အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း တစ်
ဖြည့်စွက်ချက်- ပုံမှန်လူ့သဘာဝ၏ အချက်သုံးချက်ကို အတိုချုံးဆွေးနွေးချက်
ဤတစ်ကြိမ်တွင် ငါတို့၏ မိတ်သဟာယ၌ ဇာတ်လမ်းများကို ပြောမည်မဟုတ်။ မကြာခဏ ဆွေးနွေးသည့် အကြောင်းအရာတစ်ခုဖြစ်သည့် လူ့သဘာဝသည် မည်သည့်အရာဖြစ်သည် ဆိုသည်နှင့် ငါတို့ အစပြုမည်။ ယခင်က ဤအကြောင်းအရာကို ငါတို့ များစွာပြောခဲ့ပြီး ယခုလည်း ပြောပြန်သည်။ ဤသည်မှာ မကြာခဏ ပြောဆိုသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ နေ့စဉ်အသက်တာတွင် နေ့စဉ်နေ့တိုင်း ကြုံရသည့် ကိစ္စတစ်ခုဖြစ်သည်။ နေ့စဉ်နေ့တိုင်း နဖူးတွေ့ဒူးတွေ့ဖြစ်၍ တွေ့ကြုံနိုင်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ အကြောင်းအရာမှာ လူ့သဘာဝသည် မည်သည့်အရာဖြစ်သည် ဟူ၍ဖြစ်သည်။ လူ့သဘာဝတွင် အရေးကြီးသောအရာအချို့ အကျုံးဝင်သည်။ နေ့စဉ်အသက်တာတွင် လူ့သဘာဝ၏ သာမန်သရုပ်သကန်များမှာ အဘယ်နည်း။ (တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ဖြစ်သည်။) အခြားမည်သည့်အရာရှိသနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ထိုအရာများကို သင်တို့ မကြာခဏပြောဆိုသည်။ သင်တို့ မကြာခဏ ပြောဆိုခြင်းမရှိသည့် အခြားမည်သည့်အရာများရှိသနည်း။ ဆိုလိုသည်မှာ သင်တို့သည် လူ့သဘာဝအကြောင်း သင်တို့၏ သာမန်စကားပြောဆိုမှုတွင် အခြေခံအားဖြင့် မပြောဖြစ်သော အကြောင်းအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာဟူသည့် ဤအကြောင်းအရာများသည် ပုံမှန်ကြုံတွေ့ရသည့် ရင်းနှီးပြီးသားဖြစ်သော အားထား၍ရသည့် အရာများဖြစ်သည်။ သင်တို့ မကြာခဏဆွေးနွေးသော အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာနှင့် သင်တို့၏ လက်တွေ့ဘဝများကြားတွင် ဆက်စပ်မှုမည်မျှကြီးမားသနည်း။ ထိုအကြောင်းအရာက သင်တို့၏ လက်တွေ့အသက်တာများတွင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုကို အဘယ်သို့ တည်ဆောက်စရာဖြစ်စေပြီး ကူညီပေးခဲ့သနည်း။ မည်မျှ အကျိုးပြုခဲ့သနည်း။ ဤသို့ဆိုလျှင် သင်တို့ နေ့စဉ်၊ ပုံမှန်လူသားအသက်တာအပေါ် နီးကပ်စွာ ဆက်နွှယ်နေသည့် အခြားမည်သည့်အရာများ ရှိသနည်း။ အနည်းငယ်ကို ငါပြောမည်။ ယင်းတို့သည် သင်တို့ပုံမှန်ကြုံရသည့် အကြောင်းအရာများ ဟုတ်မဟုတ်ကို ငါတို့ ကြည့်မည်။ လူ့သဘာဝပါဝင်သည့် ငါတို့၏ အကြောင်းအရာနှင့်ပတ်သက်၍ ရှေးဦးစွာ ထိုအချက်အလက်က အပြုသဘောဆောင်ခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိ၊ ပုံမှန်လူ့သဘာဝနှင့် ဆက်နွှယ်ခြင်း ရှိမရှိ၊ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် ဆက်နွှယ်ခြင်း ရှိမရှိဆိုသည်ကို ငါတို့ ဘေးဖယ်ထားမည်။ ငါတို့ ယခုပြောခဲ့သည့် အရာများအပြင် လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားတစ်ခုရှိသည်။ ထိုတစ်ခုမဟုတ်သလော။ ယင်းတွင် လူ့သဘာဝ မပါဝင်သလော။ (ပါဝင်ပါသည်။) နောက်တစ်ခုရှိသည်။ ယင်းမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့၏ တစ်ကိုယ်ရေပတ်ဝန်းကျင်များကို ၎င်းတို့ကြီးကြပ်စီမံမှု ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့ ထိတွေ့ဆက်ဆံရာတွင် လူတို့၏ သဘောထားနှင့် အပြုအမူ ဖြစ်သည်။ ဤအချက်သုံးချက်မှာ လူ့သဘာဝနှင့် ဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ယင်းတို့အားလုံး ဆက်နွှယ်သည်။ ယခု ငါတို့ဆွေးနွေးမည့် အကြောင်းအရာအတွက် သမ္မာတရားအား လူ၏ လိုက်စားမှု၊ ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်မှုတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နည်းနှင့် အမျိုးမျိုးသော စည်းမျဉ်းများအားလုံးကို ထိန်းသိမ်းနည်းဟူသည့် အကြောင်းအရာများကို ဘေးဖယ်ထားပြီး လူ့သဘာဝအကြောင်းကိုသာ ပြောဆိုမည်။ ဤသို့ဆိုလျှင် လူ့သဘာဝအပေါ် ထိုအချက်သုံးချက်၏ ဆက်စပ်မှုသည် မည်မည်ရရ ရှိသလော။ (ရှိပါသည်။) ထိုအချက်သုံးချက်မှာ အဘယ်နည်း။ ယင်းတို့ကို ပြန်လည်ဖော်ပြပါ။ (ပထမတစ်ခုမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားဖြစ်သည်။ ဒုတိယတစ်ခုမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့၏ တစ်ကိုယ်ရေပတ်ဝန်းကျင်များကို ၎င်းတို့ကြီးကြပ်စီမံမှုဖြစ်သည်။ တတိယတစ်ခုမှာ ၎င်းတို့၏ နေ့စဉ်အသက်တာများ၌ ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံရာတွင် လူတို့၏ သဘောထားနှင့် အပြုအမူ ဖြစ်သည်။) ပြီးလျှင် ထိုအချက်သုံးချက်တွင် မည်သည့်အရာပါဝင်သနည်း။ (လူ့သဘာဝဖြစ်သည်။) ဤအချက်သုံးချက်တွင် လူ့သဘာဝ ပါဝင်သည်ဟုလည်းကောင်း၊ လူ့သဘာဝနှင့် ဆက်နွှယ်သည်ဟုလည်းကောင်း ငါတို့အဘယ်ကြောင့်ဆိုသနည်း။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဤသုံးခုကို သီးသန့်ဖော်ပြရမည်နည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပိုင်းကို ငါတို့ အဘယ်ကြောင့်မပြောသနည်း။ ဤသုံးချက်ကို ပြောရန်အတွက် ငါတို့အများအားဖြင့် ဆွေးနွေးသည့် ကဏ္ဍများကို အဘယ်ကြောင့် ဘေးဖယ်ထားသနည်း။ ဤသုံးချက်သည် ငါတို့ ယခင်က ဆွေးနွေးခဲ့သည့် လူ့သဘာဝနှင့် ဆက်နွှယ်သည့် အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာထက် ပို၍ အဆင့်မြင့်သလော၊ သို့မဟုတ် ပို၍ အခြေခံကျသလော။ (ပို၍ အခြေခံကျပါသည်။) သို့ဖြစ်လျှင် ဤအရာများကို ဆွေးနွေးခြင်းသည် သင်တို့ကို အထင်သေးရာ ရောက်ပါသလော။ (မရောက်ပါ။) ဤသို့ဆိုလျှင် ယင်းတို့ကို ငါတို့ အဘယ်ကြောင့် ဆွေးနွေးမည်နည်း။ (ယင်းတို့သည် လက်တွေ့ကျသောကြောင့်ဖြစ်သည်။) ယင်းတို့သည် ပို၍ လက်တွေ့ကျသည်။ ဤသည်မှာ သင်တို့တွင်ရှိသည့် အကြောင်းရင်းလော။ ဤအကြောင်းကို ငါတို့ အဘယ်ကြောင့်ပြောဆိုမည်နည်း။ အဘယ်ကြောင့်ဆိုသော် ပြဿနာများကို ငါတွေ့သောကြောင့် ဖြစ်သည်။ လူတို့၏ နေ့စဉ်အသက်တာများ၌ ပေါ်လာသော အခြေအနေများနှင့် အမျိုးမျိုးသော အပြုအမူများနှင့် ပတ်သက်၍ လူတို့၏ စစ်မှန်သော အသက်တာများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ပြဿနာအချို့ကို ငါ တွေ့ရှိခဲ့၏။ ပြီးလျှင် မိတ်သဟာယအတွက် ယင်းတို့ကို တစ်ခုချင်း ချပြရန် လိုအပ်သည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် လက်တွေ့ဘဝကိုလည်းကောင်း၊ ပုံမှန်လူ့သဘာဝနှင့် နေ့စဉ်အသက်တာ၏ အပြုအမူအမျိုးမျိုးကိုလည်းကောင်း ဘေးဖယ်ပြီး သမ္မာတရားကို၊ ဘုရားသခင်ချစ်သည့်သူတစ်ဦးဖြစ်ခြင်းကဲ့သို့သော အလွန်လေးနက်သော သမ္မာတရားများကိုသာ ဇွဲနပဲကြီးစွာ လိုက်စားလျှင် ယင်းသည် မည်သည့်ပြဿနာကို ဖြစ်စေမည်နည်းဆိုသည်ကို ငါ့ကို ပြောလော့။ တစ်စုံတစ်ယောက်သည် သမ္မာတရားအပေါ် မိမိ၏ လိုက်စားမှုတွင် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်သည့် အခြေခံလိုအပ်ချက်မှာ အဘယ်နည်း။ (၎င်းတို့သည် လက်တွေ့ဘဝတွင် ယင်းကို လုပ်ဆောင်ရမည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ပုံမှန်လူ့သဘာဝကို ၎င်းတို့ လိုအပ်သည်။) မှန်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ ယင်းသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာအပြင် ငါတို့ ယခုပြောခဲ့သည့် အချက်သုံးချက်ပါဝင်သည်။ တစ်စုံတစ်ယောက်သည် လူ့သဘာဝနှင့်ပတ်သက်သည့် ဤအချက်သုံးချက်တွင် စံနှုန်းအတိုင်း မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို မရရှိနိုင်လျှင် သမ္မာတရားအား လိုက်စားခြင်းနှင့် ရှာဖွေခြင်းအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် အနှစ်ကင်းမဲ့လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်း၊ သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ခြင်းကို လိုက်စားခြင်း၊ ကယ်တင်ခြင်းကို လိုက်စားခြင်းဟူသည့် ဤအရာတို့သည် လူတိုင်းမရရှိနိုင်ဘဲ သမ္မာတရားကိုချစ်ပြီး ပုံမှန်လူ့သဘာဝရှိသည့် လူနည်းစုသာ ရရှိနိုင်သည်။ အကြင်သူသည် ပုံမှန်လူ့သဘာဝရှိသည့်သူတစ်ဦးက မည်သည့်အရာအား ပိုင်ဆိုင်သင့်သည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ အချို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်ပြီး မည်သည့်သဘောထားမျိုးနှင့် အမြင်ရှုထောင့်မျိုးအား ပိုင်ဆိုင်သင့်သည်ကို မသိလျှင် ထိုသူသည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်စွမ်းရှိသလော။ သမ္မာတရားကို သူ၏လိုက်စားမှုက ရလဒ်များ ဖြစ်ထွန်းနိုင်သလော။ ဝမ်းနည်းစရာကောင်းစွာပင် မရရှိနိုင်ပေ။
က။ အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထား
လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားဟူသည့် လူ့သဘာဝပါဝင်သည့် ပထမအချက်ကို မိတ်သဟာယပြုခြင်းဖြင့် ငါတို့ အစပြုမည်။ “နေ့စဉ်အသက်တာများ” ဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လူတိုင်းနားလည်သည်။ အသေးစိတ်ဖော်ပြရှင်းလင်းဖို့ မလိုပေ။ ဤသို့ဆိုလျှင် လူ့သဘာဝနှင့် ဆက်နွှယ်သည့် အဓိကလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှာ အဘယ်နည်း။ ဆိုလိုသည်မှာ ယင်းတွင် ပုံမှန်လူ့သဘာဝ၏ အဆင့်သို့ မြင့်တက်သော၊ ယင်း၏ နယ်ပယ်နှင့် ဆက်စပ်သော၊ ယင်းအကြောင်းနှင့် စပ်လျဉ်းသော မည်သည့်အရာရှိသနည်း။ (လူများ၊ အမှုအရာများနှင့် ထိတွေ့ဆက်ဆံခြင်းဖြစ်သည်။) ယင်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်ယူသင့်သည့် အသိပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများလည်းရှိသည်။ ပြီးလျှင် နေ့စဉ် အသက်ရှင်ခြင်းအတွက် အထွေထွေအသိပညာရှိသည်။ ဤသည်တို့မှာ ပုံမှန်လူ့သဘာဝရှိသူတစ်ဦး နားလည်ပြီး ပိုင်ဆိုင်သင့်သည့် အပိုင်းများအားလုံး ဖြစ်သည်။ ဥပမာ လူအချို့သည် လက်သမားအတတ်၊ သို့မဟုတ် ပန်းရံအတတ်ကို သင်ယူကြပြီး အခြားလူတို့မှာ ကားမောင်းခြင်း၊ သို့မဟုတ် ကားပြင်ခြင်းကို သင်ယူကြသည်။ ဤသည်တို့မှာ ကျွမ်းကျင်မှုများ၊ လက်မှုပညာများဖြစ်သည်။ ဤသို့သော လက်မှုပညာကို သိခြင်းသည် ထိုလက်မှုပညာ၏ အတတ်ပညာပိုင်းဆိုင်ရာ အသက်မွေးမှုလုပ်ငန်းတွင် ကျွမ်းကျင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရရန်အတွက် မည်သည့်အဆင့်နှင့် မည်သည့်စံနှုန်းအထိ ကျွမ်းကျင်မှုတစ်ခုကို သင်ယူရမည်နည်း။ အနည်းဆုံးအနေဖြင့် ပြီးဆုံးသွားသောထုတ်ကုန်တစ်ခုကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းအထိ ထုတ်လုပ်နိုင်ရမည်။ အလွန်ပင် ဖြစ်ကတတ်ဆန်းဖြစ်သော အလုပ်ကို လုပ်သောသူအချို့ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်များသည် စံမမီပေ။ မရှုမြင်နိုင်သည့်အဆင့်အထိပင် ဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းအပေါ် ၎င်းတို့၏ သဘောထားနှင့် ဆိုင်သည်။ လူအချို့သည် တာဝန်သိသော သဘောထားမရှိ။ ၎င်းတို့က “ငါပြုလုပ်သောအရာသည် အလုပ်ဖြစ်လျှင် ရပြီဖြစ်သည်။ နှစ်အနည်းငယ်လောက် အဆင်ပြေသလို သုံးလိုက်၊ ပြီးမှ ပြန်ပြင်လိုက်ပေါ့” ဟူ၍ တွေးသည်။ ဤအမြင်မျိုးသည် ပုံမှန်လူ့သဘာဝရှိသောသူတို့ ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) လူအချို့သည် ပျော်ပျော်နေသေခဲဖြစ်သည့်၊ ဥပေက္ခာပြုသည့် သဘောထားများရှိသည်။ “ရပြီ” ဆိုသည်မှာ ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသည်မှာ တာဝန်မသိတတ်သော သဘောထားဖြစ်သည်။ အမှုအရာများကို ဤသို့ ပေါ့ပြက်ပြက်နှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် ဖြစ်၏။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် ယုတ်ညံ့သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က “မှန်လုနီးပါးဖြစ်သည်”နှင့် “အတော် နီးစပ်သည်”ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် “ဖြစ်နိုင်သည်” “ဖြစ်ကောင်းဖြစ်နိုင်မည်”၊ “ငါးခုထဲမှ လေးခု” ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်ပြီး စည်းကမ်းမရှိခြင်းဟု ခေါ်ဆိုခြင်းသည်လည်း လုံးဝ သင့်လျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ “ယုတ်ညံ့ခြင်း” ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် ယုတ်ညံ့သော စိတ်သဘောထား ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး အချိန်ကုန် သက်သာအောင် လုပ်နိုင်သည့်အခါတွင် သက်သာအောင် လုပ်ကြ၏။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ “ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ဟန်ဆောင်လိမ်ညာ၍ ကျော်လွှားသွားမည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ရန်ဖြစ်စေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန်ဖြစ်စေ လိုလားခြင်း မရှိကြချေ။ သူတို့သည် အကြောင်းအရာတစ်ခု၏ အပေါ်ယံကိုသာ လေ့လာလိုကြပြီး၊ ယင်းကို သင်ယူရာ၌ အောင်မြင်ပြီဟု ယုံကြည်ကာ မိမိတို့ကိုယ်ကို ကျွမ်းကျင်သည်ဟု သတ်မှတ်ကြ၏။ ထို့နောက် ၎င်းတို့ဖြစ်သလိုလုပ်ခြင်းဖြင့် ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက “ဖြစ်သလို ပြီးမြောက်သွားစေခြင်း” ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သော စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ယုတ်ညံ့သော စိတ်သဘောထားရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်ရှုထောင့်နှင့် သဘောထား ရှိကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ခြေမရှိပေ။
