ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အပိုင်း လေး

၆။ တောင်ပေါ်ဒေသနာ

မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂)

ဆားနှင့်အလင်း (ရှင်မဿဲ ၅:၁၃-၁၆)

ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀)

အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆)

အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀)

အိမ်ထောင်ရေးကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂)

ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇)

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂)

ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈)

လှူဒါန်းခြင်းနှင့်ပတ်သက်သော လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄)

ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈)

၇။ သခင်ယေရှု၏ ပုံဥပမာများ

မျိုးစေ့ကြဲသူ၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉)

တောပင်များ၏ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀)

မုန်ညင်းစေ့၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၁-၃၂)

တဆေး၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၃)

တောပင်များ၏ ပုံဥပမာကို ရှင်းပြထားခြင်း (ရှင်မဿဲ ၁၃:၃၆-၄၃)

ဘဏ္ဍာ၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၄)

ပုလဲ၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၅-၄၆)

ပိုက်ကွန်၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၇-၅၀)

၈။ ပညတ်တော်များ

ရှင်မဿဲ ၂၂:၃၇-၃၉ ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

“တောင်ပေါ်ဒေသနာ”၏ အပိုင်းတစ်ခုစီကို အရင်ကြည့်ကြစို့။ ၎င်းတို့အားလုံးက မည်သည်နှင့်ဆက်စပ်သနည်း။ ဤအရာအားလုံးက ပိုပြီး မြှင့်တင်ထားသည်၊ ပိုပြီး ခိုင်မာသည်။ ပညတ်တော်ခေတ်၏ စည်းမျဉ်းတို့ထက်ပိုပြီး လူတို့၏ ဘဝများနှင့် နီးစပ်သည်ဆိုခြင်းကို သေချာပေါက်ပြောနိုင်သည်။ ခေတ်စကားနှင့်ပြောရလျှင် လူတို့၏ လက်တွေ့ကျင့်သုံးမှုတို့နှင့် ပိုပြီးဆက်စပ်သည်။

ဤအသေးစိတ်အကြောင်းအရာတို့ကို ဖတ်ကြည့်ကြစို့။ မင်္ဂလာတရားတော်တို့ကို သင်မည်ကဲ့သို့နားလည်သင့်သနည်း။ ပညတ်တော်နှင့်ပတ်သက်ပြီး သင်ဘာသိသင့်သနည်း။ အမျက်ဒေါသကို မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ အိမ်ထောင်ရေးဖောက်ပြန်သူတို့ကို မည်ကဲ့သို့ ကိုင်တွယ်သင့်သနည်း။ အိမ်ထောင်ရေးကွာရှင်းမှုနှင့် ပတ်သက်ပြီး မည်သည်တို့ကိုပြောထားပြီး မည်ကဲ့သို့ စည်းမျဉ်းများရှိသနည်း။ မည်သူက ကွာရှင်း၍ရပြီး မည်သူက ကွာရှင်း၍မရသနည်း။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်လော့၊ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များရော မည်ကဲ့သို့နည်း၊ စသည်ဖြင့်။ ဤအရာအားလုံးက ဘုရားသခင်အပေါ် လူသား၏ယုံကြည်မှုကို ကျင့်သုံးခြင်းနှင့် ဘုရားနောက်ကို သူတို့လိုက်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းနှင့် သက်ဆိုင်သည်။ ဤအလေ့အကျင့်တို့ထဲမှတချို့က ယနေ့အထိ အသုံးချ၍ ရနေပါသေးသည်။ သို့သော်လည်း လူတို့၏ လက်ရှိလိုအပ်ချက်တို့ထက် ပိုပြီး ခေတ်နောက်ကျသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှု၌ သူတို့ကြုံတွေ့ရသော အတော်လေး အခြေခံကျသော သမ္မာတရားများဖြစ်၏။ သခင်ယေရှုအလုပ်စလုပ်သောအချိန်မှစပြီး သူသည် လူသား၏ အသက်တာစိတ်သဘောထားအပေါ် အလုပ်လုပ်ရန် စနှင့်နေပြီးဖြစ်သည်။ သို့သော်လည်း ၎င်းသည် ပညတ်တော်တို့၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံထားသည်။ ဤခေါင်းစဉ်တို့၌ရှိသော စည်းမျဉ်းများနှင့် ဆိုရိုးများသည် သမ္မာတရားနှင့် မည်သို့သက်ဆိုင်ခြင်းရှိပါသနည်း။ သက်ဆိုင်ပေသည်။ ယခင်က စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် ကျေးဇူးတော်ခေတ်က ဒေသနာများ အားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ဆက်စပ်နေပြီး သမ္မာတရားနှင့်လည်း ဆက်စပ်ပေသည်။ ဘုရားသခင်က ဘာကိုပင်ဖော်ပြပါစေ၊ မည်ကဲ့သို့နည်းလမ်းနှင့် ဖော်ပြပါစေ၊ သို့မဟုတ် မည်ကဲ့သို့သော ဘာသာစကားကို အသုံးပြုပါစေ၊ သူ၏ အခြေခံအုတ်မြစ်၊ မူလအရင်းအမြစ်နှင့် သူ၏ အစမှတ်တို့ အားလုံးသည် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြေခံစည်းမျဉ်းတို့အပေါ်တွင် အခြေခံထားသည်။ ၎င်းတွင် အမှားအယွင်း မပါဝင်ပေ။ ထို့ကြောင့် ယခု သူပြောသောအရာတို့သည် အနည်းငယ် မလေးနက်ဟု ထင်ရသော်လည်း ၎င်းတို့သည်သမ္မာတရားမဟုတ်ဟု သင်မပြောနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အတွက်နှင့် သူတို့၏ ဘဝ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် ကျေးဇူးတော်ခေတ်၌ရှိသော လူတို့အတွက် ခွဲခြား၍မရနိုင်သော အရာတို့ဖြစ်သည်။ ဒေသနာထဲ၌ပါသော ဘယ်အရာတစ်ခုမှ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဘူးဟု သင်ပြောနိုင်သလော။ သင်မပြောနိုင်ပေ။ ဤအရာ တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်၏။ အကြောင်းမှာ ၎င်းတို့အားလုံးက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ လိုအပ်ချက်တို့ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ ဤအရာအားလုံးက ကိုယ့်ကိုယ်ကိုယ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ဆိုခြင်းအတွက် ဘုရားသခင်က ပေးသော အခြေခံသဘောတရားများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ဤအရာတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ သို့သော်လည်း ထိုအချိန်၌ရှိသော အသက်တာထဲ၌ သူတို့၏ကြီးပြင်းမှုအဆင့်အပေါ်တွင် အခြေခံပြီး ကြည့်လျှင် သူတို့သည် ဤအရာတို့ကို လက်ခံပြီး နားလည်သဘောပေါက်ခြင်းသာ ပြုလုပ်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသား၏အပြစ်တရားသည် မဖြေရှင်းရသေးချေ။ သခင်ယေရှုက ဤနှုတ်ကပတ်တော်တို့ကိုပင် ထုတ်လွှတ်နိုင်သည်။ လူတို့ မည်ကဲ့သို့ပြုမူသင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘယ်စည်းမျဉ်းနှင့် ရည်ရွယ်ချက်အတွင်းတွင် သူတို့ လုပ်သင့်သည်ဆိုသည်နှင့်၊ ဘုရားသခင်ကို သူတို့ မည်ကဲ့သို့ယုံကြည်ပြီး သူ၏လိုအပ်ချက်တို့ကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ဆိုသည်တို့ကို ထိုအချိန်က လူတို့ကို ပြောရန် ဤနယ်ပယ်အတွင်း၌ရှိသော ဤကဲ့သို့ ရိုးရှင်းသော သင်ကြားမှုတို့ကို သူသာလျှင် အသုံးပြုနိုင်သည်။ ဤအရာအားလုံးက ထိုအချိန်၌ လူသားမျိုးနွယ်၏ ဝိညာဉ်အသက်တာအပေါ်တွင် အခြေခံပြီး ပိုင်းခြားသတ်မှတ်သည်။ ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အတွက် ဤသင်ကြားမှုတို့ကို လက်ခံရန် မလွယ်ကူပေ။ ထို့ကြောင့် သခင်ယေရှုသင်ကြားသော အရာတို့သည် ဤနယ်ပယ်အတွင်းမှာပင် ရှိခဲ့ရသည်။

