အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃) အခန်း တစ်
၂။ ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်း
ပြီးခဲ့သော မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာမှာ အန္တိခရစ်များ၏ ဆယ်ခုမြောက် သရုပ်သကန်ဖြစ်သော သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်း ဖြစ်သည်။ ဤအချက်ကို အသေးစိတ် မိတ်သဟာယဖွဲ့ရန် နောက်ထပ် အပိုင်းသုံးပိုင်း ခွဲထားသည်။ ပထမပိုင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ တတိယပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း ဖြစ်သည်။ ဤအပိုင်းသုံးပိုင်းကို အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များ၏ ဆယ်ခုမြောက် အချက်ကို စိစစ်ရန် အသုံးပြုသည်။ ပထမပိုင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ ဒုတိယပိုင်းဖြစ်သော ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်းနှင့် ပတ်သက်၍မူ ယင်းကို မိတ်သဟာယဖွဲ့ရန် အပိုင်း လေးပိုင်း ခွဲထားသည်။ ဤအပိုင်း လေးပိုင်းမှာ အဘယ်နည်း။ (ပထမအနေဖြင့် မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောခြင်းနှင့် နားဝင်ချိုသော စကားများ၊ ဒုတိယအနေဖြင့် သိလိုစိတ် ပြင်းပြမှုနှင့်အတူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာခြင်း၊ တတိယအနေဖြင့် ခရစ်တော်ကို ယင်းတို့ပြုမူဆက်ဆံပုံသည် ယင်းတို့၏ စိတ်ခံစားချက်ပေါ်တွင် မူတည်ခြင်းနှင့် စတုတ္ထအနေဖြင့် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်း တို့ဖြစ်ပါသည်။) ပထမ အပိုင်းနှစ်ပိုင်းကို နောက်ဆုံးတစ်ကြိမ်က မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်၊ ဤတစ်ကြိမ်တွင် တတိယပိုင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
ဂ။ ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏စိတ်ခံစားချက်ပေါ်တွင် မူတည်၏
တတိယပိုင်းမှာ “ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏ စိတ်ခံစားချက်ပေါ်တွင် မူတည်သည်” ဖြစ်သည်။ ဤရိုးရှင်းသော စကားရပ်အပေါ်တွင် အခြေခံ၍ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ ကြည့်ရှုကြမည်။ သင်တို့၏ ထင်မြင်ချက်အရ သို့မဟုတ် သင်တို့ မြင်တွေ့ပြီး တွေ့ကြုံခံစားခဲ့ရသောအရာမှ ဤအပိုင်းနှင့်ပတ်သက်၍ ဥပမာအချို့ ရှိသင့်သည် မဟုတ်လော။ အချို့သောသူများက “ကျွန်ုပ်သည် ခရစ်တော်နှင့် မည်သည့်အခါမျှ ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ တရားဒေသနာများကိုသာ ကြားနာခဲ့ဖူးပါသည်။ ကျွန်ုပ်၌ ဤသရုပ်သကန်နှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံ မရှိသကဲ့သို့ အခြားသူများ လက်တွေ့၌ ယင်းကို ဖော်ပြသည်ကိုလည်း ကျွန်ုပ် မမြင်တွေ့ဖူးပါ” ဟု ဆိုကြသည်။ ဤအပိုင်းနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံ ရှိသောသူတို့အတွက်မူ သင်တို့၌ ယင်းနှင့် ကိုက်ညီသော မည်သည့် ခံစားချက်များ သို့မဟုတ် နားလည်မှုများ ရှိသနည်း။ မရှိဘူးလော။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် အမှန်ပင် အတွင်းကျကျ မိတ်သဟာယဖွဲ့ရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အပေါ်ယံအားဖြင့် ဤအပိုင်းသည် လူတို့ ခရစ်တော်နှင့် ထိတွေ့ဆက်ဆံသည့်အခါ အမျိုးမျိုးသော သဘောထားများနှင့် သရုပ်သကန်များ ပါဝင်သည်။ အမှန်တကယ်တွင် ဤအပိုင်းမှ လူတစ်ဦးသည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာအပေါ် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သဘောထားများကို မြင်တွေ့နိုင်ရုံသာမက ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို လူတို့၏ ဆက်ဆံပုံ၌ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများနှင့် သရုပ်သကန်များကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ဆိုလိုသည်မှာ ဤအရာမှနေ၍ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ကို မည်သို့သော သဘောထားဖြင့် ဆက်ဆံသည်၊ ပြီးလျှင် သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိတို့မှာ ထင်ရှားသည် ဟူ၍ ဖြစ်သည်။ အမျိုးမျိုးသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ခရစ်တော်အပေါ် လူတို့၏ သဘောထားများသည် သူတို့ ယုံကြည်သော ဘုရားသခင်အပေါ် သူတို့၏ သဘောထားများကို ဖော်ပြသည်။ ဤသာမန် ပုဂ္ဂိုလ်၊ ခရစ်တော်ကို ဆက်ဆံရာ၌ သင်၌ မည်သည့် အယူအဆများ၊ စစ်မှန်သော ယုံကြည်ခြင်း သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိသည် သင် ယုံကြည်သော ဘုရားသခင်၊ ဘုရားသခင် ကိုယ်တော်တိုင်အပေါ်၌ သင်၌ စစ်မှန်သော ယုံကြည်ခြင်း နှင့် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိကို ဖော်ပြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ် လူတို့၏ ဆက်ဆံပုံဖြစ်သည့် သူတို့၏ သဘောထားများ၊ အမြင်များနှင့် သူတို့ အမှန်တကယ် တွေးထင်သောအရာတို့သည် အတော်ပင် မရေရာလှပေ၊ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများကို မဖော်ပြပေ။ သို့သော် လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ကြုံတွေ့ပြီး ဘုရားသခင် လူ့ဇာတိခံယူသော ထိတွေ့ကိုင်တွယ်နိုင်သော၊ အသွေးအသားနှင့် ပြည့်စုံသော ခန္ဓာကိုယ်ကို မြင်တွေ့သည့်အခါ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများသည် လုံးဝ ထုတ်ဖော်ခြင်း ခံရလေသည်။ လူတို့ ပြောဆိုသော စကားများ၊ သူတို့၏ စိတ်ထဲရှိ အတွေးအခေါ်များ၊ သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ သတ်မှတ်ပြီး ကိုင်စွဲထားသော အမြင်ရှုထောင့်များနှင့် သူတို့၏ စိတ်နှလုံးထဲရှိ ခရစ်တော်အပေါ် သူတို့၏ အတွေးအခေါ်များ၊ သဘောထားများပင်လျှင် အမှန်တကယ်တွင် သူတို့ ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်နှင့်ပတ်သက်သော အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မမြင်နိုင်ဘဲ မထိတွေ့နိုင်သောကြောင့် လူတို့ ကိုယ်တော့်အား မည်သို့ ထင်မြင်ပုံ၊ သူတို့ ကိုယ်တော့်အား မည်သို့ ဆက်ဆံပုံ၊ သူတို့ ကိုယ်တော့်အား မည်သို့ ဘောင်ခတ်ပုံနှင့် သူတို့ ကျိုးနွံနာခံခြင်း ရှိမရှိတို့အတွက် သူတို့၏ သရုပ်သကန်များသည် မှန်ကန်ခြင်း ရှိမရှိ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကို အကဲဖြတ်ရန် လူတို့၌ စံနှုန်း အမှန်တကယ် မရှိပေ။ သို့သော် ဘုရားသခင်သည် ခရစ်တော်အဖြစ် လူ့ဇာတိ ခံယူသောအခါ ဤအရာအားလုံး ပြောင်းလဲသွားသည်။ လူတို့ ဘုရားသခင်အပေါ် ထားရှိသော ဤသရုပ်သကန်များနှင့် သဘောထားအားလုံးကို