ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈) အခန်း တစ်
အချက် ၈- အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေလော့ (အပိုင်း ၂)
ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အချက်ရှစ်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေလော့”ဟူသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်ရှစ်သည် စာတစ်ကြောင်းတည်းသာ ရှည်ပြီး ယင်းသည် အခြေခံအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအရ အလွန်ရိုးရှင်းသည့် အရာတစ်ခုတည်းကိုသာ ၎င်းတို့ထံမှ တောင်းဆိုသော်လည်း၊ ငါတို့သည် ဤအကြောင်းအရာအား မိတ်သဟာယဖွဲ့ရန် စုဝေးပွဲတစ်ခုကိုအသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဤအကြောင်းအရာ၏ မည်သည့်ကဏ္ဍများကို ငါတို့ တိတိကျကျ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ ယင်းနှင့် သက်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ကြုံတွေ့သောအခါ စုဝေး၍ မိတ်သဟာယဖွဲ့သင့်ကြောင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ထိုအရာနှင့်ပတ်သက်၍ ရှင်းလင်းမှုကို မရရှိနိုင်ပါက ဖြေရှင်းရန်နည်းလမ်းကို အချိန်မီ ရှာဖွေပြီး အထက်သို့ တင်ပြသင့်ကြောင်း ဖြစ်ပါသည်။) ဤအချက်နှင့် သက်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်များမှာ အလုပ်၌ ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ပြီး ယင်းတို့ကို အချိန်မီ ဖြေရှင်းနိုင်ရန်အလို့ငှာ အလုပ်တွင် ပါဝင်ခြင်းနှင့် လက်တွေ့ကျသော အလုပ်၏ အမျိုးမျိုးသောကိစ္စများတွင် မိမိကိုယ်ကို နှစ်မြှုပ်ထားခြင်းတို့ဖြစ်သည်။ အကယ်၍ အမျိုးမျိုးသော နည်းလမ်းများကို ကြိုးစားပြီးဖြစ်ကာ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်သေးသည့်အပြင်၊ ဆက်လက်တည်ရှိနေပြီး ရှုပ်ထွေးမှုများနှင့် အခက်အခဲများ ဖြစ်လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုရှုပ်ထွေးမှုများနှင့် အခက်အခဲများကို စုပုံလာခွင့်မပြုသင့် သို့မဟုတ် ဘေးဖယ်ထားပြီး လျစ်လျူရှုခြင်း မပြုသင့်ဘဲ၊ ထိုအစား ယင်းတို့ကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အချိန်မီ စဉ်းစားရမည် ဖြစ်သည်။ ယင်းတို့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ဤပြဿနာများ၏ ဖြေရှင်းမှုကို ရရှိရန် ညီအစ်ကိုမောင်နှမများ၊ အဆင့်ဆင့်ရှိ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်အတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ ပြဿနာများကို မဖြေရှင်းနိုင်ပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြီးမားသောကိစ္စရပ်များကို သေးငယ်သည့်ပုံပေါက်စေရန် မကြိုးစားသင့်သည့်အပြင်၊ ထို့နောက် ထိုသေးငယ်သော ကိစ္စရပ်များကို ပြဿနာမရှိသည့်ပုံပေါက်စေဖို့လည်း မကြိုးစားသင့်ပေ၊ သို့မဟုတ် ယင်းတို့ကို ဘေးဖယ်ထားပြီး လျစ်လျူရှုခြင်းလည်း မပြုသင့်ပေ။ ထိုအစား ယင်းတို့ကို ဖြေရှင်းနိုင်ရန်အလို့ငှာ အထက်သို့ အချိန်မီ တင်ပြပြီး ဖြေရှင်းချက်များကို ရှာဖွေရမည် ဖြစ်သည်။ ဤနည်းအားဖြင့် အလုပ်သည် အခက်အခဲများနှင့် အတားအဆီးများမရှိဘဲ ချောမွေ့စွာ တိုးတက်သွားလိမ့်မည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၌ ကြုံတွေ့ရသော စိတ်ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းသင့်သည်
၁။ “အချိန်မီ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အချက်ရှစ်က အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ခြင်းအကြောင်း ဖော်ပြသည်။ ဤသည်မှာ အလွန်အရေးကြီးပေသည်။ အကယ်၍ ပြဿနာတစ်ခုကို ယနေ့ ရှာဖွေတွေ့ရှိသော်လည်း ထိုပြဿနာ၏ ဖြေရှင်းချက်ကို ရှစ်ရက် သို့မဟုတ် ဆယ်ရက်၊ ခြောက်လ သို့မဟုတ် တစ်နှစ်အထိပင် နှောင့်နှေးကြန့်ကြာစေပါက၊ ယင်းကို “အချိန်မီ”ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့ဆိုလျှင် “အချိန်မီ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (ပြဿနာကို နှောင့်နှေးခြင်း မရှိဘဲ မဆိုင်းမတွ၊ ချက်ချင်းဆိုသလို ကိုင်တွယ်ဖြေရှင်းခြင်းကို ဆိုလိုပါသည်။) ယင်းမှာ အနည်းငယ် တင်းကျပ်သည် မဟုတ်လော။ အကယ်၍ ငါတို့သည် အချိန်နှင့်ဆက်စပ်သော ဝေါဟာရကို အသုံးပြု၍ ရှင်းပြပါက၊ ပြဿနာကို နှောင့်နှေးခြင်း မရှိဘဲ မဆိုင်းမတွ၊ ယခုချက်ချင်း ဖြေရှင်းခြင်းသည် “အချိန်မီ”ဟု အဓိပ္ပာယ်ရသော်လည်း ဤစကားလုံးများ၏ ပကတိအဓိပ္ပာယ်ကို ကြည့်လျှင် ဤသည်မှာ လူတို့အတွက် ပြီးမြောက်အောင်မြင်ရန် မလွယ်ကူသည့်အပြင် လက်တွေ့လည်းမကျပေ။ သို့ဆိုလျှင် တိကျမှန်ကန်စေရန်အလို့ငှာ “အချိန်မီ” ဟူသော စကားလုံးကို ငါတို့ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ အကယ်၍ ပြဿနာသည် ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း အလုပ်အတွက် အတားအဆီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ နာရီအနည်းငယ်အတွင်း ဖြေရှင်း၍ရနိုင်ပါက၊ နာရီအနည်းငယ်အတွင်း ဖြေရှင်းသင့်သည်။ ဤအရာကို အချိန်မီဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ပြဿနာသည် အနည်းငယ် ရှုပ်ထွေးပြီး ခက်ခဲကာ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ဖြေရှင်း၍ရနိုင်သည် ဆိုကြပါစို့၊ သို့သော် လူတို့သည် သမ္မာတရားကို ရှာဖွေရန်၊ အချက်အလက်များကို ပို၍ ရှာဖွေရန် ကြိုးစားအားထုတ်ပြီး တစ်ရက်တည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းကြသည်။ ယင်းမှာ အလုပ်အတွက် ပို၍ အကျိုးရှိမည် မဟုတ်လော။ ယခု ထိုးထွင်းမြင်၍မရနိုင်သည့် ပြဿနာတစ်ခုရှိပြီး၊ စုံစမ်းစစ်ဆေးမှုနှင့် သုတေသနပြုရန် လိုအပ်ကာ အချိန်အနည်းငယ်ယူရသည် ဆိုကြပါစို့။ ဤသီးခြား ပြဿနာကို ဖြေရှင်းရန် အလွန်ဆုံး သုံးရက် ကြာမြင့်မည်။ အကယ်၍ သုံးရက်ထက် ပိုကြာပါက၊ ယင်း၏ ဖြေရှင်းချက်ကို တမင် နှောင့်နှေးကြန့်ကြာစေသည်ဟူသော သံသယ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ယင်းမှာ အချိန်ကို ဖြုန်းတီးခြင်းဟု ဆိုလိုသည်။ သို့ဖြစ်၍ ပြဿနာကို သုံးရက်အတွင်း သတင်းပို့သင့်သည်၊ ရှာဖွေသင့်သည်၊ ဖြေရှင်းသင့်ပေသည်။ ဤသည်မှာ “အချိန်မီ” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကယ်၍ ပြဿနာကို ဖြေရှင်းရာတွင် အဆင့်ဆင့် ဆက်သွယ်ပြောဆိုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအပြင်၊ အဆင့်ဆင့် အချက်အလက်များ စုဆောင်းခြင်း စသည်တို့ လိုအပ်ပါက၊ အမျိုးမျိုးသော လုပ်ငန်းစဉ်များသည် အလွန်ရှုပ်ထွေးနေလျှင်ပင် တစ်လအထိ အချိန်ဆွဲမနေသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလျင်အမြန် လုပ်ဆောင်လျှင်၊ ပို၍ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကာ၊ သင့်တော်သော လူအနည်းငယ်ကို ရွေးချယ်ကာ အသုံးပြုပါက ပြဿနာကို တစ်ပတ်အတွင်း ဖြေရှင်းနိုင်သည် ဆိုကြပါစို့၊ ထိုအခါ ဤအခြေအနေတွင် “အချိန်မီ” ဟူသည်မှာ ပြဿနာ၏ ဖြေရှင်းမှုကို တစ်ပတ်အထိ ကန့်သတ်ထားခြင်းအား ဆိုလိုသည်။ ပြဿနာကို ဖြေရှင်းရန် တစ်ပတ်ထက် အချိန်ပိုယူခြင်းသည် မသင့်လျော်ပေ။ ယင်းမှာ အချိန်မီ မဟုတ်ပေ။ ဤသည်မှာ ထိုသို့သော အတော်အတန် ရှုပ်ထွေးသည့် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အချိန်ကန့်သတ်ချက် ဖြစ်သည်။ ဤအချိန်ကန့်သတ်ချက်သည် အဘယ်အရာကို အခြေခံသနည်း။ ယင်းကို ကိစ္စရပ်၏ အရွယ်အစားနှင့် ယင်း၏ ခက်ခဲမှုအဆင့်ပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ပြဿနာများ သို့မဟုတ် လူတို့အတွက် မရှင်းလင်းသော စည်းမျဉ်းများနှင့်ဆိုင်သည့် ကိစ္စရပ်များကဲ့သို့သော အရာအများစုကို စကားအနည်းငယ်ဖြင့် ဖြေရှင်း၍ရနိုင်သည်။ ဤပြဿနာများ၏ ဖြေရှင်းမှုကို “အချိန်မီ”ဟု မှတ်ယူနိုင်ရန်အလို့ငှာ မည်သည့်အချိန်အတိုင်းအတာအထိ ကန့်သတ်ထားသင့်သနည်း။ အကယ်၍ ငါတို့သည် “အချိန်မီ”ဟူသည့်စကားကို ကိစ္စရပ်တစ်ခု၏ အရွယ်အစားနှင့် ၎င်း၏ ခက်ခဲမှုအဆင့်ပေါ်မူတည်၍ အဓိပ္ပာယ်ဖွင့်ဆိုပါက၊ ကိစ္စရပ်အများစုကို နေ့တစ်ဝက်မပြည့်မီ ဖြေရှင်း၍ရနိုင်ပြီး၊ ယင်းတို့ထဲမှ အနည်းစုမှာ ဖြေရှင်းရန် အများဆုံး တစ်ပတ်အထိ လိုအပ်နိုင်သည်။ အကယ်၍ ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာပါက၊ ယင်းမှာ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အကယ်၍ ငါတို့သည် “အချိန်မီ” ဟူသည့်စကားကို နှောင့်နှေးခြင်း မရှိဘဲ မဆိုင်းမတွ၊ ယခုချက်ချင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါက၊ ဤသည်မှာ ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်အရ လူတို့အပေါ် တင်းကျပ်သော တောင်းဆိုမှုတစ်ခု ပြုလုပ်ခြင်းကဲ့သို့ ထင်ရသော်လည်း၊ အချိန်ကန့်သတ်ချက်ကို ကြည့်လျှင်၊ အကယ်၍ လူတို့သည် အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေပါက ကိစ္စရပ်အများစုကို အလွန်ဆုံး နေ့တစ်ဝက် သို့မဟုတ် တစ်ရက်အတွင်း ဖြေရှင်း၍ရနိုင်ပေသည်။ ဤသည်မှာ အချိန်အရ ခက်ခဲသည်ဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) အချိန်အရခက်ခဲခြင်းမရှိသောကြောင့်၊ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ဖြေရှင်းရန်နည်းလမ်းအား အချိန်မီ သတင်းပို့ပြီး ရှာဖွေရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လွယ်ကူစွာ ပြည့်မီနိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်သင့်ပြီး၊ ဤရှုပ်ထွေးမှုများနှင့် အခက်အခဲများသည် အဆက်မပြတ် တည်ရှိနေကာ မပြေမလည် မဖြစ်သင့်သည့်အပြင်၊ အလုပ်တွင် ရေရှည် စုပုံလာစေခြင်းလည်း သာ၍ပင် မဖြစ်သင့်ပေ။ သင်တို့အားလုံးသည် ယခုအခါ “အချိန်မီ”ဟူသော စကား၏ အချိန်နှင့်ဆိုင်သော သဘောတရားကို သိသင့်ကြပေသည်။ ဤသည်မှာ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ကိုင်တွယ်သည့်အခါ အချိန်သတ်မှတ်ချက်များကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သို့ ချိန်ဆရမည်ဟူသော ကိစ္စရပ် ဖြစ်သည်။ တိုတိုပြောရလျှင်၊ “အချိန်မီ”၏ အတိကျဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ အကယ်၍ ပြဿနာတစ်ခုကို နေ့တစ်ဝက်အတွင်း သတင်းပို့၊ ရှာဖွေ၊ ဖြေရှင်းနိုင်ပါက၊ ထိုသို့ ပြုလုပ်သင့်ပြီး၊ တစ်ရက်အတွင်း ဖြေရှင်းနိုင်ပါက၊ ထိုသို့ ပြုလုပ်သင့်သည်။ မည်သည့် နှောင့်နှေးကြန့်ကြာမှုမျှ မဖြစ်စေရန်နှင့် အလုပ်ကို ထိခိုက်ခွင့်မပြုရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ အလုပ်၌ ပြဿနာများကို ကြုံတွေ့ပြီး ရှာဖွေတွေ့ရှိသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို အချိန်မီ မိတ်သဟာယဖွဲ့ကာ ဖြေရှင်းသင့်သည်။ အကယ်၍ ၎င်းတို့ မဖြေရှင်းနိုင်ပါက၊ ၎င်းတို့ကို ဘေးဖယ်ထားခြင်း၊ လျစ်လျူရှုခြင်းနှင့် အလေးအနက်မထားခြင်းတို့အစား၊ အထက်သို့ တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့ကာ ဖြေရှင်းရန် ရှာဖွေသင့်သည်။ ပြဿနာများ ပေါ်ပေါက်လာသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချိန်ဆွဲခြင်း၊ စောင့်ဆိုင်းခြင်း၊ သို့မဟုတ် အခြားသူများကို အားကိုးခြင်းတို့ထက် ယင်းတို့ကို အချိန်မီ ဖြေရှင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤသရုပ်သကန်များကို မပြသသင့်ပေ။
၂။ ပြဿနာများကို အချိန်မီ မဖြေရှင်းခြင်း၏ အကျိုးဆက်များ
ပြဿနာများကို ဖြေရှင်းခြင်းအတွက် အဓိကစည်းမျဉ်းမှာ အချိန်မီ လုပ်ဆောင်ရမည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့် အချိန်မီ လုပ်ဆောင်ရမည်နည်း။ အကယ်၍ ပြဿနာများစွာ ပေါ်ပေါက်လာပြီးနောက် အချိန်မီ မဖြေရှင်းနိုင်ပါက၊ တစ်ဖက်တွင် လူတို့သည် စိတ်ရှုပ်ထွေးသော အခြေအနေတစ်ခုတွင် ပိတ်မိနေကြလိမ့်မည်ဖြစ်ပြီး မည်သို့ပြုမူရမည်ကို သိမည်မဟုတ်သည့်အပြင်၊ အခြားတစ်ဖက်တွင် လူတို့သည် မမှန်သော နည်းလမ်းတစ်ခုကို အခြေခံ၍ ဆက်လက်ရှေ့ဆက်သွားပြီး၊ နောက်ပိုင်းတွင် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်ကို ပြန်လည်လုပ်ဆောင်ပြီး ပြုပြင်ရမည်ဆိုပါက၊ ထိုအခါ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ များပြားလှသော လူအင်အား၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များသည် ဖြုန်းတီးခြင်းနှင့် သုံးစွဲခြင်း ခံရလိမ့်မည်။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ အကယ်၍ အလုပ်၌ ပြဿနာများ ပေါ်ပေါက်လာပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မမြင်မကန်းဖြစ်ကာ ဤပြဿနာများကို အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ခြင်းမျိုး မရှိပါက လူများစွာသည် မမှန်ကန်သောနည်းလမ်းတစ်ခုကို အခြေခံ၍ ဆက်လက်အလုပ်လုပ်နေကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤပြဿနာများကို ရှာဖွေတွေ့ရှိပြီး ယင်းတို့ကို ဖြေရှင်းကာ ပြုပြင်လိုသောအခါ၊ ဤကိစ္စရပ်များသည် အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ထိုလူအင်အား၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များအားလုံး အလဟဿဖြစ်သွားမည် မဟုတ်လော။ ထိုသို့သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို အချိန်မီ မဖြေရှင်းခြင်းတို့ကြားတွင် ဆက်စပ်မှု ရှိသလော။ (ရှိပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အတွက် နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များ ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့သည် ပြဿနာများကို လုံးဝ အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဝတ်ကျေတမ်းကျေလုပ်ပြီး၊ အလုပ်အတွက် နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များ ပေးခြင်းတို့ကို မလုပ်ဆောင်ပါက၊ ဤအရာနှင့်စပ်လျဉ်း၍ ၎င်းတို့သည် အလွန် မတက်မကြွဖြစ်ကာ ပြဿနာများကို ဖြေရှင်းဖို့ ၎င်းတို့ မစဉ်းစားမီ၊ ယင်းတို့ကို အထက်သို့ သတင်းပို့ကာ အထက်မှ ဖြေရှင်းချက်များကို ရှာဖွေရန် မစဉ်းစားမီတွင် ကိစ္စရပ်များ လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားအောင် ပြဿနာများ အလွန်များပြားဖို့အတွက် စောင့်ဆိုင်းနေလျှင်၊ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးပြီလော။ (မဖြည့်ဆည်းသေးပါ။) ဤသည်မှာ တာဝန်ကို ဆိုးရွားစွာ ပျက်ကွက်ခြင်း ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖြေရှင်းခဲ့ရုံသာမက၊ ထိုအစား ဘုရားအိမ်တော်၏ လူအင်အားနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့်အပြင်၊ အသင်းတော်အလုပ်အတွက် ကြီးမားသော အတားအဆီးတစ်ခုကိုလည်း ဖန်တီးခဲ့ကြပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပျက်ကွက်မှု၊ ၎င်းတို့၏ ပေါ့ဆမှု၊ ထုံထိုင်းမှုနှင့် ဉာဏ်ထိုင်းမှုတို့ကြောင့်လည်းကောင်း၊ ၎င်းတို့သည် အလုပ်၌ ပေါ်ပေါက်သော ပြဿနာများစွာကို အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ခြင်းမျိုး မရှိသည့်အပြင် အထက်သို့ တင်ပြပြီး အထက်ထံမှ ဖြေရှင်းချက်များကိုပင် ရှာဖွေရန် အချိန်မီ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့်လည်းကောင်း အလုပ်တာဝန်များစွာကို ပြန်လည်လုပ်ဆောင်ခဲ့ရပြီး ယင်းတို့ကိုပြန်လည်လုပ်ဆောင်ပြီးနောက်တွင်၊ စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်းကြောင့် နောက်ထပ်ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ အမှုအရာများက ဤသို့ဖြစ်သည်နှင့်အမျှ၊ အလုပ်ပြီးဆုံးရက်က အလွန်အမင်း နှောင့်နှေးသွားပြီး၊ တစ်လကြာသင့်သော အလုပ်သည် ပြီးစီးဖို့အတွက် သုံးလကြာမြင့်သွားကာ သုံးလကြာသင့်သော အလုပ်သည် ရှစ်လ သို့မဟုတ် ကိုးလထိကြာမြင့်သွားခဲ့သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်အတွက် တာဝန်မယူသောကြောင့်၊ ဆိုလိုသည်မှာ၊ ပြဿနာများ ပေါ်ပေါက်လာသောအခါ အချိန်မီ ရှာဖွေပြီး ပြုပြင်နိုင်ခြင်းမျိုး မရှိသောကြောင့် အမျိုးမျိုးသော အလုပ်ကိစ္စများသည် ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်းမရှိသည့်အပြင် ရပ်တန့်သွားသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ ဤပြဿနာအတွက် တိုက်ရိုက်တာဝန်ရှိသူမှာ မည်သူနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ပါသည်။) ထို့ကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ရန် အလွန်အရေးကြီးပြီး၊ ၎င်းတို့အနေဖြင့် စစ်မှန်သောအလုပ်ကို လုပ်ဆောင်နေစဉ် ပြဿနာများကို ရှာဖွေတွေ့ရှိရန်မှာလည်း အလွန်အရေးကြီးသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သော်လည်း မည်သို့ဖြေရှင်းရမည်ကို မသိကြသည့်တိုင်၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် အထက်သို့ အချိန်မီ သတင်းပို့ကာ ဖြေရှင်းချက်များကို