နောက်တစ်ခုအတွက် “သခင်ယေရှု၏ ပုံဥပမာများ”မှာ မည်သည်တို့ပါသနည်း ကြည့်ကြစို့။

ပထမတစ်ခုက မျိုးစေ့ကြဲသူ၏ ပုံဥပမာဖြစ်သည်။ ၎င်းက အမှန်တကယ် စိတ်ဝင်စားစရာကောင်းသော ပုံဥပမာတစ်ခုဖြစ်သည်။ မျိုးစေ့တို့ကိုကြဲခြင်းက လူတို့၏ဘဝမှာ ပြုလုပ်နေကျ အဖြစ်အပျက်ဖြစ်သည်။ ဒုတိယက တောပင်များ၏ ပုံဥပမာဖြစ်သည်။ တောပင်များက အဘယ်အရာများဖြစ်၏ဆိုသည်ကိုမူ ကောက်ပဲသီးနှံများကို စိုက်ပျိုးသောသူ ဘယ်သူမဆိုနှင့် လူကြီးသူမများက သိပါလိမ့်မည်။ တတိယ မုန်ညင်းစေ့၏ ပုံဥပမာဖြစ်သည်။ သင်တို့အားလုံး မုန်ညင်းပင်က ဘာဆိုသည်ကို သိသည်မဟုတ်လော။ သင်တို့ မသိဘူးဆိုလျှင် သမ္မာကျမ်းထဲမှ ကြည့်ကြည့်နိုင်သည်။ စတုတ္ထတစ်ခုက တဆေး၏ ပုံဥပမာ၊ တဆေးကို အချဉ်ဖောက်ရန်အတွက် အသုံးပြုသည်ဆိုသည်ကို လူအများစု သိကြသည်။ လူတို့က သူတို့၏နေ့စဉ်ဘဝမှာ အသုံးပြုသောအရာပင်ဖြစ်သည်။ ခြောက်ခုမြောက်ဖြစ်သော ဘဏ္ဍာ၏ ပုံဥပမာ၊ ခုနစ်ခုမြောက်ဖြစ်သော ပုလဲ၏ ပုံဥပမာ၊ ရှစ်ခုမြောက်ဖြစ်သော ပိုက်ကွန်၏ ပုံဥပမာတို့ အပါအဝင် အောက်တွင်ရှိသော ပုံဥပမာအားလုံးသည် လူတို့၏ဘဝတို့မှ ဆွဲယူထားခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးက လူတို့၏ လက်တွေ့ဘဝမှ လာသည်။ ဤပုံဥပမာတို့မှာ မည်ကဲ့သို့သောပုံတို့ကို ဆေးခြယ်ထားသနည်း။ ဤအရာက သာမန်ဘဝတစ်ခု၏ ဘာသာစကားကို အသုံးပြုရင်း၊ လူသားတို့နှင့် ဆက်သွယ်ပြောဆိုရန် လူသား၏ ဘာသာစကားကို အသုံးပြုရင်း၊ သူတို့လိုအပ်သည်ကို ပံ့ပိုးရန်အတွက် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်လာပြီး လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်နေထိုင်သော ပုံဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်နှင့်အတူ အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်သောအခါတွင် လူတို့၏ ဘဝနေမှုပုံစံအမျိုးမျိုးကို သူကြုံတွေ့ပြီး၊ မျက်မြင် မြင်တွေ့ပြီးနောက်တွင် ဤအတွေ့အကြုံတို့သည် သူ၏ ဘုရားဘာသာစကားမှ လူသားဘာသာစကားသို့ ကူးပြောင်းရန်အတွက် သူ၏ လက်သုံးစာအုပ်ဖြစ်လာသည်။ ဟုတ်ပါသည်။ ဘဝမှာ သူမြင်ပြီး ကြားရသော ဤအရာတို့သည် လူသား၏လူသားအတွေ့အကြုံကိုလည်း တိုးတက်စေသည်။ သမ္မာတရားတချို့ကို လူတို့အား သူ နားလည်စေလိုသောအခါတွင် ဘုရားသခင်၏ အလိုတော်တချို့ကို နားလည်စေလိုသောအခါတွင်၊ ဘုရားသခင်၏အလိုတော်နှင့် လူသားမျိုးနွယ်အတွက် သူ၏လိုအပ်ချက်တို့နှင့်ပတ်သက်ပြီး လူတို့ကိုပြောပြရန် အပေါ်မှာပါသော အရာတို့နှင့် ဆင်တူသော ပုံဥပမာတို့ကို သူအသုံးပြုနိုင်သည်။ ဤပုံဥပမာတို့အားလုံးက လူသားတို့၏ ဘဝတို့နှင့် ဆက်စပ်နေသည်။ လူသား၏ဘဝနှင့် မသက်ဆိုင်သော အရာတစ်ခုမျှ မပါပေ။ သခင်ယေရှုက လူသားမျိုးနွယ်နှင့်အတူ နေထိုင်သောအခါ၌ လယ်သမားတို့က သူတို့၏လယ်ကွင်းကို ပျိုးထောင်နေသည်ကို သူမြင်ရသည်။ တောပင်တို့က ဘာဆိုသည်၊ တဆေးက ဘာဆိုသည်ကို သူသိသည်။ လူသားတို့က ဘဏ္ဍာများကို ကြိုက်နှစ်သက်သည် ဆိုသည်ကိုလည်း သူသိသည်။ ထို့ကြောင့် ဘဏ္ဍာနှင့် ပုလဲနှစ်ခုလုံးကို တင်စားပြီး အသုံးပြုခဲ့သည်။ ငါးဖမ်းသမားတို့က သူတို့ပိုက်ကွန်များကို ပစ်နေကြခြင်းကို သူ့အသက်တာထဲ၌ မကြာခဏတွေ့ခဲ့ရသည်။ သခင်ယေရှုသည် လူ့ဘဝနှင့်ဆက်နွှယ်နေသည့် ထိုအရာနှင့် အခြားသောလှုပ်ရှားမှုများကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ထိုကဲ့သို့ဘဝမျိုးကို သူလည်း ကြုံတွေ့ခဲ့ရသည်။ သူသည် အခြား သာမန်လူတို့လိုပင် အတူတူပင်ဖြစ်သည်။ လူသားတို့၏ တစ်ရက်သုံးနပ်နှင့် နေ့စဉ်လုပ်ငန်းတို့ကို ကြုံတွေ့ရသည်။ သာမန်လူတစ်ယောက်၏ ဘဝကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ အခြားလူတို့၏ဘဝတို့ကို သူမျက်မြင်တွေ့ကြုံခဲ့ရသည်။ ဤအရာအားလုံးကို သူမျက်မြင်ကြုံတွေ့ပြီး ကိုယ်တိုင်တွေ့ကြုံရသောအခါ သူစဉ်းစားသည်က ကောင်းမွန်သောဘဝကို ရအောင် မည်ကဲ့သို့လုပ်ရမည်နည်း၊ သို့မဟုတ် ပိုပြီးလွတ်လပ်စွာ၊ သက်တောင့်သက်သာရှိစွာနှင့် မည်ကဲ့သို့နေထိုင်နိုင်မည်နည်းဆိုခြင်းတို့ မဟုတ်ပေ။ စစ်မှန်သော လူသားဘဝကို သူကြုံတွေ့ရသောအခါ သခင်ယေရှုသည် လူတို့၏ဘဝများ၌ရှိသော အခက်အခဲတို့ကို သူမြင်ခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေထိုင်ရင်း၊ အပြစ်တရားထဲ၌ နေထိုင်ရင်း စိတ်ဆင်းရဲမှုများ၊ စာတန်၏ အကျင့်ဖျက်ဆီးခြင်းအောက်၌ လူတို့၏ ဝမ်းနည်းခြင်းတို့ဖြစ်သော အခက်အခဲများကို သူမြင်ခဲ့သည်။ သူသည် လူသားဘဝကို ကိုယ်တိုင် ကြုံတွေ့နေစဉ်မှာ အကျင့်ပျက်စီးခြင်း၌ နေထိုင်နေကြသော လူတို့ မည်မျှ အကူအညီမဲ့နေသည်ဆိုသည်ကိုလည်း ကြုံတွေ့ခဲ့သည်။ အပြစ်တရား၌ အသက်ရှင်နေထိုင်သော လူသားတို့၏ အလွန်စိတ်ပျက်စရာကောင်းသော အခြေအနေများ၊ စာတန်၏၊ မကောင်းမှု၏ နှိပ်စက်ခြင်းထဲ၌ ပျောက်ဆုံးနေသူတို့ကိုလည်း သူကြုံတွေ့ခဲ့သည်။ သခင်ယေရှုက ၎င်းတို့ကိုမြင်သောအခါ ဤအရာတို့ကို သူ၏ ဘုရားသဘောသဘာဝနှင့် မြင်ခြင်းလော၊ သူ၏ လူ့သဘာဝနှင့် မြင်ခြင်းလော။ သူ၏ လူ့သဘာဝက အမှန်တကယ်ပင် ဖြစ်တည်ခဲ့သည်။ အတော်ပင် အသက်ရှင်နေသည်။ သူသည် ဤအရာအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်သည်။ သူ၏ အနှစ်သာရ၊ သူ၏ ဘုရားသဘောသဘာဝထဲ၌လည်း သူမြင်ခဲ့သည်။ ၎င်းကခရစ်တော်ကိုယ်တိုင်ဖြစ်သော သခင်ယေရှု၊ လူသားက ဤသည်ကိုမြင်ခဲ့သည်။ သူမြင်သောအရာတိုင်းက သူ့ကို ဤအချိန်မှာ လူ့ဇာတိ၌ သူလုပ်ခဲ့သော အလုပ်၏ အရေးကြီးမှုနှင့် လိုအပ်မှုကို ခံစားရစေသည်။ လူ့ဇာတိမှာ သူယူဆောင်ရမည့် တာဝန်ဝတ္တရားက အလွန်ကြီးမားသည်ဆိုသည်၊ သူရင်ဆိုင်ရမည့် နာကျင်မှုက မည်မျှ ရက်စက်မည်နည်းဆိုသည်တို့ကို သူကိုယ်တိုင်သိခဲ့သော်လည်း လူသားမျိုးနွယ်က အပြစ်တရား၌ အကူအညီမဲ့ဖြစ်နေခြင်းကို သူမြင်ရသောအခါတွင်၊ သူက သူတို့ဘဝ၏ စိတ်ဆင်းရဲမှုနှင့် ပညတ်တော်အောက်၌ သူတို့၏ အားနည်းသော ရုန်းကန်မှုကို သူမြင်ရသောအခါ ပိုပြီး ဝမ်းနည်းခြင်းကို ခံစားရပြီး လူသားမျိုးနွယ်ကို အပြစ်တရားမှကယ်တင်ရန် ပိုပြီး အလောကြီးလာသည်။ မည်ကဲ့သို့ အခက်အခဲတို့ကို သူကြုံရပါစေ၊ သို့မဟုတ် မည်ကဲ့သို့ နာကျင်မှုမျိုးကို သူခံစားရပါစေ၊ သူသည် အပြစ်တရား၌ အသက်ရှင်နေထိုင်နေသော လူသားမျိုးနွယ်ကို ပြန်လည်ရွေးနုတ်ရန် ပို၍ပို၍ဆုံးဖြတ်လာသည်။ ဤဖြစ်စဉ်အတောအတွင်းမှာ သခင်ယေရှုသည် သူလုပ်ရမည့်အလုပ်တို့နှင့် သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာအတွက် ပို၍ပို၍ ရှင်းရှင်းလင်းလင်း စတင်နားလည်လာပါပြီ။ သူယူဆောင်ခဲ့သော အလုပ်ကို ပြီးမြောက်စေရန်၊ သူသည် ပို၍ပင် ဆန္ဒပြင်းပြလာသည်။ လူသားမျိုးနွယ်အားလုံး၏ အပြစ်တို့ကို ဆောင်ယူရန်၊ အပြစ်မှာ သူတို့မနေရတော့ရန်အတွက် လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းအလုပ်ကို ပိုပြီး ရှေ့တိုးစေရင်း အပြစ်ဖြေရာယဇ်အတွက်ကြောင့် ဘုရားသခင်သည် လူသား၏ အပြစ်တို့ကို ခွင့်လွှတ်နိုင်ပါလိမ့်မည်။ သခင်ယေရှု၏ နှလုံးသားထဲ၌ သူသည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပေးဆပ်ရန်၊ သူ့ကိုယ်သူ ယဇ်ပူဇော်ရန် ဆန္ဒရှိနေသည်ဟု ပြော၍ရသည်။ အပြစ်ဖြေရာယဇ်အဖြစ် ပြုမူရန်၊ လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရန်အတွက်လည်း သူဆန္ဒရှိနေခဲ့သည်။ သူက ဤအလုပ်ကို မြန်မြန်ပြီးလိုခဲ့သည်။ လူသားတို့၏ ဘဝများ၊ စိတ်ဆင်းရဲရသော အခြေအနေများကို သူမြင်ရသောအခါ တစ်မိနစ် တစ်စက္ကန့်မျှ မနှောင့်နှေးဘဲ သူ၏ အလုပ်တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးပြီးရန် ပို၍ပင်ဖြည့်ဆည်းလိုလာသည်။ သူ့မှာ ဤကဲ့သို့ အလောတကြီး ခံစားမှုမျိုးကို ခံစားရသောအခါတွင် သူ၏ ကိုယ်ပိုင်နာကျင်မှုက မည်မျှများမည်နည်းဆိုသည်ကို သူမစဉ်းစားခဲ့သကဲ့သို့ သူတောင့်ခံရမည့် အရှက်ရခြင်းတို့ မည်မျှများမည်နည်းဆိုသည်ကိုလည်း မစဉ်းစားတော့ပေ။ သူ့နှလုံးသားမှာ ထင်မြင်ယူဆချက် တစ်ခုတည်းပင် ကိုင်စွဲထားသည်။ သူ့ကိုယ်သူပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်အနေနှင့် သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့် အရိုက်ခံရသရွေ့ ဘုရားသခင်၏အလိုတော်က ဆောင်ရွက်မည်ဖြစ်ပြီး သူက အလုပ်အသစ်ကို စတင်နိုင်ပါလိမ့်မည်။ အပြစ်ထဲ၌ရှိသော လူသားမျိုးနွယ်၏ဘဝ၊ အပြစ်တရား၌ သူတို့၏ ဖြစ်တည်မှုအခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်နှင့် သူပြုလုပ်ရန် ဆုံးဖြတ်ထားသောအရာတို့သည် လူသားကို ကယ်တင်ခြင်းနှင့် ဆက်စပ်နေသည်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပင်ရှိသည်။ သူ့အလုပ် နောက်တစ်ဆင့်ကို သူသည် အောင်အောင်မြင်မြင်နှင့် စတင်နိုင်ရန်အတွက် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်ဖြစ်သည်။ ၎င်းသည် ထိုအချိန်၌ သခင်ယေရှု၏ စိတ်ထဲ၌ အဘယ်အရာရှိသည်ဆိုခြင်းပင်ဖြစ်၏။

