အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ (အပိုင်း နှစ်)
အစတွင် ယေရှုသည် သူ၏ သာသနာပြုလုပ်ငန်းကို တရားဝင် မလုပ်ဆောင်သေးမီတွင် သူ၏ နောက်သို့ လိုက်သော တပည့်တော်များကဲ့သို့ပင် သူသည် တစ်ခါတစ်ရံ ဗိမာန်တော်အတွင်းတွင် အစည်း အဝေးများ တက်ရောက်ခဲ့သည်၊ ဓမ္မတေးများ သီဆိုခဲ့သည်၊ ချီးမွမ်းခြင်းများပေးသည်၊ ဓမ္မဟောင်းကျမ်းကို ဖတ်ခဲ့သည်။ သူသည် ဗတ္တိဇံခံ၍ ထလာပြီးနောက်တွင် ဝိညာဉ်တော်သည် သူ့အပေါ်တွင် တရားဝင် ဆင်းသက်ခဲ့ပြီး အလုပ်စတင်ခဲ့သည်၊ သူသည် မည်သူမည်ဝါဖြစ်သည်နှင့် သူထမ်းဆောင်ရမည့် သာသနာကို ဖော်ထုတ်ခဲ့သည်။ ဤမတိုင်ခင်တွင် မည်သူကမျှ သူ၏ သွင်ပြင်လက္ခဏာကို မသိခဲ့ကြ၊ မာရိမှလွဲ၍ ယောဟန် ပင်လျှင် မသိခဲ့။ ဗတ္တိဇံခံသည့် အချိန်တွင် ယေရှုသည် အသက် ၂၉ နှစ် ဖြစ်သည်။ ဗတ္တိဇံခံခြင်း ပြီးဆုံးသည့်အခါ ကောင်းကင်ဘုံသည် ပွင့်သွားပြီး အသံတစ်ခုက ပြောသည်မှာ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း”။ ယေရှု ဗတ္တိဇံခံပြီးသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဤနည်းဖြင့် သူ့ကို စတင် သက်သေပြုခဲ့သည်။ အသက် ၂၉ နှစ် ဗတ္တိဇံ မခံမီက သူသည် ပုံမှန် လူတစ်ဦးကဲ့သို့ အသက်တာကို နေထိုင်ခဲ့သည်၊ စားရမည့်အချိန်တွင် စားသည်၊ အိပ်ခြင်းနှင့် ဝတ်စားခြင်းမှာ ပုံမှန်ဖြစ်ပြီး သူ၏ ကိစ္စရပ်များ အားလုံးသည် အခြားသူများနှင့် ခြားနားခြင်းမရှိခဲ့ပေ။ မှန်ပေသည်၊ ယင်းမှာ လူ့ဇာတိ မျက်စိအတွက်သာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည်လည်း အားနည်းခဲ့ပြီး တစ်ခါတစ်ရံများတွင် သူသည် အမှုအရာများကို မပိုင်းခြား မသိမြင်နိုင်ပဲ ရှိသည်။ သမ္မာကျမ်းစာတွင် ရေးသားထားသကဲ့သို့သာ ဖြစ်သည်။ “ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလေ၏” ဤစကားလုံးများက သူ့တွင် သာမန်နှင့် ပုံမှန်လူ့သဘောသဘာဝ ရှိပြီး အခြားသော သာမန်လူများနှင့် မည်သို့မျှ ထူးကဲစွာ ခြားနားခြင်းမရှိကြောင်း ပြသနေလျက်ရှိသည်။ သူသည် သာမန်ပုဂ္ဂိုလ်ကဲ့သို့ ကြီးပြင်းခဲ့ပြီး သူနှင့်ပတ်သက်၍ ထူးခြားမှု ဘာမျှ မရှိခဲ့ပေ။ သို့ရာတွင် သူသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိခဲ့သည်။ ဗတ္တိဇံ ခံပြီးနောက်တွင် သူသည် သွေးဆောင်ဖြားယောင်းခြင်း စတင်ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် သူ၏ သာသနာကို စတင် အကောင်အထည် ဖော်ပြီး တန်ခိုး၊ ဉာဏ်ပညာနှင့် အခွင့်အာဏာ ရှိလာခဲ့သည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်း အလုပ်လုပ်ခြင်းမရှိ သို့မဟုတ် ဗတ္တိဇံ မခံမီက သူ့အတွင်းတွင် ရှိမနေဟု ပြောခြင်းမဟုတ်ပါ။ ဗတ္တိဇံ မခံမီက သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်းတွင် ကျိန်းဝပ်ပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်မည့်အချိန်တွင် အကန့်အသတ်များ ရှိသည့်အပြင် ပုံမှန်လူများသည် ပုံမှန် ကြီးထွားခြင်း ဖြစ်စဉ်ရှိရာ တရားဝင် အလုပ်စတင်ခြင်း မရှိသေးပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်းတွင် အစဉ်အမြဲ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ယေရှုဖွားမြင်သောအခါ သူသည် အခြားသူများနှင့် ခြားနားပြီး မိုးသောက်ကြယ် ပေါ်ပေါက်ခဲ့သည်။ ယေရှုမမွေးဖွားမီ ကောင်းကင်တမန် တစ်ပါးသည် ယောသပ်၏အိပ်မက်တွင်ပေါ်လာပြီး မာရိသည် သားယောက်ျားလေး ဖွားမြင်မည့်အကြောင်းနှင့် ထိုကလေးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူမည့်အကြောင်း ပြောခဲ့သည်။ ယင်းမှာ ယေရှု ဗတ္တိဇံ ခံယူပြီးနောက်မှ ဖြစ်သည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို တရားဝင် စလုပ်ခဲ့ချိန်လည်းဖြစ်ပြီး သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အပေါ် ချိုးငှက်ကဲ့သို့ သက်ဆင်းခဲ့သည်ဆိုသည့် ပြောဆိုချက်သည် သူ၏ သာသနာကို တရားဝင် စတင်ခဲ့ခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲတွင် ယခင်ကလည်း ရှိခဲ့ပြီး ဖြစ်သော်လည်း အချိန်မရောက်သေးသည်ဖြစ်ရာ သူသည် အလုပ်များကို