်ကို သိရှိရန်အလို့ငှာ ယင်းကို မိတ်သဟာယဖွဲ့သင့်သည်ဟု ခံစားရသည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤကိစ္စရပ်နှင့်ပတ်သက်၍ ပိုများသောလူတို့၏ လွဲချော်သော သို့မဟုတ် တစ်ဖက်သတ်အမြင်များကို ပြင်ဆင်ရန်ဖြစ်ကြောင်းကို ဖြစ်သည်။ ဤသည်မှာ တိုက်ခိုက်မှုတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် တစ်စုံတစ်ဦးကို ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်အား လက်ခံရန် အတင်းအကျပ် ပြုလုပ်နေခြင်းမဟုတ်သည့်အပြင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေလိုသည့် မည်သည့်ရည်ရွယ်ချက်ကိုမျှ သာ၍ပင် ထားရှိခြင်းမရှိပေ။ ထိုအစား၊ ၎င်းတို့သည် အဖြစ်မှန်များ၏ အမှန်တရားကို ရှင်းလင်းစေရန်သာ အလိုရှိသည်။ ၎င်းတို့သည် အခြားတစ်ဖက်ကို နားလည်စေရန်နှင့် ဤနားလည်မှုမှတစ်ဆင့် လမ်းလွဲခြင်းမှ တားဆီးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း ဖြစ်သည်။ အခြားတစ်ဖက်က ဤအရာကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဤအပြုအမူ၊ ဤချဉ်းကပ်နည်းသည် တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ဤမတူညီသော သရုပ်သကန်နှစ်ခုဖြင့် အသုံးအနှုန်း၊ စကားလုံးရွေးချယ်မှုနှင့် ပြောဆိုသည့်ပုံစံ၊ အသံနေအသံထားနှင့် သဘောထားတို့မှတစ်ဆင့် ထိုလူ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကအဘယ်အရာဖြစ်သည်ကို လူတစ်ဦးက ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ လူတစ်ဦးက အခြားတစ်ဖက်ကို တိုက်ခိုက်ရန် ရည်ရွယ်ပါက၊ ၎င်းတို့၏ အသုံးအနှုန်းသည် သေချာပေါက် ပြတ်သားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ၎င်းတို့၏ ပြောဆိုသည့် အသံနေအသံထား၊ အသံအနိမ့်အမြင့်၊ စကားလုံးရွေးချယ်မှုနှင့် သဘောထားတို့တွင် သိသာထင်ရှားစွာ ပေါ်လွင်နေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် အခြားတစ်ဖက်ကို ၎င်းတို့ပြောဆိုသည့်အရာအား လက်ခံရန် အတင်းအကျပ်ပြုလုပ်နေခြင်းမဟုတ်ဘဲ၊ ၎င်းတို့ကို သေချာပေါက် တိုက်ခိုက်နေခြင်းလည်းမဟုတ်ပါက၊ ၎င်းတို့၏ ပြောဆိုမှုသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သရုပ်သကန်များနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်။ ထို့အပြင်၊ ၎င်းတို့၏ ပြောဆိုသည့်သဘောထား၊ လေသံနှင့် စကားလုံးရွေးချယ်မှုတို့သည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်လျက် သေချာပေါက် ဆင်ခြင်တုံတရားရှိလိမ့်မည်။

လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းဖြစ်သည့်အရာနှင့် မဖြစ်သည့်အရာကို ပိုင်းခြားသိမြင်ခြင်း စည်းမျဉ်းများအား မိတ်သဟာယဖွဲ့ပြီးနောက်၊ သင်တို့သည် ဤအရာကို ယခု ပိုင်းခြားသိမြင်နိုင်ပြီလော။ ဤအရာကို ယခုထိ သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသေးပါက၊ သင်တို့သည် ပြဿနာ၏အနှစ်သာရကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦး၏ မိတ်သဟာယသည် မည်မျှပင် နှစ်လိုဖွယ်ကောင်းနေပါစေ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်းမရှိပါက၊ လူတို့အား သမ္မာတရားကို နားလည်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးဖို့ ၎င်းတို့ ရည်ရွယ်နေခြင်းမဟုတ်ဘဲ၊ ထိုအစား လူများကို မရပ်မနား နှောင့်ယှက်ရန် အကြောင်းအရာများကို