လူ့ဇာတိမှာ အသက်ရှင်နေထိုင်ရင်း လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်သည်။ သာမန်လူတစ်ယောက်၏ စိတ်ခံစားမှုတို့နှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ရှိသည်။ ပျော်ရွှင်ခြင်းက ဘာဆိုသည်၊ နာကျင်ခြင်းက ဘာဆိုသည်ကို သူသိပြီး လူသားမျိုးနွယ်ကို ဤကဲ့သို့ဘဝအမျိုးအစားမှာ သူမြင်သောအခါ လူတို့ကို သင်ကြားမှုတချို့ပေးရန်၊ သူတို့ကို တစ်စုံတစ်ခုထောက်ပံ့ရန်၊ သို့မဟုတ် သူတို့ကို တစ်စုံတစ်ခုသင်ပေးခြင်းက အပြစ်တရားမှ မလွတ်မြောက်စေနိုင်ပါကြောင်းကို အလေးအနက်ခံစားခဲ့ရသည်။ သူတို့ကို ပညတ်တော်တို့ကိုသာ နာခံပြီး အပြစ်မှ ရွေးနုတ်ရန် မလုပ်နိုင်ခဲ့ချေ။ လူသားမျိုးနွယ်၏ အပြစ်တရားကို သူယူတင်ပြီး အပြစ်ရှိသော လူ့ဇာတိ၏ ပုံသဏ္ဌာန်ဖြစ်လာသောအခါမှသာ လူသားမျိုးနွယ်၏ လွတ်လပ်ခြင်းအတွက် သူလဲလှယ်နိုင်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို လဲလှယ်နိုင်သည်။ ထို့ကြောင့် သခင်ယေရှုက အပြစ်တရား၌ရှိသော လူသားတို့၏ ဘဝကို ကြုံတွေ့ပြီး မျက်မြင်တွေ့ကြုံခဲ့ပြီးနောက် သူ့နှလုံးသားမှာ ထင်ရှားလာသော ပြင်းထန်သော ဆန္ဒတစ်ခုရှိခဲ့သည်။ အပြစ်တရား၌ ရှိသော သူတို့၏ ဘဝတို့ကို သူတို့ဘာသာသူတို့ ဖယ်ထုတ်ပစ်ရန် လူတို့ကို အခွင့်ပေးရန်ဖြစ်သည်။ ဤဆန္ဒသည် သူ့ကို ဖြစ်နိုင်သမျှ မြန်နိုင်သမျှ လက်ဝါးကပ်တိုင်ကိုသွားပြီး လူသားမျိုးနွယ်၏အပြစ်ကိုယူဆောင်ရန် ပို၍ပို၍ခံစားရစေသည်။ ဤအရာတို့သည် လူတို့နှင့် အတူ သူအသက်ရှင်နေထိုင်ပြီး အပြစ်တရား၌ရှိသော သူတို့ဘဝများ၏ စိတ်ဆင်းရဲမှုတို့ကို မြင်ပြီး၊ ကြားပြီး ခံစားရပြီးနောက်မှာ ထိုအချိန်မှာ ရှိသော သခင်ယေရှု၏ အတွေးတို့ဖြစ်သည်။ လူ့ဇာတိခံယူသောဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဤကဲ့သို့အလိုတော်မျိုးကို ရှိနိုင်သည်ဆိုသည်နှင့်၊ ဤကဲ့သို့ စိတ်သဘောထားမျိုးကို သူဖော်ပြပြီး ဖွင့်ပြနိုင်သည်ဆိုသည်မှာ၊ သာမန်လူတစ်ယောက်၌ ရှိနိုင်သော အရာတစ်ခုလော။ သာမန်လူတစ်ယောက်က ဤကဲ့သို့ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်နေထိုင်ခြင်းကို မည်ကဲ့သို့မြင်မည်နည်း။ သူတို့ ဘာကိုတွေးမည်နည်း။ သာမန်လူတစ်ယောက်က ၎င်းတို့အားလုံးကို ရင်ဆိုင်ရလျှင် ပြဿနာတို့ကို မြင့်မားသော ရှုထောင့်တို့မှ ကြည့်မည်လော။ လုံးဝ မဟုတ်ပေ။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျတူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတရံ၌ လူသားမျိုးနွယ်၏ နည်းလမ်းများ၊ သို့မဟုတ် ဖော်ပြချက်များမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း လူသားတို့ကို သူမြင်သောပုံစံ၊ အမှုအရာတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံသည် လုံးဝမတူပေ။ သူ့ရှုထောင့်နှင့် သူရပ်တည်သောအမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သမ္မာတရားဖြစ်သော်ကြောင့်၊ သူဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏အနှစ်သာရ ရှိပြီး သူ၏အတွေးတို့နှင့် သူ၏လူ့သဘာဝမှ ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာထဲ၌ သူဖော်ပြသောအရာသည် သမ္မာတရား၏ပံ့ပိုးပေးခြင်းနှင့် အသက်တာအတွက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သူမဆို သူ့စိတ်ထဲ၌ သူနှင့်ဆက်စပ်သောသူ အနည်းငယ်သာရှိသည်။ သူဂရုစိုက်သော၊ သူစိတ်မအေးသောလူ တချို့သာရှိသည်။ ဘေးဒုက္ခ နီးကပ်လာသောအခါ သူ၏သားသမီးတို့၊ အိမ်ထောင်ဘက်၊ သို့မဟုတ် မိဘတို့ကို သူအရင်စဉ်းစားပြီး ပို၍ ပရဟိတဆန်သောလူက အများဆုံးအနေဖြင့် ဆွေမျိုးတချို့၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမည်၊ ထပ်ပြီး စဉ်းစားသေးသလော။ မည်သည့်အခါမျှ မစဉ်းစားပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ၊ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင်နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါ လူသား၏အမြင်နှင့် ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။ သခင်ယေရှုထံ၌ ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းကို သင်တို့ မြင်သလော။ သခင်ယေရှုလုပ်ဆောင်သော၊ ပြောသောအရာတို့သည် သူ၏ အမှုတော်နှင့် ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်စပ်နေသည်၊ ၎င်းတို့အားလုံးက ဘုရားသခင်၏ အနှစ်သာရ၏ ဖော်ပြခြင်း၊ ဖွင့်ပြခြင်းဖြစ်သည်ဟု သင်တို့ ဆိုနိုင်သည်။ သူသည် လူသားအနေနှင့် ကိုယ်ထင်ပြခြင်း ရှိခဲ့သော်လည်း သူ၏ ဘုရားအနှစ်သာရနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖွင့်ပြခြင်းကိုတော့ ငြင်း၍မရပေ။ ဤလူသားအနေနှင့် ကိုယ်ထင်ပြခြင်းက အမှန်တကယ်ပင် လူ့သဘာဝ၏ ကိုယ်ထင်ပြခြင်းလော။ သူ၏ လူသားအနေနှင့် ကိုယ်ထင်ပြခြင်းက သူ၏ အနှစ်သာရအရ ဖောက်ပြန်ပျက်စီးသော လူတို့၏ လူသားအနေနှင့် ထင်ရှားပြသခြင်းနှင့် လုံးဝ ကွဲလွဲသည်။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည်။ သူက ပုံမှန်၊ ဖောက်ပြန်ပျက်စီးသောလူ အမှန်တကယ်ဖြစ်ခဲ့လျှင် ဘုရားသဘောသဘာဝ၏ ရှုထောင့်အမြင်မှ အပြစ်တရား၌ရှိသော လူသားမျိုးနွယ်၏ ဘဝတို့ကို သူမြင်နိုင်မည်လော။ လုံးဝ မမြင်နိုင်ပေ။ ဤသည်က လူသားနှင့် ပုံမှန်လူတို့ကြားထဲမှ ကွာဟချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသောလူတို့ အားလုံးက အပြစ်တရား၌ နေထိုင်ကြသည်။ တဖန် တစ်ယောက်ယောက်က အပြစ်တရားကို မြင်သောအခါတွင် သူတို့မှာ ၎င်းနှင့်ပတ်သက်ပြီး သီးသန့်ခံစားချက် မရှိပေ။ သူတို့အားလုံးက တစ်ပုံစံတည်းပင်။ ရွှံ့ထဲ၌နေသော ဝက်လိုပင် သက်သောင့်သက်သာမရှိခြင်းမျိုး၊ သို့မဟုတ် ညစ်ပတ်သကဲ့သို့ လုံးဝ မခံစားရပေ။ ကောင်းမွန်စွာစားနိုင်ပြီး ကောင်းမွန်စွာ အိပ်နိုင်သည်။ တစ်ယောက်ယောက်က ဝက်ခြံကို သန့်ရှင်းရေးလုပ်လျှင်ပင် ဝက်က အမှန်တကယ် သက်သာသကဲ့သို့ မခံစားရပေ။ ၎င်းက သန့်သန့်ရှင်းရှင်း ရှိနေမည် မဟုတ်ပေ။ မကြာခင်မှာပင် ဝက်က ရွှံ့ထဲ၌ပင် ထပ်ပြီး လှိမ့်နေရင်း လုံးဝ သက်သောင့်သက်သာရှိနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူက ရွံစရာကောင်းသော သတ္တဝါဖြစ်သောကြောင့်ပင်ဖြစ်သည်။ လူတို့က ဝက်ကိုမြင်သောအခါ ရွံစရာကောင်းသည်ဟု ခံစားကြသည်။ သင်က ဝက်ကို သန့်ရှင်းရေးလုပ်ပေးလျှင်ပင် သူက ပိုပြီး နေ၍ကောင်းသွားမည် မဟုတ်ပေ။ ထို့ကြောင့် အိမ်မှာ ဝက်ကို မည်သူမျှ မထားကြခြင်းဖြစ်သည်။ လူတို့က ဝက်တို့ကို မြင်သောပုံစံက ဝက်တို့ သူတို့ကိုယ်သူတို့ခံစားရသည်နှင့် အမြဲတမ်း ကွာခြားနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူတို့နှင့်ဝက်တို့က တူညီသောအမျိုးအစားမဟုတ်၍ဖြစ်သည်။ လူ့ဇာတိခံယူသော လူသားက ဖောက်ပြန်ပျက်စီးသောလူတို့နှင့် တူညီသောအမျိုးအစား မဟုတ်ချေ။ လူ့ဇာတိခံယူထားသော ဘုရားသခင်သာ ဘုရားအမြင်မှ ရပ်တည်နိုင်သည်။ လူသားမျိုးနွယ်ကိုကြည့်ရန်၊ အရာရာတိုင်းကို ကြည့်ရန် ဘုရားသခင်၏ အမြင့်မှ ရပ်တည်နိုင်သည်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်သောအခါ လူ့ဇာတိမှာ သူသည် မည်ကဲ့သို့ ဒုက္ခခံစားမှုတို့ကို ကြုံတွေ့ရသနည်း။ မည်သူက တကယ်နားလည်သနည်း။ တချို့လူတို့က ဘုရားသခင်က အလွန်ပင်ဒုက္ခခံရသည်ဟု ပြောသည်။ သူက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သော်လည်း လူတို့က သူ၏အနှစ်သာရကို နားမလည်ဘဲ သူ့ကို လူတစ်ယောက်ကဲ့သို့ အမြဲတစေဆက်ဆံပြီး ၎င်းက သူ့ကို ထိခိုက်နစ်နာစေပြီး မှားယွင်းသည်ဟု ခံစားရစေသည်ဟု ပြောကြသည်။ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းက အမှန်တကယ် များပြားသည်ဟု ပြောကြသည်။ အခြားလူတို့က ဘုရားသခင်က အပြစ်ကင်းစင်ပြီး အပြစ်တရားမပါဝင်ပေ။ သို့သော်လည်း သူက လူသားမျိုးနွယ်ကဲ့သို့ပင် ဒုက္ခခံစားပြီး လူသားမျိုးနွယ်နှင့်အတူ နှိပ်စက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခံရခြင်း၊ ဂုဏ်အသရေဖျက်ခံရခြင်းတို့ကို ခံစားရသည်ဟု ပြောကြသည်။ သူ့နောက်လိုက်တို့၏ အထင်လွဲခြင်းနှင့် မနာခံခြင်းတို့ကိုလည်း သူခံရသည်ဟု ပြောကြသည်။ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းက အမှန်တကယ်ပင် တိုင်းတာ၍ မရနိုင်ဟု ပြောကြသည်။ သင်တို့က ဘုရားသခင်ကို အမှန်တကယ်နားလည်ပုံမရချေ။ အမှန်တကယ်တွင်မူ သင်တို့ပြောသော ဤဒုက္ခခံစားရခြင်းက ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းအနေနှင့် ထည့်သွင်း၍မရပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းထက် ပိုပြီးကြီးမားသော ဒုက္ခခံစားရခြင်း ရှိသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကိုယ်တော်တိုင်အတွက် တကယ့်ဒုက္ခခံစားရခြင်းက အဘယ်နည်း။ လူ့ဇာတိခံယူထားသော ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းက အဘယ်နည်း။ ဘုရားသခင်အတွက် လူသားမျိုးနွယ်က သူ့ကို နားမလည်ခြင်းကို ဒုက္ခခံစားရခြင်းအဖြစ် ထည့်မတွက်ပေ။ လူတို့က ဘုရားသခင်ကို အထင်လွဲခြင်းနှင့် သူ့ကို ဘုရားသခင်အဖြစ် မမြင်ခြင်းက ဒုက္ခခံစားရခြင်းမဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်က အလွန်ကြီးမားသော တရားမမျှတမှုကို ခံစားရလိမ့်မည်၊ ဘုရားသခင်က လူ့ဇာတိ၌ရှိနေသော အချိန်မှာ လူသားမျိုးနွယ်ကို သူ၏ ဇာတိအဖြစ်တော်ကို ပြ၍မရပေ၊ သူ၏ကြီးမြတ်မှုကို လူတို့ကို မြင်ခွင့်ပေး၍မရပေ၊ ဘုရားသခင်က အရေးမပါသော လူ့ဇာတိ၌ ပုန်းကွယ်နေရသည်၊ ထို့ကြောင့် ၎င်းက သူ့အတွက် ညှဉ်းပန်းနှိပ်စက်သကဲ့သို့ဖြစ်နေမည်ဟု လူတို့က ခံစားကြရသည်။ လူတို့က ဘုရားသခင်၏ ဒုက္ခခံစားရခြင်းအပေါ် သူတို့နားလည်သောအရာအတိုင်း သူတို့မြင်သည့်အတိုင်း ခံယူပြီး ဘုရားသခင်အပေါ်ကို သနားခြင်းပေါင်းစုံနှင့် ပြသကြပြီး ဤသည်အတွက် ချီးမွမ်းခြင်းပင် အနည်းအပါး ပြုလုပ်ကြသည်။ လက်တွေ့မှာမူ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းကို လူတို့နားလည်ခြင်းနှင့် သူအမှန်တကယ်ခံစားရခြင်းတို့ ကြားထဲ၌ ကွဲပြားမှု၊ ကွာဟမှုတစ်ခုရှိသည်။ ငါသင်တို့ကို အမှန်တရားကို ပြောပြနေခြင်းဖြစ်သည်။ ဘုရားသခင်အတွက် ဘုရားသခင်၏ ဝိညာဉ်တော်၊ သို့မဟုတ် ဘုရားသခင်၏ ဇာတိခန္ဓာဖြစ်ပါစေ၊ ဤဒုက္ခခံစားရခြင်းက အမှန်တကယ် ဒုက္ခခံစားရခြင်း မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင် အမှန်တကယ် ဒုက္ခခံစားရခြင်းက အဘယ်နည်း။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ရှုထောင့်မှပင် ဘုရားသခင်၏ ဒုက္ခခံစားရခြင်းအကြောင်းကို ပြောကြစို့။

ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ၌၊ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်ရင်းနှင့် လူတို့နှင့် ဘေးချင်းယှဉ်ပြီး သာမန်၊ ပုံမှန်လူသားတစ်ယောက်ဖြစ်လာသောအခါတွင် လူတို့၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများ၊ အတွေးအခေါ်များကို သူ မမြင်ရ၊ မခံစားရသလော။ ဤစားဝတ်နေရေးအတွက် နည်းလမ်းများနှင့် ဥပဒေများက သူ့ကို မည်ကဲ့သို့ခံစားရစေသနည်း။ သူ့နှလုံးသားမှာ စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလော။ သူက အဘယ်ကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမည်နည်း။ စားဝတ်နေရေးအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများနှင့် ဥပဒေများက မည်သည်တို့ဖြစ်သနည်း။ မည်သည့်စည်းမျဉ်းစည်းကမ်းတို့အပေါ်မှာ သူတို့ အခြေခံထားသနည်း။ မည်သည့်အရာအပေါ်မှာ သူတို့အခြေခံသနည်း။ လူသားမျိုးနွယ်၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများစသဖြင့်၊ ၎င်းတို့အားလုံးသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့ကို အခြေခံထားပြီး ဖန်တီးခဲ့သည်။ ဤဥပဒေတို့အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိပေ။ သမ္မာတရားမရှိပေ။ သူတို့အားလုံးက သမ္မာတရားကို ဖီဆန်သည်။ ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရကို ကြည့်ကြည့်လျှင် သူ၏အနှစ်သာရသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ့အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာတို့အားလုံး၏ တကယ့်အစစ်အမှန်တို့နှင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ဤကဲ့သို့ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်နေသော ဘုရားသခင်သည် သူ့နှလုံးသားမှာ သူ မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်မှုတို့နှင့် ပြည့်နေသလော။ သူ့နှလုံးသားက နာကျင်နေပြီး ဤနာကျင်မှုက မည်သူကမျှနားလည်နိုင်၊ သို့မဟုတ် သိမြင်နိုင်သော အရာတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော၊ ကြုံတွေ့ရသော၊ ကြားရ၊ မြင်ရသောအရာရာတိုင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားအပေါ် သူတို့၏ ပုန်ကန်ခြင်း၊ ခုခံခြင်းတို့ပင် ဖြစ်သောကြောင့်ဖြစ်သည်။ လူသားဆီမှ လာသောအရာအားလုံးက သူ၏ ဒုက္ခခံစားရခြင်း အရင်းအမြစ်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရက ဖောက်ပြန်ပျက်စီးသော လူသားတို့နှင့် မတူညီသည့်အတွက်ကြောင့် ဖောက်ပြန်ပျက်စီးသောလူသားတို့သည် သူ၏ကြီးမားသော ဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ်လာသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ သူနှင့် ဘာသာစကားတူညီသော လူတစ်ယောက်ကို သူရှာတွေ့နိုင်သလော။ လူသားမျိုးနွယ်ကြားမှာ သူရှာ၍မရနိုင်ပေ။ ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုနိုင်သော၊ ဘုရားသခင်နှင့် ခွန်းတုံ့ဖလှယ်နိုင်သောသူ တစ်ယောက်မျှ မတွေ့ပေ။ ဘုရားသခင်မှာ မည်ကဲ့သို့ခံစားချက်မျိုးရှိမည်ဟု သင်ဆိုမည်နည်း။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ သူတို့ချစ်သောအရာများ၊ သူတို့ အားထုတ်ကြိုးပမ်းသောအရာတို့နှင့် တောင့်တမှုတို့အားလုံးက အပြစ်နှင့် မကောင်းမှုဘက်ကို ယိုင်နေသောအရာတို့နှင့်ပင် ပတ်သက်နေသည်။ ဘုရားသခင်က ၎င်းတို့အားလုံးကို ရင်ဆိုင်ရသောအခါ၌ သူ့နှလုံးသားကို ဓါးတစ်ချောင်းထိုးထားသကဲ့သို့မဖြစ်ဘူးလော။ ဤအရာတို့ကို ရင်ဆိုင်ပြီးသောနောက် သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်း ရှိနိုင်မည်လော။ ဖြေသိမ့်စရာကို သူရှာနိုင်မည်လော။ သူနှင့် နေထိုင်နေသောသူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်နေသည်။ သူ့နှလုံးသားက မည်ကဲ့သို့ ဒုက္ခမခံစားဘဲ နေနိုင်မည်နည်း။ ဤဒုက္ခခံစားခြင်းက အမှန်တကယ် မည်မျှကြီးမားသနည်း။ တဖန် ဤသည်ကို မည်သူက ဂရုစိုက်သနည်း။ မည်သူက အလေးထားသနည်း။ မည်သူက အသိအမှတ်ပြုနိုင်မည်နည်း။ လူတို့က ဘုရားသခင်၏ နှလုံးသားကို နားလည်ရန် မဖြစ်နိုင်ပေ။ သူ၏ ဒုက္ခခံစားရခြင်းသည် လူတို့က သေချာစွာ အသိအမှတ်မပြုနိုင်သောအရာဖြစ်ပြီး လူသားမျိုးနွယ်၏ အေးစက်ခြင်းနှင့် ထုံထိုင်းခြင်းက ဘုရားသခင်၏ ဒုက္ခခံစားရခြင်းကို ပို၍ နက်ရှိုင်းစေသည်။