မစတင်ခဲ့သေးသောကြောင့် ဝိညာဉ်တော်သည် အလျင်အမြန် အလုပ်မစခဲ့သေးပေ။ ဝိညာဉ်တော်သည် ဗတ္တိဇံ ခံခြင်းမှတစ်ဆင့် သူ့ကို သက်သေခံသည်။ သူသည် ရေထဲမှ ထွက်လာသည့်အခါ ဝိညာဉ်တော်သည် သူ့အထဲတွင် တရားဝင် အလုပ်စတင်ခဲ့သည်။ ယင်းသည် ဘုရားသခင် ခံယူသော လူ့ဇာတိသည် သူ၏ သာသနာကို စတင်ဖြည့်စွမ်းကြောင်း၊ ရွေးနုတ်ခြင်း အလုပ်ကိုလည်း စတင်ခဲ့ကြောင်း၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ် တရားဝင် စတင်ခဲ့ခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ သို့ဖြစ်ရာ သူသည် မည်သည့်အလုပ် လုပ်သည်ဖြစ်စေ ဘုရားသခင် အလုပ်အတွက် အချိန်ဆိုသည်မှာ ရှိသည်။ ဗတ္တိဇံခံယူပြီး နောက်ပိုင်းတွင် ယေရှုတွင် ထူးခြားသော ပြောင်းလဲမှု မရှိခဲ့ပေ။ သူသည် သူ၏ မူလ လူ့ဇာတိအတွင်း ရှိနေသေးသည်။ သူသည် သူ၏ အလုပ်ကို စတင်ခဲ့ပြီး သူမည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ခဲ့ကာ သူသည် သြဇာအာဏာ၊ တန်ခိုးနှင့် ပြည့်စုံခဲ့ခြင်းသာ ဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူသည် ယခင်ကနှင့် ကွာခြားသွားခဲ့သည်။ သူ၏ သွင်ပြင်လက္ခဏာမှာလည်း ခြားနားသွားခဲ့သည်။ သူ၏ အနေအထားတွင် ထူးခြားသော အပြောင်းအလဲ ဖြစ်သွားသည်ဟု ပြောနိုင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ဖြစ်ပြီး လူက လုပ်ဆောင်ခဲ့သည့် အလုပ်မဟုတ်ပေ။ အစတွင် လူများသည် မသိခဲ့ကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်က ယေရှုကို ထိုနည်းအားဖြင့် သက်သေခံသည့်အခါမှသာ အနည်းငယ် သိလာကြသည်။ ယေရှုသည် သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခြင်းမပြုမီက ကြီးမားသော အလုပ်များ လုပ်ဆောင်ခဲ့သော်လည်း ဘုရားသခင် ကိုယ်တိုင်၏ သက်သေခံခြင်းမရှိပါက သူ့အလုပ်သည် မည်မျှပင် ကြီးမြတ်စေကာမူ လူ၏ မျက်စိသည် ယင်းကို မြင်နိုင်စွမ်းမရှိသောကြောင့် လူများသည် သူမည်သူမည်ဝါ ဖြစ်သည်ကို မည်သည့်အခါမျှ သိကြလိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံခြင်းအဆင့် မရှိခဲ့ပါက မည်သူတစ်ဦးတစ်ယောက်ကမျှ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည်ကို သိမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို သက်သေခံပြီးနောက်တွင် ယေရှုသည် အလုပ်များကို ခြားနားမှုမရှိဘဲ ယခင်အတိုင်း ဆက်လုပ်နေခဲ့ပါက ယင်းသည် သက်ရောက်မှု ရှိခဲ့လိမ့်မည် မဟုတ်ပေ။ ယင်းအထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိက ဖော်ပြခြင်းလည်း ဖြစ်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပြီးသောအခါတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိကိုယ်တိုင်ကို ပြသခဲ့သဖြင့် သူ့အတွင်းတွင် ဝိညာဉ်တော် ရှိသည့်အတွက် သင့်အနေဖြင့် သူသည် ဘုရားသခင် ဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ သက်သေခံခြင်းသည် မှားယွင်းခြင်းမရှိဘဲ ယင်းမှာ သူ၏ သက်သေခံခြင်းသည် မှန်ကန်ကြောင်း သက်သေပြနိုင်သည်။ မတိုင်မီနှင့် ပြီးနောက်တွင် လုပ်သော အလုပ်တို့ တူညီနေပါက လူ့ဇာတိ ခံယူသော သူ၏ သာသနာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တို့သည် ထင်ရှားမှု ရှိလာမည် မဟုတ်ဘဲ ရှင်းလင်းသည့် ကွဲပြားခြားနားချက် မရှိသောကြောင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိမှတ်နိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ သက်သေခံပြီးသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်သေခံမှုကို ထောက်မပေးထားရမည် ဖြစ်သောကြောင့် သူသည် သူ၏ ဉာဏ်ပညာနှင့် အခွင့်အာဏာတို့ကို ယေရှုအထဲတွင် ထင်ရှားပြသခဲ့ရပြီး ယင်းမှာ အတိတ်ကာလ အချိန်များနှင့် ကွဲပြားခြားနား ခဲ့သည်။ မှန်ပေသည်၊ ယင်းမှာ ဗတ္တိဇံခံခြင်း၏ သက်ရောက်မှု မဟုတ်ပေ။ ဗတ္တိဇံ ခံခြင်းသည် အခမ်းအနား တစ်ခုသာ ဖြစ်သည်။ ဗတ္တိဇံ ခံခြင်းသည် သူ၏ သာသနာကို အကောင်အထည်ဖော်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ပြသသည့် နည်းလမ်းသာ ဖြစ်သည်။ ယင်းအလုပ်သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ရှင်းလင်းအောင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်းဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ဤသက်သေခံချက်ကို နောက်ဆုံးသော အချိန်ထိတိုင်အောင် တာဝန်ခံလိမ့်မည် ဖြစ်သည်။ သူ၏ သာသနာကို အကောင်အထည်မဖော်မီ ယေရှုသည်လည်း သြဝါဒများကို နားထောင်ခဲ့ပြီး ဧဝံဂေလိတရားကို နေရာအမျိုးမျိုးသို့ ဖြန့်ဝေကာ ဟောပြောခဲ့သည်။ သူသည် သူ၏ သာသနာကို လုပ်ဆောင်ရန် အချိန်မကျသေးသည့်အတွက်နှင့် ဘုရားသခင် ကိုယ်တိုင်သည် လူ့ဇာတိခန္ဓာထဲတွင် နှိမ့်ချစွာ ပုန်းကွယ်နေသောကြောင့် ကြီးမားသော အလုပ်များကို မလုပ်ခဲ့ပေ။ အချိန်ရောက်သည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပါ။ ဗတ္တိဇံမခံမီ သူသည် အလုပ်မလုပ်ခဲ့သည့် အကြောင်းရင်း နှစ်ခုရှိပေသည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ရန် သူ့အပေါ်သို့ တရားဝင် သက်ဆင်းခြင်း မရှိသေးသောကြောင့်ဖြစ်ပြီး (သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သော အလုပ်များကို လုပ်ရန် တန်ခိုးနှင့် အခွင့်အာဏာကို ယေရှုအား မအပ်နှင်းရသေးဟု ဆိုရမည်) သူသည် သူကိုယ်တိုင် မည်သူဖြစ်သည်ကို သိခဲ့သည် ဆိုလျှင်ပင် ယေရှုသည် သူနောက်ပိုင်းတွင်မှလုပ်ရန် ရည်မှန်းထားသော အလုပ်ကို လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဘဲ သူ၏ ဗတ္တိဇံခံသည့် နေ့တိုင်အောင် စောင့်စားခဲ့ရပေလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ အချိန်ဖြစ်သည်၊ ယေရှုကိုယ်တိုင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မစွက်ဖက်နိုင်၊ ယေရှုကိုယ်တိုင်သည် သူကိုယ်တိုင်၏ အလုပ်ကို မနှောင့်ယှက်နိုင်။ မှန်ပေသည်၊ ယင်းမှာ ဘုရားသခင်၏ နှိမ့်ချခြင်းဖြစ်ပြီး ဘုရားသခင်အလုပ်၏ ဥပဒေသလည်း ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်မလုပ်ပါက မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ အလုပ်ကို မလုပ်နိုင်။ ဒုတိယအားဖြင့် ဗတ္တိဇံမခံမီတွင် သူသည် ရိုးရိုးသာမန် လူတစ်ယောက်သာ ဖြစ်ပြီး အခြားသော ပုံမှန် ရိုးရိုးလူများနှင့် မည်သို့မျှ ခြားနားခြင်းမရှိ။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်မှာ သဘာဝလွန်ဖြစ်ရပ် မဟုတ်ဆိုခြင်း၏ ရှုထောင့်တစ်ခု ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင် ဝိညာဉ်တော်၏ အစီအစဉ်များနှင့် ဆန့်ကျင်ခြင်း မရှိခဲ့ပေ။ သူသည် နည်းလမ်းတကျနှင့် အလွန် ပုံမှန်ဖြစ်စွာ အလုပ်လုပ်ခဲ့သည်။ ဗတ္တိဇံခံပြီးသည့် နောက်တွင်မှသာ သူ၏ အလုပ်သည် အခွင့်အာဏာနှင့် တန်ခိုးများ ရှိလာခဲ့သည်။ သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်သော်လည်း သူသည် သဘာဝလွန် အပြုအမူများကို ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့ပင် တူညီသော နည်းလမ်းဖြင့် ကြီးပြင်းခဲ့သည်ဟု ပြောနိုင်သည်။ ယေရှုသည် သူကိုယ်တိုင် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို သိထားခဲ့ပြီး ဖြစ်ပါက သူသည် ဗတ္တိဇံ ခံခြင်းမတိုင်မီ မြေပြင်အနှံ့တွင် ကြီးကျယ်သော အလုပ်များ လုပ်ခဲ့ပေလိမ့်မည်ဖြစ်ပြီး သူ့ကိုယ်သူ ထူးခြားသူအဖြစ် ပြသခြင်းအားဖြင့် ပုံမှန်လူများနှင့် ကွဲပြားခြားနားခဲ့ပေလိမ့်မည်။ သို့ဖြစ်ပါက ယောဟန်သည် သူ၏အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ယုံသာမက ဘုရားသခင်အနေဖြင့် သူ၏ အလုပ်နောက်အဆင့်ကို စတင်ရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယင်းသည် ဘုရားသခင်ပြုခဲ့သော အရာမှာ မှားယွင်းနေပြီဖြစ်ကြောင်း သက်သေပြနေလိမ့်မည်ဖြစ်ပြီး လူအတွက်မူ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘုရားသခင် ခံယူသော ဇာတိပကတိတို့သည် တူညီသော အရင်းအမြစ်မှ လာခြင်း ဖြစ်ပုံမရသကဲ့သို့ ထင်ရပေလိမ့်မည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ယေရှု၏ အလုပ်သည် သူဗတ္တိဇံ ခံယူပြီးနောက် လုပ်ဆောင်သော အလုပ်ဖြစ်သည်။ သုံးနှစ်တာ ကာလတစ်လျှောက် လုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဗတ္တိဇံမခံမီ သူလုပ်ဆောင်ခဲ့သော အလုပ်များကို မှတ်တမ်းတင်ထားခြင်းမရှိ အဘယ်ကြောင့်ဆိုသော် သူသည် ဗတ္တိဇံမခံမီ ဤအလုပ်ကို လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် သာမန်လူသာဖြစ်ပြီး သာမန်လူကို ကိုယ်စားပြုသည်။ ယေရှုသည် သူ၏ သာသနာကို စတင်မလုပ်ဆောင်မီ သူသည် သာမန်လူများနှင့် ကွာခြားခြင်းမရှိပဲ အခြားသူများသည် သူ့အထဲတွင် ခြားနားချက်ကို မမြင်ကြပေ။ ယင်းမှာ သူအသက် ၂၉ နှစ် ပြည့်ပြီး နောက်မှသာလျှင် ယေရှုသည် ဘုရားသခင်အလုပ်၏ အဆင့်တစ်ဆင့်ကို ပြီးပြည့်စုံစေရန် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းကို သိခဲ့သည်။ ယင်းမတိုင်မီ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် သဘာဝလွန် မဟုတ်သည့်အတွက် သူကိုယ်၌က မသိခဲ့ပေ။ သူအသက် ၁၂ နှစ်တွင် တရားဇရပ်အတွင်း အစည်းအဝေး တက်နေစဉ် မာရိက သူ့ကို ရှာဖွေခဲ့ရာ သူက အခြားသော ကလေးများ၏ ပုံစံအတိုင်း ဝါကျ တစ်ကြောင်း ပြောခဲ့သည်။ “အမေ၊ ငါသည် ငါ့ဖခင်၏ ဆန္ဒကို အခြားအရာအားလုံးထက် ပိုပြီး ဦးထိပ် တင်ရမည်ကို မသိသလော။” မှန်ပေသည်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည် ကတည်းက ယေရှုသည် တစ်နည်းအားဖြင့် ထူးခြားမှု ရှိနေနိုင်သည် မဟုတ်ပါလော။ သို့ရာတွင် သူ၏ ထူးခြားမှုဆိုရာတွင် သူသည် သဘာဝလွန် ဖြစ်နေခြင်း မဟုတ်ဘဲ သူသည် ဘုရားသခင်ကို အခြားသော ကလေးများထက်ပို၍ ချစ်နေခြင်းဖြစ်သည်။ သူသည် လူသားသွင်ပြင်ရှိသော်လည်း သူ၏ အနှစ်သာရသည် အခြားသူများထက် ထူးခြားပြီး ခြားနားမှု ရှိသည်။ သို့ရာတွင် ဗတ္တိဇံ ခံယူပြီးသည့် နောက်ပိုင်းမှသာလျှင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှာ သူ့ထဲတွင် အလုပ်လုပ်သည်ကို ခံစားရသည်၊ သူကိုယ်၌က ဘုရားသခင်ဖြစ်သည်ကို ခံစားရသည်။ သူသည် အသက် ၃၃ နှစ်ရောက်မှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူမှတစ်ဆင့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းအလုပ်အား အကောင်အထည်ဖော်မည်ကို သေချာစွာ သူသည် သိနားလည်ခဲ့သည်။ အသက် ၃၂ နှစ်သို့ ရောက်သောအခါ သူသည် အတွင်းကျသော သမ္မာတရား အချို့ကို သိလာသည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင် ရေးထားသကဲ့သို့ ပင်ဖြစ်သည် “ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။...ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။” သူမည်သည့် အလုပ်ကို လုပ်ရမည်ကို သူသည် ကြိုတင်သိထားခြင်းမရှိ၊ သို့ရာတွင် အချိန်ရောက်မှသာ သိသည်။ သူသည် မွေးမွေးချင်းတွင် အပြည့်အဝ သိသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အထဲတွင် တဖြည်းဖြည်း အလုပ်လုပ်ပြီး အလုပ်တွင် လုပ်ငန်းစဉ် ရှိသည်။ အစောပိုင်း အစအဦးတွင် သူသည် ဘုရားသခင်နှင့် ခရစ်တော်၊ လူ့ဇာတိခံယူသော လူ၏သားတော် ဖြစ်ကြောင်း၊ သူသည် လက်ဝါးကပ်တိုင်၌အသေခံခြင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ရမည်ဖြစ်ကြောင်း သူသိလျှင် အဘယ်ကြောင့် အစောပိုင်းက မလုပ်ဆောင်သနည်း။ သူ၏ သာသနာကို သူ၏ တပည့်တော်များအား ပြောပြီးသည့် နောက်တွင်မှသာ ယေရှုသည် ဝမ်းနည်းခြင်းကို ခံစားရပြီး ယင်းအတွက် အပြင်းအထန် ဆုတောင်းသည်မှာ အဘယ်ကြောင့်နည်း။ သူနားမလည်ခဲ့သော အရာအများအပြားကို သူနားမလည်မီ သူ့အတွက် ယောဟန်က လမ်းဖွင့်ပေးပြီး ဗတ္တိဇံ ခံပေးသည်မှာ အဘယ်ကြောင့်နည်း။ သူသည် ဘုရားသခင် ခံယူသော လူ့ဇာတိ ဖြစ်သောကြောင့် ဝိညာဉ်တော်က တိုက်ရိုက်လုပ်သော အလုပ်များသည် သူ၏ အလုပ်များနှင့် ခြားနားသည် ဖြစ်၍ ယင်းမှာ ဘုရားသခင်သည် ဇာတိပကတိထဲတွင် လူ့ဇာတိကို ခံယူသည့် အလုပ်ကို သက်သေပြပြီး ထို့ကြောင့်ပင်လျှင် သူ့အတွက် နားလည်ရန်နှင့် ရရှိရန် လုပ်ငန်းစဉ်ရှိသည်။