ရှာဖွေနေပါက၊ ၎င်းတို့ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချရန် အစွမ်းကုန် လုပ်ဆောင်နေပါက၊ ပြီးလျှင် ၎င်းတို့သည် အပေါ်ယံအားဖြင့် လူတို့ကို ပိုင်းခြားသိမြင်တတ်သည့်အလား ထင်ရသော်လည်း၊ အမှန်တွင် ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်မှန်းချက်မှာ အခြားသူများကို ပြစ်တင်ရှုတ်ချပြီး တိုက်ခိုက်ရန်ဖြစ်ပါက၊ ဤအခြေအနေသည် လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း ပါဝင်လေသည်။ လူအချင်းချင်းအကြား ဖြစ်ပေါ်သည့် အရေးမပါသော အမှုအရာများသည် အလွန်ရိုးရှင်းပြီး သိသာထင်ရှားသည်။ ဤကိစ္စရပ်များနှင့်စပ်လျဉ်း၍ သမ္မာတရားကို မိတ်သဟာယဖွဲ့မည်ဆိုလျှင်၊ စုဝေးပွဲတစ်ကြိမ်ပင် လိုမည်မဟုတ်ပေ။ သို့ဆိုလျှင် စုဝေးပွဲတိုင်းတွင် ထိုအရာများအကြောင်း များစွာပြောဆိုခြင်းဖြင့် ညီအစ်ကိုမောင်နှမများ၏ အချိန်ကို ကုန်လွန်စေရန် လိုအပ်သလော။ မလိုအပ်ပေ။ အကယ်၍ လူတို့သည် အခြားသူများကို မရပ်မနား အမြဲ နားပူနားဆာလိုက်လုပ်နေပါက၊ ယင်းသည် လူတို့ကို တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်မှုများကို ဖြစ်စေခြင်း ဖြစ်သည်။ လူတို့သည် ကိစ္စရပ်တစ်ခုတည်းကို ဖက်တွယ်ပြီးမဆုံးနိုင်အောင် ပြောဆိုနေရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ မည်သူကမျှ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို လက်လွှတ်လိုစိတ်မရှိခြင်း၊ မည်သူကမျှ မိမိတို့ကိုယ်ကို သိရှိရန် မကြိုးစားခြင်းနှင့် မည်သူကမျှ သမ္မာတရားကို သို့မဟုတ် အဖြစ်မှန်များနှင့် မှန်ကန်သောအရာကို လက်မခံခြင်းတို့ကြောင့်ဖြစ်ပြီး၊ သို့ဖြစ်၍ ၎င်းတို့သည် အခြားသူများကို မရပ်မနား နားပူနားဆာလိုက်လုပ်ကြခြင်း ဖြစ်သည်။ အခြားသူများကို မရပ်မနား နားပူနားဆာလိုက်လုပ်ကြခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ အခြားသူများအပေါ် ဆန့်ကျင် အသုံးပြုရန် အမှုအရာများကို ရှာဖွေခြင်း၊ အခြားလူတို့၏ စကားလုံးများ ရွေးချယ်မှုတွင် အပြစ်ရှာခြင်းနှင့် ၎င်းတို့ကို ဆန့်ကျင်ရန် အခြားသူများ၏ အားနည်းချက်များကို အသုံးပြုခြင်း၊ ကိစ္စရပ်တစ်ခုတည်းအပေါ် မဆုံးနိုင်အောင် ပြောဆိုနေပြီး မျက်နှာနီအောင် အငြင်းအခုံပြုခြင်းတို့ ဖြစ်သည်။ အကယ်၍ လူတို့သည် တစ်ဦးကိုတစ်ဦး အားပေးကာ ကူညီလျက် ပုံမှန်လူ့သဘာဝအတွင်းမှ မိတ်သဟာယဖွဲ့နေပါက၊ ဆိုလိုသည်မှာ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေပါက၊ ၎င်းတို့အကြားရှိ ဆက်ဆံရေးသည် ပိုပိုပြီး ကောင်းမွန်လာလိမ့်မည်။ သို့သော် ၎င်းတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် အငြင်းအခုံများတွင် ပါဝင်နေပါက၊ မိမိတို့၏ ကိုယ်ပိုင်တရားမျှတမှုကို ရှင်းလင်းစွာပြသရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းခုံနေကြကာ၊ အစဉ်အမြဲ အသာစီးရလိုပြီး၊ ရှုံးနိမ့်ကြောင်း ဝန်ခံလိုစိတ်မရှိသည့်အပြင် အလျှော့မပေးဘဲ၊ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို လက်မလွှတ်ပါက၊ ၎င်းတို့နှစ်ဦးအကြားရှိ ဆက်ဆံရေးသည် အဆုံးတွင် တိုး၍တင်းမာလာလိမ့်မည်ဖြစ်ပြီး ပိုဆိုးသည်ထက် ဆိုးရွားလာလိမ့်မည်။ ယင်းသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခု ဖြစ်မည်မဟုတ်သည့်အပြင်၊ ၎င်းတို့ တွေ့ဆုံသည့်အခါတိုင်း