အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း နှစ်
အချို့သောသူတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး အပြင်ပန်းအားဖြင့် သူ့နောက်လိုက်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့၏ စိတ်နှလုံး အတွင်းထဲတွင် ၎င်းတို့ လျှောက်လှမ်းခဲ့သော လမ်းကြောင်းနှင့် ပေးဆပ်ခဲ့သော အဖိုးအခတို့ကို တစ်ခါမျှ ပြန်လည်သုံးသပ်ခဲ့ဖူးသလော။ ဘုရားသခင်က ၎င်းတို့အား ယုံကြည်အပ်နှံထားသော တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ဆန်းစစ်ပြီး ရှာဖွေခဲ့ကြသလော။ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ သဘောထားသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်ကို ဆက်ဆံရာ၌ လူတို့ လုပ်ဆောင်သည့် ဤအမှုအရာများတွင် ထုတ်ဖော်ပြသော စိတ်သဘောထားအားလုံးကို မဆိုထားနှင့်၊ လူတို့ ပြသပြီး ထုတ်ဖော်သည့် အမျိုးမျိုးသော အမှုအရာများနှင့် အတွင်းကျကျ ကြံစည်မှုတို့ကိုပင် အကဲဖြတ်ရလျှင် လူတို့သည် ဘုရားသခင်အတွက် မည်သည့်အရာကို လုပ်ဆောင်ပြီးကြပြီနည်း။ မိမိတို့ကိုယ်တိုင်အဖို့ အကျိုးရှိသော အရာများအတွက် အဖိုးအခ ပေးဆပ်ခြင်းနှင့် စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားခြင်းမှလွဲ၍ ဘုရားသခင်အပေါ် လူတို့၏ သဘောထားများက အဘယ်အရာဖြစ်ပြီး သူ့ကို ၎င်းတို့ ဆက်ကပ်သည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ ကြံစည်ခြင်း၊ အတွက်အချက်ပြုခြင်း၊ သတိထားရှောင်ခြင်းနှင့် မထီမဲ့မြင်ပြုသော သဘောထားများသာ ဖြစ်သည်။ မထီမဲ့မြင်ပြုခြင်းသည် သဘောထားတစ်ခုဖြစ်ပြီး ဤသဘောထားမှ ပေါ်ပေါက်လာသော အပြုအမူကို ကြိယာတစ်ခုအဖြစ် ဖော်ပြရလျှင် အဘယ်အရာဖြစ်သနည်း။ “လှောင်ပြောင်ခြင်း” ဖြစ်သည်။ ဤစကားလုံးကို သင်တို့ ကြားဖူးကြသလော။ (ကြားဖူးပါသည်။) “လှောင်ပြောင်ခြင်း” မှာ အတော်အတန် သမားရိုးကျဆန်သော အသုံးအနှုန်း ဖြစ်သည်။ အရပ်သုံးစကားဖြင့် ငါတို့ မည်သို့ ပြောကြသနည်း။ “ကျီစားခြင်း”၊ “တစ်စုံတစ်ယောက်ကို လှည့်စားခြင်း”၊ “တစ်စုံတစ်ယောက်ကို ကျီစယ်ခြင်း” ဟု ငါတို့ ပြောကြသည်။ သင်သည် သူတို့အတွက် နိမ့်ကျပုံရသည်၊ သင်သည် ဟန်ဆောင်မှုကင်းပုံရသည်၊ သူတို့၏ အမြင်တွင် သင်သည် မည်သည့်အရာမျှ မဟုတ်ဘဲ သင့်ကို ၎င်းတို့က ပေါ်ပေါ်တင်တင် လှောင်ပြောင်ဝံ့ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသို့သော စိတ်သဘောထား ရှိသောသူတစ်ဦးအတွက်၊ သူ၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည်မှာ ကောင်းကင်တမန်လော၊ သို့မဟုတ် နတ်ဆိုးလော။ (နတ်ဆိုး ဖြစ်ပါသည်။) နတ်ဆိုး ဖြစ်သည်။ အကယ်၍ သူတို့သည် ဘုရားသခင်ကို ဤသို့ ဆက်ဆံနိုင်ပါက သူတို့သည် အမှန်တကယ် မည်သည့်အရာများ ဖြစ်ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို သူတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်များကို သူတို့ ကျိုးနွံနာခံနိုင်ကြသလော။ ဥပမာအားဖြင့် ငါ့ကို လက်ဆောင်များ ပေးပို့ခဲ့သော ထိုသူကဲ့သို့သော တစ်စုံတစ်ဦးသည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားမလည်ပေ။ ဘုရားသခင်က လူသားအပေါ် မည်သည့်အရာ တောင်းဆိုသည်၊ ဘုရားသခင်က မည်သည့်အရာကို မြင်လိုသည်၊ သို့မဟုတ် လူသားထံမှ မည်သည့်အရာကို ဘုရားသခင် ရရှိလိုသည်ဟူသည်တို့ကို အနည်းငယ်မျှပင် သူ မသိရှိပေ။ သူသည် ၎င်းတို့ကို မည်သို့ မျက်နှာချိုသွေးပြီး လှည့်ဖြားရမည်ကိုသာ အာရုံစိုက်လျက်၊ မိမိ၏ ပန်းတိုင်များ စွမ်းဆောင်ရရှိစေမည့် မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ကို ဆက်ဆံလျက် မိမိ၏ သူဌေးနှင့် ဆက်ဆံနေသော လူတစ်ဦးကဲ့သို့ပင်ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အမှန်တကယ် မည်သည့်အရာဖြင့် အသက်ရှင်နေသနည်း။ သူသည် သူ၏ ခေါင်းဆောင်များကို မျက်နှာချိုသွေးခြင်းဖြင့် စက်ဆုပ်ဖွယ်ကောင်းသော ဘဝတစ်ခုကို ဆက်လက်ရှင်သန်နေရင်း မြှောက်ပင့်ခြင်းအားဖြင့် အသက်ရှင်နေထိုင်သည်။ သူသည် ငါ့ကို အဘယ်ကြောင့် ဤသို့သော “ဂရုစိုက်မှု” နှင့် “ကြင်နာမှု” ကို ပေးကမ်းခဲ့သနည်း။ သူသည် မပေးဘဲမနေနိုင်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သို့ ခံစားရမည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့မည်လော။ (မခန့်မှန်းနိုင်ပါ။) မှန်ပေသည်။ သူ နားမလည်ခဲ့ပေ။ သူသည် ပုံမှန် လူသား အသိဉာဏ် လုံးဝ ကင်းမဲ့နေသည်။ သူ၏ အပြုအမူနှင့် စိတ်သဘောထားအား ငါ မည်သို့ သိမြင်နိုင်မည်၊ သတ်မှတ်နိုင်မည်၊ သို့မဟုတ် အကဲဖြတ်နိုင်မည်ကို သူ မသိခဲ့သကဲ့သို့ ဂရုလည်းမစိုက်ခဲ့ပေ။ မည်သည့်အရာကို သူ ဂရုစိုက်သနည်း။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်များ စွမ်းဆောင်ရရှိရန် ငါ့အား မည်သို့ မျက်နှာချိုသွေးပြီး သူ့အပေါ် အကောင်းမြင်စေရန်ကိုသာ ဂရုစိုက်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ဤသည်မှာ စစ်မှန်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ဦး လုပ်ဆောင်မည့်အရာ ဟုတ်သလော။ သင်သည် နှစ်ပေါင်းများစွာ အသက်ရှင်ပြီးဖြစ်ရာ သင် နားလည်သင့်ပေသည်။ ပထမအနေဖြင့် ငါသည် သင်၏ မျက်နှာချိုသွေးခြင်းကို မလိုအပ်။ ဒုတိယအနေဖြင့် ငါသည် သင့်အား ငါ့ထံ တစ်စုံတစ်ရာ လက်ဆောင်ပေးအပ်စေဖို့ မလိုအပ်။ တတိယနှင့် အရေးအကြီးဆုံးမှာ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များက မည်သည့်အရာများဖြစ်သည်ဖြစ်စေ သင် လုပ်ဆောင်သည့်အရာ၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ဤအရာအားလုံးကို ငါ သတ်မှတ်ပြီး ကောက်ချက်ချသည်ကို သင် နားလည်သင့်သည်။ ယင်းမှာ သင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက် ပြီးဆုံးသွားသည့် ကိစ္စမဟုတ်ပေ၊ ဆန့်ကျင်ဘက်အားဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်ချက်များသည် မည်သည့်အရာဖြစ်သည်ကို ငါ ရှင်းရှင်းလင်းလင်း မြင်တွေ့မှဖြစ်မည်။ ငါသည် သင်၏ စိတ်သဘောထားကိုသာ ကြည့်သည်။ အချို့က “ကိုယ်တော်သည် လူတို့အပေါ် အလွန် အပြောအဆိုကြမ်းလှသည်” ဟု ပြောလိမ့်မည်မှာ သေချာသလောက်ဖြစ်သည်။ ငါ အပြောအဆိုကြမ်းသလော။ ငါ လုံးဝ ထိုသို့ မထင်ပေ။ ငါ လုံးဝ အပြောအဆိုမကြမ်းသောကြောင့် အချို့သောသူတို့က အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားကြခြင်း ဖြစ်သည်။ ယင်းမှာ ထိုသို့ မဟုတ်လော။ အချို့သောသူတို့သည် ငါနှင့် ထိတွေ့ဆက်ဆံမိသည်နှင့် တစ်ပြိုင်နက် “ငါက သင့်ကို သာမန်လူတစ်ဦးအဖြစ်သာ မြင်သည်။ သင့်ကို များစွာ အာရုံစိုက်ရန် မလိုအပ်ပါ။ ကိုယ်တော်က ငါနှင့် အတော့်ကို တူသည်။ ကိုယ်တော်လည်း တစ်နေ့ သုံးနပ် အစာစားသည်၊ ပြီးလျှင် ကိုယ်တော်၌ တစ်စုံတစ်ရာသော သြဇာအာဏာ သို့မဟုတ် တန်ခိုး ရှိသည်ကို ငါမမြင်ပါ။ ကိုယ်တော့်ကို ငါ မည်သို့ပင် ဆက်ဆံပါစေ ကိုယ်တော် ဘာမျှ ပြောစရာ ရှိမည်မဟုတ်။ ကိုယ်တော် ငါ့ကို ဘာလုပ်နိုင်မည်နည်း”ဟု တွေးဆကြသည်။ ဤသည်မှာ မည်သည့် တွေးခေါ်ပုံမျိုး ဖြစ်သနည်း။ ယင်းသည် မည်သည့်နေရာမှ လာသနည်း။ လူတစ်ဦး၏ စိတ်သဘောထားမှ လာသည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော စိတ်သဘောထား ရှိကြသနည်း။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည့် နတ်ဆိုးများရှိနေသောကြောင့် ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေသဖြင့် ဘုရားသခင် မည်မျှ ကြီးမြတ်သည်ဟု သူတို့ ထင်မြင်သည်ဖြစ်စေ၊ ဘုရားသခင်၏ အဆင့်အတန်း မည်မျှ မြင့်မြတ်သည်ဟု သူတို့ ထင်မြင်သည်ဖြစ်စေ၊ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည်ဟု သူတို့ မည်သို့ပင် ယုံကြည်သည်ဖြစ်စေ၊ သူတို့၏ ကျေးဇူးတင်ရှိခြင်းအကြောင်းကို နှုတ်ဖြင့် မည်မျှပင် ဖော်ပြသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် သူတို့၏ လိုလားမှုကို မည်သို့ပင် ညွှန်ပြသည်ဖြစ်စေ သူတို့၏ တာဝန်ကို ထမ်းဆောင်ရမည့် အချိန်ရောက်သည့်အခါ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့က ကြီးကြပ်လိမ့်မည်ဖြစ်ပြီး အလုပ်စလုပ်သည်မှာ ထိုနတ်ဆိုးတို့ပင် ဖြစ်သည်။ သင်တို့အမြင်တွင် မည်သို့သော လူစားမျိုးသည် ဘုရားသခင်ကိုပင် လှည့်ဖြားပြီး လှောင်ပြောင်ဝံ့သနည်း။ (နတ်ဆိုး ဖြစ်ပါသည်။) နတ်ဆိုး ဖြစ်၏၊ ဤမျှမှာ သေချာပေသည်။
အစောပိုင်း ငါတို့၏ မိတ်သဟာယတွင် စာတန်နှင့် ဘုရားသခင်ကြား မည်သည့်စကားဝိုင်းမှနေ၍ စာတန်၏ စိတ်သဘောထားကို ငါတို့ မြင်တွေ့နိုင်သနည်း။ ဘုရားသခင်က “စာတန်၊ သင် အဘယ်အရပ်က လာသနည်း။” ဟု ပြောခဲ့သည်။ စာတန်က မည်သို့ ဖြေကြားခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာပါသည်။” (ယောဘ ဝတ္ထု ၁:၇)) ယင်းသည် မည်သည့် စကားမျိုး ဖြစ်သနည်း။ (နတ်ဆိုးစကား ဖြစ်ပါသည်။) နတ်ဆိုးစကား ဖြစ်သည်။ အကယ်၍ စာတန်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံခဲ့ပါက “ဘုရားသခင်က ငါ့ကို မေးလေပြီ။ ထို့ကြောင့် ငါ မည်သည့်နေရာမှ လာခဲ့သည်ကို ကောင်းမွန်စွာ ပြုမူသော နည်းလမ်းဖြင့် ငါပြောပြမည်” ဟု ဆိုပေလိမ့်မည်။ ယင်းသည် အသိတရားရှိစွာ ပြောဆိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ပုံမှန် လူ့အတွေးအခေါ်နှင့် ကိုက်ညီသော ဝါကျတစ်ကြောင်း ဖြစ်သည်။ ပြည့်စုံသော ဝါကျတစ်ကြောင်း၊ သဒ္ဒါနည်းကျပြီး ချက်ချင်း နားလည်နိုင်သော ဝါကျတစ်ကြောင်း ဖြစ်သည်။ ယင်းမှာ စာတန် ပြောခဲ့သောအရာဖြစ်သလော။ (မဟုတ်ပါ။) သူမည်သည့်အရာကို ပြောခဲ့သနည်း။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာပါသည်။” ဤဝါကျကို သင်တို့ နားလည်သလော။ (နားမလည်ပါ။) ယခုအချိန်အထိပင် မည်သူမျှ ယင်း၏အဓိပ္ပာယ်ကို နားမလည်ကြသေးပေ။ သို့ဆိုလျှင် စာတန်သည် မည်သည့်နေရာမှ လာခဲ့သနည်း။ သူသည် မည်သည့်နေရာတွင် ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့သနည်း။ သူသည် မည်သည့်နေရာမှ လာခဲ့ပြီး မည်သည့်ဘက်သို့ သွားနေခဲ့သနည်း။ ဤမေးခွန်းများအတွက် ပြည့်စုံခိုင်လုံသော အဖြေများ တစ်စုံတလေ ရှိသလော။ ယနေ့ထက်တိုင်အောင် သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုသူတို့သည် အမှန်တကယ် မည်သည့်နေရာမှ စာတန် လာခဲ့သည်ကိုဖြစ်စေ၊ ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိပြီး ကိုယ်တော်နှင့် စကားပြောရန် အချိန်မည်မျှ ကြာမြင့်ခဲ့သည်ကိုဖြစ်စေ အဖြေရှာနိုင်ခြင်း မရှိသေးပေ။ ဤအရာများ တစ်ခုကိုမျှ မသိရှိရသေးပေ။ သို့ဆိုလျှင် စာတန်သည် ဘုရားသခင်၏ မေးမြန်းခြင်းကို အဘယ်သို့ ထိုသို့သော လေသံဖြင့်နှင့် ထိုသို့သော အသုံးအနှုန်းဖြင့် ဖြေကြားနိုင်ခဲ့သနည်း။ ဘုရားသခင်သည် သူ့ကို အလေးအနက်ထား၍ မေးခွန်းထုတ်ခဲ့သလော။ (ထုတ်ခဲ့ပါသည်။) သို့ဆိုလျှင် သူသည် အလားတူ ပုံစံဖြင့် ဖြေကြားခဲ့သလော။ (မဖြေကြားခဲ့ပါ။) ဘုရားသခင်ကို ဖြေကြားရာတွင် သူသည် မည်သည့် သဘောထားကို ခံယူခဲ့သနည်း။ လှောင်ပြောင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ သင်က တစ်စုံတစ်ယောက်ကို “သင် ဘယ်ကလာသလဲ”ဟု မေးပြီး သူက “ခန့်မှန်းကြည့်ပါ” ဟု ပြန်ဖြေသည့်အခါနှင့် တူသည်။ “ငါ မခန့်မှန်းနိုင်ပါ” ဟု သင် ဆိုသည်။ သင် မခန့်မှန်းနိုင်သည်ကို သူ သိသော်လည်း သင့်ကို မည်သို့ပင်ဖြစ်စေ ခန့်မှန်းခိုင်းသည်။ သူသည် သင့်ကို ကျီစယ်နေခြင်းသာ ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ကပြက်ကချော်လုပ်ခြင်း သို့မဟုတ် ၎င်းတို့ကို လှောင်ပြောင်ခြင်းဟု ရည်ညွှန်းသည်မှာ ဤသဘောထားပင် ဖြစ်သည်။ သူသည် စစ်မှန်ရိုးသားမှုမရှိသကဲ့သို့ သင့်ကို သိစေလိုခြင်းလည်း မရှိပေ။ သူသည် သင့်ကို လှည့်စားပြီး သင့်ကို ကျီစယ်လိုခြင်းသာ ဖြစ်သည်။ စာတန်သည် အတိအကျ ထိုသို့သော စိတ်သဘောထားမျိုး ရှိသည်။ အချို့သောလူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည့် နတ်ဆိုးများရှိသည်ဟု ငါ ပြောခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ ဆက်ဆံပုံဖြစ်သည် မဟုတ်လော။ သူတို့၏ အလုပ်များခြင်း၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့် ရံဖန်ရံခါ အချို့သောဆင်းရဲဒုက္ခခံပြီး အဖိုးအခ အနည်းငယ် ပေးဆပ်ခြင်းဟူသော အပြင်ပန်း အသွင်အပြင်ကို ကြည့်သည့်အခါ သူတို့သည် ထိုသို့သော လူစားမျိုးဟု ထင်ရမည်မဟုတ်ပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိပုံရသည်။ သို့သော် ဘုရားသခင်နှင့် သမ္မာတရားကို သူတို့ ဆက်ဆံပုံ သဘောထားများမှနေ၍ သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည်မှာ နတ်ဆိုးဖြစ်ကြောင်း သင် မြင်တွေ့ရပြီး ထိုမျှသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ မေးခွန်းများကိုပင် တိုက်ရိုက် မဖြေကြားနိုင်ကြပေ။ သူတို့သည် သင် အဖြေကို ရှာမတွေ့နိုင်တော့ဘဲ သူတို့ ပြောဆိုနေသည့်အရာကို နားလည်နိုင်စွမ်း မရှိတော့သည်အထိ မြွေများကဲ့သို့ ဝေ့လည်ကြောင်ပတ်လုပ်တတ်သော လူစားမျိုးဖြစ်သည်။ ဤသည်တို့မှာ အမှန်တကယ် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ သူတို့သည် ဘုရားသခင်ကို ဆက်ဆံရာတွင် ရိုးသားစစ်မှန်နိုင်ကြသလော။ ဘုရားသခင်ကို သူတို့ ဆက်ဆံသည့် မထီမဲ့မြင်ပြုခြင်းနှင့် အထင်အမြင်သေးခြင်း သဘောထားဖြင့် ထိုသို့သော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးများ ကျိန်းဝပ်နေသောကြောင့် ဖြစ်သည်။ ထိုသို့ မဟုတ်သလော။ (ဟုတ်ပါသည်၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ လုံးဝ မဆက်ဆံကြပါ။) ယင်းမှာ ဤလူတို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ သူတို့ မြင်တွေ့ရသော ဘုရားသခင်၏ တည်ကြည်မှု၊ နှိမ့်ချမှု၊ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့သည် ဘုရားသခင်ကို ချစ်ခင်နှစ်လိုဖွယ်ဖြစ်စေသည့်အရာများ မဟုတ်ဟု သူတို့၏ စိတ်နှလုံးထဲ၌ ထင်မြင်နေခြင်း၌ သူတို့၏ ကောက်ကျစ်ဆိုးယုတ်မှု တည်ရှိလေသည်။ သို့ဆိုလျှင် ယင်းတို့ကား အဘယ်အရာများဖြစ်သနည်း။ ဤအရာများသည် ဘုရားသခင်၏ အားနည်းချက်များ ဖြစ်သည်၊ လူတို့ကို အယူအဆများ ဖြစ်ပေါ်စေတတ်သော နယ်ပယ်များ ဖြစ်သည်၊ ယင်းတို့သည် မိမိတို့ ယုံကြည်သော ဘုရားသခင်တွင်ရှိသည့် အကြီးမားဆုံးသော မစုံလင်မှုများ ဖြစ်သည်၊ ယင်းတို့သည် ချို့တဲ့မှုများ၊ ပြဿနာများနှင့် အမှားအယွင်းများ ဖြစ်သည်ဟု သူတို့က ထင်မြင်ကြသည်။ ဤကဲ့သို့သော လူများကို မည်သို့ မှတ်ယူသင့်သနည်း။ ဤသည်မှာ ဘုရားသခင်ကို သူတို့ ဆက်ဆံသည့် နည်းလမ်းနှင့် သဘောထား ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်က ရှက်ဖွယ်ကောင်းသည်ဟု မြင်သော်လည်း သူတို့ကိုယ်တိုင်အတွက်မူ မည်သည့်အရာဖြစ်သနည်း။ ထိုအရာမှ တစ်စုံတစ်ရာ အကျိုးအမြတ်ကို သူတို့ရရှိသလော။ ယင်းသည် သူတို့ကိုယ်တိုင်အတွက်လည်း စော်ကားမှုတစ်ခု ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ထိုသို့ ဆိုရသနည်း။ သာမန်လူတစ်ဦးအနေဖြင့် အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို စားစရာတစ်ခုခုကို သာမန်ကာလျှံကာ ပေးခဲ့ပြီး သင်သည် ကိစ္စရပ်၏ အဖြစ်မှန်များကို ဂရုမစိုက်ဘဲ၊ အကြောင်းစုံကိုပင် မမေးမြန်းဘဲ လူနုံလူအတစ်ဦးကဲ့သို့ ယူ၍ စားသုံးခဲ့ပါက ယင်းမှာ သင်၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ ချို့တဲ့နေသည်ကို ညွှန်ပြနေမည် မဟုတ်လော။ မိမိ၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ ချို့တဲ့နေသောသူသည် ပုံမှန်လူတစ်ဦး ဟုတ်သလော။ မဟုတ်ပေ။ အကယ်၍ လူ့ဇာတိခံ ခရစ်တော်သည် ဤသို့သော ပုံမှန် လူ့သဘာဝမျိုးကိုပင် မပိုင်ဆိုင်ခဲ့ပါက သူသည် တစ်ဦးတလေ၏ ယုံကြည်လက်ခံခြင်းနှင့် ထိုက်တန်လိမ့်ဦးမည်လော။ ထိုက်တန်လိမ့်မည် မဟုတ်။ လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝနှင့်ဆိုင်သည့် လက္ခဏာများကား အဘယ်နည်း။ သူ၏ ဆင်ခြင်တုံတရား၊ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ပုံမှန်အဖြစ်ဆုံး ဖြစ်သည်။ သူသည် အကဲဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) အကယ်၍ ငါ၌ ထိုအရာ မရှိခဲ့ပါက အကယ်၍ ငါသည် သာမန်အသိတရား သို့မဟုတ် ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာမရှိဘဲ အဖြစ်အပျက်များ ငါ့အပေါ် ကျရောက်သည့်အခါ တွေးခေါ်နိုင်စွမ်းမရှိသော နမော်နမဲ့လူတစ်ဦးသာ ဖြစ်ခဲ့ပါက ငါ့ကို ပုံမှန်လူသားတစ်ဦးအဖြစ် မှတ်ယူနိုင်ဦးမည်လော။ ယင်းမှာ ချို့ယွင်းသော လူ့သဘာဝ ဖြစ်မည်၊ ပုံမှန် လူ့သဘာဝ မဟုတ်ပေ။ ထိုသို့သော သူ့ကို ခရစ်တော်ဟု ခေါ်ဆိုနိုင်ပါမည်လော။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ချိန်တွင် သူသည် ထိုသို့သော ဇာတိပကတိကို ရွေးချယ်မည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သေချာပေါက် ရွေးချယ်မည် မဟုတ်။ အကယ်၍ ငါသည် ဂရုမစိုက်ဘဲ ထိုသို့လုပ်ဆောင်ခဲ့ပါက ထိုသို့သော ဘုရားသခင်၊ လူ့ဇာတိခံ ဘုရားသခင်ဟု သိကြသော သူသည် နာခံလိုက်လျှောက်ထိုက်မည်လော။ နာခံလိုက်လျှောက်ထိုက်မည် မဟုတ်သကဲ့သို့ သင်တို့သည် မှားယွင်းသော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပေမည်။ ဤသည်မှာ ငါ၏ ရှုထောင့်အမြင်မှလာသည့် ရှုထောင့်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သင်တို့၏ ရှုထောင့်အမြင်မှနေ၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ်၊ သင် နာခံလိုက်လျှောက်သည့်အရာအဖြစ် မှတ်ယူပြီး သူ၏ နောက်လိုက်တစ်ဦးအနေဖြင့် သူ့ကို ဤသို့ သင်ဆက်ဆံပါက သင့်အနေဖြင့် သင့်ကိုယ်သင် မည်သည့်နေရာ၌ ထားရှိနေခြင်း ဖြစ်သနည်း။ ယင်းသည် သင့်အတွက် ရှက်ဖွယ်ကောင်းသည် မဟုတ်လော။ (ရှက်ဖွယ်ကောင်းပါသည်။) အကယ်၍ သင့်အမြင်တွင် သင် ယုံကြည်သော ဘုရားသခင်သည် သင်၏ လေးစားမှုနှင့် အလွန်ပင် မထိုက်တန်သည့်တိုင် သင် သူ့ကို ယုံကြည်နေဆဲဖြစ်ပါက ယင်းက သင့်ကို မည်သည့်အရာ ဖြစ်စေမည်နည်း။ သင်သည် နားဝေတိမ်တောင် ဖြစ်သလော။ သင်သည် မရှင်းမလင်းဖြစ်နေသော နောက်လိုက်တစ်ဦးလော။ သင့်ကိုယ်သင် အရှက်ရစေမည် မဟုတ်လော။ (အရှက်ရစေပါမည်။) သို့သော် အကယ်၍ ပုံမှန် လူ့သဘာဝ၏ ဤသွင်ပြင်လက္ခဏာအားလုံးကို သူ ပိုင်ဆိုင်ကြောင်း၊ သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သင် ထင်မြင်ကာ ထိုသို့ပင် သင် လုပ်ဆောင်နေဆဲဖြစ်ပါက သင်သည် ဘုရားသခင်ကို အရှက်တကွဲ ဖြစ်စေသည် မဟုတ်လော။ ရှုထောင့်အမြင်နှစ်ခုလုံးက ခိုင်လုံမှုရှိသည်။ သင့်အနေဖြင့် ထိုအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ လူ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ပြဿနာကို မြင်တွေ့နိုင်သည်၊ ပြီးလျှင် ဤနေရာတွင်ရှိသည့် ပြဿနာမှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်ပါလော။ (ဟုတ်ပါသည်။) လူသားရှုထောင့်အမြင်မှနေ၍ သူ့ကို ဘုရားသခင်ဟု သင် မှတ်ယူပြီးနောက် သူ့ကို ဤသို့ ဆက်ဆံပါက သင်သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အရှက်ရစေခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦး ဖြစ်သည်ဟု သင် ထင်မြင်သော်လည်း သူ့နောက်သို့ သင် လိုက်နေဆဲဖြစ်ပါက ယင်းမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်မည်မဟုတ်လော။ သင့်ကိုယ်သင် အရှက်ရစေမည် မဟုတ်လော။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို တွေးဆလော့။ ငါ မှန်ပါသလော။ ထိုသို့ ဖြစ်သည်မဟုတ်လော။ လူတို့သည် အဘယ်ကြောင့် ဤအရာများကို မစဉ်းစားနိုင်ကြသနည်း။ သူတို့အနေဖြင့် အဘယ်ကြောင့် ဤသို့ ပြုမူနေကြဆဲ ဖြစ်သနည်း။ သမ္မာတရားကို သူတို့ နားမလည်သောကြောင့်မျှသာ ဖြစ်သလော။ ယင်းကို အလွန်နက်ရှိုင်းစွာ ငါတို့ မဆွေးနွေးကြစို့နှင့်။ အစွမ်းအစနှင့်ဆိုင်သော ရှုထောင့်အမြင်မှ ကြည့်လျှင်ပင် သူတို့သည် စဉ်းစားဉာဏ်မရှိသော လူညံ့များ ဖြစ်ကြသည်။ အဘယ်ကြောင့် သူတို့ကို စဉ်းစားဉာဏ်မရှိဟု ငါ ဆိုရသနည်း။ မည်သည့်ဉာဏ်ကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ယင်းမှာ တွေးခေါ်ခြင်းနှင့် ပတ်သက်သည်။ တစ်စုံတစ်ခုကို မစဉ်းစားဘဲ လုပ်ဆောင်ခြင်း၊ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆရန် မသိခြင်း၊ သင် လုပ်ဆောင်နေသည့်အရာ၏ သဘောသဘာဝကို သို့မဟုတ် သင် ယင်းကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ထည့်သွင်းစဉ်းစားရကောင်းမှန်း မသိခြင်းသည် စဉ်းစားဉာဏ် မရှိခြင်းဖြစ်သည်။ မည်သည့်အရာမျိုးတွင် စဉ်းစားဉာဏ်မရှိသနည်း။ တိရစ္ဆာန်များနှင့် သားရဲများ၌ စဉ်းစားဉာဏ်မရှိကြပေ၊ သို့သော် လူသားတို့သည် ဤအရာများကို ထည့်သွင်းစဉ်းစားကြပေမည်။ လူတို့သည် ရုတ်တရက် စိတ်လိုက်မာန်ပါဖြင့် မိုက်မဲသော အမှုအရာများကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း မိုက်မဲသည့် အမှုအရာများကိုသာ အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ဆောင်ပါက သူတို့ကို စဉ်းစားဉာဏ်မဲ့သူများအဖြစ် သတ်မှတ်နိုင်ပေသည်။ စဉ်းစားဉာဏ်မဲ့သောသူသည် ဆင်ခြင်တုံတရား ချို့တဲ့သောသူ သို့မဟုတ် အရပ်သုံးစကားဖြင့်ဆိုလျှင် ခေါင်းမကောင်းသောသူ ဖြစ်သည်။ သို့သော် သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုမှာ ထင်ရှားပြီး သူတို့၏ ဉာဏ်များသော လှည့်ကွက်များမှာလည်း လုံးဝ ချို့တဲ့ခြင်း မရှိချေ၊ ယင်းကြောင့် လူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေကြသည်ဟု ငါ ဆိုရခြင်း ဖြစ်သည်။
“လက်ဆောင်ပေးခြင်း” ကိစ္စကို မိတ်သဟာယပြုရန် ထုတ်ဖော်ပြောဆိုခြင်းသည် တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းဖြစ်သည်ဟု သင်တို့အားလုံး ထင်ကြသလော။ အကယ်၍ ယင်းကို ငါ မိတ်သဟာယမပြုဘဲ ကြုံရာကျပန်းသာ ဖော်ပြခဲ့ပါက၊ ယင်းကို နားထောင်ပြီးနောက် သင်တို့အပေါ် ဤအကျိုးတရားတစ်ခုတလေ ရှိခဲ့မည်လော။ (ရှိခဲ့မည် မဟုတ်ပါ။) အလွန်ဆုံးအနေဖြင့်၊ နားထောင်ပြီးနောက်တွင် သင်တို့က၊ “ဤလူသည် အဘယ်သို့ဖြစ်ပြီး ထိုသို့သော အမှုအရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သနည်း။ ငါသည် ထိုသို့သော အမှုအရာများကို မလုပ်ဆောင်ပါ။ ပြင်ပတွင် လူမျိုးပေါင်းစုံ အမှန်တကယ် ရှိသည်တကား” ဟု တွေးဆမိပေမည်။ အလွန်ဆုံးအနေဖြင့်၊ ယင်းမှာ သင်တို့ တွေးကြမည့်အရာဖြစ်သည်။ သင်တို့သည် ထိုအကြောင်း အနည်းငယ် ပြောဆိုကောင်းပြောဆိုနိုင်ပြီး ထိုမျှသာ ဖြစ်မည်။ သို့သော် သင်တို့တွင် ယင်းကို ထိုသို့သော နက်ရှိုင်းသည့် သိနားလည်မှု ရှိကြမည်လော။ (ရှိမည် မဟုတ်ပါ။) သင်တို့သည် ယင်းအပေါ် ထိုသို့သော နက်ရှိုင်းသည့် သိနားလည်မှုရှိမည် မဟုတ်ပေ။ သို့ဆိုလျှင်၊ ငါ၏ စကားများသည် သင်တို့အား မည်သည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသနည်း။ မည်သည့်သမ္မာတရားကို သင်တို့ ရရှိပြီးဖြစ်သနည်း။ ပထမဦးစွာ၊ ငါသည် သင်တို့ကို သတိပေးရမည်မှာ၊ လူနှင့် ဘုရားသခင်ကြားတွင်၊ မည်သည့် ဆက်ဆံရေးမျိုးက တည်ထောင်ရန် အကောင်းဆုံး ဖြစ်သနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်ထံ ချဉ်းကပ်သည့်အခါ၊ သူနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ ပေါင်းသင်းဆက်ဆံသင့်သနည်း။ ဤအတွက် စည်းမျဉ်းများကို ရှာဖွေရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်၊ လူတို့၏ နေ့စဉ်ဘဝများတွင် ဇာတ်လမ်းထဲတွင်ရှိသည့် ထိုသူ လုပ်ဆောင်ခဲ့သည့်အရာနှင့် သဘောသဘာဝတူသော မည်သည့်အဖြစ်အပျက်များ ဖြစ်ပွားပြီးဖြစ်သနည်း။ ဤမေးခွန်းများသည် ဆင်ခြင်သုံးသပ်ထိုက်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် သင်ခန်းစာတစ်ခု ယူပြီး “ဘုရားသခင်သည် အသေးအဖွဲ အမှားများကိုပင် သည်းမခံပါ၊ ထို့ကြောင့် ဤသည်မှာ အလွန် ဆိုးရွားလှသည်။ ငါတို့အနေဖြင့် သူ့ထံ မချဉ်းကပ်ခြင်း၊ သူနှင့် ရင်းနှီးစွာ မထိတွေ့မဆက်ဆံခြင်း၊ သူနှင့် အဆက်အဆံမလုပ်ခြင်းသည် ပိုကောင်းသည်။ သူသည် ပေါ့ပေါ့ဆဆ ဆက်ဆံခံရမည့်သူ မဟုတ်ပါ။ အကယ်၍ သင် မှားယွင်းပါက၊ သူသည် ထိုကိစ္စကို အလွန်အကျွံပြောဆိုမည်ဖြစ်ပြီး သင် အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။ ငါ သူ့ကို မည်သည့်အရာမျှ ပေးမည်မဟုတ်သည်မှာ သေချာသည်”ဟု ပြောဆိုနိုင်မည်လော။ ဤသို့ တွေးခြင်းသည် လက်ခံနိုင်ဖွယ် ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ။) အမှန်တွင်၊ သင်တို့ စိုးရိမ်ရန် မလိုအပ်ပေ။ ငါတို့သည် ရင်းနှီးစွာ ထိတွေ့ဆက်ဆံရန် အခွင့်အရေးများစွာ မရရှိကြသကဲ့သို့၊ အချင်းချင်း ထိတွေ့ဆက်ဆံရန် အခိုက်အတန့်များမှာ သာ၍ပင် နည်းပါးလှသည်၊ ထို့ကြောင့် ဤသည်မှာ သင်တို့ စိုးရိမ်ရန် လိုအပ်သော ကိစ္စမဟုတ်ပေ။ အကယ်၍ ငါသည် တစ်နေ့နေ့တွင် သင်တို့နှင့် ထိတွေ့ဆက်ဆံဖြစ်ပါက၊ စိုးရိမ်ခြင်းမရှိနှင့်။ သင့်ကို ငါ လျှို့ဝှက်ချက်တစ်ခု ပြောပြမည်။ သင်သည် ငါနှင့် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ သီးသန့် ဆုတောင်းပြီး ရှာဖွေသည်ဖြစ်စေ၊ နံပါတ်တစ် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ငါနှင့် ဉာဏ်ချင်းမပြိုင်နှင့်။ အကယ်၍ သင်၌ တိုက်ခိုက်လိုသော သဘော ရှိပါက၊ ငါနှင့် ခပ်ကင်းကင်းနေလော့။ မျက်စိတစ်မှိတ်အတွင်း အကြံအစည်များစွာကို ဖန်တီးလျက် အလွန်ဉာဏ်များစွာဖြင့် စကားပြောသည့် သူအချို့ရှိပြီး၊ ၎င်းတို့ ပြောဆိုသည့် ဝါကျတိုင်းသည် မစင်ကြယ်မှုများဖြင့် ရောနှောနေသည်၊ အကယ်၍ ၎င်းတို့ ပိုမို ပြောဆိုပါက၊ မည်သည့်စကားလုံးများက မှန်ကန်ပြီး မည်သည့်စကားလုံးများက မှားယွင်းသည်ကို သင် သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သူတို့သည် ငါ့အနီးသို့ မည်သည့်အခါမျှ မလာရ။ သင်သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံပြီး သူနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ၊ သင် လုပ်ဆောင်သင့်သော အဓိက နံပါတ်တစ်အချက်နှင့် လိုက်နာသင့်သော အဓိက နံပါတ်တစ် စည်းမျဉ်းမှာ အဘယ်နည်း။ ဘုရားသခင်ကို သင် ဆက်ဆံရာတွင် ရိုးသားသော စိတ်နှလုံး ရှိလော့။ ထို့အပြင်၊ ရိုသေလေးစားမှုကို သင်ယူလော့။ ရိုသေလေးစားမှုသည် ယဉ်ကျေးခြင်း မဟုတ်။ မျက်နှာချိုသွေးခြင်း သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခြင်း မဟုတ်သကဲ့သို့၊ ကပ်ပါးရပ်ပါးလုပ်ခြင်း သို့မဟုတ် မြှောက်ပင့်ဖားယားလုပ်ခြင်းလည်း မဟုတ်ပေ။ သို့ဆိုလျှင် ယင်းသည် အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်သနည်း။ (ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်း ဖြစ်ပါသည်။) ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းသည် အဓိကကျသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ အချက်အလက်များမှာမူ မည်သို့နည်း။ (ဘုရားသခင်၏ စကားကို နားထောင်ရန် သင်ယူလော့။) ယင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အချို့သောသူတို့သည် ငါနှင့် ထိတွေ့ဆက်ဆံပြီး ငါ့စကားကို ဖြတ်ပြောကြသည်။ ထို့ကြောင့် ၎င်းတို့ကို အပြီးပြောစေပြီးမှ ငါ ဆက်ပြောသည်။ ငါ စကားပြောသည့်အခါ ၎င်းတို့သည် ငါ့ကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့သည် မျက်စိမှိတ်၍ နားထောင်ကြသည်။ ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ “သင် ပြောနေသည့်အရာက အဓိပ္ပာယ်မရှိပါ။ သင် မည်သည့်အရာကို သိသနည်း” ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ သဘောထား ဖြစ်သည်။ အရာရာကို ငါ သိကောင်းမသိနိုင်သော်လည်း ငါ၌ စည်းမျဉ်းများ ရှိသည်။ ငါ သင်ယူပြီးသည့်အရာ၊ မြင်တွေ့ပြီးသည့်အရာ၊ နားလည်နိုင်သည့်အရာများအပြင်၊ ငါ သိသော စည်းမျဉ်းများကို သင့်အား ငါ ပြောပြပြီး၊ ထိုအရာမှ များစွာ သင် ရရှိနိုင်သည်။ သို့သော် အကယ်၍ သင်သည် ငါ့ကို ဘာမျှမသိဟု တွေးလျက်၊ အစဉ် စောင်းငဲ့ကြည့်နေပြီး၊ ငါ့စကားကို ဂရုတစိုက် နားမထောင်ပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်။ သင်သည် မိမိဘာသာ သိအောင်သာလုပ်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူရမည်။ သင်တို့ နားထောင်သည့်အခါ၊ သင်တို့၏ အမြင်များကို ဖော်ပြရာတွင် သင်တို့ကို ငါ ကန့်သတ်သလော။ မကန့်သတ်ပေ။ ငါ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မေးခွန်းများ တစ်ခုတလေ ရှိမရှိ သင်တို့အားလုံးကို ငါ မေးပြီး အကယ်၍ တစ်စုံတလေတွင် မေးခွန်းရှိပါက၊ ငါ ချက်ချင်း ဖြေကြားပြီး ထိုမေးခွန်းများတွင်ပါဝင်သော စည်းမျဉ်းများကို သင်တို့အား ပြောပြသည်။ တစ်ခါတစ်ရံတွင် ငါသည် သင်တို့ကို စည်းမျဉ်းများကိုသာ ပြောပြသည်မဟုတ်ဘဲ၊ သွင်ပြင်လက္ခဏာတစ်ခုစီကို အသေးစိတ်ဖော်ပြလျက် သင်တို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို တိုက်ရိုက် ပြောပြသည်။ ငါ နားမလည်သည့် နယ်ပယ်အချို့ရှိသော်လည်း၊ ငါ၌ ငါ၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိပြီး ထိုသို့သော ကိစ္စရပ်များအပေါ် ငါ၌ ငါ၏ ကိုယ်ပိုင်အမြင်များနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ ရှိသည်။ ထို့ကြောင့် ငါသည် ကောင်းမွန်သော အမြင်များနှင့် စည်းမျဉ်းများဟု ငါ ထင်မြင်သည့်အရာများကို အခြေခံ၍ သင်တို့ကို သင်ကြားပေးနေခြင်း ဖြစ်သည်။ ငါသည် အဘယ်ကြောင့် သင်တို့ကို သင်ကြားပေးနိုင်သနည်း။ အကြောင်းမှာ သင်တို့သည် ဤအရာများကိုပင် နားမလည်ကြသောကြောင့် ဖြစ်သည်။ ဤမေးခွန်းများကို ဖြေကြားပြီးသည်နှင့်တစ်ပြိုင်နက်၊ နောက်ထပ် မေးခွန်းများတစ်ခုတလေ ရှိမရှိဟူသည်ကို ငါ တစ်ဖန်မေးမည်ဖြစ်သည်။ အကယ်၍ ရှိပါက၊ ငါ နှောင့်နှေးခြင်းမရှိဘဲ ထပ်မံဖြေကြားပေးမည်။ ငါသည် သင့်အား ငါ့စကားကို နားထောင်စေချင်ရုံမျှသာ မဟုတ်။ သင့်ကို စကားပြောရန် အခွင့်အရေး ငါ ပေးသည်။ သို့သော် သင် ပြောဆိုသည့်အရာသည် ကျိုးကြောင်းဆီလျော်ရမည်ဖြစ်သည်။ အဓိပ္ပာယ်မရှိသော စကားများ မဖြစ်စေရသကဲ့သို့ အချိန်ဖြုန်းခြင်းလည်း မဖြစ်စေရပေ။ တစ်ခါတစ်ရံ၊ ငါသည် စိတ်မရှည်သဖြင့် အချို့သောသူတို့၏ စကားကို ဖြတ်ပြောတတ်သည်။ မည်သည့် အခြေအနေများတွင်နည်း။ ဝါကျငါးကြောင်းဖြင့် ပြော၍ရနိုင်သည့်အရာကို ဝါကျဆယ်ကြောင်းဖြင့် ပြောလျက် ၎င်းတို့ စကားကြောရှည်သည့်အခါတွင် ဖြစ်သည်။ အမှန်တကယ်တွင်၊ ယင်းတို့ကို ကြားသည်နှင့် တစ်ပြိုင်နက် ငါ နားလည်သည်။ နောက်ထပ် မည်သည့်အရာလာမည်ကို ငါ သိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ နောက်ထပ် ပြောဆိုရန်မလိုပေ။ တိုတိုနှင့် လိုရင်းကိုပြောလော့။ အခြားသူများ၏ အချိန်ကို မဖြုန်းနှင့်။ သင် စကားပြောပြီးသည်နှင့်၊ သင့်အား ငါ အဖြေပေးမည်ဖြစ်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့်စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ကို သင့်အား ငါ ပြောပြမည်။ ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သင့်သည် မဟုတ်လော။ သို့သော် အချို့သောသူတို့သည် ဤသည်ကို နားမလည်နိုင်ဘဲ၊ “မဟုတ်ပါ၊ ကိုယ်တော် ကျွန်ုပ်ကို လေးစားရမည်၊ ကျွန်ုပ်တို့၏ လေးစားမှုသည် အပြန်အလှန် ဖြစ်သည်။ ကိုယ်တော် စကားပြောပြီးဖြစ်သော်လည်း ကျွန်ုပ်၏ အမြင်ကို ကျွန်ုပ် ဖော်ပြ၍ မပြီးသေးပါ။ ကျွန်ုပ်၏ အမြင်မှာ ဤသို့ဖြစ်သည်၊ အစမှ ကျွန်ုပ် ပြန်ပြောရမည်” ဟု ဆိုကြသည်။ ၎င်းတို့၏ အမြင်များကို ငါ မသိဟု ယုံကြည်လျက် ၎င်းတို့သည် မိမိတို့၏ အမြင်များကို အစဉ် ဖော်ပြလိုကြသည်။ အမှန်တွင်မူ၊ ၎င်းတို့ စကားစပြောသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အမြင်များ မည်သည့်အရာဖြစ်သည်ကို ငါ သိသည်။ သို့ဆိုလျှင် ၎င်းတို့ ဆက်လက်ပြောဆိုရန် လိုအပ်သေးသလော။ မလိုအပ်ပေ။ အချို့သောသူတို့သည် ဉာဏ်ရည် အလွန်နိမ့်ကျသဖြင့် ဝါကျနှစ်ကြောင်းသာ လိုအပ်သော ကိစ္စအတွက် ဆယ်ကြောင်းဖြင့် ပြောကြပြီး၊ ၎င်းတို့ကို ငါ ဖြတ်မပြောပါက၊ ၎င်းတို့ ဆက်လက်ပြောဆိုနေမည် ဖြစ်သည်။ အခြားသူတိုင်းက နားလည်ပြီးဖြစ်သည်။ ငါ နားမလည်သေးသလော။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖော်ပြလိုကြဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဉာဏ်ရည်နိမ့်ကျရုံနိမ့်ကျသည်သာ မဟုတ်။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည်လည်း အားနည်းလှသည်။ ဤသို့သော လူတို့ကို သင်တို့ ကြုံတွေ့ဖူးကြသလော။ (ကြုံတွေ့ဖူးပါသည်။) ၎င်းတို့သည် ညံ့ဖျင်းသော ဆင်ခြင်တုံတရားရှိပြီး ဉာဏ်ရည်နိမ့်ကျသော်လည်း ထက်မြက်သည်ဟု ထင်မြင်ကြသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ရွံရှာဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။ လူတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ ပထမအချက်မှာ သူ့ကိုရိုးသားသော စိတ်နှလုံးဖြင့် ဆက်ဆံရန် ဖြစ်သည်။ ဒုတိယအချက်မှာ လူတို့အနေဖြင့် ရိုသေလေးစားမှုကို သင်ယူရမည် ဖြစ်သည်။ တတိယနှင့် အရေးအကြီးဆုံးအချက်မှာ သမ္မာတရားကို ရှာဖွေရန် သင်ယူခြင်း ဖြစ်သည်။ ယင်းမှာ အရေးအကြီးဆုံးဖြစ်သောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သမ္မာတရားကို မရှာဖွေပါက ဘုရားသခင်ကို ယုံကြည်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ သူ့ကို ယုံကြည်ခြင်း၏ တန်ဖိုးသည် အဘယ်အရာနည်း။ ထိုသို့ယုံကြည်ခြင်းတွင် အဓိပ္ပာယ်မှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤအချက်မှာ လူအများစု စံမမီသည့်အရာတစ်ခု ဖြစ်သောကြောင့် အဘယ်ကြောင့် ယင်းကို ထုတ်ဖော်ပြောဆိုရသနည်း။ ယင်းမှာ အနာဂတ်အတွက် ပြင်ဆင်မှုတစ်ခု ဖြစ်သည်။ နောင်တွင် ဤအမှုအရာမျိုးများ သင်တို့အပေါ် ဖြစ်ပျက်သည့်အခါ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ သင်တို့ သင်ယူရန် လိုအပ်သည်။
အသင်းတော်၌ ငါသည် လူများစွာတို့နှင့် ထိတွေ့ဆက်ဆံလာခဲ့ရပြီး၊ ၎င်းတို့ထဲမှ အချို့ကို အမှုအနည်းငယ် လုပ်ဆောင်ရန် ငါ တာဝန်ပေးခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်၊ ၎င်းတို့သည် ငါ တာဝန်ပေးခဲ့သည့်အရာအားလုံးကို မှတ်သားထားကြောင်းနှင့် ယခုအခါ တစ်ခုချင်းစီကို အကောင်အထည်ဖော်နေဆဲဖြစ်ကြောင်း ပြသလျက်၊ ငါ့ကို တုံ့ပြန်ချက် ပေးခဲ့ကြသည်။ ငါ့ကို ၎င်းတို့ တွေ့ဆုံသည့်အခါ၊ ငါ့ကို ပြီးပြည့်စုံသည့် နောက်ဆုံးအခြေအနေ ပြောပြလျက်၊ အကောင်အထည်ဖော်မှု၏ တိုးတက်မှုအကြောင်း၊ မည်သည့်ကိစ္စရပ်များကို ရှာဖွေရန် လိုအပ်ကြောင်းနှင့် မည်သည့်အရာများသည် အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ငါ့ကို အစီရင်ခံခဲ့ကြသည်။ ၎င်းတို့သည် အသေးစိတ်အချက်အလက်များကို အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့ကြပြီး၊ တစ်ခါတစ်ရံ အနည်းငယ် အသေးအဖွဲဖြစ်သော်လည်း၊ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို သဘောထားရာတွင် အလေးအနက်ထားပြီး တာဝန်ယူကြောင်းနှင့် ၎င်းတို့၏ တာဝန်များ၊ ဝတ္တရားများနှင့် မလွဲမသွေထမ်းဆောင်ရမည့် ဝတ္တရားများက မည်သည့်အရာများဖြစ်သည်ကို သိရှိကြောင်း ၎င်းတို့၏ သဘောထားများက ပြသခဲ့သည်။ အချို့သောသူတို့မှာမူ ကွဲပြားသည်။ ငါက ၎င်းတို့ကို အလုပ်နှစ်ခု တာဝန်ပေးခဲ့ပြီး၊ ထိုအလုပ်များကို ၎င်းတို့က မိမိတို့၏ မှတ်စုစာအုပ်များထဲတွင် ချရေးခဲ့ကြသော်လည်း၊ တစ်ပတ်ကြာပြီးနောက်၊ မည်သည့်အရာကိုမျှ ၎င်းတို့ အကောင်အထည်မဖော်သေးသည့်အခါ၊ ထိုအကြောင်းကို ၎င်းတို့အား ငါ မေးမြန်းသည့်အခါမှသာ ၎င်းတို့ သတိရကြသည်။ ပြီးနောက် ၎င်းတို့သည် အရာအားလုံးကို မိမိတို့၏ မှတ်စုစာအုပ်များထဲတွင် တစ်ဖန်ပြန်လည် ချရေးခဲ့ကြသည်။ နောက်တစ်ပတ်ကြာပြီးနောက်၊ အဘယ်ကြောင့် ကိစ္စ မပြီးပြတ်သေးသည်ကို ၎င်းတို့အား ငါမေးမြန်းသည့်အခါ၊ ၎င်းတို့က ဤအခက်အခဲ၊ ထိုအခက်အခဲဟု အကြောင်းပြချက်များ ပေးပြီးနောက်၊ အရာအားလုံးကို သူတို့၏ မှတ်စုစာအုပ်များထဲသို့ တစ်ဖန် လုံ့လဝီရိယရှိစွာ ချရေးခဲ့ကြပြန်သည်။ အရာအားလုံးကို ၎င်းတို့က မည်သည့်နေရာ၌ ချရေးခဲ့ကြသနည်း။ (၎င်းတို့၏ မှတ်စုစာအုပ်များထဲတွင် ဖြစ်ပါသည်။) သို့သော် ၎င်းတို့သည် မည်သည့်အရာကိုမျှ မိမိတို့၏ စိတ်ထဲ၌ မမှတ်သားခဲ့ကြပေ။ ဤသည်မှာ လူမှားတာဝန်ပေးခြင်း ဖြစ်သည် မဟုတ်လော။ ဤလူတို့သည် လူသား မဟုတ်ကြပေ။ ၎င်းတို့ကို ငါ ယုံကြည်အပ်နှံခဲ့သည့် မည်သည့်အရာမဆို နားတစ်ဖက်မှဝင် နားတစ်ဖက်မှထွက်သွားသည်။ ၎င်းတို့က ထိုအရာကို လုံးဝ အလေးအနက်မထားခဲ့ကြပေ။ လူတို့ကို ငါ တာဝန်ပေးသည့် အသင်းတော်အလုပ်နှင့် သက်ဆိုင်သော အချို့ကိစ္စရပ်များအပါအဝင်၊ သီးခြားအသက်မွေးဝမ်းကျောင်းတစ်ခု သို့မဟုတ် အထွေထွေရေးရာများနှင့် သက်ဆိုင်သော အလုပ်အားလုံးသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် နယ်ပယ်အတွင်း၌သာ ရှိသည်။ ၎င်းတို့အား အခက်တွေ့စေဖို့ မည်သည့်အရာကိုမျှ ရည်ရွယ်ခြင်း မရှိပေ။ သို့ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှုအရာများ လုပ်ဆောင်ရန် ငါ ယုံကြည်အပ်နှံသည့်အခါ မကြာခဏဆိုသလို၊ ၎င်းတို့အများစုသည် စေခိုင်းချက်တာဝန်ကို ဆောင်ရွက်ပြီးနောက်တွင် ငါ့ကို အစီရင်ခံခြင်း မရှိခဲ့ကြသကဲ့သို့၊ အလုပ်၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြန်မကြားခဲ့ရပေ။ ယင်းကို စီစဉ်ထားခြင်း ရှိမရှိ၊ မည်သို့ လုပ်ဆောင်ထားသည်၊ မည်သည့်အမှားများ ဖြစ်ပွားခဲ့သည်၊ လက်ရှိရလဒ်များဟူသော ဤအရာများထဲမှ တစ်ခုတလေအကြောင်းကိုမျှ ၎င်းတို့ လုံးဝ ပြန်လည်အစီရင်ခံခြင်း မရှိ သို့မဟုတ် ရှာဖွေခြင်းတို့ကို မဆောင်ရွက်ခဲ့ကြပေ။ ၎င်းတို့နှင့်ဆိုင်သော တာဝန်ပေးစေခိုင်းချက်များကို ၎င်းတို့ ဘေးဖယ်ထားကြပြီး၊ ရလဒ်များ တစ်ခုတလေအကြောင်းကိုမျှ ငါ ကြားသိခွင့်ပင် မရခဲ့ပေ။ အချို့သောသူတို့၌ သာ၍ပင် ဆိုးရွားသော ပြဿနာတစ်ခု ရှိခဲ့သည်၊ ယင်းမှာ၊ ၎င်းတို့သည် ငါ တာဝန်ပေးခဲ့သည့်အရာအား အကောင်အထည်ဖော်ခြင်း မရှိသည့်အပြင်၊ မနေ့က ၎င်းတို့ မည်သည့်နေရာသို့ သွားခဲ့ပြီး မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်၊ တစ်မြန်နေ့က ၎င်းတို့ မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်၊ ယခု မည်သည့်အရာကို လုပ်ဆောင်နေသည်ဟူသည်တို့ကို ငါ့အား ပြောပြလျက် ငါ့ကို မျက်နှာချိုသွေးပြီး လှည့်ဖြားရန်လည်း လာကြလေသည်။ ဟန်ဆောင်ခြင်းနှင့် တစ်ပတ်ရိုက်ခြင်းတို့၌ ၎င်းတို့ မည်မျှ တော်သည်ကို ကြည့်လော့။ ၎င်းတို့အနေဖြင့် ငါ သေသေချာချာ တာဝန်ပေးခဲ့သည့်အရာများ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ကြဘဲ၊ ထိုအစား အရေးကြီးသော အလုပ်များမှာ လုံးဝ ဖရိုဖရဲဖြစ်နေစဉ် အသုံးမဝင်သော အလုပ်များဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်ရှုပ်စေခဲ့ကြသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်များကို လုံးဝ လျစ်လျူရှုခဲ့ကြပြီး၊ လိမ်လည်မှုနှင့် လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
အပင်စိုက်ခြင်းကို ကြီးကြပ်ရသော လူတစ်ဦး ရှိခဲ့သည်။ သူ့ကို ငါက၊ “ဤနှစ်တွင် ကြည့်ကောင်းသည့် အရွက်စိမ်းအချို့ ရှိသည်။ မျိုးစေ့တစ်ခုတလေကို သင် ချန်ထားသလော” ဟု မေးခဲ့သည်။ “ချန်ထားပါသည်” ဟု သူ ပြန်ဖြေသည်။ ငါက “လွန်ခဲ့သည့် အချိန်တုန်းက အရွက်စိမ်းအားလုံးကို သူတို့ ရိတ်သိမ်းခဲ့ပြီး မည်သည့်မျိုးစေ့မျှ မချန်ခဲ့ကြဟု ငါ ကြားရသည်” ဟု ပြောသည်။ သူက “သူတို့ ရိတ်သိမ်း၍ မပြီးသေးပါ။ နည်းနည်း ကျန်ပါသေးသည်” ဟု ပြောသည်။ ထို့နောက် ငါက “ကျန်နေသည့် အရွက်စိမ်းများမှာ အဘယ်မှာနည်း။ ငါ ကြည့်ပါရစေ”ဟု မေးခဲ့သည်။ သူက “အော်။ ကောင်းပေပြီ။ ကျွန်ုပ် အရင် သွားစစ်ဆေးလိုက်ပါဦးမည်” ဟု ပြောသည်။ သူသည် အမှန်တကယ် မျိုးစေ့တစ်ခုတလေကို ချန်ထားခဲ့သလော သို့မဟုတ် မချန်ထားခဲ့သလော။ သူ မချန်ထားခဲ့ပေ။ သူ ပြောခဲ့သော ဤစကားအနည်းငယ်ထဲမှ၊ သူ၏ ပထမဆုံးပြောဆိုချက်ဖြစ်သော “ချန်ထားပါသည်” ဆိုသည်မှာ လိမ်ညာမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် သူ၏ ဒုတိယပြောဆိုချက်ဖြစ်သော “သူတို့ ရိတ်သိမ်း၍ မပြီးသေးပါ။ နည်းနည်း ကျန်ပါသေးသည်” ဆိုသည်မှာ လိမ်ညာမှုတစ်ခု မဟုတ်လော။ မျိုးစေ့များကို ၎င်းတို့ ချန်ထားခြင်းရှိမရှိဟူသည်ကို သူ မသိခဲ့ဘဲ၊ “ကျွန်ုပ် အရင် သွားစစ်ဆေးလိုက်ပါဦးမည်” ဟု ပြောခဲ့သည်။ သို့ဖြစ်၍ ဤတတိယပြောဆိုချက်မှာ နောက်ထပ် လိမ်ညာမှုတစ်ခုပင် ဖြစ်သည်။ လိမ်ညာမှုများသည် ပြောဆိုချက်တစ်ခုပြီးနောက်တစ်ခုတွင် ပို၍ ဆိုးရွားလာသည်။ သူသည် လိမ်ညာမှု တစ်ခုအပေါ်တစ်ခု ထပ်ဆင့်ကာ၊ တဖြည်းဖြည်း