လူအချို့သည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် တည်တည်တံ့တံ့ မရှိဘဲ ဖြစ်ကတတ်ဆန်းနိုင်သည်၊ ဝတ်ကျေတမ်းကျေဆန်ပြီး တာဝန်မသိတတ်ပေ။ ဥပမာ ကားမောင်းသင်သည့်တိုင် ကားမောင်းသောအခါတွင် မည်သည့်အရာအား အာရုံစိုက်ရမည်၊ သို့မဟုတ် မည်သည့်အရှိန်က အင်ဂျင်ကို ထိခိုက်သည်ဆိုသည်ကို အတွေ့အကြုံရှိသော ကားမောင်းသမားများအား လုံးဝမမေးသောသူအချို့ရှိသည်။ ၎င်းတို့သည် မမေးပေ။ ကားသာမောင်းသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ကားကို ဖျက်ဆီးလေသည်။ ၎င်းတို့သည် ကားကို ကန်ကျောက်ပြီး “ဤကားသည် မတောင့်ပေ။ ငါ့အား မာစီဒီး၊ သို့မဟုတ် ဘီအမ်ဒဗလျူပေးပါ။ ဤအိုဟောင်းသော အသုံးမကျသည့်ကားသည် အလုပ်ဖြစ်မည်မဟုတ်။ ခေတ်နောက်ကျနေပြီ ဖြစ်သည်” ဟု ပြောသည်။ ယင်းသည် မည်သည့်သဘောထားနည်း။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် မကိုင်တွယ်ပေ။ ပြီးလျှင် ယင်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားဖို့ မစဉ်းစားဘဲ တမင်တကာ ဖျက်ဆီးပြီး ပျက်စီးစေသည်။ လူအချို့သည် ဖြစ်ကတတ်ဆန်းနိုင်သော၊ တာဝန်ကို ဂရုမစိုက်သောဘဝများကို ရှင်သန်နေထိုင်သည်။ ၎င်းတို့သည် ဖြစ်ကတတ်ဆန်း၊ ပေါ့ဆသောပုံစံဖြင့် အရာရာတိုင်းကို တစ်နေကုန်လုပ်ဆောင်သည်။ ဤသည်တို့မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အာရုံမစိုက်သောလူများဖြစ်သည်။) “အာရုံမစိုက်သောလူများ” ဆိုသည်မှာ ချိုသာစွာပြောသောပုံစံဖြစ်သည်။ “၎င်းတို့ကို ပေါ့ဆသောလူများ” ဟု ခေါ်ဆိုသင့်သည်။ “ယုတ်သောလူများ” ဆိုသည်ကလည်း သင့်တော်သည်။ ဤသည်မှာ လွန်သလော။ မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားနှင့် လုပ်ရပ်များကိုသာ ကြည့်လော့။ ပြီးလျှင် အမှုကိစ္စများ ဖြစ်ပေါ်သောအခါ အမှုအရာများကို ၎င်းတို့ ကိုင်တွယ်သည့်၊ ပြုမူသည့် ပုံစံကို ကြည့်လော့။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောလူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် စေ့စပ်သည်။ တိကျသည်။ ပြီးလျှင် စိတ်နှစ်ထားသည်။ ပြီးလျှင် ၎င်းတို့သည် အဖိုးအခပေးဆပ်လိုစိတ်ရှိသည်။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ မည်သည့်နည်းပညာကို ၎င်းတို့ လေ့လာသည်ဖြစ်စေ ဇွဲလုံ့လရှိစွာ မသင်ယူပေ။ ၎င်းတို့သည် ယင်းကို သင်ယူရန် မတတ်နိုင်ပေ။ ပြီးလျှင် လေ့လာရာတွင် အချိန်မည်မျှကုန်ပါစေ ၎င်းတို့သည် လုံးလုံး မသိနားမလည်လျက် ရှိနေသည်။ ဤသူတို့မှာ ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများ ဖြစ်သည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဆန်ကြသည်။ ထိုတွင် မည်သည့်စိတ်သဘောထားက လွှမ်းမိုးနေသနည်း။ (ယုတ်ညံ့သော စိတ်သဘောထား ဖြစ်သည်။) ယုတ်ညံ့သော စိတ်သဘောထားရှိသော လူများသည် ၎င်းတို့၏ တာဝန်ကို မည်သို့သဘောထားသနည်း။ အသေအချာပင် ၎င်းတို့သည် တာဝန်အပေါ် မှန်ကန်သော သဘောထားမရှိ။ တာဝန်အပေါ် အသေအချာပင် ဝတ်ကျေတမ်းကျေဆန်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိဟု ဆိုလိုသည်။ အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထားရှိသောသူတို့သည် တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတစ်ကောင်မွေးခြင်းကဲ့သို့ ဖြစ်သည်။ သင်က ခွေးကို စောင့်မကြည့်လျှင် အရာဝတ္ထုများကို ကိုက်ဝါးပြီး သင်၏ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို ဖျက်ဆီးလိမ့်မည်။ ဤသို့ဆိုလျှင် ဆုံးရှုံးမှုဖြစ်လိမ့်မည်။ ခွေးများသည် တိရစ္ဆာန်များဖြစ်သည်။ အရာဝတ္ထုများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် ကိုင်တွယ်ဖို့ မတွေးပေ။ သင်သည် ယင်းတို့ကို အပြစ်တင်၍ မရနိုင်ဘဲ ထိန်းကျောင်းရုံသာ တတ်နိုင်၏။ သင်က မကိုင်တွယ်ဘဲ တိရစ္ဆာန်တစ်ကောင်ကို သောင်းကျန်းခွင့်ပြုပြီး သင့်ဘဝကို အဖျက်အမှောင့် လုပ်ခွင့်ပေးလျှင် သင်၏ လူ့သဘာဝ၌ တစ်စုံတစ်ခု လိုနေသည်ကို ပြသည်။ ဤသို့ဆိုလျှင် သင်သည် တိရစ္ဆာန်တစ်ကောင်နှင့် များစွာမကွာခြားပေ။ သင်၏ ဉာဏ်ရည်ဉာဏ်ကဲက နိမ့်လွန်းသည်။ သင်သည် အလကားလူဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ကောင်းစွာ ကိုင်တွယ်သနည်း။ သင်သည် သတ်မှတ်ချက်ဘောင် အချို့အတွင်း၌ ၎င်းတို့ကို ကန့်သတ်ရန်၊ သို့မဟုတ် လှောင်အိမ်ထဲ၌ ထားရန် စဉ်းစားဖို့လိုပြီး တစ်ရက်စီတွင် သတ်မှတ်ထားသော အချိန်နှစ်ချိန်၊ သို့မဟုတ် သုံးချိန် ထွက်ခွင့်ပြုဖို့လိုသည်။ ဤသို့ဖြင့် ၎င်းတို့သည် အတော်အသင့်ဖြစ်သော လှုပ်ရှားမှုကို ရသည်။ ဤသည်မှာ ၎င်းတို့၏ အကြောင်းမဲ့ကိုက်ဝါးခြင်းကို ဟန့်တားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ကျန်းမာနေစေရန် လေ့ကျင့်ခန်းလည်း ပြုလုပ်စေလိမ့်မည်။ ဤသို့ဖြင့် ခွေးသည် ကောင်းစွာကိုင်တွယ်ခြင်းခံရပြီး သင့်ပတ်ဝန်းကျင်လည်း အကာအကွယ်ရသည်။ လူတစ်ဦးသည် သူတွေ့ကြုံသောအရာများကို မကိုင်တွယ်နိုင်ဘဲ မှန်ကန်သော သဘောထားမရှိလျှင် သူ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ပုံမှန်လူ့သဘာဝ၏ စံနှုန်းကို မမီနိုင်ပေ။ သို့မဟုတ် အချက်အပြုတ်နှင့်ပတ်သက်လျှင် သာမန်လူတို့သည် ကြော်လှော်သောအခါတွင် ဆီအနည်းငယ်ကိုသာ အသုံးပြုသော်လည်း များစွာအသုံးပြုသော အမျိုးသမီးအချို့ရှိသည်။ သင်က ချမ်းသာနေလျှင်ပင် ဆီကို ဖြုန်းတီး၍မရပေ။ သင့်တင့်မှုရှိသောပမာဏကို သင်အသုံးပြုရမည်။ သို့သော် ဤအမျိုးသမီးများသည် ယင်းကို ဂရုမစိုက်ပေ။ ၎င်းတို့သည် ကြော်လှော်သောဟင်းထဲသို့ လက်ချော်ပြီး ဆီများစွာလောင်းထည့်မိလျှင် ၎င်းတို့သည် ပိုသည့်ဆီများကို ခပ်ထုတ်ပြီး မြေပေါ်သို့သာ ပစ်ချလိုက်သည်။ ဤသည်မှာ ဖြုန်းတီးခြင်း မဟုတ်လော။ ရုပ်ဝတ္ထုပစ္စည်းများအပေါ် ထိုသဘောထား ရှိသူတစ်ဦးကို