သမ္မာကျမ်းစာထဲ၌ ဤကဲ့သို့ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ ဒုက္ခကို မကြာခဏသနားကြသော လူတချို့ရှိကြသည်။ “ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။” လူတို့က ဤသည်ကို ကြားသောအခါ လေးလေးနက်နက်ခံယူပြီး ၎င်းသည် ဘုရားသခင်ခံယူရသော အကြီးမားဆုံး ဒုက္ခခံစားရခြင်းပင်၊ ခရစ်တော်ခံယူရသော အကြီးဆုံး ဒုက္ခခံရခြင်းပင်ဟု ယုံကြည်ကြသည်။ ယခု အမှန်တရား၏ ရှုထောင့်မှ ကြည့်သောအခါ ဤကဲ့သို့ဟုတ်သလော။ ဤအခက်အခဲတို့က ဒုက္ခခံစားရခြင်းပင်ဟု ဘုရားသခင်က မမြင်ပေ။ လူ့ဇာတိ၏ အခက်အခဲတို့အတွက် တရားမမျှတမှုအတွက် ဘယ်သောအခါမျှ ငိုယိုအော်ဟစ်ခြင်းမရှိပေ။ တဖန် သူသည် လူသားတို့ကို ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် သူ့ကို တစ်ခုခုနှင့် ဆုချရန် တစ်ခါမျှ မလုပ်ဖူးချေ။ သို့သော်လည်း ဖောက်ပြန်ပျက်စီးသော ဘဝတို့နှင့် အကျင့်ပျက်စီးသော လူသားတို့၏ ဆိုးယုတ်ခြင်းဖြစ်သော လူသားမျိုးနွယ်၏ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရသောအခါ၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုသည်ကို မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်တရား၌ နေထိုင်နေသော လူတို့သည် သမ္မာတရားက အဘယ်နည်းဆိုသည်ကို မသိဘူးဆိုခြင်းကို မျက်မြင်ကြုံတွေ့ရသောအခါ ဤအပြစ်တရားတို့အားလုံးကို သူသည်းညည်းမခံနိုင်တော့ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းက တစ်နေ့တခြား တိုးပွားလာနေသည်။ သို့သော်လည်း ဤအရာအားလုံးကို သူတောင့်ခံရသည်။ ၎င်းက ဘုရားသခင်၏ ကြီးမားသော ဒုက္ခခံစားခြင်းပင်။ ဘုရားသခင်သည် သူ့နောက်လိုက်တို့ကြားမှာ သူ့နှလုံးသား၊ သို့မဟုတ် သူ့ခံစားချက်တို့၏ အသံကိုပင် အပြည့်အဝ မဖော်ပြနိုင်ပေ။ တဖန် သူ၏ ဒုက္ခခံစားရခြင်းကို သူ၏နောက်လိုက်တို့ထဲက ဘယ်သူကမျှ အမှန်တကယ် နားမလည်နိုင်ပေ။ မည်သူကမျှသူ့နှလုံးသားကို နှစ်သိမ့်မှုပေးရန်၊ သို့မဟုတ် နားလည်ရန်ပင် မကြိုးစားကြပေ။ သူ့နှလုံးသားသည် ဤဒုက္ခခံစားရခြင်းတို့ကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရသည်။ ဤအရာအားလုံးထဲ၌ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်က သူပေးခဲ့သောအရာအတွက် လူသားတို့ဆီမှ အပြန်အလှန်အနေနှင့် ဘာကိုမျှ မလိုအပ်ခဲ့ပေ။ သို့သော်လည်း ဘုရားသခင်၏ အနှစ်သာရကြောင့် လူသား၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို အတော်ကလေးခံစားရပြီး ဘုရားသခင်၏ နှလုံးသားနှင့် သူ၏လူ့ဇာတိသည် အဆုံးမရှိသော ဒုက္ခခံစားရခြင်းတို့ကို တောင့်ခံရခြင်းကို ဖြစ်စေသည်။ ၎င်းတို့အားလုံးကို သင်မြင်နိုင်သလော။ သင်တို့ထဲက မည်သူကမျှ ဤသည်ကို မမြင်နိုင်ရန်က များသည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲက မည်သူမျှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်သောကြောင့်ပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့ဘာသာ ဤသည်ကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားနိုင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။