ဘုရားသခင်၏ အလုပ်အဆင့် တစ်ခုစီတိုင်းသည် တစ်ခုတည်းသော တူညီသည့် ရေစီးကြောင်းကို လိုက်ပြီး၊ ထိုကဲ့သို့ပင် ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် ကမ္ဘာမြေကြီးကို တည်ထောင်သည့် အချိန်မှစ၍ ယနေ့ အချိန်အထိ အဆင့်တစ်ခုစီကို နောက်အဆင့်တစ်ခုက ကပ်၍ လိုက်လာသည်။ လမ်းဖောက်ရန် တစ်စုံတစ်ယောက် မရှိပါက နောက်တစ်ယောက်သည် လိုက်လာရန် ရှိမည်မဟုတ်ပေ။ နောက်က လိုက်လာသော လူသည် ရှိသောကြောင့် လမ်းဖောက်သော သူတို့သည်လည်း ရှိကြသည်။ ဤနည်းလမ်းအားဖြင့် အလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းခဲ့သည်။ အဆင့်တစ်ခုသည် အခြားတစ်ခုနောက်က လိုက်လာပြီး လမ်းဖွင့်ပေးသူမရှိပါက အလုပ်ကိုစတင်ရန် ဖြစ်နိုင်မည် မဟုတ်ဘဲ ဘုရားသခင်သည် သူ၏ အလုပ်ကို ရှေ့သို့ရာက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ မည်သည့်အဆင့်ကမျှ အခြားတစ်ခုကို ဆန့်ကျင်ခြင်းမရှိဘဲ တစ်ခုခြင်းသည် နောက်တစ်ခုနောက်သို့ အစဉ်လိုက် လိုက်လာခြင်းဖြင့် ရေစီးကြောင်းကို ဖြစ်ပေါ်စေသည်။ ယင်းအရာအလုံးစုံကို တူညီသော ဝိညာဉ်တော်က လုပ်ဆောင်သည်။ သို့ရာတွင် မည်သူက လမ်းဖွင့်သည်သို့မဟုတ် အခြားသူ၏ အလုပ်ကို ဆက်လုပ်သည် ဆိုသည်နှင့် မသက်ဆိုင်ဘဲ ယင်းသည် သူတို့မည်သူမည်ဝါ ဖြစ်သည်ကို သတ်မှတ်မပေးပေ။ ဤအရာမှာ မမှန်ပေလော။ ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ယေရှုက သူ့အလုပ်ကို ဆက်လုပ်ခြင်းဖြင့် ယင်းသည် ယေရှုမည်သူမည်ဝါ ဖြစ်ခြင်းသည် ယောဟန်ဖြစ်ခြင်းထက် နိမ့်ကြောင်း သက်သေပြနေပါသလား။ ယေဟောဝါက သူ၏ အလုပ်ကို ယေရှုမတိုင်မီ လုပ်ခဲ့သည်။ သို့ဖြစ်ရာ ယေဟောဝါသည် ယေရှုထက် ကြီးမြတ်သည်ဟု သင်ပြော နိုင်သလား။ သူတို့ လမ်းဖွင့်သည် သို့မဟုတ် အခြားသူများ၏ အလုပ်ကို ဆက်လုပ်သည် ဆိုသည်တို့မှာ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူတို့အလုပ်၏ အချင်းအရာဖြစ်ပြီး ယင်းက ကိုယ်စားပြုသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤအရာသည် မမှန်သလော။ ဘုရားသခင်သည် လူအများကြားတွင် အလုပ် လုပ်ရန် ရည်မှန်းထားသောကြောင့် သူသည် လမ်းဖွင့်ခြင်း အလုပ်ကို လုပ်မည့်သူများကို ပြုစု ပျိုးထောင်ရသည်။ ယောဟန်သည် စတင်၍ တရားဟောသည့်အခါ သူပြောသည်မှာ “သခင် ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊ သူ၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ နောင်တရကြလော့ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုပြောသည်။ သူသည် အစောပိုင်းကတည်းက ယင်းသို့ပြောခဲ့သည်၊ သူသည် ယင်းစကားလုံးများကို အဘယ်ကြောင့် ပြောနိုင်သနည်း။ ဤစကားလုံးများကို ပြောခဲ့သည့် အစီအစဉ်အရ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဆုံး ပြောသူမှာ ယောဟန်ဖြစ်ပြီး ယေရှုသည် သူ့နောက်မှ ပြောခဲ့သည်။ လူ၏ အယူအဆများအရ ယောဟန်သည် အသစ်သော လမ်းကို ဖွင့်ခဲ့ပြီး သေချာသည်မှာ ယောဟန်သည် ယေရှုထက် ကြီးမြတ်သည်ဟု ဖြစ်သည်။ သို့ရာတွင် ယောဟန်သည် သူ့ကိုယ်သူ ခရစ်တော်ဖြစ်သည်ဟု မပြောခဲ့ဘဲ ဘုရားသခင်သည် သူ့ကို ဘုရားသခင်၏ ချစ်လှစွာသော သားတော်အဖြစ် သက်သေခံခြင်း မပြုခဲ့ပေ။ သို့ရာတွင် သူ့ကို သခင်အတွက် လမ်းဖွင့်ရန်နှင့် လမ်းကို ပြင်ဆင်ပေးရန်သာ အသုံးပြုခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့သော်လည်း ယေရှုကိုယ်စား အလုပ်မလုပ်နိုင်ပေ။ လူ၏ အလုပ်များ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ထိန်းသိမ်းထားသည်။
ဓမ္မဟောင်းကျမ်း ကာလတွင် ယေဟောဝါသည် လမ်းကြောင်းကို ဦးဆောင်ခဲ့ပြီး ယေဟောဝါ၏ အလုပ်သည် ဓမ္မဟောင်း ကျမ်းစာ ခေတ်တစ်ခုလုံးကို ကိုယ်စားပြုကာ အလုပ်အားလုံးကို ဣသရေလတွင် လုပ်ခဲ့သည်။ မောရှေသည် ကမ္ဘာမြေကြီးပေါ်တွင် ဤအလုပ်ကို ထောက်မထားရုံသာရှိပြီး သူ၏ အလုပ်များသည် လူမှ ပံ့ပိုးပေးသော ပူးပေါင်းပေးမှုအဖြစ် သတ်မှတ်ခံရသည်။ ထိုအချိန်က စကားပြောသူမှာ ယေဟောဝါ ဖြစ်သည်။ သူသည် မောရှေကို ခေါ်ခဲ့ပြီး ဣသရေလ လူမျိုးတို့ အကြားတွင် ပြုစု ပျိုးထောင် ပေးခဲ့ကာ သူတို့ကို မောရှေက တောထဲမှ ခါနာန်ပြည်သို့ ဦးဆောင်စေခဲ့သည်။ ယင်းမှာ မောရှေ ကိုယ်တိုင် လုပ်သော အလုပ်မဟုတ်ပေ။ ယင်းမှာ ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့သဖြင့် မောရှေကို ဘုရားသခင်ဟု မခေါ်နိုင်ပေ။ မောရှေသည် ဥပဒေသကိုလည်း ချမှတ်ခဲ့သည်။ သို့ရာတွင် ဤဥပဒေမှာ ယေဟောဝါက