လူအများက မည်သို့ခေါ်သနည်း။ “အသုံးအဖြုန်းကြီးသောသူ”၊ သို့မဟုတ် စော်ကားသည့်အနေဖြင့် “လက်ဖွာသူ” ဟူ၍ ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်က ပေးခြင်းဖြစ်သည်။ လူအချို့က ၎င်းတို့၏ ပစ္စည်းများကို ၎င်းတို့ ရယူပိုင်ဆိုင်ခဲ့သည်ဟု ဆိုကြ၏။ သို့သော် ဘုရားသခင်က ပေးခြင်းမဟုတ်လျှင် သင် မည်မျှလောက် ရယူပိုင်ဆိုင်နိုင်မည်နည်း။ သူသည် သင့်အား အသက်ကိုပေးခဲ့သည်။ သူသည် သင့်အား အသက်ကိုမပေးခဲ့လျှင် သင်သည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ဘဲ သင်သည် မည်သည့်အရာမျှ ဖြစ်မည်မဟုတ်။ ဤသို့ဆိုလျှင် သင်၏ ထိုရုပ်ဝတ္ထုပစ္စည်းများ သင့်ထံတွင် ရှိနိုင်သေးသလော။ ဘုရားသခင်သည် သင့်အား သာမန်အိမ်ထောင်စုတစ်ခုထက်ပို၍ ပေးခဲ့ကောင်း ပေးခဲ့နိုင်သည်။ သို့သော် သင်က ယင်းကို ဖြုန်းတီးသည့် သဘောထားနှင့် အမြင်သည် မှန်ကန်သော သဘောထား ဟုတ်သလော။ လူ့သဘာဝနှင့်ပတ်သက်လျှင် ဤအရာကို မည်သို့သတ်မှတ်ရမည်နည်း။ ဤသို့သောသူတစ်ဦးသည် လူ့သဘာဝနိမ့်ကျသည်။ အသုံးအဖြုန်းကြီးခြင်း၊ အရာဝတ္ထုများကို ဖြုန်းတီးခြင်း၊ အရာဝတ္ထုများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် ကိုင်တွယ်ဖို့ မသိခြင်းဟူသည့် ဤသို့သောသူတွင် ပုံမှန်လူ့သဘာဝမရှိ။ လူအချို့သည် ဘုရားအိမ်တော်ရှိ အရာဝတ္ထုများကို ဂရုတစိုက် ကိုင်တွယ်ရန် စဉ်းပင်မစဉ်းစားပေ။ တစ်စုံတစ်ခုကို ဘုရားအိမ်တော်က ပိုင်သည်။ ၎င်းတို့က ဤအရာကို မြင်သည်။ သို့တိုင်အောင် မိုးရွာတော့မည်ဆိုလျှင်၊ ထိုအရာက စိုစွတ်သွားလျှင် မကောင်းမည်ဖြစ်လျှင် ၎င်းတို့က မည်သို့တွေးသနည်း။ “စိုစွတ်လျှင် အရေးမကြီး။ ယင်းမှာ ငါ၏ ပစ္စည်းလည်း မဟုတ်။ ထားလိုက်မည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ထွက်သွားလိမ့်မည်။ ထိုသဘောထားကို မည်သို့ခေါ်သနည်း။ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စဉ်းစားမှုတွင် ဖြောင့်မှန်သလော။ မဖြောင့်မှန်လျှင် ၎င်းတို့သည် မည်သည့်အရာဖြစ်သနည်း။ (ကလိမ်ကကျစ်ကျခြင်း ဖြစ်သည်။) လူတစ်ဦးသည် မဖြောင့်မှန်လျှင် သူသည် ကလိမ်ကကျစ်ကျခြင်း မဟုတ်လော။ မိမိတို့၏ တွေးခေါ်မှုတွင် မဖြောင့်မှန်သောသူတို့၌ ပုံမှန်လူ့သဘာဝ ရှိသလော။ အသေအချာပင်မရှိ။ ငါတို့၏ ပထမအချက်ဖြစ်သည့် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားတွင် အကြောင်းအရာမည်မျှကို ယခု ငါတို့ ပြောဆိုပြီးခဲ့သနည်း။ ယုတ်ညံ့သော စိတ်သဘောထားရှိသည်၊ ယုတ်ညံ့သည်။ အခြားမည်သည့်အရာရှိသနည်း။ (ယုတ်ပြီး ကလိမ်ကကျစ်ကျခြင်း ဖြစ်သည်။) အလွန်ပင် အရပ်သုံးဖြစ်သောစကားဖြစ်သည့် သင်တို့၏ နေ့စဉ်အသက်တာတွင် ဤစကားမျိုးကို မိမိကိုယ်ကို ပြန်လည်သုံးသပ်သောအခါ၊ သိမြင်လာသောအခါ၊ စိစစ်သောအခါတွင် သင်တို့ ဤကဲ့သို့သော စကားလုံးများကို အသုံးပြုကြပါသလော။ (အသုံးမပြုပါ။) မည်သူမျှ အသုံးမပြုပေ။ ဤသို့ဆိုလျှင် မည်သည့်စကားများကို သင်တို့ အသုံးပြုသနည်း။ ခမ်းကြီးနားကြီးနိုင်သော ဝေါဟာရများကို သင်တို့ပြောဆိုသည်။ ဤသို့သော နေ့စဉ်သုံးဘာသာစကားကို မည်သူကမျှ အသုံးမပြု။
လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် မိမိကိုယ်ကို အလွန်ကြီးကျယ်ခမ်းနားသည်ဟု ခံစားကြရသည်။ အထူးသဖြင့် ကျွမ်းကျင်မှုနှင့် အတတ်ပညာပိုင်းဆိုင်ရာ နားလည်ကျွမ်းကျင်မှုရှိသူများ၊ သို့မဟုတ် အဆင့်မြင့်ဘွဲ့ရှိသူများပင် ၎င်းတို့သည် သာမန်လူတို့၏ အထက်တွင်ရှိသည်ဟု ခံစားရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျေနပ်လျက် “ငါသည် လောကတွင် ငါရှိခဲ့သော ခိုင်မာသည့် အသက်မွေးအလုပ်ကိုပင် စွန့်ပစ်ခဲ့သည်။ အခမဲ့စားသောက်ရန်အတွက် ဘုရားအိမ်တော်သို့ ငါလာခဲ့ခြင်းမဟုတ်။ ငါကဲ့သို့ ကျွမ်းကျင်မှုရှိသောသူတစ်ဦးသည် ဘုရားအိမ်တော်တွင် ကူညီထောက်ပံ့မှုတစ်ခုကို ပြုလုပ်နိုင်သည်။ ငါသည် မိမိကိုယ်ကို အသုံးခံပြီး ဘုရားအတွက် ဒုက္ခခံသည်။ အုပ်စုလိုက်နေထိုင်မှုတွင် ဤသာမန်လူတို့နှင့် အတူနေ၊ အတူစားပင် ပြုလုပ်သည်။ ငါ၏ အရည်အသွေးက ကြီးကျယ်ခမ်းနားလိုက်လေခြင်း” ဟူ၍ တွေးသည်။ ၎င်းတို့သည် တည်ကြည်မှုနှင့် ဂုဏ်ပြုထိုက်သော သမာဓိရှိသည်ဟုလည်းကောင်း၊ အခြားသောလူတိုင်းထက် ပို၍ မြင့်မြတ်သည်ဟုလည်းကောင်း ၎င်းတို့က တွေးကြသည်။ ၎င်းတို့သည် ဤအရာကို စဉ်ဆက်မပြတ် ဝမ်းမြောက်ကြသည်။ အမှန်တွင် ၎င်းတို့၏ လူ့သဘာဝတွင် လိုအပ်နေသောအရာများစွာရှိသည်။ ပြီးလျှင် ယင်းကို ၎င်းတို့မသိရုံသာမကဘဲ ၎င်းတို့သည် အလွန်တော်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် သာမန်လူတို့ထက်ပို၍ ကြီးကျယ်ခမ်းနားသည်ဟုလည်းကောင်း တွေးလျက် ဝမ်းသာပီတိဂွမ်းဆီ ထိနေကြသည်။ အမှန်တွင် “ပုံမှန်လူ့သဘာဝ”ဆိုသည်တွင် “လူ့သဘာဝ”၏ ရှေ့တွင်ရှိသည့် “ပုံမှန်”ဟူသည့် စကားလုံး၏ အဓိပ္ပာယ်သတ်မှတ်ချက်အတိုင်း လုပ်ဆောင်နိုင်သောအရာတစ်ခုမျှ ထိုနေရာ၌ မရှိပေ။ ထိုနေရာတွင် မည်သည့်အရာကမျှ ထိုစံနှုန်းမပြည့်မီပေ။ အရာရာတိုင်းက အလွန်ပင် စံချိန်မမီပေ။ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့တွင် မရှိပေ။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်လော။ မကောင်းပေ။ ၎င်းတို့၏ တည်ကြည်မှုနှင့် အရည်အသွေးများလော။ မည်သည့်အရာမျှ လုံးဝ မကောင်းပေ။ လူတိုင်းက အတူတကွနေထိုင်ကြရာတွင် အချို့လူတို့သည် တန်ဖိုးရှိသည့် တစ်စုံတစ်ခု ရှိသောအခါ လူမြင်ကွင်းတွင် မထားရဲပေ။ အဘယ်ကြောင့်နည်း။ တစ်ပိုင်းမှာ အခြားလူများကို ၎င်းတို့ မယုံကြည်ဘဲ အခြားတစ်ပိုင်းမှာ လူများစွာရှိသည့်နေရာတွင် စိတ်မချရသည့်လူတို့ရှိပြီး အချို့မှာ ခိုးဝှက်တတ်ခြင်း ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် ခိုးယူခြင်းပင် ပြုလုပ်နိုင်သည်။ ဤလူတို့သည် ညံ့ဖျင်းသော ကိုယ်ကျင့်စရိုက်ရှိသည်။ လူအချို့သည် အစာစားသောအခါ အကောင်းဆုံး အဖတ်အသားများကို ရွေးချယ်ရန် အားထုတ်ကြပြီး ၎င်းတို့၏နောက်၌ မစားရသေးသောသူ မည်မျှကျန်ရှိပါစေ ယင်းတို့ကို ဗိုက်ပြည့်အောင် စားကြသည်။ ယင်းသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်လော။ အစာစားသောအခါတွင် အခြားလူများကို ထည့်တွက်သောသူအချို့ရှိသည်။ ဤသည်မှာ မည်သည့်အရာကို ပုံဖော်သနည်း။ ထိုသို့ထည့်တွက်သောသူများသည် အခြားလူတို့ကို စိတ်ထဲထားသော ကျိုးကြောင်းသင့်သည့်လူများ ဖြစ်သည်ကို ပြသည်။ အခြားလူများအတွက် အချို့ကို ချန်ရန်အတွက် ၎င်းတို့သည် အနည်းငယ် လျှော့စားလိမ့်မည်။ ဤသည်မှာ အရည်အသွေးရှိခြင်းကို ဆိုလိုသည့်အရာဖြစ်သည်။ ဘုရားအိမ်တော်တွင် လူအချို့၌ လူ့သဘာဝရှိပြီး အချို့မှာမူ အနည်းငယ်စံမမီပေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ စံနှုန်းများကိုပင် မမီပေ။ ငါပြောခဲ့သည့် အပြုအမူများကို ကြည့်လျှင် သင်တို့ထဲ၌ ပုံမှန်လူ့သဘာဝရှိသည့်သူများစွာရှိသလော။ သို့မဟုတ် များစွာမရှိသလော။ ဤသို့သောအပြုအမူများကို သင်တို့ ပြလေ့ရှိသောအခါ ယင်းတို့သည် ပြဿနာများဖြစ်သည်ကို သင်တို့ သတိထားမိနိုင်စွမ်းရှိသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်သောအခါ ယင်းကို သင်သတိမူမိသလော။ သတိမူမိလျှင်၊ ခံစားမိနိုင်လျှင်၊ ပြောင်းလဲမှုလုပ်လိုစိတ်ရှိလျှင် သင့်၌ အမှန်ပင် လူ့သဘာဝအနည်းငယ်ရှိသည်။ ပုံမှန်ဖြစ်ခြင်းကို မရရှိသေးခြင်းသာ ရှိသည်။ သင်က သတိမူမိခြင်းပင် မရှိလျှင် သင့်ကို လူ့သဘာဝရှိသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၊ သို့မဟုတ် ဆိုးသောလူ့သဘာဝနှင့်လည်းကောင်း၊ ပုံမှန်ဖြစ်သောလူ့သဘာဝ၊ သို့မဟုတ် ပုံမှန်မဟုတ်သော လူ့သဘာဝနှင့်လည်းကောင်း မသက်ဆိုင်ပေ။ သင့်တွင် လူ့သဘာဝမရှိ။ ဥပမာ ထမင်းစားပွဲများတွင် ဝက်သားပေါင်းပန်းကန် ထွက်လာသည်ကိုမြင်ပြီး အဆီဖြစ်စေ၊ အသားဖြစ်စေ စတင်ဆွဲယူကာ အားလုံးကုန်မသွားမချင်း မရပ်သည့်သူအချို့ရှိသည်။ အစားအစာအတွက် တိုက်ခိုက်ကြသည့် တိရစ္ဆာန်များကို သင်တို့ မြင်ဖူးသလော။ (မြင်ဖူးပါသည်။) ထိုမြင်ကွင်းအတိုင်းပင်ဖြစ်သည်။ သို့သော် တိရစ္ဆာန်များဖြင့် ဖြစ်သည်။ လူသားများဆိုလျှင် ထိုတိုက်ခိုက်မှုသည် ပုံမှန်လူ့သဘာဝတွင် ပါဝင်သလော။ (ပုံမှန်လူ့သဘာဝမဟုတ်ပါ။) ပုံမှန်လူ့သဘာဝရှိသူတို့က မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (၎င်းတို့ရရှိသည့်အရာကို ကျေနပ်လိမ့်မည်ဖြစ်ပြီး လောဘကြီးမည် မဟုတ်ပါ။) ဤသို့ပြောသည်မှာ အလွန်ပင် အဖြစ်မှန်ဖြစ်သော ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့ လောဘမကြီးဘဲ ရှိနိုင်သနည်း။ ဤပြဿနာအပေါ် မည်သည့်အတွေးများနှင့် မည်သည့်သဘောထားက ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ရှိသင့်သည့်အတွေးအခေါ် ပါဝင်သနည်း။ မည်သည့်တစ်ခုဖြင့် တိကျမှန်ကန်စွာ ဆက်လက်၍ ပြုမူဆောင်ရွက်နိုင်သနည်း။ ရှေးဦးစွာ သင်၏ စဉ်းစားပုံသည် မှန်ကန်ရမည်။ ဥပမာ အမျိုးသမီးတစ်ယောက်က “ယနေ့တွင် ဝက်သားပေါင်း များစွာရှိသည်။ ငါသည် ထပ်၍စားလိုသည်။ သို့သော် ညီအစ်ကိုများက အနားတွင်ရှိသည်ကို ကြည့်ပြီး အနည်းငယ်ရှက်ရွံ့မိသည်။ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ၎င်းတို့က မယူမချင်း ငါစားဖို့စောင့်ရမည်ထင်သည်။ ငါကဲ့သို့သော အမျိုးသမီးတစ်ယောက်က မည်သို့ဖြစ်၍များ အလွန်ပင် အစားကြီးသူ ဖြစ်နိုင်ရသနည်းဟု အခြားလူများအား ငါ မတွေးသွားစေလိုပေ။ အလွန်ပင် ရှက်ဖွယ်ကောင်းလိုက်မည့်ဖြစ်ခြင်း” ဟု တွေးပေမည်။ ဤသို့တွေးခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် ပုံမှန်ဖြစ်လိမ့်မည်။ အကြောင်းမှာ ၎င်းတို့သည် ယေဘုယျအားဖြင့် အနည်းငယ် မျက်နှာပူတတ်ကြသောကြောင့်ဖြစ်၏။ အမျိုးသားအများစုက “ဝက်ပေါင်းသည် အလွန်ပင်ကောင်းလှသည်။ ငါသည် အဦးဆုံး စားလိုက်တော့မည်” ဟု တွေးလိမ့်မည်။ အခြားလူများထင်သည့်အရာကို အရေးမစိုက်ဘဲ မိမိတို့၏တူဖြင့် ပထမဆုံးလှမ်းယူသည်မှာ ၎င်းတို့သာ ဖြစ်လိမ့်မည်။ သို့သော် အမျိုးသားအချို့သည် ဤထက်ပို၍ ဆင်ခြင်တုံတရားရှိသည်။ တစ်ကိုက်စားပြီးနောက်တွင် ၎င်းတို့က “ငါ၏နောက်တွင် မစားရသေးသောသူများစွာ ရှိသည်။ အစာစားသည်ကို တော်လိုက်ပြီး အခြားလူများအတွက် အချို့ကို ချန်ရမည်” ဟု တွေးကြည့်သည်။ ၎င်းတို့က ဤသို့ တွေးနိုင်ပြီး လုပ်ဆောင်နိုင်သည် ဆိုသည့်အချက်က ၎င်းတို့သည် ဆင်ခြင်တုံတရားရှိသောသူဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ပင်ကိုအားဖြင့် ပုံမှန်လူ့သဘာဝရှိသည်ဟုလည်းကောင်း ပြသည်။ လူအချို့က အဓိပ္ပာယ်မရှိစွာ လမ်းလွဲကြသည်။ “ဘုရားသခင်သည် လူတို့အား ဝက်ပေါင်းကို မစားစေလိုပေ။ ထို့ကြောင့် ငါသည် တစ်ကိုက်ပင် ကိုက်မည်မဟုတ်။ ဤသည်မှာ ငါ့တွင် လူ့သဘာဝပို၍ပင်ရှိသည်ဟု ဆိုလိုသည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ ယင်းသည် အဓိပ္ပာယ်မရှိသော စဉ်းစားပုံဖြစ်သည်။ ဤဥပမာဖြင့် မည်သည့်အရာကို ငါ ထင်ရှားစေခြင်းဖြစ်သနည်း။ လူတို့သည် အမျိုးစုံသောလူတိုင်း၊ ဖြစ်ရပ်တိုင်း၊ အမှုအရာတိုင်းအပေါ် မှန်ကန်သောသဘောထားကို ခံယူသင့်သည်ဟူ၍ ဖြစ်သည်။ လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ အသိစိတ်၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ၏ ရှုထောင့်မှ လက်ခံဆောင်ရွက်သော အတွေးမှတစ်ဆင့် ဤမှန်ကန်သော သဘောထားကို ရရှိသည်။ သင်သည် ဤစိတ်နေစိတ်ထားမျိုးဖြင့် လက်တွေ့လုပ်ဆောင်လျှင် အခြေခံအားဖြင့် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီလိမ့်မည်။
လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ထားရှိသောသဘောထားသည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် လူများနှင့် အမှုအရာများဖြင့် ထိတွေ့ဆက်ဆံခြင်းက ပေါ်လွင်စေသည့်ပုံစံသာဖြစ်သည်။ ဤသရုပ်သကန်များသည် သင်လုပ်ဆောင်ရမည် ဖြစ်သည့်အလုပ်နှင့် များစွာသက်ဆိုင်ခြင်း မရှိကောင်းမရှိနိုင်ပေ၊ သို့မဟုတ် ယင်းတို့သည် ထိုအရာနှင့် အလှမ်းဝေးကောင်း ဝေးနိုင်သည်။ သို့သော် ဘုရားသခင်အပေါ် ယုံကြည်မှုသည် အနှစ်မမဲ့ပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် လေဟာနယ်တစ်ခုတွင် အသက်မရှင်ဘဲ လက်တွေ့ဘဝတွင် အသက်ရှင်သည်။ ၎င်းတို့သည် လက်တွေ့ဘဝဖြင့် မကင်းကွာရပေ။ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအပေါ်ဖြစ်စေ၊ သာမန်ဉာဏ်ပညာ၊ သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်သည့် အသိပညာအပေါ်ဖြစ်စေ လူတို့တွင် မည်သည့်သဘောထားနှင့် စဉ်းစားပုံမျိုးရှိသင့်သနည်း။ ပြီးပြီးရောနေသည့် စိတ်နေစိတ်ထားကို အမြဲတမ်းရှိခြင်းသည် မှန်သလော။ လူအချို့သည် ဤအရာများနှင့်ပတ်သက်၍ အစဉ်သဖြင့် စိတ်ထွေပြားနေသည်။ ယင်းသည် အလုပ်ဖြစ်မည်လော။ ၎င်းတို့၏ အမြင်ရှုထောင့်တွင် ပြဿနာတစ်ခုမရှိသလော။ ၎င်းတို့အမြင်ရှုထောင့်ရှိ ပြဿနာတစ်ခုမှာ ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့အပြင် ယင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်သက်ဆိုင်သည်။ အဆင်းနီသော နဂါးကြီးသည် တရုတ်ပြည်ကို နှစ်ထောင်ချီကြာသည်အထိ အုပ်စိုးခဲ့သည်။ လှုပ်ရှားမှုများနှင့် တိုက်ပွဲများတွင် အစဉ်ပါဝင်လုပ်ဆောင်သည်။ ယင်းသည် စီးပွားရေးကို မဖွံ့ဖြိုးစေပေ။ သာမန်လူတို့၏ ဘဝများအတွက် မတွေးပေ။ နောက်ဆုံးတွင် ပြည်သူတို့သည် လေလွင့်နေရင်းဖြင့်သာ ယုတ်ညံ့သိမ်ဖျင်းမှုတစ်မျိုးကို ပျိုးထောင်ခဲ့ကြ၏။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် ဝတ်ကျေတမ်းကျေဆန်ကြသည်။ အမြင်ကျဉ်းသည့် ရှုထောင့်တစ်ခုကို စိတ်တွင်ထားကြသည်။ ၎င်းတို့၏ ပညာသင်ကြားမှုတစ်ခုမျှတွင် ထူးချွန်ဖို့ မရည်ရွယ်ကြသကဲ့သို့ ယင်းကိုလည်း မရရှိနိုင်ကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် အမြင်ကျဉ်းသော ရှုထောင့်ဖြင့် လည်ပတ်နေကြသည်။ ဈေးကွက်က လိုအပ်သောအရာကို ၎င်းတို့ကြည့်သည်။ ပြီးနောက်တွင် ငွေအမြောက်အမြားကို ၎င်းတို့ မရမချင်း ထည့်တွက်စဉ်းစားမှု တစ်ခုမျှမရှိဘဲ ယင်းကို အလျင်စလိုထုတ်လုပ်သည်။ ၎င်းတို့သည် ဤအခြေခံအုတ်မြစ်မှ ဆက်၍ ဖွံ့ဖြိုးခြင်းမရှိပေ၊ သို့မဟုတ် သိပ္ပံဆိုင်ရာ သုတေသနကို ဆက်၍မလုပ်ပေ၊ သို့မဟုတ် ပို၍ပြည့်စုံသော ထူးကဲမှုအတွက် ကြိုးပမ်းခြင်းမရှိပေ။ အဆုံးသတ်ရလဒ်မှာ အခြားကဏ္ဍများအပါအဝင် တရုတ်ပြည်၏ အပေါ့စား စက်မှုလုပ်ငန်းများ၊ အကြီးစားစက်မှုလုပ်ငန်းများသည် ကမ္ဘာ့စင်မြင့်ပေါ် တင်နိုင်သည့် တီထွင်ဆန်းသစ်သော ထုတ်ကုန်များမရှိပေ။ သို့တိုင်အောင် တရုတ်လူမျိုးတို့သည် လေလုံးထွားကြသည်။ “ငါတို့တွင် တရုတ်ပြည်၌ နှစ် ၅၀၀၀ ကြာ အကောင်းဆုံး ရိုးရာယဉ်ကျေးမှုရှိသည်။ ငါတို့ တရုတ်လူမျိုးများသည် ကြင်နာပြီး အလုပ်ကြိုးစားသည်” ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် တရုတ်ပြည်သည် အဘယ်ကြောင့် လူတို့အား လိမ်ညာရန် ကုန်ပစ္စည်းအတုများကို ဆက်တိုက် ပြုလုပ်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့၌ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စရာ မရှိလုနီးပါးဖြစ်သနည်း။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ တရုတ်ပြည်တွင် တီထွင်ဆန်းသစ်သော ထုတ်ကုန်များရှိသလော။ တရုတ်လူမျိုးတို့တွင် “တီထွင်ဆန်းသစ်သော” အရာတစ်ခု အမှန်ပင်ရှိသည်။ ပြီးလျှင် ယင်းမှာ တုပခြင်း၊ အတုပြုလုပ်ခြင်းတွင်၊ လှည့်ဖြားမှုတွင် ၎င်းတို့၏ ကျွမ်းကျင်မှုဖြစ်သည်။ ယင်းတွင် ၎င်းတို့၏ ယုတ်ညံ့သော စိတ်သဘောထားက တည်ရှိနေသည်။ အချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် ဤသို့ သရုပ်ဖော်ရသနည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို သေးသိမ်စေပြီး အောက်ကျစေသည်ဟု မထင်သလော” ဟု ပြောလိမ့်မည်။ ဤသို့ ဖြစ်သလော။ တရုတ်လူမျိုးတို့ လုပ်ဆောင်သည့် အချို့အရာများကို ကြည့်လျှင် ဤစကားပုံသည် အမှန်ပင် ကိုက်ညီသည်ဟု ဆိုနိုင်ပေသည်။ ဈေးကွက်ထဲတွင် သို့မဟုတ် သာမန်လူတို့အထဲတွင် မိမိတို့၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်သော တရုတ်လူမျိုး တစ်ဦးတလေရှိသလော။ အလွန်ပင် နည်းပါးလှ၏။ မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ရန် ကြိုးပမ်းကြသည့် လူအနည်းငယ်မှာမူ လူမှုပတ်ဝန်းကျင်သည် မည်မျှ ဆိုးကျိုးပေးနေသည်ကိုလည်းကောင်း၊ ဤသို့ပြုခြင်းမှ အကျိုးကောင်း မထွက်သည်ကိုလည်းကောင်း တွေ့မြင်ရသောအခါ သူတို့သည် ဆက်လက် မကြိုးပမ်းတော့ဘဲ လက်လျှော့လိုက်ကြတော့၏။
အခြားသော လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများကို လူတို့ဆက်ဆံရာ၌ ၎င်းတို့ထုတ်ဖော်ပြလေ့ရှိသည့် သဘောထား၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်တို့ဖြစ်သော လူ့သဘာဝနှင့် နီးစပ်ဆက်နွှယ်နေသည့် အရာများသည် အလွန် ထိထိမိမိ ဖော်ပြနေသည်။ ယင်းတို့သည် အဘယ်အရာကို ထိထိမိမိ ဖော်ပြနေသနည်း။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို မည်သို့မြင်တွေ့နိုင်ကြောင်းနှင့် ထိုသူသည် ရည်မွန်ပြီး တည်ကြည်သောသူ ဟုတ်မဟုတ်တို့ကို ယင်းတို့က ဖော်ပြနေသည်။ ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ အစဉ်အလာအတိုင်း နေခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ ကြည်သာပြီး ယဉ်ကျေးခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) စည်းကမ်းများအား အတိအကျ လိုက်နာခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) ဤအရာထဲမှ မည်သည့်အရာမျှ မဟုတ်။ ဤသို့ဆိုလျှင် ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ တစ်စုံတစ်ယောက်သည် အမှန်တကယ် ရည်မွန်ပြီး တည်ကြည်သောသူ ဖြစ်ပါက မည်သည့်အရာကို ၎င်းတို့လုပ်ပါစေ ၎င်းတို့သည် ထိုထိုသော စိတ်နေစိတ်ထားတစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကြသည်။ “ဤအမှုကိစ္စ လုပ်ဆောင်ရသည်ကို ငါကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယင်းက ငါ၏စိတ်ဝင်စားမှု နယ်ပယ်အတွင်း ကျရောက်သည်ဖြစ်စေ၊ ငါစိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ ယင်းမှာ ငါ့ကို လုပ်ဆောင်ဖို့ ပေးထားခြင်းဖြစ်၍ ယင်းကို ငါကောင်းစွာ လုပ်ဆောင်မည်။ ယင်းကို အစမှ စတင်လေ့လာမည်ဖြစ်ပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် ယင်းကို တစ်ဆင့်ချင်း ငါတာဝန်ယူ ဆောင်ရွက်မည်။ အဆုံးတွင် လုပ်ငန်းဆောင်တာ၌ ငါမည်မျှဆောင်ရွက်ပြီးစီးပါစေ ငါသည် အစွမ်းကုန် ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်။” ယုတ်စွအဆုံးအနေဖြင့် လက်တွေ့အကျဆုံး သဘောထား၊ စိတ်နေစိတ်ထားမျိုးကို သင်ပိုင်ဆိုင်ရမည်။ လုပ်ငန်းဆောင်တာတစ်ခုကို သင်တာဝန်ယူ ဆောင်ရွက်သည့် အချိန်ကတည်းက သင်သည် ယင်းကို ရှုပ်ယှက်ခတ်အောင် လုပ်ဆောင်ပြီး ယင်းနှင့် ပတ်သက်၍ နည်းနည်းမျှ ဂရုမစိုက်ပါက ယင်းကို သင်သည် အလေးအနက် သဘောမထားသည့်အပြင် ဆီလျော်သော အရင်းအမြစ်များကို မှီငြမ်းခြင်း၊ အသေးစိတ်ကျသည့် ပြင်ဆင်ချက်များကို လုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အခြားသူများကို ရှာဖွေပြီး တိုင်ပင်ခြင်းမရှိပါက၊ ပြီးလျှင် ထို့ထက်ပို၍ ယင်းလုပ်ငန်းဆောင်တာ၌ သင်သည် ဤကျွမ်းကျင်မှု၊ သို့မဟုတ် ဤအလုပ်အကိုင်တွင် တစ်ဖက်ကမ်းခတ်ခြင်းကို ကြိုးပမ်းရရှိကာ အစဉ် တိုးတက်နိုင်ဖို့အလို့ငှာ ဤအရာကို အချိန်တိုးမြှင့်၍ မလေ့လာဘဲ ယင်းအပေါ် မထီမဲ့မြင်လုပ်သော သဘောထား၊ ယင်းအပေါ် သင်၏ပြုမူခြင်း၌ ပြီးစလွယ်လုပ်သော သဘောထားတစ်ခုကို ထိန်းသိမ်းထားပါက ဤသည်မှာ သင်၏လူ့သဘာဝ၌ ပြဿနာ တစ်ခုဖြစ်ပေသည်။ ဤသည်မှာ တော်စွလျော်စွ ကြုံရာကျပန်း လုပ်နေခြင်းသာဖြစ်သည် မဟုတ်လော။ အချို့က “သင်ကျွန်ုပ်ကို ဤတာဝန်မျိုး ပေးသည့်အခါ ကျွန်ုပ်မကြိုက်” ဟု ပြောကြသည်။ ယင်းကို သင်မကြိုက်ပါက လက်မခံနှင့်။ ယင်းကို လက်ခံလျှင်မူ သင်သည် အလေးအနက်ထားကာ တာဝန်သိသည့် သဘောထားဖြင့် ထိုတာဝန်ကို ချဉ်းကပ်သင့်သည်။ ယင်းမှာ သင်၌ ရှိသင့်သည့် သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့်အရာ မဟုတ်လော။ ရည်မွန်ခြင်းနှင့် တည်ကြည်ခြင်းဆိုသည်မှာ ဤအရာဖြစ်သည်။ ဤပုံမှန်လူ့သဘာဝ၏ ရှုထောင့်တွင် ယုတ်စွအဆုံးအနေဖြင့် သင်သည် လက်တွေ့ကျမှုရှိခြင်း သဘောထားများ၊ အလွန်စိတ်ထက်သန်ခြင်းနှင့် တာဝန်သိခြင်းတို့နှင့်အတူ အာရုံစိုက်မှု၊ တာဝန်ကျေပွန်မှုနှင့် အဖိုးအခ ပေးလိုစိတ်တစ်ခုတို့ကို လိုအပ်သည်။ ဤအရာများကို ရှိခြင်းသည် လုံလောက်၏။
အသင်းတော်တွင် လူမျိုးစုံရှိသည်။ သမ္မာတရားကို ချစ်သူတို့သည် ပို၍ကောင်းသော လူ့သဘာဝရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်သောအခါတွင် အလွယ်တကူပင် ပြုပြင်ကြသည်။ သမ္မာတရားကို မချစ်သူတို့သည် အလွန်ပို၍ဆိုးသော လူ့သဘာဝရှိကြသည်။ လူတစ်ဦးသည် အားထုတ်မှုမရှိဘဲ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် တာဝန်မသိတတ်လျှင် ၎င်းတို့သည် ယုံကြည်ကိုးစားခြင်းနှင့် မထိုက်တန်ဘူးမဟုတ်လော။ ထိုသို့သော လူ့သဘာဝသည် ထိုက်တန်မှုကင်းမဲ့ပြီး တန်ဖိုးမရှိပေ။ နိမ့်ကျသည်။ သင်က ဘုရားသခင်ကို ယုံကြည်သည်။ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်စေ၊ အသင်းတော်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်စေ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ဝတ်ကျေတမ်းကျေဆန်ပြီး တာဝန်မသိတတ်သော သဘောထားဖြင့် ချဉ်းကပ်လျှင် သင့်သဘောထားသည် ပုံမှန်လူ့သဘာဝ ရှိသည့်သူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သလော။ လူအချို့က “ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ပေးအပ်သည့်အလုပ်များကို ကျွန်ုပ်အလေးအနက် မထားပါ။ သို့သော် ဘုရားသခင်က ကျွန်ုပ်ကို ပေးအပ်သောအလုပ်များတွင် ကျွန်ုပ် အောင်မြင်မည်ဟု အာမခံသည်။ ယင်းတို့ကို ကျွန်ုပ်ကောင်းစွာ ပြုမူမည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် မှန်ကန်သော ခံယူချက်ဖြစ်သလော။ (မဟုတ်ပါ။) မည်သည့်ပုံစံဖြင့် မဟုတ်သနည်း။ စိတ်မချရသကဲ့သို့ အကျင့်ကောင်း ချို့တဲ့သူတစ်ဦး၊ မိမိ၏ လူ့သဘာဝတွင် ဤအရာများ မရှိသောသူတစ်ဦးသည် မည်သူ့အပေါ် ဖြောင့်မှန်နိုင်သနည်း။ မည်သူ့အပေါ်မျှ မဖြောင့်မှန်နိုင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အရေးကိစ္စများကိုပင် လိမ်ညာပြီး အပေါ်ယံသာလုပ်ဆောင်သည်။ ဤသို့သောလူသည် ယုတ်ပြီး တန်ဖိုးမဲ့သည်မဟုတ်လော။ တစ်စုံတစ်ယောက်သည် အားစိုက်ထုတ်နိုင်ပြီး ၎င်းတို့ လုပ်ဆောင်ရန် အခြားလူများက တာဝန်ပေးစေခိုင်းသည့် အရာများအပေါ် တာဝန်ယူကာ ယုံကြည်ကိုးစားထိုက်လျှင် ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံခဲ့သည့် တာဝန်ပေးစေခိုင်းချက်အပေါ် အလွန်ပို၍ဆိုးစွာ လုပ်ဆောင်မည်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦးသည် သမ္မာတရားကို နားလည်လျှင် ဘုရားသခင်ထံမှ ထိုသူခံယူခဲ့သော တာဝန်ပေးစေခိုင်းချက်နှင့် မိမိတာဝန်အား ထမ်းဆောင်မှုတွင် ပို၍ဆိုးစွာ မလုပ်ဆောင်လောက်ပေ။ ၎င်းတို့သည် အကျင့်ကောင်းကင်းမဲ့သော အသိစိတ် မရှိသည့်သူများထက် သေချာပေါက် အလွန်ပို၍ ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ရှိ ကွာခြားမှုဖြစ်သည်။ လူအချို့က “သင်က ကျွန်ုပ်အား ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ကို ဂရုစိုက်ဖို့ပြောလျှင် ကျွန်ုပ် အလေးအနက်ထားမည်မဟုတ်။ သို့သော် ဘုရားအိမ်တော်အတွက် အရေးကြီးသောကိစ္စတစ်ခုဖြင့် တာဝန်ပေးခြင်း ခံရလျှင် ကျွန်ုပ်သည် ယင်းကို သေချာပေါက် ကောင်းစွာထမ်းဆောင်မည်” ဟု ဆိုသည်။ ဤသည်မှာ ကျိုးကြောင်းညီညွတ်သလော။ (မညီညွတ်ပါ။) အဘယ်ကြောင့် မညီညွတ်သနည်း။ တစ်စုံတစ်ယောက်သည် သူ၏ တာဝန်ပေးစေခိုင်းချက်က မည်သည့်အရာဖြစ်နိုင်ပါစေ ကြီးမားသောကိစ္စ၌ရော၊ သေးငယ်သောကိစ္စ၌ပါ မှန်ကန်သော အမြင်ရှုထောင့်ရှိလျှင်၊ သူသည် စိတ်ရင်းတွင် မှန်ကန်ပြီး အရည်အသွေး၌ မြင့်မြတ်လျှင်၊ သမာဓိရှိပြီး စိတ်ချရလျှင်၊ ကျင့်ကြံပြုမူရာ၌ ကိုယ်ကျင့်တရား အပြုအမူရှိလျှင် ယင်းသည် တန်ဖိုးရှိပြီး ကွဲပြားသည်။ ဤသို့သောလူတို့သည် မည်သည့်ကိစ္စကိုမဆို သူ၏ ကိုယ်ကျင့်တရားအပြုအမူနှင့် ယုံကြည်ကိုးစားထိုက်ခြင်းနှင့် ကိုင်တွယ်သည်။ ကိုယ်ကျင့်တရားမရှိသော၊ ယုံကြည်ကိုးစားဖို့ မထိုက်တန်သော သူတစ်ဦးက “ဘုရားသခင်သည် ငါ့အား တစ်စုံတစ်ခုကို တိုက်ရိုက်တာဝန်ပေးစေခိုင်းလျှင် ငါသည် ယင်းကို သေချာပေါက် ကောင်းစွာ ကိုင်တွယ်မည်” ဟု ဆိုခဲ့လျှင် ယင်းသည် မှန်ကန်လိမ့်မည်လော။ ယင်းသည် အနည်းငယ် ဟိတ်ဟန်များလွန်းပြီး လှည့်ဖြားခြင်းဖြစ်လိမ့်မည်။ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ သင့်ကို အခြားလူများက အဘယ်သို့ ယုံကြည်ထိုက်နိုင်သနည်း။ သင်၏ စကားများက မစစ်မှန်သည့်ပုံစံရှိသည်။ ယင်းတို့သည် လှည့်ကွက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်တွင် နေရာတစ်ခုကို စောင့်ရန်အတွက် တစ်ချိန်က ခွေးငယ်နှစ်ကောင်ရှိခဲ့သည်။ ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ တစ်စုံတစ်ယောက်ကို စီစဉ်ထားခဲ့သည်။ သူသည် သူ၏အပိုင်ကဲ့သို့ ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်ပြီး ကိုင်တွယ်သည်။ ထိုလူသည် ခွေးများကို အလွန်အမင်းနှစ်သက်ခြင်းမရှိ။ သို့သော်လည်း ၎င်းတို့ကို ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်သည်။ ခွေးတစ်ကောင်က ဖျားနာသောအခါ သူသည် ၎င်းကို ကုသပေးပြီး ရေချိုးပေးကာ အချိန်မှန် အစာကျွေးသည်။ ခွေးများကို သူ မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ဤခွေးများကို