မျက်လုံးများ နီသည်အထိပင် ဖြစ်သွားနိုင်သည်။ ထိုအကြောင်းကို စဉ်းစားကြည့်လော့။ ခွေးများ ရန်ဖြစ်သည့်အခါ၊ ကြမ်းတမ်းသောတစ်ကောင်၏ မျက်လုံးများက နီလာတတ်သည်။ ၎င်း၏မျက်လုံးများ နီနေခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် မုန်းတီးခြင်းနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ယင်းသည် လူအချင်းချင်း တိုက်ခိုက်ခြင်းနှင့်လည်း အတူတူပင် မဟုတ်လော။ အကယ်၍ လူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ အချင်းချင်း မတိုက်ခိုက်ဘဲ၊ ထိုအစား တစ်ဦး၏အားသာချက်များကို ယူခြင်းဖြင့် တစ်ဦး၏အားနည်းချက်များကို အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ပြီး၊ တစ်ဦးကိုတစ်ဦး အားပေးနိုင်ပါက၊ ၎င်းတို့အကြားရှိ ဆက်ဆံရေးသည် ဆိုးရွားသွားဖို့ ဖြစ်နိုင်မည်လော။ ၎င်းတို့၏ ဆက်ဆံရေးသည် သေချာပေါက် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ လူနှစ်ဦးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ စကားပြောခြင်း၊ စကားစမြည်ပြောခြင်း၊ မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် စကားအချေအတင်ပြောခြင်းများပင် ပြုလုပ်သည့်အခါ၊ ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့သည် တွေ့လျှင်တွေ့ချင်း ဒေါသထွက်မည်မဟုတ်၊ သို့မဟုတ် ရန်ဖြစ်မည်မဟုတ်ပေ။ ၎င်းတို့ မျက်နှာပင်မဆိုင်သည့်အခါတွင် အခြားတစ်ဖက်အကြောင်း ပြောရုံမျှဖြင့် လူတို့တွင် အမုန်းတရားနှင့် အကြောင်းမဲ့ ဒေါသထွက်ခြင်းတို့ ပေါ်ပေါက်လာပါက ဤသည်မှာ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်ပေ။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ကြသည်။ ယင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းမှာ လူတို့သည် သမ္မာတရားကို မချစ်ခြင်း၊ သမ္မာတရားကို လက်မခံနိုင်ခြင်းနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်သည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် စည်းမျဉ်းများအပေါ် အခြေခံ၍ ကိစ္စရပ်များကို မကိုင်တွယ်ခြင်းတို့ကြောင့်သာဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်အသက်တာတွင် အချင်းချင်း အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်းများအပြင်၊ အချင်းချင်း တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများက ဖြစ်နေကျဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကာ ၎င်းတို့သည် မကြာခဏ ဆင်ခြင်တုံတရားကင်းမဲ့သည့် အခြေအနေတွင် ရှိနေပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်နေကြသောကြောင့်၊ သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်၊ ၎င်းတို့အကြားတွင် အငြင်းပွားမှုများနှင့် အမျိုးမျိုးသော တိုက်ခိုက်မှုများ အလွယ်တကူ ပေါ်ပေါက်လာလေသည်။ အကယ်၍ ဤတိုက်ခိုက်မှုများသည် ရံဖန်ရံခါ ဖြစ်ပွားပါက၊ ယင်းတို့သည် အသင်းတော်အသက်တာအပေါ် ယာယီသက်ရောက်မှုတစ်ခုသာ ရှိသော်လည်း၊ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်လေ့ရှိသောသူများသည် အသင်းတော်အသက်တာအတွက် ပြင်းထန်သော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ပြင်းထန်စွာ ထိခိုက်စေပြီး နှောင့်ယှက်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။