ကိုယ်တိုင် ပြဌာန်းပေးခဲ့ပြီး မောရှေကို ပြောဆိုစေခဲ့ခြင်းသာ ဖြစ်သည်။ ယေရှုသည်လည်း ပညတ်တော်များကို လုပ်ခဲ့ပြီး ဓမ္မဟောင်းကျမ်းမှ ဥပဒေသများကို ပယ်ဖျက်ကာ ခေတ်သစ်အတွက် ပညတ်တော်များကို ချမှတ်ခဲ့သည်။ ယေရှုကိုယ်တိုင် အဘယ်ကြောင့် ဘုရားသခင်ဖြစ်သနည်း။ အဘယ်ကြောင့် ဆိုသော် ယင်းတို့မှာ မတူသောအရာများ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချိန်က မောရှေ လုပ်ဆောင်ခဲ့သော အလုပ်သည် ခေတ်ကို ကိုယ်စားမပြုခဲ့သလို လမ်းအသစ်ကို ဖွင့်လှစ်ခဲ့ခြင်းမရှိပေ။ သူ့ကို ယေဟောဝါက ရှေ့မှလမ်းညွှန်ခဲ့ပြီး သူသည် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသူသာ ဖြစ်သည်။ ယေရှုလာသောအခါ ယောဟန်သည် လမ်းခင်းပေးသည့် အလုပ်အဆင့်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့သည်။ (သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို စတင်ခဲ့ပြီဖြစ်သည်။) ယေရှုပေါ်လာသောအခါ သူ၏ ကိုယ်ပိုင်အလုပ်ကို သူသည် တိုက်ရိုက်လုပ်ဆောင်သည်၊ သို့ရာတွင် သူ၏ အလုပ်နှင့် မောရှေ၏ အလုပ်၊ ဖွင့်ဆိုချက်တို့အကြား ကြီးစွာကွာခြားသည်။ ဟေရှာယသည်လည်း ပရောဖက်ပြုချက် အများအပြားကို ပြောခဲ့သည့်တိုင်အောင်ပင် သူသည် ဘုရားသခင် ကိုယ်တိုင် အဘယ်ကြောင့် မဟုတ်ရသနည်း။ ယေရှုသည် ထိုမျှလောက်သော ပရောဖက်ပြုချက်များကို မပြောခဲ့သည့် တိုင်အောင် သူသည် ဘုရားသခင် ကိုယ်တိုင် အဘယ်ကြောင့် ဖြစ်ရပါသနည်း။ ထိုအချိန်က ယေရှု၏ အလုပ် အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူကမျှ မပြောဝံ့ကြသလို အားလုံးသည် လူ၏ ဆန္ဒမှ လာသည် သို့မဟုတ် အလုံးစုံသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်သည်ဟုလည်း မပြောဝံ့ကြပေ။ လူတွင် ယင်းအရာများကို ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းမရှိပေ။ ယင်းသို့သော အလုပ်ကို ဟေရှာယက လုပ်ခဲ့သည်၊ ယင်းသို့သော ပရောဖက်ပြုချက်များကို ပြောခဲ့သည်ဟု ပြောနိုင်ပြီး ယင်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟုလည်း ပြောနိုင်သည်။ ယင်းတို့သည် ဟေရှာယ ကိုယ်တိုင်ထံမှ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ ယေဟောဝါထံမှ ဖွင့်ပြချက်များ ဖြစ်သည်။ ယေရှုသည် ကြီးမားသော အလုပ်ပမာဏကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ စကားလုံး အများအပြားကိုလည်း မပြောခဲ့သလို ပရောဖက်ပြုချက် အများအပြားကိုလည်း မပြောခဲ့ပေ။ သူ၏ ဟောကြားချက်များသည် လူအတွက် အထူးချီးမြှောက်စရာ မရှိသည့်တိုင်အောင် သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ယင်းသည် လူသားတို့အတွက် နက်နဲရာ အချက်ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယောဟန် သို့မဟုတ် ဟေရှာယ သို့မဟုတ် ဒါဝိဒ်ကို မည်သည့်အခါကမျှ ယုံကြည်ခြင်း မရှိခဲ့သလို သူတို့ကို ဘုရားသခင် သို့မဟုတ် ဘုရားသခင်ဒါဝိဒ် သို့မဟုတ် ဘုရားသခင်ယောဟန်ဟုလည်း မည်သူကမျှ မည်သည့်အခါကမျှ မခေါ်ခဲ့ကြပေ။ ယင်းကို မည်သူကမျှ ပြောကြားခြင်းမရှိဘဲ ယေရှုကိုသာ ခရစ်တော်ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းခွဲခြား သတ်မှတ်ချက်မှာ ဘုရားသခင်၏ သက်သေခံခြင်းအရဖြစ်သည်၊ သူလုပ်ဆောင်သော အလုပ်အရ ဖြစ်သည်။ သူထမ်းဆောင်သော လုပ်ငန်းစဉ်အရ ဖြစ်သည်။ အာဗြဟံ၊ ဒါဝိဒ်၊ ယောရှု၊ ဒံယေလ၊ ဟေရှာယ၊ ယောဟန်နှင့် ယေရှုကဲ့သို့သော သမ္မာကျမ်းစာ၏ ကြီးမြတ်သော လူများနှင့် ပတ်သက်၍ သူတို့ လုပ်ခဲ့သော အလုပ်မှတစ်ဆင့် မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်၊ မည်သို့သော သူများသည် ပရောဖက်များဖြစ်ပြီး မည်သူတို့သည် တမန်တော်များ ဖြစ်သည်ကို သင်ပြောနိုင်သည်။ မည်သူကို ဘုရားသခင် အသုံးပြုခဲ့ပြီး မည်သူက ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်မှာ သူတို့ လုပ်ကိုင်သော အလုပ်၏ အနှစ်သာရနှင့် အမျိုးအစားအားဖြင့် ကွဲခြားသတ်မှတ်ထားသည်။ သင်သည် ခြားနားချက်ကို မပြောနိုင်ပါက ဘုရားသခင်၌ ယုံကြည်ခြင်း ဆိုသည်ကို သင်မသိကြောင်း သက်သေပြနေသည်။ ယေရှုသည် ဘုရားသခင်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် စကားလုံး အများအပြား ပြောခဲ့ပြီး အလုပ်အများအပြား လုပ်ခဲ့သည်။ အထူးသဖြင့် သူ၏ များစွာသော တန်ခိုးများကို ပြသခဲ့ခြင်းပင်ဖြစ်သည်။ အလားတူပင် ယောဟန်သည်လည်း အလုပ်အများအပြားလုပ်ခဲ့ပြီး စကားလုံးအများအပြား ပြောခဲ့သည်။ မောရှေသည်လည်း အလားတူပင် ဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ အာဒံကို ဘုရားသခင်က တိုက်ရိုက် ဖန်ဆင်းခဲ့သည်။ သူ့ကို ဖန်ဆင်းခံသတ္တဝါဟု ခေါ်မည့်အစား အဘယ်ကြောင့် ဘုရားသခင်ဟု မခေါ်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို “ယနေ့တွင် ဘုရားသခင်သည် အလုပ်အများအပြားကို လုပ်ပြီး စကားလုံး အများအပြားကို ပြောခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ သို့ဆိုလျှင် မောရှေသည် စကားလုံး အများအပြားပြောခဲ့ရာ သူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ရမည်” ဟု ပြောခဲ့လျှင် သင်သည် “ထိုအချိန်က ဘုရားသခင်က ယေရှုကို အဘယ်ကြောင့် သက်သေခံတော်မူပြီး ယောဟန်ကို ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေမခံခဲ့သနည်း။ ယောဟန်သည် ယေရှုအရင် လာသည် မဟုတ်သလော၊ ယောဟန် သို့မဟုတ် ယေရှု၏အလုပ်၊ မည်သည်က ကြီးမြတ်သနည်း။ လူအတွက် ယောဟန်သည် ယေရှုထက် ပိုမို ကြီးမြတ်သည်ဟု ထင်ရသော်လည်း အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေမခံဘဲ ယေရှုကို သက်သေခံသနည်း” ဟု သူတို့ကို ပြန်မေးသင့်သည်။ ယနေ့တွင် အလားတူ အရာသည် ဖြစ်ပျက်နေသည်။ အစတွင် ဣသရေလ လူမျိုးတို့ကို မောရှေ ဦးဆောင်သောအခါ ယေဟောဝါသည် တိမ်တိုက်များအတွင်းမှ သူ့ကို စကားပြောခဲ့သည်။ မောရှေသည် တိုက်ရိုက် စကားမပြောခဲ့သော်လည်း ယင်းအစား ယေဟောဝါ၏ တိုက်ရိုက် လမ်းညွှန်မှုကို ခံယူခဲ့သည်။ ယင်းသည် ဓမ္မဟောင်းကျမ်းစာရှိ ဣသရေလတို့၏ အလုပ်ဖြစ်သည်။ မောရှေ အတွင်းတွင် ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်၏ ဖြစ်ခြင်း မရှိပေ။ ထိုအလုပ်ကို သူမလုပ်နိုင်၊ သို့ဖြစ်ရာ သူနှင့် ယေရှုလုပ်သော အလုပ် အကြားတွင် ကြီးစွာသော ခြားနားမှုရှိသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့လုပ်သော အလုပ်များ ကွာခြားသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ဘုရားသခင်က အသုံးပြုခြင်း သို့မဟုတ် ပရောဖက်တစ်ဦး၊ တမန်တော်တစ်ဦး သို့မဟုတ် ဘုရားသခင်ကိုယ်တိုင် ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သူ၏ အလုပ်သဘာဝအပေါ်တွင် ခွဲခြားနိုင်ပြီး ယင်းသည် သင်၏ သံသယများကို အဆုံးသတ်စေလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာလျှင် တံဆိပ် ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးထားသည်။ ခေတ်များတစ်လျှောက် ကြီးကျယ်သော လူပုဂ္ဂိုလ်များအကြားတွင် သမ္မာကျမ်းစာလာ အချက်များကို ရှင်းပြပေးသူ အများအပြားရှိခဲ့သည်။ သို့ဆိုလျှင် ထိုသူတို့အားလုံးသည် သိုးသငယ် ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သူတို့၏ ရှင်းပြချက်များ အားလုံးသည် ဘုရားသခင်ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ သူတို့သည် အနက်ဖွင့်သူများသာ ဖြစ်သည်။ သူတို့တွင် သိုးသငယ်၏ သွင်ပြင်လက္ခဏာမရှိ။ သူတို့သည် မည်သို့လျှင် တံဆိပ် ခုနှစ်ချက်ကို ဖွင့်ရန် ထိုက်တန်နိုင်မည်နည်း။ “သိုးသငယ်သည်သာလျှင် တံဆိပ် ခုနှစ်ချက်ကို ဖွင့်နိုင်သည်” ဆိုသည်မှာ မှန်သည်။ သို့သော်လည်း သူသည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ရုံသာ လာသည်မဟုတ်ပေ။ ဤအလုပ်အတွက် လိုအပ်ချက် မရှိပေ။ ယင်းမှာ သူ့အလိုလို ပြီးစီးသွားသည်။ သူသည် သူ၏ ကိုယ်ပိုင်အလုပ်ကို လုံးဝ ရှင်းလင်းသည်။ သူသည် သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်ရန်အတွက် အချိန်များစွာယူရန် လိုအပ်ပါသလော။ “သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်သော သိုးသငယ်ခေတ်” ကို အနှစ်ခြောက်ထောင် အလုပ်တွင် ထည့်သွင်းရန် လိုအပ်မည်လော။ သူသည် အသစ်သော အလုပ်ကို လုပ်ရန်လာသည်။ သို့သော်လည်း သူသည် အတိတ်ကာလက အလုပ်အကြောင်း ဖွင့်ပြချက် အချို့ကို ပေးခဲ့သည်။ နှစ်ခြောက်ထောင် အလုပ်၏ သမ္မာတရားကို လူများနားလည်အောင် လုပ်ခဲ့သည်။ သမ္မာကျမ်းစာမှ စာပိုဒ် အများအပြားကို ရှင်းပြရန် မလိုအပ်ပေ။ အရေးပါသည့်အရာ၊ သော့ချက်ဖြစ်သည့်အရာမှာ ယနေ့၏ အလုပ်ဖြစ်သည်။ ထိုအရာသည် အရေးကြီးသည်။ ဘုရားသခင်သည် အထူးသဖြင့် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်ရန် လာသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်းအလုပ်ကို လုပ်ရန် လာသည်ကို သင်သိသင့်သည်။