ကြည့်ရှုစောင့်ရှောက်ခြင်းအား သူ၏ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်အဖြစ် မှတ်ယူသည်။ ထိုနေရာတွင် လူ့သဘာဝ၌ရှိသင့်သောအရာတစ်ခု မရှိသလော။ ထိုသူသည် လူ့သဘာဝရှိသည်။ ထို့ကြောင့် သူသည် ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ခွေးနှစ်ကောင်သည် အခြားလူတစ်ယောက် ကြည့်ရှုစောင့်ရှောက်ရန် အပေးခံလိုက်ရပြီး ထိုလအတွင်းတွင်ပင် ၎င်းတို့သည် သနားစရာကောင်းလောက်အောင် ပိန်လှီကြလေသည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ခွေးများ ဖျားနာသောအခါ မည်သူကမျှ ဂရုမစိုက်ခဲ့၊ သို့မဟုတ် သတိမထားမိခဲ့ပေ။ ပြီးလျှင် ၎င်းတို့၏ စိတ်ဆင်းရဲခြင်းက ၎င်းတို့၏ အစာစားချင်စိတ်ကို ထိခိုက်ခဲ့သည်။ ဤသည်မှာ ၎င်းတို့ အဆုံးတွင် အလွန်ပိန်သွားရသည့် ပုံစံဖြစ်သည်။ ဤသည်မှာ ထိုလူက ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်သည့်ပုံစံဖြစ်သည်။ လူတို့ကြားတွင် ခြားနားမှုတစ်ခုရှိသလော။ (ရှိပါသည်။) မည်သည့်နေရာတွင်နည်း။ (၎င်းတို့၏ လူ့သဘာဝတွင်ဖြစ်သည်။) ခွေးများကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ခဲ့သောသူသည် သမ္မာတရား အရေအတွက်များစွာတို့ကို နားလည်ခဲ့သလော။ မလွဲမသွေ ဤသို့ဖြစ်ခြင်းမျိုး မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ကို အားရလောက်အောင် ကြည့်ရှုစောင့်ရှောက်ခဲ့ခြင်း မရှိသူသည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ ပို၍အချိန်ကာလတိုတောင်းခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပေမည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ထိုလူနှစ်ဦးကြား၌ ဤသို့ ကြီးမားသောကွာခြားချက်ရှိသနည်း။ ကွာခြားသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက် ဖြစ်နေသောကြောင့် ဖြစ်သည်။ လူအချို့သည် စိတ်ချရသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်အား ကတိပေးသောအခါတွင် ထိုအရာအား လုပ်ဆောင်ရသည်ကို ၎င်းတို့ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ၎င်းတို့သည် အဆုံး၌ မိမိတို့ကိုယ်ကို စာရင်းရှင်းနိုင်လိမ့်မည်။ ၎င်းတို့သည် တာဝန်တစ်ခုကို လွှဲပြောင်းယူသည့်အခါ တစ်လှမ်းပြီးတစ်လှမ်းဖြင့် ပြီးမြောက်အောင် လုပ်ဆောင်မည်မှာ သေချာ၏။ ၎င်းတို့သည် အခြားသူများ ပေးအပ်သော ယုံကြည်မှုအတိုင်း နေထိုင်ပြုမူကြပြီး မိမိတို့၏ စိတ်နှလုံးသားနှင့်လည်း ထိုက်တန်စွာ နေထိုင်ကြ၏။ ၎င်းတို့တွင် အသိစိတ်ရှိပြီး ထိုအသိစိတ်ဖြင့် အရာအားလုံးကို တိုင်းတာသည်။ လူအချို့တွင် အသိစိတ်မရှိပေ။ ၎င်းတို့သည် ကတိပေးပြီးနောက်တွင် ကတိတည်ရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က “၎င်းတို့သည် ငါ့ကို ယုံကြည်ခဲ့သည်။ ၎င်းတို့၏ ယုံကြည်မှုကို ထိန်းသိမ်းရန် ကောင်းစွာလုပ်ဆောင်ရမည်” ဟု မပြောပေ။ ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်နှလုံးမဟုတ်သကဲ့သို့ ၎င်းတို့တွေးသည့် ပုံစံမဟုတ်ပေ။ ယင်းသည် လူ့သဘာဝ၌ ကွဲပြားခြင်းတစ်ခုမဟုတ်လော။ ငါ့ကို ပြောလော့။ ကောင်းစွာလုပ်ဆောင်ခဲ့သူသည် ထိုသို့လုပ်ဆောင်ရန် အချိန်ကုန် လူပန်းဖြစ်သည်ဟု မြင်သလော။ သူသည် အလွန်အမင်းမောပန်းသည်၊ သို့မဟုတ် အချိန်ကုန် လူပန်းဖြစ်သည်ဟု မမြင်ခဲ့ပေ။ မည်သို့ကောင်းစွာလုပ်ဆောင်ရမည်ကို အဖြေရှာဖို့ ကြိုးစားလျက် ဦးနှောက်ခြောက်မခံပေ။ ပြီးလျှင် ထိုကိစ္စအတွက် မကြာခဏ ဆုမတောင်းပေ။ မည်သည့်အရာသည် လုပ်ဆောင်ရန် သင့်လျော်သည့်အရာဖြစ်မည်ကို ၎င်းတို့စိတ်နှလုံး၌ သိခဲ့သည်။ ထို့ကြောင့် ထိုဝန်တာကို ၎င်းတို့ ယူခဲ့သည်။ ဝန်ထုတ်ဝန်ပိုးကို ထမ်းလိုစိတ် မရှိသူသည်လည်း တာဝန်ကို လက်ခံခဲ့ကာ လက်ခံပြီးသည်နှင့် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုဟု မြင်သည်။ ခွေးများက ဟောင်သောအခါ ၎င်းတို့သည် စိတ်တိုပြီး ခွေးများကို “ဟောင်ရဲလျှင် ဟောင်လိုက်လော့။ နောက်တစ်ကြိမ်ဟောင်လျှင် ငါသည် သင့်ကို အသေကန်ပစ်မည်” ဟူ၍ အပြစ်ဖော်ဆုံးမသည်။ ဤတွင် လူ့သဘာဝမတူညီမှုတစ်ခု ရှိသည်မဟုတ်လော။ ရှိသည်။ ကြီးသောအရာတစ်ခု ဖြစ်သည်။ လူအချို့တွင် ၎င်းတို့ကို သင်က တစ်စုံတစ်ခု တာဝန်ပေးသောအခါ စိတ်တိုစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုဟုလည်းကောင်း၊ လွတ်လပ်မှုအနည်းငယ်သာ ပေးသည်ဟုလည်းကောင်း မြင်သည်။ “နောက်ထပ်အလုပ်တစ်ခုဖြစ်သလော။ ကျွန်ုပ်၌ လုပ်စရာများစွာရှိနေပြီ ဖြစ်သည်။ ကျွန်ုပ်သည် ဤနေရာတွင် လတ်လျားလတ်လျား နေနေခြင်းသာ မဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို ဘေးဖယ်ထားရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းခြင်းအတွက် မိမိတို့ကိုယ်ကို ခွင့်လွှတ်ရန် ဆင်ခြေမျိုးစုံပေးသည်။ ၎င်းတို့တွင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း မဆန်းစစ်ပေ။ ဤအစား ၎င်းတို့၏ ညံ့ဖျင်းသော လူ့သဘာဝကို ခွင့်လွှတ်စေရန် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများနှင့် ဆင်ခြေများကို ပေးသည်။ ဤသည်မှာ လူ့သဘာဝညံ့ဖျင်းသောသူများ ပြုမူသည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သောသူတစ်ဦးသည် သမ္မာတရား လက်တွေ့ကျမှုကို ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့မချစ်သကဲ့သို့ အပြုသဘောဆောင်သော အရာများကို ၎င်းတို့ မချစ်ပေ။ ဤသည်မှာ မမှန်သလော။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကိုလည်း မပိုင်ဆိုင်သကဲ့သို့ အပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုကိုလည်း မပိုင်ဆိုင်ပေ။ ၎င်းတို့အတွင်းတွင် ထိုအနှစ်သာရမရှိ။ ဤသို့ဆိုလျှင် သမ္မာတရားနှင့် ပုံမှန်လူ့သဘာဝကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ တစ်စုံတစ်ယောက်အနေဖြင့် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သူ၏ လူ့သဘာဝအတွင်းထဲ၌ မည်သည့်အရာရှိရမည်နည်း။ ပထမဦးစွာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရမည်။ မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်နေသည်ဖြစ်စေ မှန်ကန်သော သဘောထား၊ မှန်ကန်သော စဉ်းစားပုံ၊ မှန်ကန်သော အမြင်ရှုထောင့်ရှိရမည်။ ဤအရာများဖြင့်သာ ပုံမှန်လူ့သဘာဝရှိနိုင်သည်။ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။