တိုင်းတာရန် စံနှုန်းတစ်ခု ဖြစ်လာကာ ဘုရားသခင်အပေါ် လူတို့၏ စစ်မှန်သော သဘောထားများကို ထင်ရှားစေသည်။ မကြာခဏဆိုသလို လူတို့သည် သူတို့၌ ဘုရားသခင်အပေါ် ကြီးမားသော ယုံကြည်ခြင်းနှင့် စစ်မှန်သော ယုံကြည်လက်ခံမှု ရှိသည်ဟု ထင်မှတ်ကြပြီး ဘုရားသခင်သည် ကြီးမြတ်သည်၊ အမြင့်မြတ်ဆုံး ဖြစ်သည်၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ သို့သော် ဤသည်တို့မှာ သူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု၏ ရောင်ပြန်ဟပ်မှုလော သို့မဟုတ် စိတ်ခံစားချက်တစ်ခုမျှ၏ ရောင်ပြန်ဟပ်မှုသာလော။ ဆုံးဖြတ်ရန် ခက်ခဲသည်။ လူတို့သည် ဘုရားသခင်ကို မမြင်နိုင်သောအခါ သူတို့ ကိုယ်တော့်အား ဆက်ဆံရာ၌ မည်မျှပင် စေတနာကောင်း ရှိစေကာမူ သူတို့၏ ကိုယ်တော့်အား ဆက်ဆံပုံသည် မရေရာမှု၊ အနှစ်မဲ့မှု၊ လက်တွေ့မကျမှုတို့ဖြင့် အစဉ်သဖြင့် ရောနှောနေပြီး အချို့သော အနှစ်မဲ့ စိတ်ကူးစိတ်သန်းများဖြင့် အစဉ်သဖြင့် ပြည့်နှက်နေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် မြင်တွေ့ပြီး ထိတွေ့ဆက်ဆံသောအခါ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း အတိုင်းအတာ၊ ဘုရားသခင်အပေါ် သူတို့၏ ကျိုးနွံနာခံမှု အဆင့်နှင့် သူတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိမရှိတို့သည် အပြည့်အဝ ထုတ်ဖော်ခံရလေသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသောအခါ အထူးသဖြင့် ကိုယ်တော်သည် ဖြစ်နိုင်သမျှ သာမန်အဖြစ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောအခါ လူအားလုံးအတွက် ဤဇာတိပကတိ၊ ဤသာမန် ပုဂ္ဂိုလ်သည် လူတိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာပြီး လူတစ်ဦးစီတိုင်း၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုလည်း ဖော်ထုတ်သည်။ သင်သည် ကိုယ်တော် တည်ရှိခြင်းကို ဦးစွာ အသိအမှတ်ပြုခဲ့သည့်အခါ ဘုရားသခင်နောက် လိုက်ကောင်းလိုက်နိုင်ခဲ့သော်လည်း သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို လက်ခံပြီး ဘုရားသခင် သာမန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်ကို မြင်တွေ့သောအခါ သင်၏ စိတ်သည် အယူအဆများဖြင့် ပြည့်နှက်သွားသည်။ ဤအချိန်၌ သင် ယုံကြည်သော ခရစ်တော်တည်းဟူသော ဤသာမန် ပုဂ္ဂိုလ်သည် သင်၏ ယုံကြည်လက်ခံခြင်းအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာသည်။ သို့ဆိုလျှင် ယနေ့ ဤသာမန် ပုဂ္ဂိုလ်၊ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ခရစ်တော်သည် လူတို့အပေါ် ရှိသော သက်ရောက်မှုနှင့် ဤသာမန် ပုဂ္ဂိုလ်၊ ခရစ်တော်အပေါ် လူတို့ ပြသသော စစ်မှန်သော သရုပ်သကန်တို့ကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ကြပါစို့။ ထိုသရုပ်သကန်များသည် ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော စစ်မှန်သည့် သဘောထားများနှင့် အမြင်ရှုထောင့်များကို ထုတ်ဖော်ပြလေသည်။
တတိယပိုင်း၏ အဓိက အကြောင်းအရာမှာ လူတို့သည် ခရစ်တော်ကို သူတို့၏ စိတ်ခံစားချက်ပေါ် မူတည်၍ ဆက်ဆံကြသည်ဟူ၍ ဖြစ်သည်။ ဤစိတ်ခံစားချက်က အတိအကျ အဘယ်အရာကို ရည်ညွှန်းသည်မှာ ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ ဗဟိုပြုချက်၊ အဓိက ဖြစ်သည်။ အမှန်စင်စစ် ဤစိတ်ခံစားချက်သည် အမည်တူ အစားထိုးသုံးနှုန်းခြင်းတစ်ခု၊ ယေဘုယျ သတ်မှတ်ချက်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် စိတ်ခံစားချက်တစ်ခု မဟုတ်ပေ၊ ယင်း၏ နောက်ကွယ်၌ လူတို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမျိုးမျိုး၊ သူတို့၏ စာတန်၏ သဘာဝ အနှစ်သာရပင်လျှင် ကွယ်ဝှက်နေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် မည်သည့် အတားအဆီးများမျှ မကြုံတွေ့ရသည့်အခါတွင်လည်းကောင်း၊ သူတို့၏ စိတ်ခံစားချက်ကို သက်ရောက်စေသော မည်သည့်အရာမျှ မရှိသည့်အခါတွင်လည်းကောင်း၊ အရာခပ်သိမ်း ချောမွေ့စွာ ဖြစ်ပျက်သည့်အခါတွင်လည်းကောင်း သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ ဆုတောင်းနိုင်ကြပြီး ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် ပြည့်လျက် အလွန် ပုံမှန်ဖြစ်သော အသက်တာဖြင့် အသက်ရှင်ကြသည်။ သူတို့၏ အနီးရှိ ပတ်ဝန်းကျင်သည်လည်း ချောမွေ့သည်၊ ညီအစ်ကိုမောင်နှမများ အများစုသည် တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်ကြသည်၊ ဘုရားသခင်သည် သူတို့၏ တာဝန်များ ထမ်းဆောင်ခြင်း၌လည်းကောင်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူခြင်း၌လည်းကောင်း သူတို့ကို မကြာခဏ လမ်းညွှန်တော်မူကာ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းတို့ကို ပံ့ပိုးပေးပြီး လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများသည် အတော်အတန် ရှင်းလင်းသည်။ အရာခပ်သိမ်းသည် အလွန် ပုံမှန်ဖြစ်ပြီး အလွန် ချောမွေ့စွာ ဖြစ်ပျက်သည်။ ဤအချိန်၌ လူတို့သည် သူတို့၌ ဘုရားသခင်အပေါ် ကြီးမားသော ယုံကြည်ခြင်း ရှိသည်ဟု ခံစားကြရသည်၊ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့် အထူးသဖြင့် နီးကပ်သည်ဟု ခံစားကြရသည်၊ ဆုတောင်းပြီး ရင်ဖွင့်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်ကြသည်၊ ဘုရားသခင်နှင့် ရင်းနှီးစွာ ဆက်သွယ်သည်ဟု ခံစားကြရသည်၊ ပြီးလျှင် ဘုရားသခင်သည် အထူးသဖြင့် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်ဟု မြင်ကြသည်။ ဤအချိန်၌ သူတို့၏ စိတ်ခံစားချက်သည် အလွန် ကောင်းသည်၊ သူတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့၌ မကြာခဏ အသက်ရှင်ကြသည်၊ စုဝေးပွဲများ၌ တက်ကြွစွာ ပြောဆိုကြပြီး သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး ဓမ္မသီချင်းများကို နေ့စဉ် ပုံမှန် သင်ယူနိုင်ကြသည်။ အရာအားလုံး ဤမျှ ကောင်းမွန်ပြီး ချောမွေ့စွာ ဖြစ်ပျက်နေသည့်အခါ လူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်ကြသည်၊ ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းကြပြီး သူတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်အတွက် အသုံးခံရန်၊ သူတို့ ပိုင်ဆိုင်သမျှ အရာခပ်သိမ်းကို ပူဇော်ဆက်ကပ်ရန်နှင့် သူတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းရန် အခက်အခဲများကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သူတို့က ဘုရားသခင်သည် အလွန် ကြီးမြတ်သည်၊ အလွန် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်ဟု ခံစားကြရပြီး သူတို့၌ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ရန်၊ သူတို့၏ ဘဝတစ်ခုလုံးကို ကိုယ်တော်ထံ ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် လိုလားမှုတို့ ရှိကြသည်။ ဤအခြေအနေသည် အထူးသဖြင့် တက်ကြွပြီး အပြုသဘောဆောင်သည် မဟုတ်လော။ ဤအရာမှနေ၍ ကျွန်ုပ်တို့သည် လူတို့၏ သစ္စာစောင့်သိခြင်း၊ သူတို့၏ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာနှင့် သူတို့ ပြုလုပ်သော စွန့်လွှတ်အနစ်နာခံမှုများကို မြင်တွေ့နိုင်ပုံရသည်။ အရာခပ်သိမ်းသည် အလွန် အံ့ဩဖွယ်ကောင်းကာ ငြိမ်သက်ပြီး ချောမွေ့သည်ဟု ထင်ရသည်။ ဤသရုပ်သကန်အားလုံးမှ၊ လူတို့သည် မည်သည့် မနှစ်မြို့ဖွယ်အရာမျှ မရှိဘဲ ဘုရားသခင်၏ အမှုတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏ တောင်းဆိုချက်များနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် သူတို့၏ အပိုင်းကို တက်ကြွစွာ ကြိုးပမ်းနေကြရုံမျှသာ ဖြစ်ပုံရသည်။ ဤသို့ဖြင့် သူတို့၏ စိတ်နှလုံးထဲ၌ သူတို့သည် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်ကြသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကျေးဇူးတင်ကြပြီး မြေကြီးပေါ်ရှိ ခရစ်တော်ကို ကျေးဇူးတင်ကြကာ ခရစ်တော်အပေါ် အဆုံးမဲ့သော ချစ်ခြင်းမေတ္တာနှင့် ရိုသေလေးမြတ်ခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည် ဓမ္မသီချင်းများထဲမှ “ဤသာမန် ပုဂ္ဂိုလ်” ဟူသော စကားလုံးများကို သီဆိုသည့်အခါတိုင်း သူတို့သည် “ကျွန်ုပ်ကို ကယ်တင်ခဲ့သော၊ ကျွန်ုပ်အား ဤအခွင့်အရေးကို ပေးခဲ့သော၊ ကျွန်ုပ်အား ယနေ့ ဘုရားသခင်၏ အိမ်တော်၌ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခွင့်ပြုသောသူမှာ ဤသာမန်ပုဂ္ဂိုလ် အမှန်ပင် ဖြစ်သည်တကား” ဟု တွေးလျက် အလွန် တို့ထိခြင်း ခံကြရသည်။ အချို့သောသူတို့က “အို လက်တွေ့ကျသော ဘုရားသခင်၊ လူ့ဇာတိခံ ဘုရားသခင်၊ ခရစ်တော်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်၊ ကျွန်ုပ် ကိုယ်တော့်ကို ချီးမွမ်းပါသည်၊ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်အား ဤကောင်းချီးမင်္ဂလာအားလုံးကို ပေးသနားခဲ့ပြီး ဖြစ်သည်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ကျေးဇူးပြုခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲရှိ ဘုရားသခင် ဖြစ်သည်၊ ကိုယ်တော်သည် ဖန်ဆင်းရှင် ဖြစ်သည်၊ ကိုယ်တော်သည် ကျွန်ုပ် လိုက်လျှောက်လိုသောသူ ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကိုယ်တော့်အတွက် အသုံးခံလိုပါသည်” ဟုပင် တိုက်ရိုက် ဆုတောင်းကြသည်။ ဤမြင်ကွင်းအားလုံးသည် အလွန် ငြိမ်သက်သည်၊ အလွန် လှပပြီး ကယ်တင်ခြင်း ခံရခြင်းသည် အလွန် လွယ်ကူပြီး အားစိုက်စရာ မလိုသည့်အလား အလွန် သဟဇာတ ဖြစ်ပုံရသည်။ သို့သော် ဤသဟဇာတဖြစ်ခြင်းနှင့် ငြိမ်သက်ခြင်းသည် အမှန်တကယ် ထာဝစဉ် တည်တံ့နိုင်မည်လော။ ယင်းသည် မပြောင်းမလဲ ရှိနေနိုင်မည်လော။ ယင်းသည် ထိုမျှ မရိုးရှင်းပေ။
၁။ ပြုပြင်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏အပြုအမူ
မိမိတို့၏ တာဝန်များကို လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြရန်၊ သူတို့ ကြုံတွေ့ရသော အခြေအနေများ၌ ညည်းညူရန်၊ မိမိတို့၏ ကိုယ်ပိုင် အမြင်များ ထားရှိရန်အပြင် အမှုအရာများကို တစ်ဇွတ်ထိုးနှင့် မဆင်မခြင် လုပ်ဆောင်ရန်မှာ မလွှဲမရှောင်သာ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည်မှာ မလွှဲမရှောင်သာ ဖြစ်သည်။ ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ စိတ်အားထက်သန်မှု အပြည့်ရှိသော၊ ဘုရားသခင်အပေါ် စိတ်ကူးစိတ်သန်းများ၊ အယူအဆများဖြင့် ပြည့်နေသော ပုဂ္ဂိုလ်တစ်ဦး၌ ဤအရာအားလုံးကို ရင်ဆိုင်ရန်၊ ဤအရာအားလုံးကို စစ်မှန်စွာ တွေ့ကြုံခံစားရန်နှင့် ထိုသို့သော အခြေအနေများကို အောင်မြင်စွာ ကျော်လွှားရန် ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် ရှိသလော။ ဤသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီး ဤနေရာ၌ ပြဿနာရှိသည်။ လူတို့သည် အရာခပ်သိမ်း အလွန် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသည်ဟု ခံစားရသည့်အခါ၊ ဘုရားသခင်သည် အလွန် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်၊ ဘုရားသခင်သည် လူတို့ကို အလွန် ချစ်တော်မူသည်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် ကြီးမြတ်ပြီး အလွန် စစ်မှန်သည်ဟု သူတို့ ခံစားရပြီးသည့်နောက် သူတို့သည် ပြုပြင်ခြင်းနှင့်လည်းကောင်း၊ ထုတ်ဖော်ခံရခြင်းနှင့်လည်းကောင်း ရင်ဆိုင်ရသောအခါ သမ္မာတရားကို နားမလည်သောသူတို့သည် မကြာခဏ တွေဝေသွားပြီး စိတ်ရှုပ်ထွေးကာ ကြောက်ရွံ့ပြီး ထိတ်လန့်ကြသည်။ သူတို့သည် မှောင်မိုက်ထဲသို့ ကျရောက်ခဲ့ပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းကို မမြင်နိုင်ဘဲ လက်ရှိ အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို မသိရှိသကဲ့သို့ ရုတ်တရက် ခံစားကြရသည်။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသောအခါ သူတို့သည် ယခင်က သူတို့ ရှိခဲ့သော ခံစားချက်များကိုပင် ရှာဖွေကြပြီး ယခင်ကကဲ့သို့ တူညီသော စိတ်ခံစားချက်၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် သဘောထားတို့ဖြင့် ဆုတောင်းကြသည်။ သို့သော် ထို့နောက် သူတို့သည် ဘုရားသခင်ကို အာရုံခံစားရခြင်း မရှိနိုင်တော့ဟု ခံစားကြရသည်။ သူတို့သည် ဘုရားသခင်ကို အာရုံခံစားရခြင်း မရှိနိုင်တော့ဟု ခံစားကြရသောအခါ ဤသို့ စတင် စဉ်းစားကြသည်။ “ဘုရားသခင်က ကျွန်ုပ်ကို မလိုချင်တော့ဘူးလား။ ဘုရားသခင်က ကျွန်ုပ်ကို ပစ်ပစ်ခါခါငြင်းပယ်သလား။ ဘုရားသခင် ကျွန်ုပ်ကို မကြိုက်တော့သည်မှာ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်များ ဖြစ်နိုင်သလား။ ဘုရားသခင်က ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းတော့မှာလား။ သို့ဆိုလျှင် ကျွန်ုပ် အဆုံးသတ်ပြီ မဟုတ်လော။ ကျွန်ုပ် ဖြစ်တည်မှု၏ အဓိပ္ပာယ်က ယခု မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သနည်း။ ကျွန်ုပ် မယုံကြည်ဘဲ နေလိုက်သည်မှာ ကောင်းမည်။ အကယ်၍ ကျွန်ုပ် မယုံကြည်ခဲ့လျှင် ကျွန်ုပ်သည် ယခု အလုပ်ကောင်းတစ်ခု၊ သဟဇာတဖြစ်သော မိသားစုတစ်ခု၊ တောက်ပသော အနာဂတ်တစ်ခု ရှိကောင်းရှိနိုင်မည်။ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်းသည် ယခုအချိန်အထိ ကျွန်ုပ်ထံ ဘာမျှ မဆောင်ကြဉ်းပေးခဲ့ဘဲ ကျွန်ုပ် အမှန်တကယ် ယုံကြည်ခြင်းကို ရပ်လိုက်လျှင် ကျွန်ုပ်၏ ယခင် ကြိုးပမ်းမှုအားလုံး အလဟဿဖြစ်သွားခဲ့ပြီး ကျွန်ုပ်၏ ယခင် အသုံးခံမှုများနှင့် စွန့်လွှတ်အနစ်နာခံမှုအားလုံး အချည်းနှီး ဖြစ်သွားခဲ့မည်ဟု ဆိုလိုမည် မဟုတ်လော” ဟူ၍ဖြစ်လေသည်။ ဤသို့ပြန်လည်သုံးသပ်သည့်အခါ သူတို့သည် ရုတ်တရက် အထီးကျန်ဆန်ပြီး တစ်ကိုယ်လုံး မသက်မသာဖြစ်ကာ ဤသို့ တွေးထင်ကြသည်။ “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အလွန် ဝေးကွာသည်၊ မြေကြီးပေါ်ရှိ ဤဘုရားသခင်မူကား မိတ်သဟာယဖွဲ့ခြင်းနှင့် သမ္မာတရားကို ပံ့ပိုးပေးခြင်းမှလွဲ၍ သူသည် ကျွန်ုပ်ကို အခြား မည်သည့်အရာဖြင့် ကူညီနိုင်မည်နည်း။ သူသည် ကျွန်ုပ်အား အခြား မည်သည့်အရာကို ပေးနိုင်မည်နည်း။ သူသည် အလွန် အရေးမပါပုံရပြီး အလွန် ထောက်ထားမှု မရှိပုံရသည်။ အနည်းငယ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိခြင်းသည် အဘယ်သို့ အရေးကြီးသော ကိစ္စ ဖြစ်နေသနည်း။ အကယ်၍ ဤသည်ကို လူ့နည်းလမ်းအတိုင်း ကိုင်တွယ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် လူတို့၌ အနည်းငယ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိခြင်းကို လျစ်လျူရှုပေမည်၊ ကိုယ်တော်သည် ယင်းကို လျှော့ပေါ့၍ ကိုင်တွယ်ပြီး လူတို့၏ သေးငယ်သော အမှားများကို အပြစ်ရှာမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤမျှ သေးငယ်သော ကိစ္စရပ်အပေါ်၌ ကျွန်ုပ်အား အဘယ်ကြောင့် ဤကဲ့သို့ ပြုပြင်ပြီး ဆုံးမပဲ့ပြင်နေရသနည်း၊ အဘယ်ကြောင့် ကျွန်ုပ်ကို လျစ်လျူရှုသည်အထိပင် ဖြစ်ရသနည်း။ ဤသို့သော အခြေအနေမျိုး၌ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြခြင်းမှာ အရေးကြီးသောကိစ္စ မဟုတ်ပါ၊ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို အမှန်တကယ် စက်ဆုပ်ရွံရှာတော်မူသည်။ ကိုယ်တော်သည် လူတို့ကို အမှန်တကယ် ချစ်သလော သို့မဟုတ် မချစ်သလော။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အဘယ်မှာ ထုတ်ဖော်ပြသနည်း။ ကိုယ်တော်သည် လူတို့ကို အတိအကျ မည်သို့ ချစ်တော်မူသနည်း။ မည်သို့ပင်ဖြစ်စေ ဤအခိုက်အတန့်၌ ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်တော့ပါ” ဟူ၍ ဖြစ်လေသည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်တော့သည့်အခါ သူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ အလွန် ဝေးကွာသည်ဟု ချက်ချင်း ခံစားကြရပြီး မြေကြီးပေါ်ရှိ ဤခရစ်တော်၊ ဤသာမန် ပုဂ္ဂိုလ်ထံမှမူ သာ၍ပင် ဝေးကွာသွားသည်။ သူတို့၏ စိတ်နှလုံးထဲ၌ ဤအထီးကျန်ဆန်မှုကို ခံစားရသည့်အခါ သူတို့သည် ထပ်ခါတလဲလဲ ဆုတောင်းကြပြီး “မကြောက်နှင့်၊ သင်၏ မျှော်လင့်ချက်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ်၌ ထားလော့။ ဘုရားသခင်သည် ကျွန်ုပ်၏ အကာအကွယ်ဖြစ်သည်၊ ဘုရားသခင်သည် ကျွန်ုပ်၏ ခွန်အား ဖြစ်သည်၊ ဘုရားသခင်သည် လူတို့ကို ချစ်နေဆဲ ဖြစ်သည်” ဟု မိမိတို့ကိုယ်ကို ထပ်ခါတလဲလဲ နှစ်သိမ့်ကြသည်။ ဤအခိုက်အတန့်၌ သူတို့ ပြောဆိုသော ဘုရားသခင်သည် အဘယ်မှာ ရှိသနည်း။ ကောင်းကင်ဘုံ၌၊ အရာခပ်သိမ်းအလယ်၌ ထိုဘုရားသခင်သည် လူတို့ကို အမှန်တကယ် ချစ်တော်မူသော တစ်ပါးတည်းသောသူ၊ လူတို့ မော့ကြည့်ပြီး မြတ်နိုးကိုးကွယ်သော ဘုရားသခင်၊ သူတို့၏ အကာအကွယ်ဖြစ်နိုင်သောသူ၊ သူတို့၏ အစဉ်အမြဲ အကူအညီဖြစ်ပြီး သူတို့၏ စိတ်နှလုံးများကို နှစ်သိမ့်ပေးနိုင်သောသူ ဖြစ်သည်။ သူသည် ၎င်းတို့၏ ဝိညာဉ်၊ စိတ်နှလုံးနှင့် ဇာတိပကတိတို့အတွက် မှီခိုရာဖြစ်၏။ သို့သော် ဤမြေကြီးပေါ်ရှိ ဘုရားသခင်၏ လုပ်ဆောင်နိုင်စွမ်းကို ထောက်ရှုလျှင် လူတို့၏ စိတ်နှလုံးထဲ၌ ယခုအခါ မည်သည့်အားကိုးရာမျှ မရှိတော့ပေ။ သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ မည်သည့် အခြေအနေ၌ ယင်း ပြောင်းလဲသွားသနည်း။ သူတို့သည် ပြုပြင်ခြင်းနှင့် ထုတ်ဖော်ခံရခြင်းတို့နှင့် ရင်ဆိုင်ရပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့ရသောအခါ သူတို့၏ စစ်မှန်သော ယုံကြည်ခြင်းသည် ထုတ်ဖော်ခံရလေသည်။
လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် သူတို့၏ စစ်မှန်သော ယုံကြည်ခြင်း ဆိုသောအရာသည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားအပေါ်၌ ချက်ချင်း အားကိုးရာ ရှာဖွေသည်။ မြင်တွေ့နိုင်သော မြေကြီးပေါ်ရှိ ဘုရားသခင်အတွက်မူ သူတို့၏ သဘောထားမှာ အဘယ်နည်း။ လူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းပယ်ရန်နှင့် စွန့်လွှတ်ရန်၊ အားမကိုးတော့ဘဲ သို့မဟုတ် မယုံကြည်တော့ဘဲ ကိုယ်တော့်ကို ရှောင်ရှားရန်၊ ကိုယ်တော့်ထံမှ မိမိတို့ကိုယ်ကို ပုန်းကွယ်ရန်နှင့် ခပ်ခွာခွာနေရန် ဖြစ်သည်။ ဤသည်မှာ လူတို့၌ ရှိသော စိတ်ခံစားချက် အမျိုးအစား ဖြစ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ လူတို့ နားလည်သော သမ္မာတရား၊ သူတို့၏ စစ်မှန်သော ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကျိုးနွံနာခံခြင်း ဆိုသောအရာတို့သည် အလွန် ပျက်စီးလွယ်လာသည်။ ဤအခြေအနေများအားလုံး ပြောင်းလဲသွားသောအခါ လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည်လည်း ထိုနည်းတူ ပြောင်းလဲသွားသည်။ သူတို့၏ ယခင် စွန့်လွှတ်အနစ်နာခံမှုများအပြင် သူတို့၏ သစ္စာစောင့်သိခြင်း၊ အသုံးခံမှုများနှင့် သူတို့ ပေးဆပ်ခဲ့သော အဖိုးအခ ဟူသောအရာအပြင် သူတို့၏ ကျိုးနွံနာခံခြင်း ဆိုသောအရာတို့သည် မည်သည့် သစ္စာစောင့်သိခြင်း အမျိုးအစား သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်းမျှ မဟုတ်ဘဲ စိတ်အားထက်သန်မှုမျှသာ ဖြစ်ကြောင်း ဤအခိုက်အတန့်၌ ထုတ်ဖော်ခံရသည်။ ထို့ပြင် ဤစိတ်အားထက်သန်မှုထဲ၌ အဘယ်အရာ ရောနှောနေသနည်း။ ယင်းသည် လူ့ခံစားချက်များ၊ လူ့ကောင်းမြတ်ခြင်းနှင့် လူ့သစ္စာစောင့်သိမှုတို့ဖြင့် ရောနှောနေသည်။ ဤသစ္စာစောင့်သိမှုကို တဇောက်ကန်းဖြစ်ခြင်းဟုလည်း နားလည်နိုင်သည်၊ “အကယ်၍ ကျွန်ုပ်သည် တစ်စုံတစ်ဦးနောက် လိုက်လျှင် ကျွန်ုပ်သည် စစ်မှန်သော ညီရင်းအစ်ကို သစ္စာစောင့်သိမှုကို ပြသရမည်၊ သူ့အတွက် ကျွန်ုပ်အသက်ကို စွန့်လွှတ်လိုစိတ် ရှိရမည်၊ ကိုယ့်ကိုယ်ကိုယ် အားထုတ်ရမည်၊ သူ့အတွက် အသက်စွန့်ရမည်၊ သူ့အတွက် အရာခပ်သိမ်းကို ပေးဆပ်ရမည်” ဟု ဆိုခြင်းမျိုး ဖြစ်သည်၊ ဤသည်မှာ လူ့တဇောက်ကန်းဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သော လူ့သရုပ်သကန်များသည် ဤအခိုက်အတန့်၌ ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ယင်းတို့ ထုတ်ဖော်ခံရသနည်း။ အကြောင်းမှာ လူတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များထဲ၌ သူတို့သည် ဤသာမန် ပုဂ္ဂိုလ်သည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်၊ ခရစ်တော် ဖြစ်သည်၊ ဘုရားသခင် ဖြစ်ပြီး ကိုယ်တော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်ဟု လက်ခံခဲ့ပြီးဖြစ်ပုံရသည်။ သို့သော် သူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု၊ သူတို့ နားလည်သော သမ္မာတရားနှင့် သူတို့၏ ဘုရားသခင်နှင့်ပတ်သက်သော သိမြင်မှုတို့ကို ကြည့်လျှင် သူတို့သည် ဤသာမန် ပုဂ္ဂိုလ်ကို အမှန်တကယ် လက်မခံခဲ့ကြသကဲ့သို့ သူတို့သည် ဤသာမန် ပုဂ္ဂိုလ်ကို ခရစ်တော်အဖြစ်၊ ဘုရားသခင်အဖြစ်လည်း မဆက်ဆံခဲ့ကြပေ။ အရာခပ်သိမ်း ကောင်းမွန်နေသည့်အခါ၊ အရာခပ်သိမ်းသည် လူတစ်ဦး အလိုရှိသည့်အတိုင်း ဖြစ်သည့်အခါ၊ လူတို့သည် ဘုရားသခင် ကောင်းချီးပေးနေသည်၊ အလင်းပေးနေသည်၊ ဦးဆောင်နေပြီး ကျေးဇူးပြုနေသည်ဟု ခံစားရသည့်အခါ၊ ပြီးလျှင် လူတို့ ဘုရားသခင်ထံမှ လက်ခံရရှိသောအရာသည် သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသည့်အခါ သူတို့သည် ဘုရားသခင် သက်သေခံသော သာမန် ပုဂ္ဂိုလ်ကို လူ၏ ဘုရားသခင်အဖြစ် ခံစားချက်အရ လက်ခံနိုင်ကြသည်။ သို့သော်လည်း ဤအခြေအနေများအားလုံး ပြောင်းလဲသွားသည့်အခါ ဘုရားသခင်သည် ဤအမှုအရာအားလုံးကို ရုပ်သိမ်းသည့်အခါနှင့် လူတို့၌ စစ်မှန်သော နားလည်မှု ကင်းမဲ့ပြီး စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်သည့်အခါ သူတို့နှင့်ပတ်သက်သည့် အရာခပ်သိမ်းသည် ထုတ်ဖော်ခံရပြီး သူတို့ ဖော်ပြသောအရာမှာ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား အတိအကျ ဖြစ်သည်။ ဤစစ်မှန်သော သဘောထားသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် အဘယ်မှ မြစ်ဖျားခံသနည်း။ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူတို့၏ ဘုရားသခင်အပေါ် သိကျွမ်းမှု ကင်းမဲ့ခြင်းတို့မှ မြစ်ဖျားခံသည်။ ငါ အဘယ်ကြောင့် ဤသို့ ဆိုရသနည်း။ လူတို့ထဲရှိ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အဘယ်နည်း။ (စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက် လူတို့သည် စိတ်ထဲတွင် ဘုရားသခင်ကို သတိထားရှောင်ပြီး ကိုယ်တော်အား အတားအဆီးတစ်ခု ပြုလုပ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်စေကာမူ သူတို့သည် “ဘုရားသခင်က ကျွန်ုပ်ကို ဒုက္ခပေးတော့မှာလား” ဟု အစဉ်သဖြင့် တွေးတောကြသည်။) လူတို့နှင့် ဘုရားသခင်ကြား ဆက်နွှယ်မှုသည် အတားအဆီးတစ်ခု ရှိခြင်း ကိစ္စရပ်မျှသာလော။ ယင်းသည် ထိုမျှ ရိုးရှင်းသလော။ ယင်းသည် အတားအဆီးတစ်ခု ရှိခြင်း ကိစ္စရပ်မျှသာ မဟုတ်ပေ၊ ယင်းသည် ကွဲပြားသော အနှစ်သာရနှစ်ခု၏ ပြဿနာတစ်ရပ် ဖြစ်သည်။ လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် အဘယ်ကြောင့် လူတို့နှင့် ဘုရားသခင်ကြား၌ သဘောထားကွဲလွဲမှု ရှိရသနည်း၊ အဘယ်ကြောင့် လူတို့သည် ဘုရားသခင်အပေါ် ရန်လိုကြသနည်း။ အကြောင်းရင်းသည် အဘယ်မှာ တည်ရှိသနည်း။ ယင်းသည် ဘုရားသခင်၌လော သို့မဟုတ် လူတို့၌လော။ (လူတို့၌ ဖြစ်ပါသည်။) ဥပမာအားဖြင့် အကယ်၍ လူနှစ်ဦး စကားများပြီး တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပါက သူတို့ စကားပြောဆိုလျှင်ပင် ယင်းသည် အပေါ်ယံမျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့၏ စိတ်နှလုံးထဲ၌ အတားအဆီးတစ်ခု ဖြစ်ပေါ်လာပေမည်။ ဤအတားအဆီးသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် သူတို့၌ ပြန်လည်သင့်မြတ်၍မရသော ကွဲပြားသည့် အမြင်ရှုထောင့်များ ရှိသောကြောင့်လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ ရှုမြင်ပုံကို စွန့်လွှတ်ရန် ဆန္ဒမရှိသောကြောင့်လည်းကောင်း ဖြစ်ပေါ်လာပြီး စည်းလုံးမှုကို တားဆီးသည်။ ဤသည်မှာ လူတို့ကြား အတားအဆီးများ ဖြစ်ပေါ်လာပုံ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် လူတို့နှင့် ဘုရားသခင်ကြား ဆက်နွှယ်မှုကို အတားအဆီးတစ်ခု ရှိရုံမျှသာဟု ဖော်ပြပါက ယင်းသည် အနည်းငယ် ပေါ့ပေါ့တန်တန် ပြောဆိုခြင်း၊ အတော်ပင် မှန်ကန်တိကျမှု မရှိခြင်းဖြစ်သည် မဟုတ်လော။ အတားအဆီးတစ်ခု ရှိသည်မှာ မှန်သော်လည်း အကယ်၍ ကျွန်ုပ်တို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ရှင်းပြရန် “အတားအဆီး” ဟူသော အသုံးအနှုန်းကိုသာ အသုံးပြုပါက ယင်းသည် အလွန် ပေါ့လွန်းပေမည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက် လူတို့၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရ ရှိသောကြောင့်လည်းကောင်း၊ သူတို့၏ ပင်ကိုယ် သဘာဝသည် ဘုရားသခင်ကို ရန်လိုသောကြောင့်လည်းကောင်း ဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို ရန်လိုသည်။ ယင်းသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံသလော။ ယင်း၌ ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း ရှိပါသလော။ ယင်း၌ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိသကဲ့သို့ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း မရှိပေ။ ဤသည်မှာ စာတန် ဖြစ်ပုံဖြစ်သည်။ လူတို့သည် စာတန်နှင့် အတူတူပင် ဖြစ်သည်၊ သူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ ဤစစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း ကင်းမဲ့မှုကြောင့် လူတို့နှင့် ဘုရားသခင်ကြား အတားအဆီးတစ်ခု ရှိသည်ဟု ငါတို့ ဆိုနိုင်သလော။ (မဟုတ်ပါ။) ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ရန်လိုကြောင်းသာ ဖော်ပြသည်။ ဘုရားသခင် လုပ်ဆောင်သောအရာသည် လူတို့၏ အကြိုက်များ၊ စိတ်ခံစားချက်များ၊ လိုအပ်ချက်များနှင့် ကိုက်ညီသည့်အခါ၊ သူတို့၏ နှစ်သက်မှုများကို ကျေနပ်စေသည့်အခါ၊ အရာခပ်သိမ်း သူတို့အတွက် ချောမွေ့စွာနှင့် အလိုရှိသည့်အတိုင်း ဖြစ်စေသည့်အခါ လူတို့သည် ဘုရားသခင် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ သို့သော် ထိုသို့သော အချိန်များ၌ ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟူသည့် ဤခံစားချက်သည် စစ်မှန်သလော။ (မစစ်မှန်ပါ။) ဤသည်မှာ လူတို့ အခွင့်အရေးယူပြီး တုံ့ပြန်သည့်အနေဖြင့် ကောင်းသော စကားအနည်းငယ်ကို ဆိုခြင်းမျှသာ ဖြစ်သည်၊ ဤသည်မှာ အကျိုးကျေးဇူး ရယူပြီးနောက် ဟန်ဆောင် ကောင်းခြင်းပြခြင်းဟု သိကြသောအရာ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့ ဆိုသောစကားများသည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းမှုကို ရောင်ပြန်ဟပ်သလော။ ဘုရားသခင်အပေါ် ဤသိကျွမ်းမှုသည် စစ်မှန်သလော သို့မဟုတ် အတုအယောင်လော။ (အတုအယောင် ဖြစ်ပါသည်။) ဤသိကျွမ်းမှုသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်၏ အနှစ်သာရနှင့်လည်း မကိုက်ညီပေ။ ယင်းသည် စစ်မှန်သော သိကျွမ်းမှု မဟုတ်ဘဲ လူ့ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့မှ ဖြစ်ပေါ်လာသော စိတ်ကူးစိတ်သန်းတစ်ခု၊ အယူအဆတစ်ခု ဖြစ်သည်။ ဤအယူအဆသည် ချိုးဖျက်ခံရ၊ ဖော်ထုတ်ခံရနှင့် ထုတ်ဖော်ခံရသောအခါ လူတို့သည် စိတ်ပျက်သည်ဟု ခံစားကြရသည်၊ ယင်းသည် သူတို့ ရရှိရန် ဆန္ဒရှိခဲ့သမျှမှာ ရုတ်သိမ်းခံရပြီးဖြစ်ကြောင်း ဆိုလိုသည်။ ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး နည်းအမျိုးမျိုးဖြင့် ကောင်းမြတ်သည်ဟူသော လူတို့၏ ယခင် အသိအမြင်သည် ဝေဖန်ခံရပြီး ပြစ်တင်ရှုတ်ချခံရပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ သူတို့ ယခင်က ယုံကြည်ခဲ့သောအရာ၏ အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဤအမှန်တရားကို လက်ခံနိုင်သလော။ (မခံနိုင်ပါ။) ဘုရားသခင် သင့်အား မည်သည့်အရာမျှ မပေးသည့်အခါ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ရန်၊ စကားပြောဆိုပြီး ပြုမူကျင့်ကြံရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်ကို အစေခံရန်၊ အခြားသူတို့နှင့် သဟဇာတဖြစ်ရန် စသည့်အရာအားလုံးကို ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ သင့်အား ရိုးရှင်းစွာ အသက်ရှင်စေခြင်းဖြစ်သည်။ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ သင်သည် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ခံစားနိုင်ပြီး သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်ပြီး ကျိုးနွံနာခံနိုင်သည့်အခါ ထိုအခါ သင့်အတွင်းမှ ညစ်ညမ်းမှုများသည် နည်းပါးသွားပြီး သင် ခံစားရသော ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် အနှစ်သာရတို့သည် စစ်မှန်ပေသည်။
လူတို့သည် ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့နှင့် ရင်ဆိုင်ရသောအခါ ဘုရားသခင်အပေါ် အယူအဆများ၊ စောဒကတက်ခြင်းများနှင့် နားလည်မှုလွဲခြင်းများကို ဖြစ်ပေါ်သည်။ ဤအရာများ ပေါ်ထွက်လာသောအခါ လူတို့က ဘုရားသခင်သည် ထောက်ထားမှုမရှိဟု ရုတ်တရက် ခံစားကြရသည်၊ ကိုယ်တော်သည် သူတို့ စိတ်ကူးထားသလောက် ချစ်ခင်နှစ်လိုဖွယ် မကောင်းသည့်အလား ဖြစ်သည်။ “လူတိုင်းက ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ဆိုကြသည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ် မခံစားနိုင်ရသနည်း။ အကယ်၍ ဘုရားသခင်သည် အမှန်တကယ် ချစ်ခင်နှစ်လိုဖွယ်ကောင်းလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးသင့်ပြီး နှစ်သိမ့်မှုပေးသင့်သည်။ ကျွန်ုပ် အမှားလုပ်မိတော့မည့်အခါ ကိုယ်တော်သည် ကျွန်ုပ်ကို အရှက်ရစေခြင်း သို့မဟုတ် မှားယွင်းစေခြင်းအစား သတိပေးသင့်သည်၊ ကိုယ်တော်သည် ကျွန်ုပ် အမှားမလုပ်မီ ဤအမှုအရာများကို လုပ်ဆောင်သင့်ပြီး ကျွန်ုပ်ကို အမှားများ လုပ်ဆောင်ခြင်း သို့မဟုတ် လမ်းမှားလိုက်ခြင်းမှ တားဆီးသင့်သည်”ဟူ၍ ဖြစ်လေသည်။ လူတို့ ဘေးဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ထိုသို့သော အယူအဆများနှင့် အတွေးအခေါ်များသည် သူတို့၏ စိတ်ထဲ၌ တလိပ်လိပ်တက်လာကြသည်။ ဤအချိန်၌ လူတို့ စကားပြောဆိုပုံနှင့် ပြုမူပုံသည် ပွင့်လင်းမှုနည်းလာသည်။ လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ၊ သူတို့သည် ဘေးဒုက္ခများကို ရင်ဆိုင်ရသောအခါ သူတို့၏ စိတ်ခံစားချက်သည် ဆိုးရွားလာသည်၊ သူတို့သည် ဘုရားသခင်က သူတို့ကို ယခင်ကလောက် မချစ်တော့ဟုဖြစ်စေ၊ ယခင်ကလောက် ကျေးဇူးမပြုတော့ဟုဖြစ်စေ၊ သူတို့သည် ယခင်ကလောက် မျက်နှာသာပေးခြင်း မခံရတော့ဟုဖြစ်စေ စတင် ခံစားကြရသည်။ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးကြသည်။ “အကယ်၍ ဘုရားသခင်က ကျွန်ုပ်ကို မချစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်က ကိုယ်တော့်ကို ချစ်သင့်သနည်း။ ကျွန်ုပ်လည်း ဘုရားသခင်ကို ချစ်မည် မဟုတ်တော့” ဟူ၍ ဖြစ်လေသည်။ ယခင်က သူတို့၏ ဘုရားသခင်နှင့် စကားပြောဆိုခြင်းများ၌ ဘုရားသခင် မည်သည့်အရာကို မေးသည်ဖြစ်စေ သူတို့ ဖြေကြားခဲ့သည်၊ သူတို့သည် အလွန် တက်ကြွခဲ့သည်။ သူတို့သည် အစဉ်သဖြင့် ပို၍ ဝေမျှလိုခဲ့ပြီး ပြောစရာကုန်သွားခြင်း မရှိဘဲ သူတို့၏ စိတ်နှလုံးထဲရှိ အရာခပ်သိမ်းကို ဖော်ပြကာ ထုတ်ဖော်ပြောဆိုလိုလျက် ဘုရားသခင်၏ ရင်ဖွင့်ဖက်ဖြစ်ရန် ဆန္ဒရှိခဲ့ကြသည်။ သို့သော် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ဘုရားသခင်သည် ထိုမျှ ချစ်ခင်နှစ်လိုဖွယ်မကောင်းတော့ဟု၊ ဘုရားသခင်သည် သူတို့ကို ယခင်ကလောက် မချစ်တော့ဟု ခံစားကြရပြီး သူတို့သည်လည်း ဘုရားသခင်ကို ချစ်လိုစိတ် မရှိတော့ပေ။ ဘုရားသခင် တစ်စုံတစ်ရာကို မေးသည့်အခါ သူတို့သည် တိုတိုတုတ်တုတ်နှင့် ဝတ်ကျေတမ်းကျေသာ ပြန်ဖြေကြပြီး စကားတစ်လုံးတည်းဖြင့်သာ ပြန်ဖြေကြသည်။ အကယ်၍ ဘုရားသခင်က “သင် မကြာသေးမီက သင်၏ တာဝန်များကို မည်မျှ ကောင်းစွာ ထမ်းဆောင်ခဲ့သနည်း” ဟု မေးလျှင် သူတို့က “ကောင်းပါသည်” ဟု ဖြေကြသည်။ “သင်၌ အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလော” “တစ်ခါတစ်ရံ ရှိပါသည်” “သင် ညီအစ်ကိုမောင်နှမများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်သလော” သူတို့၏ စိတ်ထဲ၌ သူတို့က “ဟွန်း၊ ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်၊ အခြားသူများနှင့် မည်သို့များ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း” ဟု တွေးကြသည်။ “သင်၌ အားနည်းခြင်း တစ်စုံတစ်ရာ ရှိသလော” “ကျွန်ုပ် ကောင်းပါသည်” ဟူ၍ ဖြစ်လေသည်။ သူတို့သည် နောက်ထပ် စကားမပြောလိုတော့ဘဲ လုံးဝ အပျက်သဘောဆောင်သော၊ စောဒကတက်သော သဘောထားကို ပြသကြသည်။ သူတို့၏ တစ်ကိုယ်လုံးသည် စိတ်ဓာတ်ကျပြီး စိတ်မချမ်းမသာဖြစ်ကာ မကျေနပ်ချက်များ၊ မတရားသဖြင့် ခံရသည့်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး လိုအပ်သည်ထက်ပို၍ စကားတစ်ခွန်းမျှ မပြောလိုကြတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ခံစားချက်သည် ယခု မကောင်းမွန်၊ သူတို့၏ စိတ်အခြေအနေသည် အတော်အတန် စိတ်မချမ်းမသာဖြစ်နေပြီး သူတို့သည် မည်သူနှင့်မျှ စကားပြောရန် စိတ်မပါသောကြောင့် ဖြစ်သည်။ “သင် မကြာသေးမီက ဆုတောင်းခဲ့သလော” ဟု မေးသည့်အခါ သူတို့က “ကျွန်ုပ်၏ ဆုတောင်းချက်များသည် ထိုအရင် စကားလုံးများသာ ဖြစ်နေဆဲပါ” ဟု ပြန်ဖြေကြသည်။ “သင်၏ စိတ်အခြေအနေသည် ဤရက်ပိုင်းတွင် မကောင်းမွန်ခဲ့ပါ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သင် သမ္မာတရားကို ရှာဖွေခဲ့သလော” “ကျွန်ုပ် အရာအားလုံးကို