ရှာဖွေနိုင်ကြသည်။ ယင်းမှာ သာ၍ပင် အရေးကြီးပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာက “ငါတို့တွင် အလုပ်လုပ်သည့် ကိုယ်ပိုင်နည်းလမ်းများ ရှိပါသည်။ အထက်က ငါတို့ကို စည်းမျဉ်းများ ပြောပြရန်သာ လိုပြီး ကျန်သည့် လက်တွေ့ကျသော အလုပ်ကို ငါတို့ဘာသာ လုပ်ပါမည်။ အခက်အခဲများ တစ်ခုတလေကို ငါတို့ ကြုံရလျှင် အောက်နှင့် အတူတကွ မိတ်သဟာယဖွဲ့ပြီး ဆုတောင်းလိုက်ခြင်းက ငါတို့အတွက် လုံလောက်ပါသည်” ဟု တွေးကြသည်။ ပြဿနာဖြေရှင်းခြင်းနှင့်ဆိုင်သည့် အစွမ်းအစအတွက်မူ၊ သို့မဟုတ် ၎င်းတို့၏ ဖြေရှင်းချက်များမှာ စေ့စပ်သေချာမှု သို့မဟုတ် ထိရောက်မှု ရှိမရှိဟူသည်နှင့် ပတ်သက်၍မူ၊ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ တညီတညာတည်း လုံးဝ ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိပေ။ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်သည့်အခါ ထားရှိသော တာဝန်မဲ့သည့် သဘောထားမျိုးဖြစ်ပြီး၊ နောက်ဆုံးတွင် ဤသည်မှာ အသင်းတော်ထဲက အလုပ်ကိစ္စအားလုံးကို ချောမွေ့စွာ မတိုးတက်နိုင်စေသည့်အပြင် ပြေလည်မသွားသည့် ဆိုးရွားသော ပြဿနာများလည်း ရှိနေစေသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစ အလွန်ညံ့ဖျင်းခြင်း၊ သို့မဟုတ် ၎င်းတို့ တာဝန်မယူခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်သည်။
အဋ္ဌမမြောက် တာဝန်အပေါ် အခြေခံ၍ အယောင်ဆောင် ခေါင်းဆောင် အမျိုးအစား အနည်းငယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၁။ ဝိညာဉ်ရေးရာ အတုအယောင်များဖြစ်သည့် အယောင်ဆောင်ခေါင်းဆောင်များ
ပြီးခဲ့သည့်တစ်ကြိမ်က၊ ငါတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး အချိန်မီ သတင်းပို့ရမည့်အပြင်၊ ယင်းအတွက် ဖြေရှင်းချက်များကို အချိန်မီ ရှာဖွေရမည့် အချို့သော ပြဿနာများကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ အခြေခံအားဖြင့် အဓိက ပြဿနာ အမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ လူတို့ မသေချာမရေရာဖြစ်သည့် သို့မဟုတ် ထွင်းဖောက်မမြင်နိုင်သည့် အလုပ်ထဲမှ ပြဿနာများ ဖြစ်သည်။ ဤပြဿနာများနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် အလွန်အခက်တွေ့ကြသည်။ ၎င်းတို့သည် အယူဝါဒအရ စည်းမျဉ်းများကို နားလည်နိုင်သော်လည်း ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ကျင့်သုံးရမည်ကို မသိကြပေ။ ဤပြဿနာများသည် ရှုပ်ထွေးမှုများနှင့် ဆက်စပ်သည်။ အခြားအမျိုးအစားမှာ မည်သို့ ဖြေရှင်းရမည်ကို လူတို့မသိသော လက်တွေ့ကျသည့် အခက်အခဲများနှင့် ပြဿနာများ ဖြစ်သည်။ ဤအမျိုးအစားသည် ရှုပ်ထွေးမှုများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပို၍ ဆိုးရွားပြီး ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း သတင်းပို့သင့်ကာ ဖြေရှင်းချက်များ ရှာဖွေသင့်သည့် ပြဿနာများ ဖြစ်ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က၊ အလုပ်တွင် ကြုံတွေ့ရသော ပြဿနာများအား သတင်းပို့ကာ မည်သို့ဖြေရှင်းရမည်ကို ရှာဖွေရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ကြောင်းကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အပြင် အာရုံစိုက်သင့်သည့် အချို့အရာများကို အပြုသဘောဆောင်သော ရှုထောင့်အမြင်မှ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင်၊ ငါတို့သည် အချက်ရှစ်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်သရုပ်သကန်များ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် ခေါင်းဆောင်များ လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည်နှင့် ခေါင်းဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်တို့ကိုလည်းကောင်း စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ အလုပ်တွင် ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာနှင့်စပ်လျဉ်း၍ သေချာပေါက် အရည်အချင်း မပြည့်မီကြပေ။ ၎င်းတို့သည် အလုပ်၏ ဤကဏ္ဍကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး ဤတာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ကြသည်။ အလုပ်လုပ်သည့်အခါတွင် “ငါ အလုပ်လုပ်သည့်အခါ ထိုလုပ်ရိုးလုပ်စဉ်များတွင် မပါဝင်သည့်အပြင်၊ အသိပညာ၊ သင်ယူခြင်း၊ ကျွမ်းကျင်မှုများ သို့မဟုတ် အယူဝါဒကဲ့သို့သော မည်သည့်အရာကိုမျှလည်း အာရုံမစိုက်ပါ။ စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန်သာ ငါ သေချာလုပ်ပြီး ယင်းမှာ လုံလောက်ပေသည်။ အပတ်တိုင်း အုပ်စုငယ်များအတွက် စုဝေးပွဲနှစ်ခု ငါ လုပ်ပေးသည်၊ နှစ်ပတ်တစ်ခါ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စုဝေးပွဲတစ်ခု လုပ်ပေးသည်၊ ပြီးလျှင် လစဉ် ညီအစ်ကိုမောင်နှမအားလုံးအတွက် စုဝေးပွဲကြီးတစ်ခု လုပ်သည်။ ဤစုဝေးပွဲအမျိုးအစားအားလုံးကို ကောင်းစွာ စီစဉ်နိုင်လျှင် လုံလောက်ပါသည်”ဟု တွေးလျက် အယူအဆတစ်ခုရှိသော အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ရှိသည်။ ဤသည်မှာ အလုပ်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းနှင့် နည်းလမ်း ဖြစ်သည်။ ဤခေါင်းဆောင်နှင့် အမှုဆောင်အမျိုးအစားသည် တရားဒေသနာများ ဟောပြောခြင်းတွင် အဆက်မပြတ် လေ့ကျင့်ရုံသာ လေ့ကျင့်ကြပြီး စကားလုံးများနှင့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရာတွင် အလွန်အားထုတ်ကြသည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခုချင်းစီအတွက် မိတ်သဟာယပြုရန် အကြမ်းဖျင်းဖော်ပြချက်များ၊ ပါဝင်သည့်အကြောင်းအရာ၊ ဥပမာများနှင့် သမ္မာတရားများကို ပြင်ဆင်ကြပြီး အချို့သောလူများ၏ အခြေအနေများနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် အစီအစဉ်အချို့ကိုလည်း ပြင်ဆင်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ကောင်းစွာ တရားဟောရုံသာ ဟောရမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဧဝံဂေလိတရားကို ဟောကြားနေသည့် နည်းလမ်းက သင့်လျော်ခြင်း ရှိမရှိ၊ သို့မဟုတ် အသင်းတော် ဝန်ထမ်းများကို မည်သို့ တာဝန်ခန့်အပ်သည်၊ သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးကို လုပ်ဆောင်သော ဝန်ထမ်းများသည် အရည်အချင်းပြည့်မီပြီး စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသကဲ့သို့သော အခြားအရာများနှင့်ပတ်သက်၍ စိတ်ဝင်စားရန် မလိုအပ်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤအရာများကို ကြီးကြပ်ရေးမှူးများအား ကိုင်တွယ်ခွင့်သာပေးလိုက်ခြင်းက လုံလောက်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ဤလူအမျိုးအစားသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့သည် စုဝေးပွဲများနှင့် တရားဒေသနာများ ဟောပြောခြင်းတို့ကို အာရုံစိုက်ကြပြီး မည်သည့် စုဝေးပွဲမျိုးကို ကျင်းပနေသည်ဖြစ်စေ ၎င်းတို့သည် တရားဒေသနာတစ်ပုဒ်ကို အမြဲ ဟောပြောကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌လည်းကောင်း၊ ဓမ္မတေးများ သီဆိုတတ်ရန် သင်ယူရာ၌လည်းကောင်း ဦးဆောင်ကြပြီး အခါအားလျော်စွာ အလုပ်အကြောင်းကို ပြောဆိုဆွေးနွေးကြသည်။ ဤလူစားမျိုးက လူအမျိုးမျိုး ကြုံတွေ့ရသော ပြဿနာများနှင့် နှိုင်းယှဉ်ရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များအား အသုံးပြုသင့်သည်၊ ပြီးလျှင် လူတို့ အဘယ်ကြောင့် အားနည်းသည်ဟု ခံစားရပြီး ၎င်းတို့၌ အဘယ်အခြေအနေများ ပေါ်ပေါက်ပြီးဖြစ်သည်ဟူသည်နှင့် ဤအရာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်သမ္မာတရားများအား မိတ်သဟာယဖွဲ့သင့်သည်ဟူသည်တို့ကဲ့သို့သော မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည့် ပြဿနာများအကြောင်းကို သိရှိကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများသည် သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍများစွာကို ထည့်သွင်းစဉ်းစားကြသည်။ အချို့မှာ ပြုပြင်ခြင်းနှင့် ဆက်စပ်သည်၊ အချို့မှာ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့နှင့် ဆက်စပ်သည်၊ အချို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် ဆက်စပ်သည်၊ အချို့မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အား မည်သို့ တွေ့ကြုံခံစားရမည်ဟူသည်နှင့် ဆက်စပ်သည် စသည်ဖြင့် သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယဖွဲ့နိုင်ကြသည်။ ယုံကြည်သူအသစ်များနှင့် ၎င်းတို့ တွေ့ဆုံသောအခါ ယုံကြည်သူအသစ်များအတွက် တရားဒေသနာများ ဟောပြောကြပြီး ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော လူများနှင့် တွေ့ဆုံသောအခါ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် တရားဒေသနာအချို့ကို ဟောပြောနိုင်ကြသည်။ သို့သော် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုတလေ ပါဝင်သော အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် မည်သည့်အလုပ်ကိုမဆို နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း၊ ပါဝင်ခြင်း သို့မဟုတ် ယင်းကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရန် မဆိုထားနှင့်၊ အလုပ်အကြောင်းကို မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း သို့မဟုတ် ယင်းနှင့်သက်ဆိုင်သော အရာများကို လေ့လာခြင်း လုံးဝ မပြုကြပေ။ ၎င်းတို့၏ အမြင်တွင် တရားဒေသနာများ ဟောပြောခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဓမ္မတေးများ သင်ယူခြင်းတို့အားဖြင့် ၎င်းတို့သည် အလုပ်လုပ်နေခြင်းဖြစ်ပြီး ဤအရာများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ ဖြစ်ကြပေသည်။ ဤအရာမှလွဲ၍၊ အခြားအလုပ်အားလုံးသည် အရေးမပါပေ။ ယင်းမှာ အခြားလူများ၏ အလုပ်ကိစ္စဖြစ်ပြီး ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ ၎င်းတို့သည် တရားဒေသနာများကို ကောင်းစွာ ဟောပြောနိုင်သရွေ့ စိတ်အေးလက်အေး နေနိုင်သည်ဟူ၍ ဖြစ်သည်။ “စိတ်အေးလက်အေး နေနိုင်သည်”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ စုဝေးပွဲတစ်ခု ပြီးဆုံးခြင်းသည် ၎င်းတို့၏ အလုပ်ပြီးဆုံးခြင်းနှင့် အတူတူပင်ဖြစ်ပြီး အနားယူချိန်ကျသောအခါ ၎င်းတို့ အနားယူကြသည်ကို ဆိုလိုသည်။ အသင်းတော်အလုပ်တွင် မည်သည့် ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့က ယင်းတို့ကို လျစ်လျူရှုကြပြီး လူတို့က ပြဿနာတစ်ခုကို ဖြေရှင်းရန် ၎င်းတို့ကို ရှာဖွေသောအခါ ၎င်းတို့ကို ရှာတွေ့ရန် အလွန်ခက်ခဲသည်။ မည်မျှ အလုပ်များနေပါစေ ၎င်းတို့အနေဖြင့် နေ့လယ်တစ်ရေးအိပ်ရမှဖြစ်မည်ဖြစ်ပြီး အခြားလူများက ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံကာ အဖိုးအခ ပေးဆပ်နိုင်စဉ်တွင် ၎င်းတို့က သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ကြသည်။ ၎င်းတို့က “ငါ တရားဟောပြီးပြီ၊ စုဝေးပွဲ ပြီးသွားပြီ၊ ပြီးလျှင် ငါ ပြောသင့်ပြောထိုက်သည့် အရာအားလုံးကို သင်တို့ကို ပြောပြီးပြီဖြစ်သည်။ အခြားမည်သည့်အရာကို ငါ့အား သင်တို့ ပြောစေချင်သေးသနည်း။ ငါ၏အလုပ် ပြီးသွားပြီဖြစ်သည်။ ကျန်သည့်အရာမှာ သင်တို့၏ အလုပ်ဖြစ်သည်။ ငါသည် သင်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပြောပြီးပြီဖြစ်သည်။ ထို့ကြောင့် စည်းမျဉ်းများအတိုင်းသာ ပြုမူဆောင်ရွက်ကြလော့။ ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုတလေအတွက်မူ ယင်းမှာ သင်တို့၏ ကိစ္စ ဖြစ်ပြီး ငါနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပါ။ သင်တို့ကိုယ်တိုင် ဘုရားသခင်ရှေ့မှောက်ကို သွားပြီး ပြဿနာများကို ဖြေရှင်းရန် ဆုတောင်း၊ စုဝေးပြီး မိတ်သဟာယဖွဲ့သင့်သည်။ ငါ့ကို လာမရှာကြပါနှင့်”ဟု စဉ်းစားကြသည်။ စုဝေးပွဲတစ်ခု ပြီးသွားသောအခါ ၎င်းတို့သည် မည်သူ့ကိုမျှ မေးခွန်းများ လုံးဝ မမေးစေပေ၊ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိဖူးရန် မဆိုထားနှင့်၊ ပြဿနာများကို ဖြေရှင်းလိုစိတ် လုံးဝ မရှိကြပေ။ စုဝေးပွဲအပြီးတွင် မိမိတို့၏ အလုပ်ပြီးပြီဟု ၎င်းတို့ မှတ်ယူကြပြီး အချိန်မှန် အိပ်၊ စားကာ အပန်းဖြေကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ် လုံးဝမလုပ်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။)
ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်း၏ ရာထူး၌ တာဝန်ထမ်းဆောင်သည်မှာ ခြောက်လရှိပြီဖြစ်ပြီး ၎င်းကို မကြာခဏ တွေ့မြင်နိုင်သည့် ၎င်းနှင့် ပို၍ ရင်းနှီးသူများမှလွဲ၍ ညီအစ်ကိုမောင်နှမအများစုက ၎င်းတို့ကို မတွေ့နိုင်ကြသည့် အခြေအနေအချို့ ရှိသည်။ ၎င်းတို့က အွန်လိုင်းပေါ်တွင် တရားဒေသနာများ ဟောကြားသည်ကိုသာ မကြာခဏ ကြားကြရသော်လည်း ပြဿနာတစ်ခုရှိသောအခါ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်က မဖြေရှင်းပေးပေ။ အချို့ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များတွင် ၎င်းတို့ မည်သို့ဖြေရှင်းရမည်ကို မသိသော အခက်အခဲများနှင့် ကြုံတွေ့ရပြီး ငြိမ်ငြိမ် မထိုင်နိုင်အောင်ပင် အလွန်စိုးရိမ်လာကြကာ ၎င်းတို့၏ ခေါင်းဆောင်ကို ရှာဖွေသောအခါ သူ့ကို ရှာမတွေ့နိုင်ကြပေ။ ဤသို့သော ခေါင်းဆောင်မျိုးသည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့၏ ခေါင်းဆောင်ကို နေ့စဉ် အဘယ်အရာက အလွန်အလုပ်များစေသည်ကို ညီအစ်ကို မောင်နှမများက မသိကြပေ။ စုပုံနေသော ပြဿနာများနှင့် အခက်အခဲများစွာ ရှိနေပြီး ၎င်းတို့၏ ခေါင်းဆောင်က လာရောက်ဖြေရှင်းပေးရန် မည်သည့်အချိန်တွင် ရောက်လာမည်ကိုလည်း ၎င်းတို့ မသိကြပေ။ လူတိုင်းသည် ခေါင်းဆောင်က လာရောက်ကူညီမည်ကို မျှော်လင့်စောင့်စားကြသော်လည်း မည်မျှကြာအောင် ၎င်းတို့ စောင့်ဆိုင်းနေပါစေ ထိုခေါင်းဆောင်က လုံးဝ ပေါ်မလာပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန် ရှာရခက်ပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ထားရာ၌ တော်ကြသည်တကား။ ၎င်းတို့သည် တရားဒေသနာများကို အလွန်ကောင်းမွန်စွာ ဟောပြောကြပြီး တရားဒေသနာတစ်ပုဒ် ဟောပြီးနောက်တွင် လုံးဝ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ကြကာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်နိုင်သည့် တစ်နေရာရာ၌ မိမိတို့ဘာသာ ပုန်းကွယ်နေလျက် မည်သည့်အလုပ်မျှ မလုပ်ကြပေ။ ဤသို့ဖြစ်နေလင့်ကစား၊ ၎င်းတို့သည် မိမိတို့ အလွန်ကောင်းမွန်စွာနှင့် သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ်နေသည်ဟု ထင်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် ခိုကပ်နေခြင်းမရှိကြောင်း၊ ၎င်းတို့၏ တရားဒေသနာများကို ဟောကြားပြီးဖြစ်ကြောင်း။ ၎င်းတို့၏ စုဝေးပွဲများကို ကျင်းပပြီးဖြစ်ကြောင်း၊ ၎င်းတို့ ပြောသင့်ပြောထိုက်သည့်အရာအားလုံးကို ပြောပြီးဖြစ်ကြောင်းနှင့် ၎င်းတို့ ရှင်းပြသင့်သည့်အရာအားလုံးကို ရှင်းပြပြီးဖြစ်ကြောင်း တွေးထင်ကြသည်။ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုပ်ပေးရန်နှင့် ပါဝင်ရန်၊ စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ကို ကူညီရန်နှင့် ပြဿနာများကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီရန် ညီအစ်ကိုမောင်နှမများနှင့် အလွန်အမင်း ပတ်သက်ဆက်ဆံလိုခြင်း လုံးဝ မရှိကြပေ။ ၎င်းတို့ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုနှင့် အမှတ်တမဲ့ ကြုံတွေ့ရလျှင်၊ အထက်သို့ သတင်းပို့ပြီးအထက်ထံမှ ဖြေရှင်းချက်ကို ရှာဖွေရန်လည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲတွင် “ညီအစ်ကိုမောင်နှမများသည် မိတ်သဟာယဖွဲ့ခြင်းတွင် စည်းမျဉ်းများကို ကြားပြီးသည့်နောက် လိုက်နာစောင့်ထိန်းနိုင်ကြသလော။ အလုပ်တွင် အခက်အခဲများနှင့် ရှုပ်ထွေးမှုများကို ၎င်းတို့ တစ်ဖန် ကြုံရသည့်အခါ သမ္မာတရားကို စွဲကိုင်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ကြလိမ့်မည်လော။ ထို့အပြင် အလုပ်တွင် မည်သူက အပြုသဘောဆောင်သည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသနည်း။ မည်သည့်လူများက အပျက်သဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ သို့မဟုတ် အမှုအရာများကို ဖျက်ဆီးသည့် လူများ၊ သို့မဟုတ် အမြဲတမ်း မကောင်းသည့် စိတ်ကူးများ ရလာတတ်သည့် အဓိပ္ပာယ်မရှိသော လူများ တစ်ဦးတလေ ရှိသလော။ ယခုတစ်လောတွင် အလုပ်က မည်သို့ တိုးတက်နေပြီနည်း” ဟုလည်း မတွေးဆကြပေ။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ တညီတညာတည်း စိတ်မဝင်စားကြ သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ ဤကဲ့သို့သော