နောက်ဆုံးကာလ အတွင်းတွင် ယေရှုသည် ဆင်းသက်လာမည်ကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ ဆင်းသက်လာမည်နည်း။ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သား တစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
ဤအလုပ်အဆင့်အသစ်ကို မစတင်ဘဲ ဧဝံဂေလိ ဟောသူများ၊ တရားဟောဆရာများ၊ ကျမ်းချက် အဓိပ္ပာယ်ဖွင့်သူများနှင့် ကြီးမြတ်သော ဘာသာရေး ပုဂ္ဂိုလ်များဟု ခေါ်သော သင်တို့သည် မည်သည့် အတိုင်းအတာအထိ သွားကြမည်ကို မည်သူသိသနည်း။ ဤအလုပ်အဆင့်အသစ်၏ စတင်ခြင်းမရှိဘဲ သင်တို့၏ ပြောဆိုချက်သည် အချည်းနှီးသာ ဖြစ်သည်။ ယင်းသည် ထီးနန်းတက်ခြင်း သို့မဟုတ် ဘုရင်ဖြစ်လာခြင်း အတွက် ဝိညာဉ်အသက်တာ ပြင်ဆင်ခြင်း တစ်ခုခု ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်း သို့မဟုတ် ကိုယ်ကို ထိုး၍နှိပ်စက်ခြင်း ဖြစ်သည်။ သည်းခံခြင်း သို့မဟုတ် အရာအားလုံးမှ သင်ခန်းစာ သင်ယူခြင်း ဖြစ်သည်။ နှိမ့်ချခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာဖြစ်သည်။ ယင်းသည် တူညီသည့် သီချင်းဟောင်းကို သီဆိုခြင်းပင် မဟုတ်လော။ တူညီသည့် အရာတစ်ခုကို အခြားအမည်တစ်ခုဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်သည်။ လူတစ်ယောက်၏ ခေါင်းကိုဖုံးထားပြီး မုန့်ကိုချိုးဖဲ့ခြင်း သို့မဟုတ် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းနှင့် နာမကျန်းသူကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းဖြစ်သည်။ ထိုနေရာတွင် အလုပ်အသစ် ရှိနိုင်ပါသလား။ ထိုနေရာတွင် ဖွံ့ဖြိုးမှု၏ အလားအလာ ရှိနိုင်ပါသလား။ ဤလမ်းအတိုင်း သင်ဦးဆောင်လျှင် သင်သည် အယူဝါဒကို မျက်စိမှိတ်လိုက်နာသူ သို့မဟုတ် အစဉ်အလာကို လိုက်နာသူ ဖြစ်လိမ့်မည်။ သင်တို့၏ အလုပ်သည် အလွန်မြင့်မားသည်ဟု သင်တို့ ယုံကြည်သော်လည်း ယင်းတို့အားလုံးကို ရှေးခေတ်က “လူအိုကြီးများ” က လက်ဆင့်ကမ်း၍ သင်ကြားထားခြင်းဖြစ်သည်ကို သင်တို့ မသိသလော။ ထိုလူအိုကြီးများ၏ နောက်ဆုံး စကားလုံးများကို သင်တို့ ပြောနေ၊ လုပ်နေခြင်းသာ ဖြစ်သည်မဟုတ်သလော။ ယင်းလူအိုကြီးများသည် သူတို့မသေဆုံးမီက အလုပ်တာဝန်ပင် မဟုတ်ပါလား။ သင်တို့၏ အပြုအမူများသည် အတိတ် မျိုးဆက်များက တမန်တော်များနှင့် ပရောဖက်များ၏ အလုပ်ကို ကျော်လွန်ပြီး အရာအားလုံးထက် ကျော်လွန်သည်ဟု သင်ထင်သလော။ ဤအလုပ်အဆင့်၏ အစသည် သက်သေလီ၏ ဘုရင်ဖြစ်ရန်နှင့် နန်းတက်ရန် ရှာဖွေခြင်းအလုပ်ကို သင်တို့၏ ချီးမွမ်းခြင်း အဆုံးသတ်ဖြစ်ပြီး သင်တို့သည် ဤအလုပ်အဆင့်ကို စွက်ဖက်ခြင်းငှာ မတတ်နိုင်ရန် သင်တို့၏ မာနနှင့် ကြွားဝါမှုကို ရပ်တန့်စေခဲ့သည်။ ဤအလုပ်အဆင့်မရှိဘဲ သင်တို့သည် ရွေးနှုတ်ခြင်းမရနိုင်သော အခြေအနေသို့ အစဉ်အမြဲ နက်ရှိုင်းစွာ နစ်မြုပ်သွားလိမ့်မည်။ သင်တို့ အတွင်းတွင် အဟောင်းများ များပြားလွန်းနေသည်။ ကံကောင်းသည်မှာ ယနေ့ အလုပ်သည် သင်တို့ကို ပြန်လည် ယူဆောင်လာခဲ့သည်။ သို့မဟုတ်ပါက သင်တို့သည် မည်သည့် ဦးတည်ရာသို့ သွားကြမည်ကို မည်သူ သိမည်နည်း။ ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းသော ဘုရားသခင် ဖြစ်သည့်အတွက် သင်သည် အဘယ်ကြောင့် အသစ်သော အရာများကို မရှာသနည်း။ သင်သည် အဘယ်ကြောင့် ဟောင်းသော အရာများကို စွဲကိုင်ထားသနည်း။ သို့ဖြစ်ရာ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိခြင်းသည် အရေးကြီးဆုံးသော အရာပင်ဖြစ်တော့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။