နားလည်ပါသည်၊ ကျွန်ုပ် အပြုသဘောမဆောင်နိုင်ခြင်းသာ ဖြစ်သည်” “သင်သည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများကို ဖြစ်ပေါ်ခဲ့သည်။ သင်၏ ပြဿနာ မည်သည့်နေရာ၌ ရှိသည်ကို သင် မြင်သလော။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ တားဆီးနေသနည်း။ မည်သည့်အရာက သင့်ကို ဘုရားသခင်ထံ ဆုတောင်းရန်ပင် စိတ်မပါဝင်သည်အထိ အလွန် အပျက်သဘောဆောင်စေရသနည်း” “ကျွန်ုပ် မသိပါ” ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ (အပျက်သဘောဆောင်ပြီး ထိပ်တိုက်ရင်ဆိုင်သော သဘောထား ဖြစ်ပါသည်။) မှန်သည်၊ ကျိုးနွံနာခံခြင်း အရိပ်အယောင်မျှ ရှိရမည့်အစား သူတို့သည် စောဒကတက်ခြင်းများ၊ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လောကထဲ၌ သူတို့သည် ဘုရားကို လူသားများ ဖော်ပြသကဲ့သို့သော ဗုဒ္ဓရုပ်ပွားတော် သို့မဟုတ် ဘုရားလောင်း ရုပ်တုကဲ့သို့ ဆင်တူသည်ဟု မြင်ကြသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သို့ အသက်ရှင်သည်ဖြစ်စေ ထိုဗုဒ္ဓရုပ်ပွားတော် သို့မဟုတ် ဘုရားလောင်း ရုပ်တုများသည် စကားတစ်ခွန်းမျှ မပြောဘဲ လူတို့၏ ကြိုးကိုင်ညွှန်ကြားမှုများအား မိမိတို့ဘာသာ ရိုးရှင်းစွာ ကျိုးနွံနာခံကြသည်။ ဘုရားသည် သူတို့ကို မပြုပြင်သင့်၊ သူတို့ကို ထိခိုက်စေခြင်းမှာ သာ၍ပင် မပြုသင့်ဟု သူတို့ ယုံကြည်ကြသည်၊ သူတို့ မည်သည့်အမှားကို လုပ်သည်ဖြစ်စေ ဘုရားသည် သူတို့ကို နှစ်သိမ့်ရုံသာ နှစ်သိမ့်သင့်သည်၊ သူတို့ကို ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်း မပြုသင့်၊ ပြီးလျှင် သူတို့ကို ဆုံးမပဲ့ပြင်ခြင်းမှာ သေချာပေါက် မပြုသင့်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ခံစားချက်များနှင့် စိတ်သဘောထားများအတိုင်း ဘုရားသခင်ကို ယုံကြည်ရန်နှင့် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး မိမိတို့ ကြိုက်နှစ်သက်သလို လုပ်ဆောင်ကာ သူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်သည် ကျေနပ်သင့်သည်၊ ပျော်ရွှင်သင့်သည်၊ ပြီးလျှင် လက်သင့်ခံသင့်သည်ဟု တွေးထင်ကြသည်။ သို့သော် အမှုအရာများသည် သူတို့ အလိုရှိသလို မဖြစ်ပေ၊ ဘုရားသခင်သည် ဤနည်းအတိုင်း မလုပ်ဆောင်ပေ။ လူတို့ ထို့နောက် ဤသို့ တွေးကြသည်၊ “အကယ်၍ ကိုယ်တော် ကျွန်ုပ် စိတ်ကူးထားသလို မလုပ်ဆောင်လျှင် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နေသေးသလော။ ကိုယ်တော်သည် ကျွန်ုပ်၏ ရင်းနှီးမြှုပ်နှံမှု၊ အသုံးခံမှု၊ စွန့်လွှတ်အနစ်နာခံမှုတို့နှင့် ထိုက်တန်နေသေးသလော။ မထိုက်တန်လျှင် ကျွန်ုပ်၏ ရိုးဖြောင့်သော စိတ်နှလုံးကို ပူဇော်ဆက်ကပ်ခြင်းသည် မိုက်မဲရာကျမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ပြုပြင်ခြင်းခံရသည့် အချိန်ကျလာသည့်အခါ လူများ၏ ကနဦးတုံ့ပြန်မှုက ဘုရားသခင် ပြောနေသည့်အရာကိုဖြစ်စေ၊ သူ၏သတ်မှတ်ချက်များသည် အဘယ်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင် ဖော်ထုတ်သည့် လူ့ပြဿနာများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်သဘောထားများက အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤအရာများကို လူသားက မည်သို့လက်ခံသင့်သည်ကိုဖြစ်စေ၊ မည်သို့ဆက်ဆံသင့်သည်ကိုဖြစ်စေ၊ မည်သို့ကျိုးနွံနာခံသင့်သည်ကိုဖြစ်စေ ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ နားမထောင်ခြင်း ဖြစ်သည်။ ထိုသို့သော အရာများသည် လူများ၏စိတ်ထဲတွင် မရှိချေ။ ဘုရားသခင်က လူများကို မည်သို့စကားပြောပါစေ၊ သို့မဟုတ် ၎င်းတို့ကို သူမည်သို့လမ်းပြပါစေ သူ၏လေသံ၊ သို့မဟုတ် စကားပြောဟန်က ထောက်ထားမှု မရှိပါက၊ ၎င်းတို့၏ စိတ်ခံစားချက်၊ မိမိကိုယ်မိမိ တန်ဖိုးထားခြင်းနှင့် အားနည်းချက်တို့ကို မထည့်တွက်ထားပါက လူများသည် အယူအဆများ ရလာကြပြီး ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံလိုတော့သကဲ့သို့ ဖန်ဆင်းခံများ မဖြစ်လိုတော့ပေ။ ဤနေရာတွင် အကြီးဆုံးသော ပြဿနာမှာ ဘုရားသခင်က အချိန်အခါကောင်းများကို ပေးကာ လူများဖြစ်စေချင်သည့် နည်းလမ်းအတိုင်း အရာခပ်သိမ်းကို ထောက်ကူပေးသည့်အခါတွင် လူများသည် ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်လိုကြသော်လည်း ဘုရားသခင်က လူများကို ဆုံးမပဲ့ပြင်ပြီး ထုတ်ဖော်ဖို့အလို့ငှာ၊ ၎င်းတို့အား သင်ခန်းစာယူစေဖို့အလို့ငှာ၊ ပြီးလျှင် သမ္မာတရားနှင့် ကိုယ်တော်၏ရည်ရွယ်ချက်တို့ကို နားလည်စေဖို့အလို့ငှာ အတိဒုက္ခကို ရင်ဆိုင်စေသည့်အခါတွင်၊ ဤအချိန်များတွင် လူများက သူ့ကို ချက်ချင်း ကျောခိုင်းပြီး ဖန်ဆင်းခံများဖြစ်ဖို့ ဆန္ဒမရှိကြတော့ချေ။ လူတစ်ဦးသည် ဖန်ဆင်းခံ မဖြစ်ချင်တော့သည့်အခါ ထိုအမြင်ရှုထောင့်နှင့် ထိုအနေအထားမှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည် မဟုတ်ချေ။ လူတို့က ဘုရားသခင်၏ လူယုံတော်များ ဖြစ်လိုကြသော အချိန်များဖြစ်သည့် စိတ်ကြည်လင်နေသောအချိန်များ၊ သာယာသော အခြေအနေများရှိသည့် အချိန်များနှင့် စိတ်အားထက်သန်မှုရှိသည့် အချိန်များက ပြုပြင်ခြင်းကိုလည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသည့် ပတ်ဝန်းကျင်များကိုလည်းကောင်း လူတို့ရင်ဆိုင်ရသည့်အခါ သူ့ကို စွန့်ပစ်လိုကြသည့် အချိန်များအဖြစ်သို့ ပြောင်းလဲသွားပါက ယင်းသည် အလွန်ထူးခြားကြီးမားသော ပြောင်းလဲမှု ဖြစ်ပေတကား။ ဤကိစ္စရပ်၏ အမှန်တရား အတိအကျမှာ အဘယ်နည်း။ လူများသိသင့်သည့်အရာမှာ အဘယ်နည်း။ ဖန်ဆင်းခံ တစ်ဦးအနေဖြင့် လူတစ်ဦးသည် ဘုရားသခင်အပေါ် အဘယ်သဘောထား ထားသင့်သည်ကို မသိသင့်သလော။ လိုက်နာဖို့လိုအပ်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ လူတစ်ဦးအနေဖြင့်၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့် ဘုရားသခင်က ၎င်းတို့ကို ပေးသည့် အရာအားလုံးနှင့် သူစီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များအားလုံးအပေါ် အတိအကျ မည်သည့်အမြင်ရှုထောင့်နှင့် အနေအထားတို့ကို ခံယူကျင့်သုံးသင့်သနည်း။ မိမိတို့အား ဘုရားသခင်၏ ပြုပြင်ခြင်းအပေါ် လူတို့က မည်သည့်သဘောထားနှင့် ချဉ်းကပ်မှုဖြင့် ခံယူသင့်သနည်း။ လူများသည် ထိုသို့သော ကိစ္စရပ်များကို မတွေးဆသင့်သလော။ (တွေးဆသင့်ပါသည်။) လူများသည် ဤအမှုကိစ္စများကို ပြန်လည်သုံးသပ်ပြီး တွေးဆသင့်၏။ လူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဆက်ဆံသည်ဖြစ်စေ၊ မည်သို့ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ ပင်ကိုလက္ခဏာသည် အမှန်တွင် မပြောင်းလဲချေ။ လူများသည် အစဉ် ဖန်ဆင်းခံများ ဖြစ်ချေသည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် သင်၏ နေရာကို လက်သင့်မခံလျှင် ယင်းက သင်သည် အလွန် ပုန်ကန်တတ်ပြီး မိမိစိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းမှ အလွန်ဝေးကွာနေကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းမှ ဝေးလှသည်ကို ဆိုလိုပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏နေရာကို လက်သင့်ခံလျှင် သင်သည် ဘုရားသခင်အပေါ် အဘယ်သဘောထား ထားရှိသင့်သနည်း။ (အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ယုတ်စွအဆုံးအနေဖြင့် ဤအရာတစ်ခုကိုကား သင်ပိုင်ဆိုင်ရမည်။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပေသည်။ ယင်းက မည်သည့်အချိန်တွင်မဆို ဘုရားသခင် ပြုသည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်းနှင့် အမှားလုပ်ခဲ့သည်မှာ လူများသာ ဖြစ်ကြောင်း ဆိုလိုသည်။ ကြုံတွေ့ရသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင် ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် မှန်သလော၊ မှားသလောကို ဆန်းစစ်ခြင်း၊ စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သည့်တိုင် သမ္မာတရားကို မလိုက်စားသည့်အခါတွင်မူ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး သမ္မာတရားကို နားမလည်ပေ။ ထို့ကြောင့် သင်၏စိတ်ခံစားချက်ကဖြစ်စေ၊ လိုလားမှုကဖြစ်စေ၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းများကဖြစ်စေ စေစားသည့်အတိုင်း သင်သည် ဘုရားသခင်ကို ထင်ရာမြင်ရာ ဝေဖန်သုံးသပ်နိုင်စွမ်းရှိပြီး သူ့ကို ဆက်ဆံပြီး ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိလေသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါက အမှုကိစ္စများသည် သိပ်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ရုံသာမက သူသည် မဖြောင့်မတ်ကြောင်း၊ သူလုပ်သမျှက မှန်ကန်လှသည်လည်း မဟုတ်ကြောင်း ပြောဆိုလျက် သူ့အပေါ် အထင်လွဲပြီး ညည်းညူနိုင်ကာ သူ့ကို ရှုတ်ချပြီး ဆန့်ကျင်၍ သင့်စိတ်နှလုံးထဲတွင် သူ့ကို ဆဲဆိုပြီး ငြင်းပယ်ခြင်းပင် ပြုနိုင်သည်။ ထိုသို့သော အရာများကို သင်ဖြစ်ပေါ်စေနိုင်သေးသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ (အန္တရာယ်ရှိပါသည်။) ယင်းမှာ အလွန် အန္တရာယ်ရှိပေသည်။ သမ္မာတရားကို မရှာဖွေခြင်းသည် လူတစ်ယောက်ကို သူ၏ အသက်ကို ဆုံးရှုံးရစေနိုင်သည်။ ပြီးလျှင် ဤအရာက အချိန်မရွေးနှင့် နေရာမရွေး ဖြစ်ပေါ်နိုင်သည်။ သင်၏စိတ်ခံစားချက်များ၊ စိတ်ပိုင်းဖြတ်ချက်များ၊ လိုအင်ဆန္ဒများ၊ သို့မဟုတ် ရည်သန်မျှော်မှန်းချက်များက လက်ရှိတွင် မည်မျှပေါများနေပါစေ၊ ဤအခိုက်အတန့်တွင် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို သင်မည်မျှချစ်ပါစေ ယင်းသည် ခဏတာသာ ဖြစ်ပေသည်။ ဤသည်မှာ သင်းအုပ်ဆရာတစ်ဦးက မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပြီး နှစ်ဖက်စလုံးကို ဤသို့ မေးသည့်အခါနှင့် တူသည်၊ “သင်သည် သူ့ကို သင်၏ ခင်ပွန်း (သို့မဟုတ် သူမကို သင်၏ ဇနီး) အဖြစ် လက်ခံပါသလော။ နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာခြင်း၌၊ ဘေးအန္တရာယ်၌၊ ဆင်းရဲခြင်း၌၊ စသည်တို့၌ သင်သည် သူ (သို့မဟုတ် သူမ) နှင့်အတူ သင်၏ ဘဝကို ကုန်ဆုံးလိုပါသလော” ဟူ၍ ဖြစ်သည်။ နှစ်ဖက်စလုံးသည် မျက်ရည်များ ပြည့်လျှံလျက် စိတ်ခံစားချက်များ အုံကြွလျက် တစ်ဦးအပေါ်တစ်ဦး သူတို့၏ ဘဝကို ရည်စူးအပ်နှံရန်နှင့် တစ်သက်တာ တာဝန်ယူရန် သစ္စာဆိုကြသည်။ ထိုအခိုက်အတန့်၌ ဤလေးနက်သော သစ္စာကတိများမှာ အဘယ်နည်း။ ယင်းတို့သည် လူတို့၏ ခဏတာ စိတ်ခံစားချက်များနှင့် ဆန္ဒများမျှသာ ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံး၌ ထိုသို့သော တည်ကြည်မှု အမှန်တကယ် ပိုင်ဆိုင်ကြသလော။ သူတို့၌ ထိုသို့သော လူ့သဘာဝ အမှန်တကယ် ပိုင်ဆိုင်ကြပါသလော။ ထိုသည်မှာ မသိနိုင်သောအရာ ဖြစ်သည်၊ အမှန်တရားသည် လာမည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်အတွင်း၌ ဖော်ထုတ်ခံရလိမ့်မည်။ အချို့စုံတွဲများသည် သုံးနှစ်မှ ငါးနှစ်ကြာပြီးနောက် ကွာရှင်းကြသည်၊ အချို့သည် ဆယ်နှစ်ကြာပြီးနောက် ကွာရှင်းကြသည်၊ ပြီးလျှင် အခြားသူတို့သည် အနှစ်သုံးဆယ်ကြာပြီးနောက် ထိုနည်းအတိုင်းပင် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြသည်။ သူတို့၏ ကနဦး ဆန္ဒများသည် အဘယ်သို့ ရောက်သွားသနည်း။ သူတို့၏ လေးနက်သော သစ္စာကတိများ မည်သည့်အရာ ဖြစ်သွားသနည်း။ ယင်းတို့သည် အဝေးသို့ လွှင့်ပစ်ခံရသည်မှာ ကြာပြီဖြစ်သည်။ ဤလေးနက်သော သစ္စာကတိများသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်သနည်း။ လုံးဝမပါဝင်ပေ၊ ယင်းတို့သည် ဆန္ဒများ၊ ခဏတာ စိတ်ခံစားချက်များမျှသာ ဖြစ်သည်။ စိတ်ခံစားချက်များနှင့် ဆန္ဒများသည် မည်သည့်အရာကိုမျှ မဆုံးဖြတ်ပေ။ စုံတွဲတစ်တွဲ အမှန်တကယ် တစ်သက်တာ အတူတကွ ကုန်ဆုံးရန်အတွက်၊ အတူတကွ အိုမင်းရန်အတွက် အဘယ်အရာ လိုအပ်သနည်း။ စံအားဖြင့် ပြောရလျှင် အနည်းဆုံးအနေဖြင့် လူနှစ်ဦးစလုံး၌ တည်ကြည်မှုနှင့် ဖြောင့်မှန်သော စရိုက် ရှိရန် လိုအပ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သူတို့၏ ဘဝတစ်လျှောက်၌ သူတို့သည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခများ၊ အဆင်မပြေမှုများ၊ အခက်အခဲများ၊ များသောအားဖြင့် လိုအင်ဆန္ဒရှိသည့်အတိုင်း မဟုတ်သောအရာများ စသည့် အမှုအရာများစွာကို ကြုံတွေ့ရလိမ့်မည်။ ဤသည်မှာ လမ်းဆုံးတိုင်အောင် တစ်ဦးကိုတစ်ဦး ထောက်ပံ့ရန် နှစ်ဖက်စလုံး၌ စစ်မှန်သော သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ထောက်ထားစာနာမှု၊ ဂရုစိုက်မှုနှင့် လူ့သဘာဝထဲရှိ အခြားသော အတော်အတန် အပြုသဘောဆောင်သော အရာများ ရှိရန် လိုအပ်သည်။ ဤအရည်အသွေးများ မရှိဘဲ သူတို့ လက်ထပ်ခဲ့သည့်အချိန်မှ သစ္စာကတိများကိုသာ အားကိုးခြင်း၊ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများကိုသာ အားကိုးခြင်းတို့အားဖြင့် သူတို့သည် အဆုံးတိုင်အောင် သေချာပေါက် မရောက်နိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်၊ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မရှာဖွေဘဲ အနည်းငယ်သော စိတ်အားထက်သန်မှုနှင့် ဆန္ဒကိုသာ အားကိုးနေပါက သူတို့သည် သေချာပေါက် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ဘဲ ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် လုံးဝ လိုက်လျှောက်နိုင်မည် မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။