လူများသည် အပေါ်ယံအားဖြင့် အလုပ်လုပ်နေပုံ ပေါ်သည်၊ ၎င်းတို့က တရားဒေသနာများ ဟောသည်၊ စုဝေးပွဲများ ကျင်းပသည်၊ တရားဒေသနာ မူကြမ်းများနှင့် အကြမ်းဖျင်းဖော်ပြချက်များကို ပြင်ဆင်ပြီး အလုပ်အစီရင်ခံစာများကိုပင် ရေးသားကြသည်။ အချို့ခေါင်းဆောင်များသည် ၎င်းတို့၏ အသက်တာဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍လည်း တရားဒေသနာများကို မကြာခဏ ရေးသားကြသည်။ ၎င်းတို့သည် မိမိတို့၏ အခန်းများထဲတွင် သုံးရက် သို့မဟုတ် ငါးရက် တောက်လျှောက် နေပြီး ရေးသားကြကာ ၎င်းတို့အတွက် စားသောက်ဖွယ်ရာများကို အထူးတလည် ပို့ပေးရန် တစ်စုံတစ်ဦးကိုပင် လိုအပ်ပြီး အခြားမည်သူကမျှ ၎င်းတို့ကို မတွေ့ရပေ။ အကယ်၍ ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းမရှိဟု သင်ပြောလျှင် ၎င်းတို့က မတရားခံရသည်ဟု ခံစားရကြသည်။ “ကျွန်ုပ်သည် မည်သို့လျှင် လက်တွေ့ကျသော အလုပ် မလုပ်ဘဲ နေသနည်း။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်ပြီး စုဝေးပွဲများကို အမြဲကျင်းပပေးကာ တရားဒေသနာများကို ဟောကြားနေပါသည်။ ကျွန်ုပ်သည် ပါးစပ်ခြောက်သည်အထိ တရားဒေသနာများကို ဟောကြားပြီး တစ်ခါတစ်ရံ ညဉ့်နက်သည်အထိပင် မအိပ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းမှကြည့်လျှင် အလွန်အလုပ်များပြီး မအားလပ်သည့်ပုံပေါ်သည်။ ၎င်းတို့သည် တရားဒေသနာများစွာ ဟောပြီး စကားပြောခြင်းနှင့် စာရေးခြင်းအပေါ် အလွန်အားထုတ်ကြသည်။ ၎င်းတို့သည် သတင်းစကားများနှင့် စာများကို ပုံမှန် ပေးပို့ကြပြီး အထက်မှ သတ်မှတ်ထားသော စည်းမျဉ်းများကို သိရှိစေကြကာ စုဝေးပွဲများအတွင်းတွင် အကြောင်းအရာများကို လေးနက်စွာနှင့် စိတ်ရှည်စွာ မိတ်သဟာယဖွဲ့ပြီး အသားပေးဖော်ပြကြသည်။ ၎င်းတို့သည် အမှန်ပင် များစွာ ပြောဆိုကြသော်လည်း သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တွင် လုံးဝ မပါဝင်ကြပေ။ အလုပ်ကို မည်သည့်အခါတွင်မျှ နောက်ဆက်တွဲမလုပ်ပေးကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ မည်သည့်ပြဿနာကိုမျှ လုံးဝ အတူတကွ ရင်မဆိုင်ကြပေ။ အကယ်၍ သင်က ၎င်းတို့အား အလုပ်၏ ထိုထိုသောအရာ မည်သို့တိုးတက်နေသည် သို့မဟုတ် အလုပ်၏ ရလဒ်များမည်သို့ရှိသည်ကို မေးမြန်းလျှင် ၎င်းတို့ မသိကြသည့်အပြင်၊ တစ်စုံတစ်ဦးကို ဦးစွာ သွားမေးရသည်။ ပြီးခဲ့သည့်အခေါက်က ပြဿနာများ ဖြေရှင်းပြီးပြီလားဟု သင် မေးလျှင် ၎င်းတို့က စုဝေးပွဲတစ်ခု ကျင်းပပြီးဖြစ်ကြောင်းနှင့် စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ပြီးဖြစ်ကြောင်း ပြောကြသည်။ ထို့နောက် သင်က ၎င်းတို့အား “သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင် ညီအစ်ကိုမောင်နှမများက အမှန်တကယ် နားလည်သွားကြပါသလော။ ၎င်းတို့အတွက် လမ်းလွဲသွားဖို့ ဖြစ်နိုင်သေးသလော။ ၎င်းတို့ထဲတွင် ယှဉ်ကြည့်လျှင် မည်သူက စည်းမျဉ်းများကို ပိုနားလည်သနည်း၊ မည်သူက အတတ်ပညာပိုင်းတွင် ပို၍ ကျွမ်းကျင်သနည်း၊ ပြီးလျှင် မည်သူက ပိုကောင်းသော အစွမ်းအစရှိပြီး ပျိုးထောင်ရန် ထိုက်တန်သနည်း”ဟု မေးသည် ဆိုပါစို့။ ၎င်းတို့သည် ဤမေးခွန်းများထဲမှ တစ်ခုအတွက်မျှ အဖြေများကို မသိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိကြပေ။ သင်က ၎င်းတို့အား အလုပ်၏ အခြေအနေအကြောင်း မေးမြန်းသည့်အခါတိုင်းတွင် ၎င်းတို့က “စည်းမျဉ်းများနှင့်ပတ်သက်၍ ကျွန်ုပ် မိတ်သဟာယဖွဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ် စုဝေးပွဲတစ်ခု ကျင်းပပြီးဖြစ်ကာ သူတို့ကိုလည်း ယခုတင် ပြုပြင်ခဲ့သည်။ သူတို့သည် မိမိတို့၏ ဆက်ကပ်မှုကို ဖော်ပြပြီးဖြစ်ကာ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ရှိကြပါသည်”ဟု ပြောကြသည်။ သို့သော် နောက်ဆက်တွဲအလုပ်က မည်သို့ တိုးတက်နေသည်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့ မသိကြပေ။ ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီသည်ဟု မှတ်ယူ၍ရနိုင်သလော။ (မရနိုင်ပါ။) ဤခေါင်းဆောင်နှင့် အမှုဆောင်မျိုးက အလုပ်လုပ်သည့်နည်းလမ်းမှာ လူတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြပြီး စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရုံသာဖြစ်သည်။ သို့သော် ၎င်းတို့သည် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် အာရုံမစိုက်ကြသည့်အပြင် အထက်သို့ သတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေရန် ပို၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့၏ အခြေအနေမှန်က မည်သည့်အရာဖြစ်သည်ကို အထက်က သိရှိသွားမည်ကို အလွန် ကြောက်ရွံ့ကြသည်။ ထိုသို့သော လုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်သနည်း။ တိတိကျကျ ပြောရလျှင် ထိုသို့သော လူများသည် စံပြဖာရိရှဲများ ဖြစ်ကြသည်။ ဖာရိရှဲများ၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိသော အပြင်ပန်း လုပ်ဆောင်ချက်များတွင် ပါဝင်လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကျက်သရေရှိသောပုံစံဖြင့် ပြောဆိုပြုမူကြသည်၊ ၎င်းတို့၏ စကားလုံးများနှင့် လုပ်ဆောင်ချက်အားလုံးကို သမ္မာကျမ်းစာအပေါ် အခြေခံကြပြီး လူတို့နှင့် တွေ့ဆုံကာ စကားပြောဆိုသောအခါ သမ္မာကျမ်းစာမှ စကားလုံးများကို ရွတ်ဆိုကြပြီး သမ္မာကျမ်းစာမှ စာကြောင်းများစွာကို အလွတ် ရွတ်ဆိုနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဖာရိရှဲများနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်၊ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အမှားအယွင်းကိုမျှ သင် ရှာမတွေ့နိုင်သည့်အပြင် ၎င်းတို့က အထူးသဖြင့် ဝိညာဉ်ရေးရာပြည့်ဝပုံပေါ်ကြသည်။ သင်သည် ၎င်းတို့၏ အပြင်ပန်း စကားပြောဆိုမှု၊ လုပ်ရပ်များနှင့် အပြုအမူတို့မှ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သော်လည်း အသင်းတော်အလုပ်တွင် တည်ရှိသော ပြဿနာများစွာကို ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ သို့ဆိုလျှင် ဤ “ဝိညာဉ်ရေးရာပြည့်ဝခြင်း”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တင်းတင်းကျပ်ကျပ် ပြောရလျှင် ယင်းမှာ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝခြင်း ဖြစ်သည်။ ဤကဲ့သို့ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများသည် နေ့စဉ် မိမိတို့ကိုယ်ကို အလွန်အလုပ်များစေလျက်၊ အုပ်စုကြီးငယ်များကြားတွင် လူးလာခေါက်တုံ့သွားလာလျက်၊ သွားလေရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောပြောကြသည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားမည်သူထက်မဆို ပို၍ ချစ်မြတ်နိုးပုံရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အခြားမည်သူထက်မဆို ပို၍ အားထုတ်ကြိုးပမ်းပုံရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း အခြားမည်သူထက်မဆို ပို၍ အသိနှံ့စပ်ပုံပေါ်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်ပဓာနကျသော ကျမ်းပိုဒ်၏ စာမျက်နှာနံပါတ်ကိုမဆို ရုတ်တရက်ပြောနိုင်ကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုနှင့် ကြုံတွေ့ရလျှင် ၎င်းတို့သည် ဆက်စပ်မှုရှိသည့် ဘုရား နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု၏ စာမျက်နှာနံပါတ်ကို ပေးပြီး သွားဖတ်ရန် ပြောကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် အရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူပုံပေါ်ကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံပုံပေါ်ကြပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသည့်ပုံရသည်။ သို့သော် သင်က ၎င်းတို့လုပ်ဆောင်သော အလုပ်ကို သေချာစွာ ကြည့်ရှုသောအခါ ၎င်းတို့သည် ဤစကားလုံးများနှင့် အယူဝါဒများကို ဟောပြောနေစဉ်တွင် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြသလော။ အကယ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် အလုပ်တစ်ခုတွင် ယခင်က မတွေ့ရှိခဲ့သော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး အခြားသူများ မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းပေးလျှင် ဤသည်မှာ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရားအပေါ် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ကြောင်းကို ပြသပေသည်။ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများသည် ဤအရာနှင့် ဆန့်ကျင်ဘက် အတိအကျဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ပြီး နေရာတိုင်းတွင် ဟောပြောကြကာ ၎င်းတို့၏ စိတ်နှင့် နှလုံးသားများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်နှက်နေသည်။ သို့ရာတွင် အလုပ်၌ ပြဿနာကြီးတစ်ခု ပေါ်ပေါက်သည်ဖြစ်စေ၊ ပြဿနာငယ်တစ်ခု ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မမြင်နိုင် သို့မဟုတ် မသိရှိနိုင်ပေ။ စုဝေးပွဲများအဆုံးတွင် ၎င်းတို့ အကြောက်ဆုံးသောအရာမှာ တစ်စုံတစ်ဦးက လက်တွေ့ကျသော ကိစ္စတစ်ခုကို ထုတ်ဖော်ပြောဆိုပြီး ဖြေရှင်းခိုင်းမည်ကိုဖြစ်ပြီး ထို့ကြောင့်ပင် စုဝေးပွဲများ ပြီးသွားသောအခါ ၎င်းတို့က၊ “တစ်စုံတစ်ယောက်သည် ငါ့ကို မေးခွန်းတစ်ခုမေးပြီး ငါမဖြေနိုင်ခဲ့လျှင် ထိုအရာသည် ကသိကအောက်ဖြစ်လိမ့်မည်ဖြစ်ပြီး ရှက်စရာကောင်းပေလိမ့်မည်” ဟု တွေးလျက် အချိန်မီ ထွက်သွားကြလေသည်။ ဤသည်မှာ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် စစ်မှန်သော အခြေအနေ ဖြစ်သည်။