ပို၍ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။ အလိမ်အညာများဖြင့် ပြည့်နေသည့် နှုတ်ပါတကား။ သင်တို့အားလုံးသည် အလိမ်အညာများဖြင့် ပြည့်နေသည့် နှုတ်ရှိသော သူတစ်ဦးနှင့် ဆက်ဆံရန် လိုလားနေကြမည်လော။ (လိုလားကြမည် မဟုတ်ပါ။) လိမ်ညာမှုများနှင့် ပြည့်နေသောသူများနှင့် စကားပြောဆိုပြီး အလုပ်လုပ်သည့်အခါ သင် မည်သို့ ခံစားရသနည်း။ သင် ဒေါသထွက်သလော။ သူသည် မည်သူကိုမဆို လှည့်ဖြားဝံ့သော သတ္တိရှိခဲ့သည်။ ငါ မသိဟု သူ ထင်မြင်ခဲ့ပါက သူ မှားသည်။ ထိုကိစ္စရပ်သည် လှည့်ဖြားထိုက်သလော။ အလွန်လှည့်ဖြားတတ်ခြင်းဖြင့် သူသည် မည်သည့်အရာကို ရရှိမည်နည်း။ သူ ပြုမူပုံတွင် ဤသဘောထားကို သင် မြင်တွေ့ပါက၊ သူသည် သင့်ကို ဤသို့ ဆက်ဆံခဲ့ပါက၊ သင် မည်သို့ ခံစားရမည်နည်း။ အခြေခံအားဖြင့် လူတစ်ဦး ပြောဆိုသည့်အရာ၏ ၉၉ ရာခိုင်နှုန်းသည် လိမ်ညာမှုဖြစ်ပါက၊ ၎င်းတို့အနေဖြင့် အတင်းပြောနေသည်ဖြစ်စေ၊ အလုပ်အကြောင်း သို့မဟုတ် အရေးကြီးသော ကိစ္စရပ်များအကြောင်း ပြောဆိုနေသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ထိုသူသည် မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။ သူသည် မည်သူ့ကိုမဆို လှည့်ဖြားနိုင်သည်။ ယင်းက သူ့ကို မည်သည့်အရာ ဖြစ်စေသနည်း။ ဘုရားသခင်ကို အချိန်မည်မျှကြာ သူ ယုံကြည်ပြီးဖြစ်သနည်း။ အချို့သော ဘာသာတရားမရှိသူတို့က၊ “ကျွန်ုပ် သိရသရွေ့” သို့မဟုတ် “စိတ်ထဲရှိသည့်အတိုင်း ပြောရလျှင်” ဟု အစဉ် ပြောဆိုတတ်ကြပြီး၊ ထိုအကြောင်းပြချက်ဖြင့် ၎င်းတို့သည် မှန်ကန်သောအရာ တစ်စုံတစ်ခုကို ပြောဆိုနေကြသည်။ ထိုလူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာတရားဒေသနာများစွာကို နားထောင်ခဲ့သော်လည်း၊ သူသည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းကိုမျှပင် မပြောနိုင်ခဲ့ပေ။ သူ ပြောဆိုခဲ့သည့်အရာအားလုံးက လိမ်ညာမှုတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သူသည် မည်သည့် သတ္တဝါမျိုး ဖြစ်သနည်း။ စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤသို့သော လူများစွာ ရှိသလော။ သင်တို့သည် ဤသို့ ဖြစ်ကြသလော။ သင်တို့သည် ငါနှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ မည်သည့် အခြေအနေများအောက်တွင် ငါ့ကို သင်တို့ လိမ်ညာကြမည်နည်း။ အကယ်၍ ဘေးအန္တရာယ်တစ်ခုခုကို သင်တို့ ဖြစ်စေခဲ့ပြီး၊ အကျိုးဆက်များက ဆိုးရွားကြောင်းနှင့် သင် နှင်ထုတ်ခံရနိုင်ကြောင်းကို သိပါက၊ ထိုအရာကို အခြားသူများက ဖော်ပြသည်နှင့် တစ်ပြိုင်နက်၊ ဖုံးဖိရန် သင် လိမ်ညာပေမည်။ ထိုသို့သော ကိစ္စမျိုးအတွက် မည်သူမဆို လိမ်ညာနိုင်သည်။ အခြား မည်သည့်အရာနှင့်ပတ်သက်၍ လူတို့ လိမ်ညာနိုင်သေးသနည်း။ ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ရန်နှင့် အခြားသူများ၏ အထင်ကြီးခြင်းခံရရန် လိမ်ညာခြင်း ဖြစ်သည်။ ထို့နောက် မိမိတို့၏ အလုပ်၌ အရည်အချင်းမပြည့်မီကြောင်း သိသော်လည်း၊ အထက်ထံ ထိုအကြောင်းကို ပြောလျှင် ထုတ်ပယ်ခံရမည်ကို အလွန် ကြောက်ရွံ့သောကြောင့် ပွင့်ပွင့်လင်းလင်း မပြောကြားသောသူများလည်း ရှိသည်။ ၎င်းတို့၏ အလုပ်ကို အထက်ထံ အစီရင်ခံသည့်အခါ၊ ၎င်းတို့သည် အခြားသူများကို မှားယွင်းသော ထင်မြင်ချက်တစ်ခု ရှိစေလျက်၊ ပြဿနာကို ဖြေရှင်းရမည့် နည်းလမ်းများအား ရှာဖွေသယောင်ဟန်ဆောင်ကြသည်။ သူတို့ ပြောဆိုသည့်အရာအားလုံးမှာ အလိမ်အညာတစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် အခြေခံအားဖြင့် အလုပ်လုပ်နိုင်စွမ်း မရှိကြပေ။ အကယ်၍ အချို့သော မေးခွန်းများကို ၎င်းတို့ မမေးမြန်းပါက၊ အထက်က ကွဲလွဲချက်များကို သတိပြုမိပြီး ၎င်းတို့အား ထုတ်ပယ်မည်ကို ကြောက်ရွံ့သောကြောင့်၊ အလျင်အမြန် ဟန်ဆောင်ကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ စိတ်နေစိတ်ထား ဖြစ်သည်။
ငါ ယခုလေးတင် မိတ်သဟာယပြုခဲ့သော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းသုံးချက်ကို ဆင်ခြင်သုံးသပ်လော့။ မည်သည့်အချက်ကို သင်တို့ မလုပ်ဆောင်နိုင်သကဲ့သို့ မည်သည့်အချက်ကို စွမ်းဆောင်ရရှိရန် သင်တို့အတွက် လွယ်ကူသနည်း။ အမှန်တွင်၊ ထိုအရာများထဲမှ တစ်ခုကိုမျှ အမှန်တကယ် အကောင်အထည်ဖော်ရန် မလွယ်ကူပေ။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးများတွင် နတ်ဆိုးများ ကျိန်းဝပ်နေကြသောကြောင့် ဖြစ်သည်။ သင့်စိတ်နှလုံးထဲမှ နတ်ဆိုးကို သင် နှင်ထုတ်ပြီးသည့်နောက်တွင်သာ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးတွင်ရှိသည့် နတ်ဆိုးနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီးအကယ်၍ အကြိမ်တိုင်း သင် အောင်နိုင်ပါက၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်သည်။ အကယ်၍ အကြိမ်တိုင်း သင် ရှုံးနိမ့်ပြီး ထိုနတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံရပါက၊ ယင်းတို့ကို သင် ပြီးမြောက်အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ စည်းမျဉ်းများထဲမှ မည်သည့်အရာကိုမျှ သင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်တို့သည် ငါနှင့် ပေါင်းသင်းဆက်ဆံခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းရှိသည့်အခါတွင်သာမက၊ ညီအစ်ကိုမောင်နှမများနှင့် သင်တို့၏ ပုံမှန် ထိတွေ့ဆက်ဆံမှုများတွင်လည်း ဤစည်းမျဉ်းများကို လိုက်နာလျက် အချက်သုံးချက်လုံးကို ပြီးမြောက်အောင်မြင်နိုင်ပါက၊ လူတိုင်းသည် ဤအရာမှ အကျိုးကျေးဇူး ရရှိမည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု ဇာတ်လမ်း ပြီးဆုံးသွားပြီဖြစ်သဖြင့်၊ အဓိကအကြောင်းအရာကို ဆက်သွားကြပါစို့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။