သင်တို့ အနီးဝန်းကျင်ရှိ မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ရာ၌ တော်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းနိုင်ပြီး ၎င်းတို့နှင့်အတူ အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည်ကို စဉ်းစားကြည့်လော့။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြပေသည်။ သင်တို့အနီးဝန်းကျင်ရှိ မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရာ၌ တော်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းအား အာရုံအစိုက်ဆုံးဖြစ်ကာ ၎င်းတို့၏ အလုပ်တွင် ရလဒ်အများဆုံး ရရှိသည်ကို စဉ်းစားကြည့်လော့။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန် တာဝန်ယူတတ်ပြီး တာဝန်သိစိတ်ရှိသော သစ္စာစောင့်သိသူများ ဖြစ်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရာ၌ ပြောင်မြောက်ပြီး၊ အဓိကအချက်နှင့် အကြောင်းအရာပါလျက်၊ စနစ်တကျပုံစံဖြင့် ယုတ္တိရှိရှိနှင့် အဆီအငေါ်တည့်စွာ ဟောပြောကာ၊ လူတို့က ၎င်းတို့၏ တရားဒေသနာများနှင့်ပတ်သက်၍ စိတ်အားထက်သန်ကြသော်လည်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အမြဲ ရှောင်ရှားနေလျှင်၊ ညီအစ်ကိုမောင်နှမများက မေးခွန်းများ မေးမည်ကို အမြဲ ကြောက်ရွံ့နေလျှင်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ပြဿနာများကို ဖြေရှင်းကာ ကိုင်တွယ်ရန် ကြောက်ရွံ့နေလျှင်၊ ထိုခေါင်းဆောင်သည် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသောသူဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သင်တို့ အနီးဝန်းကျင်ရှိ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ သာမန်အားဖြင့်၊ စုဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ ဟောကြားခြင်းအပြင်၊ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုပ်ဆောင်ပြီး ပါဝင်ကြသလော၊ ၎င်းတို့သည် အလုပ်တွင် ပြဿနာများကို မကြာခဏ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြသလော၊ သို့မဟုတ် စုဝေးပွဲများတွင် တစ်ချက် ပေါ်လာပြီးနောက် ပျောက်သွားတတ်ကြသလော။ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော အယောင်ဆောင် ခေါင်းဆောင်များသည် ဟောရမည့်အရာ ဘာမျှမရှိမည်ကို အမြဲ ကြောက်ရွံ့ကြပြီး၊ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသောအခါ ပြောရမည့်အရာ ဘာမျှ မရှိမည်ကို ကြောက်ရွံ့ကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ အခန်းများထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ခြင်းနှင့် တရားဒေသနာများအား မည်သို့ ဟောရမည်ကို လေ့ကျင့်ကြသည်။ တရားဒေသနာများကို ဟောပြောခြင်းသည် သင်ယူ၍ရနိုင်သောအရာတစ်ခုဖြစ်ပြီး၊ အသိပညာ ဆည်းပူးခြင်း သို့မဟုတ် တက္ကသိုလ် တက်ခြင်းကဲ့သို့ အလွတ်ကျက်မှတ်ခြင်းဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြကာ၊ မမောနိုင်မပန်းနိုင်၊ ဒုက္ခသုခခံ၍ လေ့လာသင်ယူသည့် စိတ်ဓာတ် မိမိတို့၌ ရှိရမည်ဟု ယုံကြည်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များက ထားရှိသည့် ဤသဘောပေါက်နားလည်မှုသည် လွဲချော်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများသည် ၎င်းတို့၏ မြင့်မားသော အဆင့်အတန်းမှနေ၍ အယူဝါဒများကို ဟောပြောကြပြီး၊ မဆီလျော်သော ကိစ္စအချို့ကို စိတ်ဝင်စားကြကာ ထို့နောက်တွင် ခေါင်းဆောင်မှုအလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် အလုပ်ကို ညွှန်ကြားရန် သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် လုပ်ငန်းခွင်သို့ လုံးဝ မသွားကြဘဲ၊ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်လျက်၊ “မိမိကိုယ်ကို ပြုစုပျိုးထောင်မှုအပေါ် အာရုံစိုက်ရန် မိမိတို့ကိုယ်ကိုသီးခြားနေခြင်း”ဖြင့် မိမိတို့၏ အခန်းများထဲတွင် မကြာခဏ ထိုင်နေကြသည်။ ဤသည်မှာ လိုအပ်သလော။ မည်သည့်အခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများကို ခေတ္တဘေးဖယ်ထားပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို သွားရောက်ပြင်ဆင်၍ရသနည်း။ အလုပ်မများသည့်အခါ၊ ဖြေရှင်းသင့်သော ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်ကာရှင်းပြသင့်သော အာရုံစိုက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့် စည်းမျဉ်းများအားလုံးကို ရှင်းပြပြီးသည့်အခါ၊ ညီအစ်ကိုမောင်နှမများတွင် မည်သည့်မေးခွန်း သို့မဟုတ် မည်သည့် အခက်အခဲမျှ မရှိသည့်အပြင် မည်သူမျှ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မပြုလုပ်သည့်အခါ၊ အလုပ်က ချောမွေ့စွာ တိုးတက်နိုင်သည့်အခါနှင့် မည်သည့်အတားအဆီးမျှ မရှိတော့သည့်အခါ၊ ထိုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်၍ရပေသည်။ ဤသည်သာလျှင် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ အလုပ်မလုပ်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထင်ပေါ်စေရန် အမြဲ အာရုံစိုက်ကြပြီး၊ ကြွားဝါရန် အခြားသူများ မြင်နိုင်သော အလွန်ထင်သာမြင်သာရှိသော အလုပ်အချို့ကိုသာ လုပ်ဆောင်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုချိန် သို့မဟုတ် တရားဒေသနာတစ်ခုကို နားထောင်ချိန်တွင် အလင်းသစ်တစ်ခုခု ရှာတွေ့နိုင်လျှင်၊ ၎င်းတို့ တစ်စုံတစ်ခု ရရှိသွားပြီ၊ သမ္မာတရား လက်တွေ့ကျမှု ရှိသွားပြီဟု ခံစားကြပြီး၊ ထို့နောက်တွင် အခြားသူများအား တရားဒေသနာ ဟောပြောရန် အခွင့်အရေးတစ်ခုကို အလျင်အမြန် ရှာဖွေကြသည်။ ၎င်းတို့သည် အယူဝါဒများကို စနစ်တကျ၊ ယုတ္တိရှိရှိနှင့် ကောင်းစွာ ဖွဲ့စည်းထားသောပုံစံဖြင့်၊ အဓိကအချက်နှင့် အကြောင်းအရာပါလျက်၊ ထင်ရှားကျော်ကြားသူတစ်ဦး သို့မဟုတ် ပညာရှင်တစ်ဦး၏ ဟောပြောချက်ထက် ပို၍ အားကောင်းပြီး နက်နဲသောပုံစံဖြင့် ဟောပြောကြကာ၊ ဤအရာနှင့်ပတ်သက်၍ အတော်လေး ကျေနပ်ကြလေသည်။ သို့ရာတွင် ၎င်းတို့သည်၊ “ဤတရားဒေသနာ ပြီးသွားလျှင် နောက်တစ်ကြိမ် ငါ မည်သည့်အရာကို ဟောရမည်နည်း။ အခြား မည်သည့်အရာမျှ ငါ့ထံတွင် မရှိတော့ပါ”ဟု မိမိတို့ဘာသာ တွေးဆကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် နက်နဲသော အယူဝါဒများကို ရှာဖွေလျက်၊ တစ်ဖန် “မိမိကိုယ်ကို ပြုစုပျိုးထောင်ခြင်းအား အာရုံစိုက်ရန် မိမိတို့ကိုယ်ကို သီးခြားနေ”ကြလေသည်။ ၎င်းတို့ကို အသင်းတော်၏ အလုပ်ခွင်တွင် မည်သည့်အခါတွင်မျှ မတွေ့မြင်ရသည့်အပြင်၊ လူတို့တွင် အခက်အခဲများရှိပြီး ဖြေရှင်းပေးရန် ၎င်းတို့ကို စောင့်ဆိုင်းနေကြချိန်တွင် ဤအယောင်ဆောင် ခေါင်းဆောင်များကို မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် မဝံ့မရဲဖြစ်ပြီး စိတ်မလုံမလဲ မဖြစ်ကြလေသလော။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သော်လည်း ကြွားဝါရန် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောချင်နေကြဆဲဖြစ်သည်။ ဤလူများသည် အရှက်တရား ကင်းမဲ့ကြပေသည်။
အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနိုင်ကြသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ချည်းသာဖြစ်ကြသည်၊ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အပြင် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိဟု ဆိုနိုင်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရန်၊ ကြွေးကြော်သံအချို့ကို ဟစ်ကြွေးရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ရှင်းပြရန်သာ လိုအပ်ပြီး ထိုအခါ လူတို့သည် သမ္မာတရားကို နားလည်လာကြလိမ့်မည်ဖြစ်သည်ကို ဆိုလိုသည်ဟု ၎င်းတို့က ထင်ကြသည်။ အလုပ်လုပ်ခြင်းက အဘယ်အရာကို ဆိုလိုသည်ကို ၎င်းတို့မသိကြပေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို ၎င်းတို့မသိကြသည့်အပြင်၊ ဘုရားအိမ်တော်က လူတစ်ဦးကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အဘယ်ကြောင့် အတိအကျ ရွေးချယ်ရသည်ကိုလည်းကောင်း၊ ဤသည်မှာ အဘယ်ပြဿနာများအား အတိအကျ ဖြေရှင်းရန် ရည်ရွယ်သည်ကိုလည်းကောင်း ၎င်းတို့ မသိကြပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အလုပ်ကို နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရမည်၊ အလုပ်ကို စစ်ဆေးရမည်၊ အလုပ်ကို ကြီးကြပ်ရမည်၊ အလုပ်တွင်ရှိသည့် ပြဿနာများကို အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရမည် စသည်တို့ကို ဘုရားအိမ်တော်က မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ဤအရာတစ်ခုကိုမျှ ၎င်းတို့က မခံယူသည့်အပြင် နားလည်ခြင်းလည်းမရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဘုရားအိမ်တော်ထားရှိသော သတ်မှတ်ချက်များကို လက်လှမ်းမမီနိုင်ကြ သို့မဟုတ် စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြသည့်အပြင် တာဝန်ထမ်းဆောင်ခြင်းတွင် ပါဝင်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများကိုလည်းကောင်း၊ ကြီးကြပ်ရေးမှူးများကို ရွေးချယ်ခြင်းအတွက် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်ကိုလည်းကောင်း စသည်တို့ကို ၎င်းတို့ နားမလည်နိုင်ကြသည့်အပြင် ဤပြဿနာများအကြောင်းကို ၎င်းတို့သိလျှင်ပင် ကိုင်တွယ်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် အသင်းတော်အလုပ်၌ ပေါ်ပေါက်လာသော ပြဿနာအမျိုးမျိုးက ပြေလည်မသွားနိုင်ပေ။ ဘုရားသခင် ရွေးချယ်ထားသောသူတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ကြုံတွေ့ရသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများသာမက၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများကိုလည်း ရှည်ကြာသော အချိန်ကာလတစ်ခုကြာ ဖြေရှင်းမပေးဘဲ ထားရှိပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ သို့မဟုတ် အလုပ်ကဏ္ဍအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ကြသည့်အခါ ၎င်းတို့ကို အချိန်မီ ဖြုတ်ချခြင်းဖြစ်စေ၊ ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကိုလည်း အချိန်မီ ပြုပြင်ပေးခြင်းဖြစ်စေ စသည်တို့ မရှိပေ။ ဤပြဿနာများထဲမှ တစ်ခုကိုမျှ အချိန်မီ ဖြေရှင်းခြင်းမရှိသည့်အပြင်၊ အကျိုးဆက်အနေဖြင့် အသင်းတော်ရှိ အလုပ်ကဏ္ဍအမျိုးမျိုး၏ စွမ်းဆောင်ရည်သည် ဆက်တိုက်ကျဆင်းလာပြီး အလုပ်၏ ထိရောက်မှုမှာလည်း ပိုဆိုးသည်ထက် ဆိုးရွားလာသည်။ ဝန်ထမ်းရေးရာအရ၊ အနည်းငယ် ဆုကျေးဇူးရှိပြီး စကားပြောကောင်းသူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာကြသည်၊ သို့ရာတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး အလုပ်ကြိုးစားကာ ညည်းညူခြင်းမရှိဘဲ မမောနိုင်မပန်းနိုင်အောင် အလုပ်လုပ်နိုင်သူတို့မှာမူ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ပေးခြင်း မခံကြရသည့်အပြင်၊ အလုပ်လုပ်ပေးသူများသကဲ့သို့ သဘောထားခြင်းခံကြရပြီး၊ အားသာချက်တစ်ခုခုရှိသော နည်းပညာရှိသည့် ဝန်ထမ်းအမျိုးမျိုးသည်လည်း ကျိုးကြောင်းညီညွတ်စွာ အသုံးချခြင်း မခံကြရပေ။ ထို့ပြင် မိမိတို့၏တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်သူအချို့သည် အသက်ထောက်ပံ့မှုကို မရရှိကြသောကြောင့် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ ကျဆင်းသွားကြသည်။ ထို့အပြင် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက မည်မျှပင် မကောင်းမှုပြုလုပ်စေကာမူ အယောင်ဆောင် ခေါင်းဆောင်များက မမြင်ကြသကဲ့သို့ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်လျှင် အယောင်ဆောင် ခေါင်းဆောင်များက ထိုသူကို မေတ္တာဖြင့်ဆက်ဆံသင့်ပြီး နောင်တရရန် အခွင့်အရေးပေးသင့်သည်ဟုပင် ၎င်းတို့ကို ပြောဆိုကြလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်ထဲ၌ မကောင်းမှုပြုရန်နှင့် အနှောင့်အယှက်များဖြစ်စေရန် ခွင့်ပြုကြပြီး၊ ဤအရာက ဤဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့၌ အချိန်ကြာမြင့်စွာ နှောင့်နှေးကြန့်ကြာစေသည့်အပြင်၊ ထိုသူတို့သည် အသင်းတော်ထဲ၌ မကောင်းမှုကို ဆက်လက်ပြုလုပ်ကာ အသင်းတော်အလုပ်ကို ဆက်လက် နှောင့်ယှက်နိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများထဲမှ တစ်ခုကိုမျှ ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် လူတို့ကို မျှတစွာဆက်ဆံနိုင်စွမ်း သို့မဟုတ် အလုပ်ကို ကျိုးကြောင်းညီညွတ်သည့်ပုံစံဖြင့် စီစဉ်နိုင်စွမ်းမရှိဘဲ၊ ထိုအစား မဆင်မခြင်ပြုမူကြပြီး အချည်းနှီးသောအလုပ်အချို့ကိုသာ လုပ်ဆောင်ကြရာ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲဖြစ်စေသည်။ မည်သို့ပင် သမ္မာတရားနှင့်ပတ်သက်၍ ဘုရားအိမ်တော်က မိတ်သဟာယဖွဲ့စေကာမူ သို့မဟုတ် အသင်းတော်အလုပ်ကို ဆောင်ရွက်ရာတွင် လိုက်နာသင့်သော စည်းမျဉ်းများကို ဘုရားအိမ်တော်က မည်သို့ပင် အလေးပေးပြောဆိုစေကာမူ၊ မကောင်းမှုပြုသူအမျိုးမျိုးနှင့် မယုံကြည်သူများထဲမှ ကန့်သတ်သင့်သူများကို ကန့်သတ်ပြီး ရှင်းလင်းပစ်သင့်သူများကို ရှင်းလင်းပစ်ကာ၊ အစွမ်းအစကောင်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ သမ္မာတရားကို လိုက်စားနိုင်သူများ၊ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးသင့်သူများကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးခြင်း၊ ဤအရာများကို မရေမတွက်နိုင်အောင် မိတ်သဟာယဖွဲ့ထားသော်လည်း အယောင်ဆောင် ခေါင်းဆောင်များက ယင်းတို့ကို နားလည်ခြင်းမရှိ သို့မဟုတ် သဘောပေါက်ခြင်းမရှိကြသည့်အပြင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အမြင်များနှင့် “မေတ္တာထားခြင်း” ဆိုင်ရာ လုပ်နည်းကိုင်နည်းများကိုသာ ဆက်တိုက် စွဲကိုင်ထားကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့၏ လေးနက်ပြီး စိတ်ရှည်သော ညွှန်ကြားမှုအောက်တွင် လူအမျိုးမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင် အခန်းကဏ္ဍများကို ဖရိုဖရဲမဖြစ်ဘဲ စနစ်တကျပုံစံဖြင့် ထမ်းဆောင်ကြသည်၊ လူတိုင်းတွင် ယုံကြည်ခြင်း အတော်လေး ရှိသည်၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြသည်၊ ထောင်ထဲသွားရမည်ကိုလည်းကောင်း၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုလည်းကောင်း မကြောက်ကြသည့်အပြင်၊ လူတိုင်းက ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် စိတ်ပိုင်းဖြတ်မှုရှိပြီး ယုဒတစ်ဦးဖြစ်ရန် လိုလားခြင်းမရှိကြဟု ယုံကြည်ကြသည်။ အသင်းတော်အသက်တာတွင် ကောင်းမွန်သော ဝန်းကျင်တစ်ခုရှိခြင်းသည် ၎င်းတို့အနေဖြင့် အလုပ်ကောင်းကောင်းလုပ်ဆောင်ပြီးဖြစ်သည်ကို ဆိုလိုကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အသင်းတော်ထဲ၌ ဆိုးယုတ်သောလူများက အနှောင့်အယှက်များဖြစ်စေသည့် ဖြစ်ရပ်များ သို့မဟုတ် မယုံကြည်သူများက မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အဆိုများကို ဖြန့်ဝေသည့် ဖြစ်ရပ်များ ဖြစ်ပွားသည်ဖြစ်စေ၊ ၎င်းတို့က ဤအရာများကို ပြဿနာများအဖြစ် မယူဆကြသည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် လိုအပ်သည်ဟုလည်း မခံစားရကြပေ။ ၎င်းတို့ တာဝန်အပ်ထားသောသူတစ်ဦးက မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒကိုအခြေခံ၍ မဆင်မခြင်ပြုမူပြီး ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် သာ၍ပင် မျက်စိကန်းကြပေသည်။ ၎င်းတို့က “ကျွန်ုပ် ရှင်းပြသင့်သည့် အလုပ်စည်းမျဉ်းများကို ကျွန်ုပ် ရှင်းပြပြီးဖြစ်ပါသည်၊ မည်သည့်အရာ လုပ်ရမည်ဆိုသည်ကိုလည်း ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ပြောပြီးဖြစ်ပါသည်။ ပြဿနာတစ်ခုခုပေါ်လာလျှင် ကျွန်ုပ်နှင့် မည်သည့်အရာမျှမဆိုင်ပါ”ဟု ဆိုကြသည်။ သို့ရာတွင် ထိုသူသည် မှန်ကန်သောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့မသိကြပေ၊ ထိုအကြောင်းကိုလည်း ၎င်းတို့ စိတ်မဝင်စားကြသည့်အပြင်၊ ထိုသူကို ရှင်းပြပြီး ဘာလုပ်ရမည်ကို ပြောနေစဉ် ၎င်းတို့ပြောခဲ့သည့်အရာက အပြုသဘောဆောင်သော အကျိုးရလဒ်များ စွမ်းဆောင်ရရှိနိုင်သလော သို့မဟုတ် အဘယ်အကျိုးဆက်များအား ဖြစ်ပေါ်စေမည်ကိုလည်း ၎င်းတို့မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် စုဝေးပွဲတစ်ခု ကျင်းပသည့်အခါတိုင်း စကားလုံးများနှင့် အယူဝါဒများကို အဆုံးမရှိ ပြောဆိုကြသော်လည်း၊ အမှန်မှာ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း သိသာထင်ရှားသည်။ သို့တိုင် ၎င်းတို့သည် ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်နေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ မိမိတို့ကိုယ်ကို အားရကျေနပ်နေကြဆဲဖြစ်ပြီး မိမိတို့သည် အံ့ဩဖွယ်ကောင်းသည်ဟု ထင်နေကြဆဲဖြစ်သည်။ အမှန်မှာ ၎င်းတို့ပြောဆိုသော စကားလုံးများနှင့် အယူဝါဒများသည် မသိနားမလည်ဖြစ်ပြီး အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင်ဖြစ်သူများ၊ မိုက်မဲသူများနှင့် လူထုံလူအများကိုသာ လှည့်စားနိုင်သည်။ ဤလူတို့သည် ဤစကားများကို ကြားပြီးနောက် စိတ်ရှုပ်ထွေးသွားကြပြီး အယောင်ဆောင် ခေါင်းဆောင်များ ပြောခဲ့သည့်အရာက အလွန်မှန်ကန်သည်၊ ၎င်းတို့ပြောခဲ့သည့်အရာ တစ်ခုမျှမမှားဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤစိတ်ရှုပ်ထွေးနေသော လူများကိုသာ ကျေနပ်စေနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသိပညာနှင့်သက်ဆိုင်သော ပြဿနာများကို သာ၍ပင် ကိုင်တွယ်နိုင်စွမ်းမရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ အစွမ်းမဲ့ကြသည်။ ဥပမာအနေဖြင့် ဘုရားအိမ်တော်၏ စာနှင့်ပတ်သက်သောအလုပ်ကို ကြည့်လော့။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များကို ခေါင်းအခဲစေဆုံးသော အလုပ်ဖြစ်သည်။ မည်သည့်လူများက ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်၊ အစွမ်းအစကောင်းရှိပြီး စာနှင့်ပတ်သက်သောအလုပ်ကို လုပ်ဆောင်ရန် သင့်တော်သည်ဟူသည်ကို ၎င်းတို့ အတိအကျ မခွဲခြားနိုင်ကြသည့်အပြင်၊ မျက်မှန်တပ်ထားသူနှင့် ပညာအရည်အချင်းမြင့်မားသူ မည်သူ့ကိုမဆို အစွမ်းအစကောင်းပြီး ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်ဟု မှတ်ယူကြသဖြင့်၊ ထိုသူတို့အား၊ “သင်တို့အားလုံးသည် စာနှင့်ပတ်သက်သောအလုပ်တွင် ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်သည် ဤအလုပ်ကို နားမလည်ပါ။ ထို့ကြောင့် အားလုံးသည် သင်တို့တာဝန်ယူရမည်။ ဘုရားအိမ်တော်သည် သင်တို့ထံမှ အခြားမည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိပါ၊ သင်တို့၏ အစွမ်းအစများကို အသုံးချရန်၊ မည်သည့်အရာမျှ ချန်မထားရန်နှင့် သင်တို့သင်ယူခဲ့သမျှ အားလုံးကို ပေးဆပ်ရန်သာ တောင်းဆိုပါသည်။ သင်တို့သည် ကျေးဇူးတင်တတ်ရမည်ဖြစ်ပြီး၊ သင်တို့ကို ချီးမြှောက်သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်”ဟု ပြောလျက်၊ ထိုအရာကို လုပ်ဆောင်ဖို့ ထိုလူတို့အတွက် စီစဉ်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မထိရောက်သည့်အပြင် အပေါ်ယံဆန်သော စကားတသီတတန်းကို ပြောပြီးနောက် အလုပ်ကို စီစဉ်ပြီးဖြစ်ကြောင်းနှင့် ထို့နောက်တွင် လုပ်ဆောင်ရန်လိုအပ်သမျှကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ခံစားရသည်။ ဤအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့ စီစဉ်ခန့်အပ်လိုက်သောလူများမှာ သင့်တော်ခြင်းရှိမရှိဟူသည်ကို ၎င်းတို့မသိကြသည့်အပြင်၊ အတတ်ပညာဆိုင်ရာ အသိပညာအရ ဤလူများ၏ အားနည်းချက်များက အဘယ်အရာများဖြစ်သည်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့ထေမိအောင်လုပ်ရမည်ကိုဖြစ်စေ ၎င်းတို့မသိကြပေ။ ၎င်းတို့သည် လူတို့အား မည်သို့ရှုမြင်ပြီး ပိုင်းခြားသိမြင်မည်ကို မသိကြ၊ အတတ်ပညာဆိုင်ရာ ပြဿနာများကို နားမလည်ကြသည့်အပြင်၊ စာရေးခြင်းနှင့်ဆက်စပ်သော အသိပညာကိုလည်း နားမလည်ကြပေ။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ဤအရာများကို ၎င်းတို့ နားမလည် သို့မဟုတ် သဘောမပေါက်ဟု ဆိုကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင်မူ၊ “သင်တို့သည် ငါ့ထက် အနည်းငယ် ပညာပိုတတ်ပြီး ပိုမိုအသိနှံ့စပ်ခြင်းသာ ရှိသည် မဟုတ်လော။ ဤအလုပ်တွင် ငါသည် သင်တို့ကို လမ်းညွှန်မှုမပေးနိုင်သော်လည်း၊ ငါသည် သင်တို့ထက် ပို၍ ဝိညာဉ်ရေးရာပြည့်ဝသည်၊ သင်တို့ထက် တရားဒေသနာဟောပြောရာတွင် ပိုတော်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ထက် ပိုနားလည်သည်။ ငါသည် သင်တို့ကို ဦးဆောင်နေသူဖြစ်သည်၊ သင်တို့၏ အထက်လူကြီး ဖြစ်သည်။ သင်တို့ကို ငါ ကြီးကြပ်ရမည်ဖြစ်ပြီး၊ ငါပြောသည့်အတိုင်း သင်တို့ လုပ်ဆောင်ရမည်”ဟု စဉ်းစားကြလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို သာလွန်သည်ဟု မှတ်ယူကြသော်လည်း၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် အလုပ်အမျိုးအစားတစ်ခုတလေနှင့်ပတ်သက်၍မူ အကျိုးရှိသော အကြံပြုချက်တစ်ခုကိုမျှ မပေးနိုင်ကြသည့်အပြင်၊ မည်သည့်လမ်းညွှန်မှုကိုမျှလည်း မပေးနိုင်ကြပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ဝန်ထမ်းများကို ကောင်းစွာ စီစဉ်ပေးနိုင်ရုံသာဖြစ်သည်၊ နောက်ဆက်တွဲအလုပ် တစ်ခုကိုမျှ ၎င်းတို့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အတတ်ပညာဆိုင်ရာ အသိပညာကို ရရှိရန်မကြိုးစားကြသည့်အပြင်၊ အလုပ်ကိုလည်း နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်ကြသည်။ ၎င်းတို့လုပ်နိုင်သမျှမှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောပြီးနောက် သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု တွေးထင်ကာ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ရှေ့တွင် စဉ်ဆက်မပြတ် ကြွားဝါနေခြင်းသာဖြစ်သည်။ စုဝေးပွဲတိုင်းတွင် ၎င်းတို့သည် နာရီအချို့ကြာ ဟောပြောကြသော်လည်း၊ အမှန်တွင်တော့ မည်သည့်ပြဿနာကိုမျှ လုံးဝမဖြေရှင်းနိုင်ကြပေ။ လူတို့၏တာဝန်များရှိ အတတ်ပညာဆိုင်ရာ အသိပညာနှင့်ဆက်စပ်သော ပြဿနာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် သိသာထင်ရှားစွာပင် သာမန်လူများဖြစ်ကြသော်လည်း ကျွမ်းကျင်သူများ၏အလုပ်ကို ညွှန်ကြားလျက် ဝိညာဉ်ရေးရာ ပြည့်ဝသယောင်ဟန်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အလုပ်ကို မည်သို့ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူရန် မကြိုးစားခြင်းနှင့် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ခြင်းတို့က လူတို့အဖို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေပြီးဖြစ်ကာ၊ ထို့အပြင် ၎င်းတို့က ဝိညာဉ်ရေးရာပြည့်ဝသူများဖြစ်သယောင် ဟန်ဆောင်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာစကားလုံးများကို ကြွားလုံးထုတ်ကြလေသည်။ ယင်းမှာ အလွန် ဆင်ခြင်တုံတရားကင်းမဲ့လှပေသည်။ ဤသည်မှာ ဖာရိရှဲများနှင့် မခြားနားပေ။ ဖာရိရှဲများအနေဖြင့် ဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်ခဲ့သည့်အချက်မှာ ဘုရားသခင်က ၎င်းတို့ကို မုန်းတီးစက်ဆုပ်သော်လည်း ၎င်းတို့က ထိုအကြောင်းကို လုံးဝမသိရှိကြသည့်အပြင် မိမိတို့ကိုယ်ကို အတော်ကောင်းပြီး၊ အလွန်ဝိညာဉ်ရေးရာပြည့်ဝသည်ဟု မှတ်ယူနေကြဆဲဖြစ်ခြင်းပင် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်တွေ့အလုပ်ကို သိသာထင်ရှားစွာ မလုပ်ဆောင်နိုင်ကြသော်လည်း ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်ကြသည်။ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ၎င်းတို့ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင် ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းသောသူများ အတိအကျပင် ဖြစ်ကြလေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။